My Tears.....2

1K 81 6
                                    

Yoona မိတ်ဆက်ပြီး ဆရာမပေးတဲ့
ခုံမှာထိုင်ဖို့ပြင်ရင်း အကြည့်က
တစုံတရောက်ဆီ ရောက်မိ၏။..

သူကတော့ Yoonaကို မှတ်မိသလို
ပြုံးပြပေမဲ့ Yoona အကြည့်လွှဲလိုက်ပြီးသာ
ခုံမှာ၀င်ထိုင်လိုက်သည်။

.........................................

ဘာလို့မှန်းမသိ..
သူက တိုက်တိုက်ဆိုင်ဆိုင် သူမနဲ့
အခန်းတူနေတော့ စိတ်ထဲ ကျေနပ်နေသည်။
သူမရဲ့ မျက်၀န်းနက်နက်လေးတွေကို
အရမ်းသဘောကျနေမိ၍လား..
ဘာဖြစ်ဖြစ် သိပ်မကြာခင်မှာ လုပ်ဖို့အတွက် mission တခုပြင်ဆင်လိုက်သည်။အဲဒါကတော့...

..
..
Yoonaနဲ့ ခင်ဖို့.........

..........................................

Yoona တယောက် canteen မှာ
နေ့လည်စာစားနေတုန်း..
တစုံတယောက်က သူမရှေ့ ၀င်ထိုင်လာတော့..

'ဟို..ဒီမှာ ထိုင်မယ်နော်..'

သူမ ခေါင်းငြိမ့်ပြလိုက်သည်။...မထိုင်နဲ့ပြောရအောင်လဲ သူမရှေ့ရောက်နေပြီမလား။

' ငါ့နာမည်က Yuri ပါ..
Yoona ..ဟုတ်တယ်မလား'

'ဟုတ်ပါတယ်'

' ငါ့ကို မှတ်မိလား..ဟို..မနက်က..
ကားပေါ်မှာလေ..'

'ဪ..ဟုတ်ကဲ့'

'ဟုတ်ပါတယ်..ငါ..ဒီက Yoo-'

'Yuri.!.'

အထစ်ထစ်အငေါ့ငေါ့နဲ့မိတ်ဆက်နေတုန်း နာမည်ခေါ်ပြီး
Sooyoung က သူမဆီ ပြေးလာနေသည်။

'sooyoung.ah ဘာဖြစ်လာတာလဲ...'

' Yah..ငါ ဘာဖြစ်တာလဲဆိုတာ
နင်တကယ်မသိတာလား...'

Yuri အူကြောင်ကြောင်သာ ေခါင်းငြိမ့်ပြလိုက်ရသည်။ Choi Soo ကသူ့ကို အားလုံးသိရအောင်
တန်ခိုးရှင်များထင်နေလားမသိ။

'နင်ပဲ ငါ့ကို နေ့လည်စာ၀ယ်ကျွေးမယ်ဆိုပြီး
ငါမပါပဲ ဘာလို့ တယောက်တည်းလာရတာလဲ...'

'ဘာများလဲလို့ sooရယ်..ငါက
ဒီမှာ.'

သူမရှေ့ကိုကြည့်လိုက်တော့ ဘယ်သူမှ
ရှိမနေတော့။...Soo နဲ့ စကားပြောနေတဲ့အချိန် yoona ထွက်သွားခြင်းဖြစ်သည်။

.............................................

နောက်တချိန်မှာတော့ Yuri မွာ
Yoona ကိုတချက်တချက် ကြည့်မိသည်။
သူမပုံစံကြည့်ရတာ ဖော်ဖော်ရွေရွေ
မနေတတ််ဘူး ထင်ရသည်။
ခုနကတောင် ဘာမှမပြောဘဲထထွက်သွားသည်လေ။
ပိုပြီးထူးဆန်းတာက yuri ကိုယ်တိုင်ပင်။
သူစိမ်းနဲ့ ရောရော၀င်၀င်နေတတ်တဲ့
စတိုင်မဟုတ်ပေမယ့် yoona ကတော့
ထူးခြားသည်။ကိုယ်တိုင်တောင် သွားပြီး
မိတ်ဆက်ခဲ့သေးတာဆိုတော့။

My TearsWhere stories live. Discover now