တရိပ်ရိပ်ပြေးနေတဲ့ မြင်ကွင်းတွေကို ငေးကြည့်ရင်းမှ မဆီမဆိုင် သူ့ကိုသတိရနေပြန်သည်။
ကြားနေရတဲ့ အသံတွေဆီမှတစ်ဆင့် သူ့စကားလုံးတွေကို ပုံဖော်ကြားယောင်မိပြန်တော့ မျက်ရည်စတစ်စက ပါးပြင်ပေါ် ကျဆင်းလာပြန်သည်။
လေငွေ့နွေးနွေးတို့က မျက်နှာပြင်ပေါ် လာရောက်ရိုက်ခတ်ပြန်တော့ သူ့အသက်ရှူသံတစ်ချို့ကို ပြန်လည်တမ်းတမိပြန်ရော။
ပြာလဲ့နေတဲ့ ကောင်းကင်ပြင်ကြီးကို ငေးမောကြည့်ရင်း သူ့မျက်နှာကိုမြင်ယောင်မိတော့ နှလုံးအိမ်ထဲ မခံမရပ်နိုင်အောင် နာကျင်လာရသည်။
အခုချိန်ဆို...
သူကျနော့်ကို မုန်းတီးနေလောက်ပြီလား?
စာလေးတစ်စောင်သာ ထားခဲ့ပြီး အရာအားလုံးကို ကျောခိုင်းခဲ့သော ကျနော့်ကို သူနာကျည်းနေပြီလား?ရင်နင့်ဖွယ်မေးခွန်းတစ်ခု၏အဆုံး ကျနော့်ရင်ခုန်သံအချို့ ကြောက်ရွံ့စွာ ရပ်တန့်သွားလေရဲ့။
"Yeolပါဝင်မယ့် ကျနော့်အနာဂတ်မှာ နောင်တဆိုတာ ရှိလာမှာမဟုတ်ဘူး"
ကျနော်ကိုယ်တိုင်ပြောခဲ့သောစကားတစ်ခွန်း
ကျနော်ကိုယ်တိုင်ဆွဲကိုင်ထားမိခဲ့သော သူ့လက်တစ်စုံ...
ကျနော်ကိုယ်တိုင်မက်မောခဲ့ရပါသော သူ့ကိုယ်သင်းနံ့...
ကျနော်ကိုယ်တိုင်ချစ်မြတ်နိုးရပါသော သူဆိုသောဖြစ်တည်မှုတစ်ခု...ကျနော်တန်ဖိုးထားရပါသော သူ့အရာအားလုံးအား ကျနော်ကိုယ်တိုင်ပင် စွန့်လွှတ်ခဲ့ပါ၏။
သိပ်ကိုချစ်မြတ်နိုးရပါသော သူဆိုသောသူအား အဝေးတစ်နေရာမှ ငေးကြည့်နေရုံလေးကိုသာ ကျနော်ရွေးချယ်ခဲ့ပါ၏။
ခွဲခွာမှုဆိုသော ခေါင်းစဉ်အောက် ကျနော်နာကျင်စွာ ရှင်သန်ရင်း ခင်ဗျားနေထိုင်တဲ့ ကျနော့်နှလုံးသားကို အခြားလူမမြင်အောင် ကွယ်ဝှက်လို့ထားလိုက်ရဲ့။
မျက်ရည်စက်တို့ ဝေ့ဝိုက်လျက်ရှိတဲ့ မျက်ဝန်းတစ်စုံနဲ့ဆန့်ကျင်စွာပဲ ကျနော့်နှုတ်ခမ်းလွှာတို့က အလှပဆုံးအပြုံးတို့ကို ဆင်မြန်းထားလျက်။

YOU ARE READING
As You Like
Fanfictionအမိန့်ဆန်တဲ့မင်းစကားတွေအောက် ငါရိုကျိုးစွာ နာခံမယ်။ အတ္တဆန်တဲ့မင်းအချစ်တွေအောက် ငါမြတ်နိုးစွာ ခိုဝင်မယ်။ ငါ့ဘဝ ငါ့ခန္တာ ငါ့အသက်ကအစ မင်းအပေါ် အပ်နှင်းမယ်။ မင်းက ငါ့နှလုံးသားရဲ့အရှင်သခင်ပဲ။