သူရိန်နေမင်းဆီမှ အလင်းရောင်ဖျော့ဖျော့တို့က အခန်းပြတင်းမှတစ်ဆင့် ကျနော်အိပ်စက်ရာ ကုတင်ခေါင်းရင်းဆီသို့ တိုးဝင်ကာရောက်ရှိလာမှုကြောင့် မျက်ဝန်းမှေးမှေးတို့က ဖွင့်ဟလာတော့သည်။
နိုးထလာမှုနှင့်အတူ ခါးအောက်ပိုင်းဆီမှ နာကျင်မှုကပါ တစ်ပြိုင်တည်း ပါလာပြန်သည်။
သူ့ဘေးတွင်တော့ ဗလာကျင်းနေသော အိပ်ရာတစ်ခုသာ ရှိတော့သည်။ထိုတော့မှ သူပြန်သွားပြန်လေပြီ ဟူသော အသိစိတ်တို့က အတွေးမှတစ်ဆင့် နှလုံးသားကို တဆစ်ဆစ် နာကျင်စေပြန်သည်။
နာကျင်နေသော ခန္ဓာကိုယ်ကို အတင်းအားယူကာ ရေချိုးခန်းဆီ လေးတွဲ့သော ခြေလှမ်းတို့ဖြင့် လှမ်းလျှောက်သွားလိုက်သည်။
ရေချိုးခန်းမှန်ထဲမှ ကိုယ့်ပုံကိုယ်မြင်ပြီး သူကြည်နူးစွာ ပြုံးလိုက်မိပြန်သည်။နီရဲပေါက်ပြဲနေသောနှုတ်ခမ်းနှစ်လွှာ လည်ပင်းသားဖြူဖြူတို့ပေါ်မှာ အနီရောင်အမှတ်အသားတစ်ချို့တို့က သူ့စိတ်အစုံကို ကျေနပ်အားရမှုဖြစ်စေသည်။
ချစ်ရသူဆီမှ သူတစ်ဦးတည်းသာ ပိုင်ဆိုင်ခွင့်ရသော အရာများအဖြစ် သူဂုဏ်ယူစွာ သတ်မှတ်ထားမိသည်။
"Sarenghae Chanyeollie"
ရေချိုးပြီးအောက်ဆင်းအလာ သူမြင်လိုက်ရသော လူတျောက်ကြောင့် သူ့နှုတ်ခမ်းလွှာတို့က ပွင့်ဟသာကာ မျက်ဝန်းအစုံတို့ကလည်း ဝိုင်းစက်သွားတော့သည်။
သူကဘာလို့ဒီမှာရှိနေရတာလဲ?
သူ့ကိုမြင်တော့ ထိုသူဆီမှ နှစ်လိုဖွယ်အပြုံးလေးတစ်ခုက ကြွေဆင်းလာတော့သည်။ဘုရားရေ!!!သူကျနော့်ကို အသေသတ်ဖို့ စိတ်ကူးများရှိနေရော့သလား?
"နိုးပြီလားByun?"
ချစ်ရသူအသံက ပျားသကာအလား ချိုမြလွန်းလှသည်။ကျနော့်နှလုံးသားလေး ချွဲကြပ်မှာတောင် စိုးရိမ်ရသည်။
သူ့အပြုံးတစ်စ နှင်းပွင့်တစ်ပေါက်အလား ဖြူစင်သည်....
သူ့စကားတစ်ခွန်း ပျားရည်တစ်ပေါက်သို့ ချိုမြသည်...
သူ့အကြည့်တစ်ချက် နှလုံးသားဆီသို့ ထိုးဖောက်သည်...

ESTÁS LEYENDO
As You Like
Fanfictionအမိန့်ဆန်တဲ့မင်းစကားတွေအောက် ငါရိုကျိုးစွာ နာခံမယ်။ အတ္တဆန်တဲ့မင်းအချစ်တွေအောက် ငါမြတ်နိုးစွာ ခိုဝင်မယ်။ ငါ့ဘဝ ငါ့ခန္တာ ငါ့အသက်ကအစ မင်းအပေါ် အပ်နှင်းမယ်။ မင်းက ငါ့နှလုံးသားရဲ့အရှင်သခင်ပဲ။