My Tears.....15

642 82 19
                                    


Yuri ထွက်​သွားတာ တစ်​လ​ပြည့်​ခဲ့ပြီ။
သူမ ၀န်​မခံချင်​​ပေမဲ့ အချိန်​တိုင်းလိုလို Yuriကို သတိရ​နေတာက​တော့ အမှန်​။
Yuri က​တော့ ကတိအတိုင်း ​နေ့တိုင်း ဖုန်းဆက်
ပေးသည်​။

Yoong.. အရမ်းသတိရတယ်​..

အဲ့လို​ပြောလာရင်​ သူမဘက်​က နှုတ်​ဆိတ်​မြဲ။
ပြန်​မ​ဖြေချင်​လို့မဟုတ်​ဘဲ .. တိတ်​တဆိတ်
မျက်​ရည်​ကျပြီး ငို​နေတတ်​တာ သူသိသွားမှာ စိုးလို့ပါ။

'Yuri..ငါ ​နောက်​တစိပတ်​ ခွဲစိတ်​ရ​တော့မယ်​'

'တကယ်​လား..​နောက်​ဆုံး​တော့ ငါတို့ ​မျှော်​လင့်​​နေတဲ့
အချိန်​​ရောက်​လာပြီပဲ'

Yuri ရဲ့ အသံက ​ပျော်​ရွှင်​တက်​ကြွ​လို့နေသည်​။

'Yuri..ငါ'

သူ ဆက်​မ​ပြောဖြစ်​။
သူမ အရမ်း​ကြောက်​​နေတယ်​ ဆိုတာ
ပြောလိုက်​ချင်​​ပေမဲ့ သူမ နှုတ်​ဆိတ်​​နေမိသည်​။

'Yoona?'

Yuri က စိုးရိမ်​တကြီး ​ခေါ်လာ​တော့

'ဘာမှ မဟုတ်​ပါဘူး...နင့်​ကို စာကြိုးစားဖို့​ပြောမလို့'

တဖက်​က ခဏ တိတ်​ဆိတ်​သွားသည်​။

'ငါ ပြန်​လာခဲ့မယ်​ Yoona'

'ဘာ!...မဟုတ်​ဘူး..မဟုတ်​ဘူး..
နင်​က ဘာလို့လဲ..ငါ အဆင်​​ပြေပါတယ်​...ငါ...
အဆင်​..​ပြေ..မှာပါ'

'Yoona..ငါ အပြင်​သွားစရာရှိလို့ ​နောက်​မှ
ဆက်​ပြောရ​အောင်​​နော်​..'

လိုင်းကျသွား​ပေမဲ့ ဖုန်းခွက်​ကို သူမ ကိုင်​ထားဆဲ။
သူပြန်​လာမယ်​ဆိုတာ ဘာလဲ။
သူ့ကိုပြန်​​တွေ့ရမယ်​ဆိုတဲ့ အသိနဲ့တင်​ ​ပျော်​ရွှင်​မှုက
သိသာစွာ။
ဒါ​ပေမဲ့ သူမတစ်​ကိုယ်​​ကောင်း မဆန်​သင့်​ဘူး။
Yuri သာပြန်​လာမယ်​ဆိုရင်​ သူ့အခွင့်​အ​ရေး​တွေ
ဆုံးရှုံးသွားနိုင်​တယ်​။

'ကျွတ်​!ရူး​တော့မှာပဲ...
နင်​ ငါ့ကိုရူး​အောင်​လုပ်​​နေတာပဲ Yuri ah'

...................................................

'Bora!'

စာကြည့်​စားပွဲမှာ စာလုပ်​​နေတဲ့ အခန်း​ဖေါ် သူငယ်​ချင်းမ​လေးကို Yuri​ခေါ်လိုက်​​တော့
သူက လှည့်​ကြည့်​လာသည်​။

My TearsWhere stories live. Discover now