မနက်ဖန်ဆိုရင် သူမ ဆေးရုံ စတက်ရမဲ့နေ့
့ဖြစ်တာကြောင့် လိုအပ်တဲ့ ပစ္စည်းတွေကို သေချာ
ထုတ်ပိုးနေသည်..
Yuri ကတော့ ကုတင်စောင်းလေးမှာ ထိုင်လျက်
သူမကို ငေးကြည့်နေလေသည်။Yuri - နင် စိတ်လှုပ်ရှားနေလား..
Yoon - အင်း..နည်းနည်းပေါ့..
Yul - စိတ်မပူပါနဲ့..ငါ နေ့တိုင်း လာတွေ့မှာပါ..
Yoona ရယ်လိုက်ရင်း 'ငါသိပါတယ်'
ပြင်ဆင်ပြီးသွားတော့ Yuri ဘေးမှာ ၀င်ထိုင်လိုက်သည်..
Yul - Yoon..ငါ..ဒီမှာ ညအိပ်လို့ရမလား..မျက်နှာငယ်လေးနဲ့ပြောနေတဲ့Yuri ကို
စချင်လာတာကြောင့်..သူမ ရုပ်တည်လိုက်ပြီး
Yoon - အင်း..မပြောတတ်ဘူးလေ..
အိပ်ချင်လို့လား..အရမ်း..အရမ်းကိုလေ..Yul - ဟို..ဟို..
ရှက်ယောင်သမ်းလာပြီဖြစ်တဲ့ Yuri ရဲ့ ပါးနီလေးကို
သူ နှာတံတွေ နစ်ဝင်သွားတဲ့ထိ ဖိကပ်ကာ နမ်းပစ်လိုက်သည်။
Yoon - ငါ နောက်နေတာပါ...လာအိပ်လေ..Yul - hee
Yoon - Yuri?..ကော်ဖီ သောက်ချင်လား...
Yul - အင်း...နင်ဖျော်ပေးတာ သောက်ချင်တယ်..
Yoon - အေးပါ..ငါ သွားဖျော်ပေးမယ်...
အခန်းထဲက ထွက်ပြီး ထမင်းစားခန်းထဲ ၀င်လာတော့
ညနေစာ အတွက် အလုပ်ရှုပ်နေတဲ့ Yoonheeကို
တွေ့လိုက်ရသည်။'Omma!...!
'Yoon..wae?..ဗိုက်ဆာနေပြီလား..'
'မဟုတ်ပါဘူး..သမီးကော်ဖီ လာဖျော်တာ...
မွှေးနေတာပဲ...ကြက်သားပေါင်းလား''အင်း..ဂျင်ဆင်းနဲ့လေ..မနက်ဖန်ဆေးရုံတက်တော့မှာဆိုတော့ သမီး
အားရှိနေအောင်'သူမ အရမ်းအားနာမိသည်။ သူမအတွက် အမြဲတမ်း
စဉ်းစားပေးတတ်တဲ့ omma ကို လည်း ကျေးဇူးတင်သည်။.သူမသာ ဒီရောဂါကို
မခံစားရဘူးဆိုရင်..