My Tears.....8

873 78 7
                                    

*ငါ နင့်ကို ချစ်တယ်..Yoona..*

Yoona အံ့သြစွာ Yuri ကို လှည့်ုကြည့်လိုက်မိသည်။
Yuri ကတော့သူမကို ကြည့်မနေပါ။

Yoon - ဘာ..ဘာပြောလိုက်တယ်..

Yuri - ငါ ...နင့်ကို ချစ်တယ်....

Yoona တစ်ယောက်..သူမရဲ့ နှလုံးသားက ခုန်နှုန်းဘယ်လောက်တောင်
မြန်နေလဲဆိုတာ ဝေခွဲမရတော့။

သူ..ဘာလို့ ဒီလို စကားမျိုးကို
လွယ်လွယ်ပြောနိုင်ရတာလဲ..

ထိုအချိန်မှာ...Yuri မှာလည်း..
Yoona နဲ့ မျက်နှာချင်းဆိုင်ဖို့..
သတ္တိမရှိ။

ဒါပေမဲ့..

ပြန်ရုတ်သိမ်းလို့မရတော့တဲ့
စကားကို ပြောမိခဲ့ပြီမလား။

Yuri အားတင်းကာ မတ်​တတ်​ရပ်​လိုက်ပြီး
Yoona ဆီကို လျှောက်လာသည်။

Yuri - Yoona..ငါ-

Yoon - တော်ပါတော့...
ကျေးဇူးပြုပြီး..

Yoona ..Yuri ရှေ့ဆက်မတိုးလာခင်
လက်နှစ်ဖက်နဲ့ ကာလိုက်ပြီး..

Yoon - မပြောပါနဲ့တော့..

Yul - Yoon-

Yuri ဘာမှမပြောနိုင်ခင်
Yoona ပြေးထွက်လာသည်။

နှစ်ယောက်လုံးရဲ့ အတွေးတွေကတော့
ရှုပ်ထွေးနေဆဲ။

Yuri တယောက် စိတ်ရှုပ်လွန်းကာ
ခြေထောက်ပင် မခိုင်တော့ဘဲ..
နေရာမှတင် လဲကျသွားသည်၊

သူမ Yoona ကို အပြစ်မတင်ပါဘူး..
ပြီးတော့ ခုလိုမျိုး ဖွင့်ပြောလိုက်ရလို့လည်း
နောင်တလုံးဝ မရပါဘူး..

ဒါပေမဲ့ ခုချိန်မှာ သူမ စိတ်ကို
စိုးမိုးထားတာကတော့ Yoona
ပဲ ဖြစ်တာကြောင့်..

Yoona .သူမ အခန်းထဲ ကိုဝင်လာတော့
မွန်းကျပ်နေတဲ့ အတွေးတွေနဲ့..
အသက်ရှု သံတွေက ပြင်းထန်နေတုန်းပဲ။
ဒါကလဲ Yuri ရဲ့နောက်စကားသံတွေကို
ကြားရမှာ ကြောက်လို့ မရပ်မနားဘဲ
ပြေးခဲ့တာကြောင့်ဖြစ်မည်။
သူမ ခုံအစွန်းကို အားပြုပြီး
ကုတင်ပေါ်ထိုင်ချလိုက်သည်။

ခေါင်းအုံးကို ရင်ခွင်ထဲ ပိုက်ပြီး..

Yoon*ဘာလို့ ငါတို့ရဲ့ သူငယ်ချင်းဆက်ဆံရေးကို ပျက်စီးအောင်
လုပ်ရတာလဲ..နင် ဒီလို စကားမျိုးကို မပြောခဲ့သင့်ဘူး..
Yuri ah..*

My TearsWhere stories live. Discover now