သူ့ကိုချစ်တယ်....
ရမ္မက်ဆန်တဲ့ ချစ်ခြင်းတရားနဲ့...သူ့ကိုမြတ်နိုးတယ်...
ရုန်းထွက်ခွင့်ပေးမှာမဟုတ်တဲ့ ရက်စက်မှုနဲ့...တစ်ခါတစ်ရံမှာ...
အချစ်ဆိုသောအရာရဲ့နောက်ကွယ်မှာ...
အတ္တဆန်တဲ့ ပိုင်ဆိုင်လိုမှုတွေလည်းပါတတ်တယ်။ကျနော်သူ့အပေါ်ချစ်တဲ့အချစ်က...
သိမ်မွေ့ချင်မှသိမ်မွေ့မယ်..
နူးညံ့ချင်မှနူးညံ့မယ်...
ညင်သာချင်မှညင်သာမယ်...
ဒါပေမယ့်....ထာဝရအတွက်ခိုင်မြဲမယ်...
တစ်ဘဝလုံးစာရည်ရွယ်မယ်...
သေသည်အထိချစ်နေမယ်...ဒါကိုသူသိချင်မှသိမယ်...
သူနားလည်ချင်မှနားလည်မယ်...
ကျနော့်အတွက်တော့...သူမသိနေလည်းဖြစ်တယ်...
သူနားမလည်လည်းရတယ်...
ကျနော်လိုတာ တစ်ခုတည်းရယ်...
အဲ့ဒါက...သူထာဝရ ကျနော့်ဘေးရှိနေဖို့ပဲ။
♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧
လည်ဂုတ်နားကိုလာရောက်ရိုက်ခတ်နေတဲ့
လေငွေ့နွေးနွေးနဲ့အတူ....
ပုခုံးသားတွေနဲ့ထိကပ်နေတဲ့
နှုတ်ခမ်းထူထူတစ်စုံ...သူ့မျက်လုံးမှေးမှေးတို့ကို
အားယူပြီးအဖွင့်မှာတော့...
ခါးပေါ်မှာအခန့်သားနေရာယူထားတဲ့
သူ့လက်တံရှည်ရှည်သွယ်သွယ်တို့ကိုတွေ့လိုက်ရတယ်။Appaရဲ့အကြွေးတွေအတွက်
ကျနော့်ခန္ဓာကိုယ်ကို
သူ့ဆီမှာစတေးခံခဲ့ရတယ်။ဒါပေမယ့်...
မမျှော်လင့်ထားတဲ့ ကြင်နာမှုတွေ
သူ့ဆီက ပြန်ရခဲ့တယ်။ရက်စက်တဲ့သူ့အပြုအမူတွေရဲ့ နောက်ကွယ်မှာ
နွေးထွေးတဲ့ကြင်နာမှုတွေကတော့ ကပ်ပါလို့နေတယ်။သူစိမ်းဆန်တဲ့သူ့အချစ်တွေရဲ့ နောက်ကွယ်မှာ
အေးစက်စက်ဂရုစိုက်မှုတွေကတော့
ကပ်ပါလို့နေတယ်။ကျနော်ဆိုတာ...
ကျနော့်အချစ်ဦးရဲ့ အဖြည့်ခံ...
♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧
"Byun Baekhyun!!!!!"စူးရှကျယ်လောင်သော သူ့အသံခပ်ဩဩကို ကြားလိုက်ရပြီးသကာလ....
"Naeသခင်လေး..
ကျနော်ဘာလုပ်ပေးရမလဲ?"
"ဘာမှမလုပ်နဲ့..
ဒီအတိုင်း ဒီအတိုင်း ကိုယ့်ဘေးမှာထိုင်နေပေး"အမ်:-/ ခေါ်ပြီးဘာမှမလုပ်နဲ့ဆိုတော့ကား :-/
သူ့မျက်နှာချောချောကို လှမ်းကြည့်မိတော့ စိုးရိမ်ပူပန်စိတ်တွေက အတိုင်းသား။
အမြဲတက်ကြွနေတဲ့သူ့ပုံစံက ယခုတော့ သူမဟုတ်သည့်အတိုင်း။စားပွဲပေါ် လက်တင်ကာ ရုတ်ချည်း မှောက်အိပ်လိုက်သော သူ့ပုံစံကြောင့်...
"သခင်လေး ဒီလိုအိပ်ရင်ခေါင်းနာမယ်လေ
အခန်းထဲသွားအိပ်ပါလား ပင်ပန်းရင်"သူ့ပုခုံးတို့ကို ထိရဲမထိရဲနှင့် လှုပ်နှိုးနေသော ကျနော့်လက်အစုံကို ဆွဲကိုင်တာ ကျနော့်ရင်ခွင်ထဲ ခေါင်းတိုးဝင်လာသော သူ့ကိုကြည့်ပြီး အလိုက်သင့်လေး ဖက်ထားမိလိုက်သည်။
'အဖဘုရားသခင် ကျေးဇူးပြုပြီး သခင်လေးရဲ့ပင်ပန်းမှုတွေကို ကျနော့်ဆီ လွှဲပြောင်းပေးပါ'
'အဖဘုရားသခင် ကျေးဇူးပြုပြီး ကျနော်ချစ်ရသူ၏ နာကျင်မှုတွေကို ကျနော့်ဆီ လွှဲပြောင်းပေးပါ'
"Baekhyun"
တိုးညင်းစွာဆိုလာသော သူ့အသံကို
"Nae"
တုန့်ပြန်လိုက်သော ကျနော့်အသံကလည်း သူ့နည်းတူ တိုးဖျော့လျက်...
"မင်း"
ကျနော်?ကျနော်ဘာဖြစ်လို့လဲ?
"ကိုယ့်တိုက်ခန်းတစ်ခုမှာ"
အွန်း😢yeolရဲ့တိုက်ခန်းတစ်ခုမှာ..
"ခဏလောက်သွားနေပေးပါလား"
"Nae!!!!wae...."
"ခဏလေးပါ...တစ်ကယ့်ကိုခဏလေးပါပဲ"
"Nae သခင်လေးသဘောပါ"အကြောင်းပြချက်လား?
ဟင့်အင်း :')ကျနော်မသိချင်ပါဘူး...
ကျနော့်သခင်ရဲ့အမိန့်သာ ကျနော်လိုက်နာရမယ်လေ။
ကျနော့်နှလုံးသားရဲ့ အရှင်သခင်လေ။ခဏလေးလို့ သူပြောတယ်လေ...
တစ်ကယ့်ကို ခဏလေးပဲနေရမှာပါ...
ကျနော်သူ့ကိုယုံတယ်။
ချစ်တယ်ပြောခွင့်မရှိတဲ့ ကျနော့်ချစ်သူကိုလေ။ချစ်သူ?ချစ်သူလို့တော့ ခေါ်ခွင့်ရှိတယ်မလား?
ကျနော်တို့ဆက်ဆံရေးကလေ...အကယ်၍များသာ...
ထိုခဏလေးက သူ့ကို ကျနော့ဘဝထဲက ဆွဲထုတ်သွားမယ့် အချိန်သာ ဖြစ်ခဲ့ရင်...
♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧♧
A/N>>>>>
အပ်ပုဒိတ်အစ်ကမ်းမင်း😁😁
အရမ်းကြာသွားဒေဟုတ်😢😢
ကျမအပျင်းကြီးနေတာရယ်ကြောင့်ပါ😢
မေ့ကုန်ကြပြီလားဟင်?အဟမ်း😘😘
နည်းနည်းလေးpsycho ဝင်ကြည့်ရအောင်😉

YOU ARE READING
As You Like
Fanfictionအမိန့်ဆန်တဲ့မင်းစကားတွေအောက် ငါရိုကျိုးစွာ နာခံမယ်။ အတ္တဆန်တဲ့မင်းအချစ်တွေအောက် ငါမြတ်နိုးစွာ ခိုဝင်မယ်။ ငါ့ဘဝ ငါ့ခန္တာ ငါ့အသက်ကအစ မင်းအပေါ် အပ်နှင်းမယ်။ မင်းက ငါ့နှလုံးသားရဲ့အရှင်သခင်ပဲ။