My Tears ..... 14

629 84 11
                                    

အချစ်​ဆိုတာမျိုးက .
သူ့အပြုံး​လေး မြင်​​နေရရင်​ကို ကိုယ်​ပါ ​ပျော်​​နေတတ်​တာ..

ဆေးရုံကြီးကို အိမ်​လို အ၀င်​အထွက်​လုပ်​​နေတာက
Yuri ရဲ့ ​နေ့စဉ်​ ၀တ္တရားတစ်​ခု။

ရယ်​​ပြုံးပြီး ​ကျောင်းက သူငယ်​ချင်း​တွေအ​ကြောင်း
ဆရာ​တွေအ​ကြောင်း..Yoonaကို ​ပြောပြ​နေပုံက
Yuri ရဲ့ အကျင့်​တစ်​ခုလိုပင်​ ဖြစ်​​နေပါပြီ။
သွားရ​တော့မယ့်​ရက်​က သိပ်​မလို​တော့​တာ​ကြောင့်
Yoona ဆီကို ​ချောင်း​ပေါက်​မတတ်​လာ​နေခြင်း။

'သိလား..ဒီ​နေ့​လေ..အခန်းထဲက ဟို​ နားရွက်​ကားကား
နဲ့ တ​ယောက်​​လေ..သင်္ချာဆရာ အချိန်​မှာ အိပ်​ငိုက်​​နေတာ မိသွားလို့ Detention ​ပေးခံ
လိုက်​ရတယ်​..သိတယ်​မလား..Math ဆရာက
စည်းကမ်း အဲ​လောက်​ကြီးတာကို..'

Yuri က ရွှန်းရွှန်း​ဝေ​အောင်​​ပြော​နေတာကို
Yoona ပြုံးပြီးသာ ကြည့်​​နေမိသည်​။
ဒီအပြုံး ဒီအသံကို သိပ်​မကြာခင်​ သူမ ခွဲရ​တော့မှာ​လေ။ သူမ ရင်​ထဲမှာ ၀မ်းနည်း​နေ​ပေမယ့်
ထုတ်​ပြလို့မဖြစ်။ Yuri စိတ်​​ဖြောင့်​​ဖြောင့်​နဲ့
မသွားနိုင်​မှာစိုးသည်​။

'ဒီမှာ..ငါ့ report card '

ရော်​..ဒီက​လေးမ..သူ Top 1 ရတာကို
လာကြွား​နေတာကိုး

'Wow..ငါတို့ Yuri က တကယ်​​တော်​တာပဲ..'

'ဘယ်​မလဲ..ငါ့အတွက်​ ဆု'

'အယ်​..ဆုက ​ပေးရမှာလား..'

'အင်း​ပေါ့ ..သူများက ကြိုးစားထားတာကို'

Yuri က လက်​​လေးပိုက်​ရင်း​ပြော​တော့
သူမ အားရပါးရရယ်​လိုက်​သည်​။

'arasaw..လာပါဦး'

သူမက ​ခေါ်လိုက်​​တော့ Yuri က အားရပါးရ
လာဖက်​​လေသည်​။ပြီး​တော့ သူမ ပါးနဲ့ ပခုံးကို
တလှည့်​စီနမ်းပြီး ပခုံး​ပေါ်​မေး​လေးတင်​လိုက်​သည်​။

'Yoona?'

'ဟင်​?'

'နင်​..ပိန်​သွားတာလား '

'ဟမ်​?..မ..မဟုတ်​​လောက်​ပါဘူး..
နင်​ စိတ်​ထင်​​နေတာ​နေမှာပါ..'

My TearsWhere stories live. Discover now