သိပ်ကိုချစ်ရပါသော ကျနော့်သခင်ရေ...
အခုဆို ခင်ဗျားရင်ခွင်ထဲက ကျနော်ထွက်ပြေးလာခဲ့တာ တစ်လတိတိရှိပြီ။ ခင်ဗျားရော ကျနော့်ကို နည်းနည်းလေးတောင်သတိရပါရဲ့လား? ဟင့်အင်း...ခင်ဗျားမရလောက်ပါဘူး။ ကိုယ်ဝန်ဆောင်ထားရတဲ့ ခင်ဗျားအမျိုးသမီးကို ဂရုစိုက်နေရတာနဲ့ ကျနော့်ကိုမေ့လောက်ရောပေါ့။ လွန်ခဲ့တဲ့လက ဒီလိုအချိန်မှာ သွေးပျက်အောင် ငိုကြွေးခဲ့ရတဲ့ ကျနော့်ရဲ့ ဝမ်းနည်းမှုတွေရှိခဲ့ဖူးတယ်။ အခုလည်း ရှိနေတုန်းဖြစ်သလို နောင်လည်း ရှိနေဆဲပဲဖြစ်မှာ။ ဘယ်တော့မှ ပြန်သတိမရချင်သလို မေ့ပစ်လိုက်ချင်တဲ့ နေ့စွဲအချို့ထဲမှာလည်း ဒီနေ့ဟာ ထိပ်ဆုံးကပါဝင်လိမ့်မယ်ထင်ပါရဲ့။ Inn...
အဲ့ဒီ့နေ့...အဲ့ဒီ့နေ့က...
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
24.6.2017နီရဲရဲနှုတ်ခမ်းလွှာတို့ကြားမှ ပွင့်အန်ထွက်ကျလာသော စကားလုံးအချို့တို့က ကျနော့်နားအတွင်းအား သံရည်ပူတို့ လောင်းထည့်လိုက်သည့်အလား...
မယုံကြည်နိုင်သော မျက်ဝန်းတို့ဖြင့် သူမအား ကြည့်နေသော ကျနော့်ကို သူမလက်ကိုင်အိတ်အတွင်းမှ ဓာတ်ပုံလေးတစ်ပုံကို ထုတ်ပြသည်။
"ကျွန်မတို့နှစ်ယောက်ရဲ့ရင်သွေးလေးပါ"
ဓာတ်ပုံကိုင်ထားသော ကျနော့်လက်က သိသိသာသာကိုတုန်ယင်နေသည်။ မျက်လုံးတွေကလည်း တဖြည်းဖြည်း ဝေဝါးလာသယောင်။ နှုတ်ခမ်းလွှာတို့ကလည်း အာစေးထည့်ထားသည့်အလား မည်သည့်စကားမျှမဆိုနိုင်အောင် ဖြစ်နေရသည်။
"ဒီလောက်ဆိုByun Baekhyunသဘောပေါက်လိမ့်မယ်ထင်ပါရဲ့"
"ခင်ဗျားလိမ်နေတာ!!ခင်ဗျားလိမ်နေတာ!! Yeolကကျနော်ကလွဲဘယ်သူမှ..."
ဘာဆက်ပြောရမှာလဲ? ကျနော်ဘာဆက်ပြောရမှာလဲ? အမှန်တရားကြီးကို မြင်နေရဲ့နဲ့ မျက်စိစုံမှိတ်ငြင်းနေရုံနဲ့ ဒီအမှန်တရားက ပျောက်ကွယ်သွားမှာမှမဟုတ်ပဲ။ ဘယ်လိုထပ်ပြီးကိုယ့်ကိုကိုယ်အယုံသွင်းရမလဲ? ဒီဓာတ်ပုံဟာအတု။ သူမပြောနေသမျှ စကားလုံးအားလုံးဟာ အတုအယောင်တွေ။ ကိုယ့်ကိုကိုယ်နှစ်သိမ့်ဖို့အတွက် ကျနော်ဘာတွေများထပ်ပြီး မျက်စိစုံမှိတ် ငြင်းဆန်ရဦးမည်လဲ။
YOU ARE READING
As You Like
Fanfictionအမိန့်ဆန်တဲ့မင်းစကားတွေအောက် ငါရိုကျိုးစွာ နာခံမယ်။ အတ္တဆန်တဲ့မင်းအချစ်တွေအောက် ငါမြတ်နိုးစွာ ခိုဝင်မယ်။ ငါ့ဘဝ ငါ့ခန္တာ ငါ့အသက်ကအစ မင်းအပေါ် အပ်နှင်းမယ်။ မင်းက ငါ့နှလုံးသားရဲ့အရှင်သခင်ပဲ။