ဆိုးဆေးအနီရဲရဲခြယ်သထားသော နှုတ်ခမ်းလွှာ....
မျက်ကပ်မှန်မိုးပြာရောင်ဖြင့် ဖုံးလွှမ်းထားသော မျက်ဝန်းတစ်စုံ...ဆေးဆိုးပန်းရိုက်ပြုပြင်ထားသော သူမမျက်နှာတို့ကိုကြည့်ရင်း သူစိတ်ပျက်စွာ သက်ပြင်းတစ်ချက် ချလိုက်မိသည်။
သူ့အိမ် တစ်နည်းအားဖြင့် သူနှင့်သူမတို့၏ မိသားစုအိမ်...
ဤအိမ်ကို ပြန်မလာချင်သည့် အကြောင်းရင်းများစွာထဲမှ သူမရှိနေ၍ဆိုသော အကြောင်းရင်းသည် ထိပ်ဆုံးတွင်ရှိနေလေသည်။"ပြန်လာပြီလား wuri yeobo"
မဲ့ပြုံးတစ်ချက်ကို သူမမျက်နှာထက်တွင် ဝတ်ဆင်လျက် လှောင်ရယ်သံစွက်ကာ ပြောနေပုံက ထရိုက်ချင်စရာ...
"Yeobo?"
သူ့စကားအဆုံး သူမထိုင်နေရာမှ ထလာကာ ကျနော့်အင်္ကျီကြယ်သီးတို့အား သူမလက်ချောင်းတို့ဖြင့် တစ်လုံးချင်း ဖြုတ်ပစ်နေ၏။
"Ommm Maja ငါတို့ကလက်ထပ်ထားတဲ့သူတွေမဟုတ်လား?"
သူ့အင်္ကျီပေါ်မှ သူမလက်တို့အား သူဖယ်ရှားပစ်လိုက်ရင်း...
"Yeobo? အရှက်မရှိတာလား?
မျက်နှာပြောင်တိုက်တာလား?"
"ရှင်!!!ရှင်ဘာပြောတယ်!!"
"ငါ့ကိုမင်းလက်ထပ်ထားတဲ့အကြောင်းအရင်းမင်းအသိဆုံးဖြစ်မှာပါ...
အရှက်မရှိမျက်နှာပြောင်တိုက်ပြီးငါ့ကိုyeoboလို့လာခေါ်မနေနဲ့"သူမကိုယ်ကို တွန်းတိုက်ပြီး အပေါ်ထပ် သူ့အခန်းဆီသို့ ထွက်လာခဲ့လိုက်သည်။
အင်္ကျီကြယ်သီးတို့အား ဒေါသအစုံဖြင့် ခပ်ကြမ်းကြမ်း ဆွဲဖြုတ်ပစ်လိုက်ရင်း ရေချိုးခန်းထဲဝင်လာခဲ့လိုက်သည်။သူရေချိုးပြီးအထွက် ခုတင်ပေါ်မှ သူ့အားစိုက်ကြည့်နေသော သူမကို မြင်လိုက်ရသည်။
"Park Chanyeol shi"
လှောင်သလိုလိုဖြင့် ရယ်သံစွက်ကာ ခေါ်လိုက်သော သူမအသံက မသတီစရာ။
"Byun Baekhyunက...သိပ်...ကို...
ချစ်ဖို့....ကောင်းတာပဲနော်"တစ်လုံးချင်း ဖြည်းညင်းစွာ ပြောလိုက်သော သူမစကားလုံးတွေကြောင့် သူ့အသက်ရှူသံတွေ မမှန်ချင်တော့။

ESTÁS LEYENDO
As You Like
Fanfictionအမိန့်ဆန်တဲ့မင်းစကားတွေအောက် ငါရိုကျိုးစွာ နာခံမယ်။ အတ္တဆန်တဲ့မင်းအချစ်တွေအောက် ငါမြတ်နိုးစွာ ခိုဝင်မယ်။ ငါ့ဘဝ ငါ့ခန္တာ ငါ့အသက်ကအစ မင်းအပေါ် အပ်နှင်းမယ်။ မင်းက ငါ့နှလုံးသားရဲ့အရှင်သခင်ပဲ။