ပျော်တယ် ကြည်နူးတယ်ဆိုတာထက်ကို
ပိုတဲ့ ခံစားချက်။သူ တကယ် သူမရှေ့ရောက်နေတာဟာ
အိပ်မက် မဟုတ်ပါစေနဲ့လို့ ဆုတောင်းမိသည်Yoona လက်သွယ်သွယ်က သူ့ရဲ့ ပါးပြင်ဆီကို
ခပ်ဖွဖွ ထိကပ်တော့ အပြုံးချိုချိုက သူ့မျက်နှာပေါ်မှာ
အထင်းသား။Yuriကသူ့လက်ကို ပြန်ဆုပ်ကိုင်လာရင်း..'သတိရနေတာ...'
'Yuri ah'
Yuri က အနားပိုတိုးပြီး Yoona ကို
ကလေးလေးတစ်ယောက်လို ဆွဲဖက်လိုက်သည်။'Yuri ah..နင် ကျောင်းမတက်ဘဲ-
'ခဏလေး..ခဏလေးပါ...
ဒီအချိန်လေးကို ငါ့နှလုံးသားထဲ သိမ်းထားချင်လို့'Yuri ရဲ့ အသံက တုန်ယင်နေမှန်း
သူမ သိလိုက်သည်။
Yuri ကို အပိုတွေလုပ်နေတယ်လို့ ထင်လား။
ဟင့်အင်း။
ဘာလို့ဆို သူမကိုယ်တိုင် အဲ့လို ခံစားနေရလို့။Yuriရဲ့ခါးကို သူမလက်မောင်းသွယ်သွယ်လေးတွေနဲ့
ပြန်ရစ်ပတ်လိုက်ပြီး Yuri ရဲ့ ပခုံးပေါ်မှာ မျက်နှာအပ်ထားလိုက်သည်။သူမ တစ်ကိုယ်ကောင်း ဆန်ပါရစေ။သူမကို
တစ်ခါလောက်တော့ အတ္တကြီးခွင့်ပေးပါ။...............................................
ချစ်ရသူရဲ့ လက်ကို ဆွဲကိုင်ထားရရင်
ကိုယ့်ထက်အဆပေါင်းများစွာ အင်အားကြီးတဲ့
ရန်သူကိုတောင် မကြောက်မရွံ့ ရင်ဆိုင်ရဲတယ်ဆိုတာ။Yoona ရဲ့ လက်ဖ၀ါးနုနုလေးက သူမ
လက်သွယ်သွယ်လေးတွေနဲ့ တမင်ဖန်တီးထားသလို
စည်းစနစ်ကျ၍လိုက်ဖက်စွာရှိနေသည်။'Yuri'
'အင်း'
Yoonaလက်ကို ချမ်းနေမှာစိုး၍ ထင်သည်။Yuriက
သူ့လက်နောက်တဖက်နှင့် ဖွဖွလေး ပွတ်ကာ
အနွေးဓာတ်ရအောင် လုပ်ပေးရင်း ဖြေသည်။'နင် ဘယ်အချိန်ထိ ဒီမှာ နေမှာလဲ..'
သူ့ရဲ့ မ၀ံ့မရဲ စကားသံကြောင့် Yuri ရဲ့အကြည့်တွေက သူ့လက်တွေဆီမှ မျက်နှာဆီ ရောက်လာသည်။