ဆေးရုံမှာ လေးရက်လောက် နားပြီးတော့မှ
Yoona အိမ်ကိုပြန်လာခွင့်ရသည်။
Yuri ကတော့ သူမရဲ့ ကိုယ်ရံတော်ပေါ့။ဆေးရုံတက်နေတဲ့အတောအတွင်း
Yoona နားမှာ ကပ်နေတာ..
ဘေးကသူတွေတောင် ပြောယူရတဲ့အထိ။
Yoona ဘယ်သွားသွား လိုက်ပြီး
ညဆိုလည်း တညလုံး နီးပါးစောင့်သည်။Yoona က Yuriပုံကိုကြည့်ပြီး ပြောတာက နင် PandaYul ဖြစ်နေပြီတဲ့။
မျက်ကွင်းတွေ ညိုနေလို့..အဲ့ဒါကို ဘာပြန်ပြောလဲဆိုတော့..Yoona က ၀က်ဝံရုပ်လေးတွေ ချစ်တတ်လို့ တမင် ဒီလိုဖြစ်အောင် လုပ်တာတဲ့။အိမ်ရောက်တော့သူ့အခန်းကိုရှင်းပေးနေတဲ့ Yuri ကိုကြည့်ပြီး..သူမ Yuri နားသွားလိုက်သည်။
Yoon - ထားလိုက်တော့..ငါလုပ်လိုက်မယ်..
Yul - ရပါတယ်..ငါပဲ..
Yoon - Yuri!
Yoona ရဲ့အသံက နည်းနည်းမာသွားတော့ yuriက ကြောင်စီစီလေး ကြည့်လာသည်။
Yoona လဲ လေသံကိုပြန်ပြင်လိုက်ကာ..Yoon - ငါပြောတာက..ငါ အခု နားမလို့..
နောက်မှ ငါ ရှင်းလိုက်မယ်..Yoona က တကယ်တော့ Yuriကို
အိမ်ပြန်ပြီး ကောင်းကောင်းနားစေချင်တာပါ။
ဒါပေမဲ့..Yul - အာ..ဟုတ်လား..ဒါဆို နားလေ..
ငါ နင်စားဖို့ တစ်ခုခု လုပ်လိုက်မယ်..Yoon - ကျစ်..!!
Yuri သည် အလွန်ခေါင်းမာသည်။
Yoona ကုတင်ပေါ်တက်ပြီး..
စောင်ကို သေချာပြင်လိုက်သည်။
ပြီးတော့ သူမ ဘေးကို ပုတ်လိုက်ကာ
Yuriကိုကြည့်လိုက်သည်။Yoon - လာခဲ့..
Yul - wae?..
Yoon - အခု.!!
Yoonaပုံစံက စိတ်ဆိုးတော့မှာမို့..
Yuri လည်း မငြင်းသာတော့ဘဲ ကုတင်ပေါ်တက်ထိုင်လိုက်သည်။Yoon - စောင်ခြုံလေ..
Yul - ဟမ်?..အင်း..
ပြီးတော့ Yuri ကို လှဲအိပ်စေပြီး
သူမလဲလှဲအိပ်လိုက်သည်။နှစ်ယောက်
သား မျက်နှာချင်းဆိုင် မိတော့..
Yoona က ပြုံးပြီး..Yoon - ကောင်းကောင်းအိပ်ပါ
Yul - ဒါပေမဲ့..
Yoon - shhh...ငါပြောတာ နားထောင်ပါ.
....မျက်လုံးမှိတ်လိုက်တော့..
