နာကျင်မှုဒဏ်ကို
ကျဆင်းလာသောသွေးစက်တို့ကြား
သူအံကြိတ်ကာတင်းခံသော်လည်း
အလိုက်ကန်းဆိုးမသိသောမျက်ရည်စက်တို့က
ပါးပြင်ပေါ်သို့အလည်ရောက်လာကြသည်။သူ့အမေဆုံးပြီးချိန်မှစ၍
သူ့ဘဝထဲတွင်ပျော်ရွှင်မှုဆိုသည့်အရာကား
လိုက်ရှာ၍ပင်မရလောက်သည့်အထိ
လုံးဝကိုအစပျောက်သွားခဲ့ရသည်။သူ့မိခင်နေရာအစားဝင်လာသော
ထိုမိန်းမအားသူကြည့်မရသလို
ထိုမိန်းမကလည်းသူ့အား
တစ်စက်လေးမျှကြည့်မရပါ။ကံကြမ္မာ၏ဆိုးရွာစွာရက်စက်မှုတို့အား
သူအရွယ်နှင့်မမျှအောင်ခံစားခဲ့ရသည်။
မိထွေးမှပါလာသောကလေးလောက်မှ
သူ့အားတန်ဖိုးထားပုံမရသော
Appaကိုပဲနာကျည်းရမည်လား....သူ့မိခင်နေရာကိုအစားထိုးဝင်ရောက်လာရုံမက
သူ့ဖခင်နဲ့သူ့ကြားသွေးခွဲနေသော
ထိုမိန်းမအားနာကျည်းရမည်လားမသိ......အဆုံးသတ်မှာတော့....
Byun Baekhyunဆိုကျနော်သည်...
အရာအားလုံး၏အပယ်ခံသာ....
♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧
At Chanyeol's side,"သခင်လေးစုံစမ်းခိုင်းတဲ့
ကောင်လေးအကြောင်းပါ"သူမေးတစ်ချက်ဆတ်ပြလိုက်သောအခါ
အိမ်တော်ထိန်းဆီမှဖိုင်လေးတစ်ခုက
သူ့စားပွဲပေါ်တွင်လာရောက်နေရာယူသွားလေသည်။ဖိုင်ကိုဖွင့်ပြီးဖတ်လိုက်ချိန်မှာတော့
သူ့မျက်ဝန်းထဲမျက်ရည်စတို့က
အလိုအလျောက်နေရာယူလာတော့သည်။"Byun Baekhyun မင်းကငါ့အပိုင်ပဲကလေး "
သူ့နောက်ကြောင်းရာဇဝင်တွေအားလုံး
သူ့လက်ထဲရောက်ရှိလာချိန်မှာတော့
ထိုကလေးက.....
သူ့လက်ခုပ်ထဲကရေဖြစ်သွားသည်မှာ
သေချာသလောက်ရှိသွားတော့သည်။အတ္တတွေလွှမ်းမိုးနေတဲ့ချစ်ခြင်းတစ်ခုမှာ...
အချစ်ခံရတဲ့သူက...
ကံကောင်းသူရယ်ပါ.....
ချစ်ပေးနေရတဲ့သူကသာ.....
သေမတတ်ပူလောင်နေရတာ...
♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧
မျက်ရည်စတို့ကိုအဖော်ပြု ပြီး...
သူခြေဦးတည့်ရာလျှောက်သွားနေခဲ့တယ်။
ခြေသလုံးနုနုမှာဖြစ်ပေါ်နေတဲ့
ဒဏ်ရာတွေကိုမေ့ဖျောက်ပြီးတော့ပေါ့။

YOU ARE READING
As You Like
Fanfictionအမိန့်ဆန်တဲ့မင်းစကားတွေအောက် ငါရိုကျိုးစွာ နာခံမယ်။ အတ္တဆန်တဲ့မင်းအချစ်တွေအောက် ငါမြတ်နိုးစွာ ခိုဝင်မယ်။ ငါ့ဘဝ ငါ့ခန္တာ ငါ့အသက်ကအစ မင်းအပေါ် အပ်နှင်းမယ်။ မင်းက ငါ့နှလုံးသားရဲ့အရှင်သခင်ပဲ။