မိုးရေထဲမှာ ကောင်မလေးတယောက်။
ပန်းခြံထဲက ခုံလေးပေါ်မှာ ထိုင်နေရင်း
မျက်၀န်းမှာလည်း မျက်ရည်စတွေနှင့်။
သူမ လက်အစုံနဲ့ မျက်နှာကို အုပ်လိုက်ရင်း
ဆရာ၀န်ကပြောလိုက်တဲ့ စကားကို
တွေးနေမိသည်။'သမီးရောဂါက သွေးကင်ဆာ
ဒုတိယ အဆင့်ရောက်နေပြီ..
ဒါပေမဲ့ စိတ်ဓာတ်မကျပါနဲ့..
ဆရာပြောတဲ့အတိုင်း လိုက်နာသွားရင်တော့ မျော်လင့်ချက်ရှိနိုင်ပါတယ်'...မျှော်လင့်ချက်..အဲဒီစကားလးုံရဲ့
အဓိပ္ပါယ်ကိုတောင် သူမနားလည်အောင်
မကြိုးစားချင်တော့ပါ။
ဘ၀ပေးအခြေအနေမကောင်းခဲ့တဲ့
သူမအပေါ်မှာ ဒီလိုရောဂါမျိုးက
ဘာကြောင့်ဖြစ်ရတာလဲ။အဖေမရှိတော့တဲ့ နောက်ပိုင်းအမေနဲ့
ညီမေလးကို သူမကျောင်းတဖက် နှင့်
ရှာကျွေးခဲ့သည်။
အေမက စားသောက်ဆိုင်လေး ဖွင့်ထားပေမဲ့ သူမနဲ့ညီမလေးရဲ့ကျောင်းစရိတ်.
အိမ်.စားစရိတ် ဘယ္လိုမွ မလောက်ငှနိုင်ခဲ့။ခုတော့ ဆေးရုံတက်ရမယ်တဲ့။
သူမ ဘယ္ကေန ဆေးရုံ စရိတ်ပေးဖို့
ငွေတွေ ရှာရမှာလဲ။
အေမ့ကိုလဲ ဒီထက္ပို မပင်ပန်းစေချင်တော့။
..ရူးတော့မှာပဲ..သူမ ဘယ်လောက်ကြာအောင်
ထိုင်နေမိလဲမသိ။သူမ ပခုံးကို တို့ပြီး ခေါ်နေသူကြောင့်
မျက်ရည်တွေသုတ်လိုက်ပြီး ခေါင်းကိုငုံ့ထားမိသည်။
သူမငိုနေတာကို မသိစေချင်တာကြောင့်ပါ.'hey..မိုးရေထဲမှာ ဒီလိုကြီးထိုင်မနေနဲ့လေ'
စိုးရိမ်စွာပြောနေတဲ့ မိန်းကလေးက
ထီးကို သူမလက်ထဲထည့်ပြီး'ယူထားလိုက်နော်..'
ပြီးတော့ သူမလက်ကိုခေါင်းပေါ်မှာကာပြီး
ပြေးထွက်သွားသည်။
သူမမျက်နှာက်ုတော့ မမြင်လိုက်။
ကိုယ့်အတွက်တောင် မငဲ့ပဲ
တစိမ်းကို စိုးရိမ်ပြီး ထီးပေးသွားတဲ့
သူမက ဘယ်လိုလူမျိုးပါလိမ့်။ပြီးတော့လက်ထဲက ထီးအဝါလေးကို
ကြည့်ပြီး ပြုံးလိုက်ကာ ထိုမိန်ကလေးသို့ရည်ရွယ်ပြီး'ကျေးဇူးတင်ပါတယ်'
........................................
'Kwon Yuri!!!'