'Mwo..နင်က ..သူ့ကို ..'
Soo - yuri ah..နင်သေချာလို့လား...
နင်သူ့ကို အရမ်းခင်နေတာကို
အထင်မှားနေတာ ရော..မဖြစ်နိုင်ဘူးလား..Yul - ငါလည်း အဲ့လိုပဲ တွေးလိုက်ချင်တာပေါ့..
ဒါပေမဲ့မဖြစ်နိုင်ဘူးဆိုတာလည်း
သိပါတယ်...Hyo - yuri ah...
ငါတို့က သေချာအောင်မေးတာပါ..
ပြီးတော့ မဖြစ်နိုင်ဘူးလို့ ဘယ်သူပြောလဲ..
နင်မကြိုးစားကြည့်သေးဘဲနဲ့ ဘာကိုမှ သိမှာမဟုတ်ဘူး..Yul -ထားလိုက်ပါ..ငါက နင်တို့ကို ဘာမှ
မလျို့ဝှက်ထားချင်လို့ ပြောပြတာ..Hyo- we know it..
ဒါပေမဲ့.. နင့်ကို ဒီအတိုင်းကြီးတော့
မနေစေချင်ဘူး..ငါပြောတာက ...
ခံစားချက်ဆိုတာက ထိန်းချုပ်လို့ရတဲ့
အရာမဟုတ်သလို..ကြီးထွားလာတာနဲ့
ပြန်နောက်ဆုတ်ဖို့က အရမ်းခက်သွားလိမ့်မယ်...
နင်ကရော သူနဲ့ အရင်လို တစိမ်းလိုမျိုး
နေနိုင်လို့လား..Yuri က ခေါင်းကို အသာယမ်းသည်။
Yuri - ငါ..နေနိုင်မယ် မထင်ဘူး..Hyo - ဟုတ်ပီ..ဒါဆို ဘာလို့
မကြိုးစားကြည့်ဘဲ နောက်ဆုတ်ရမှာလဲ..
ရှေ့ဆက်တိုးဖို့ပဲ တွေးရတော့မှာလေ..Yuri - ဒါပေမဲ့.. သူ့ဘက်က လက်မခံရင်ရော...
Hyo - yuri ah..
မဖြစ်လာသေးတဲ့အရာကိုတွေးပြီးမပူသင့်တဲ့ အရာတွေလည်း လောကမှာရှိပါတယ်.
အရေးကြီးတာက နင့်ရဲ့ ခံစားချက်တွေကို
သူသေချာသိအောင် ပြနိုင်ဖို့ပဲ..Yuri - အင်း..ငါကြိုးစားပါ့မယ်...
......................
Yuri ..Yoona နဲ့ အတူ ဘေးချင်းယှဉ်လျှောက်လာရင်း
Yoona ကိုလည်း ခိုးခိုးကြည့်သေးသည်။
Yoona ကတော့ ဆိုင်တွေကိုသာ လိုက်ကြည့်နေသည်။
ဒီနေ့ Yoona က အပြင်သွားတာ
သူမက အဖေါ်လိုက်ခဲ့ပေးခြင်းဖြစ်သည်။Yoon - yuri..ငါတို့တခုခုသွားစားရအောင်..
ငါဗိုက်ဆာနေပြီ..Yuri - imm..သွားမယ်လေ..
Yuri က တ၀က်ပဲကုန်တဲ့အချိန်မှာ
Yoona ကတော့ စားပြီးသွားပြီ။Yuri - ဟင်..ပြီးပြီလား..
Yoon - အင်း..ငါက ဗိုက်ဆာရင်
မြန်မြန်စားတတ်တယ်..Yuri - aww..၀ရောဝရဲ့လား..