"ကိုယ်တို့အိမ်ပြန်ရအောင်ဗြောင်"
အိမ်??ဟုတ်သား...ကျနော်တို့၂ယောက်ရဲ့အိမ်... ချစ်ခြင်းမေတ္တာတွေနဲ့တည်ဆောက်ထားတဲ့ကျနော်တို့ရဲ့အိမ်လေး...
ကြည်နူးဖွယ်အတွေးနှင့်အတူမှတ်ဉာဏ်ထဲဝင်ရောက်လာသည်ကသူ့အိမ်သူသက်ထား၏ခပ်တင်းတင်းမျက်နှာထား...
မောက်မာမှုအပြည့်နှင့်အေးစက်မှုတို့လွှမ်းမိုးလျက်ရှိသောသူမပုံရိပ်တစ်ချို့... ထိုအမျိုးသမီးနှင့်ကျနော့်ရဲ့သူတို့၏ရင်သွေးငယ်လေး... ကျနော်မေ့သွားပဲ... သူကအိမ်ထောင်သည်တျောက်ဆိုတာ... ဟင့်အင်း...မေ့ထားတာလို့ပြောရင်ပိုမှန်လေလိမ့်မလား? လက်မခံချင်သောအမှန်တရားတစ်ခုကိုသတိရမိသည့်အခါအမျိုးအမည်မဖော်ပြတတ်သောနာကျင်မှုတို့အားလက်ခံရရှိပြန်သည်။
ကျနော်ထပ်ပြီးရူးမိုက်သင့်သလား?နှလုံးသားနှင့်ဦးနှောက်တို့ကြား လွန်ဆွဲပွဲတစ်ခုက ထပ်မံရောက်ရှိလာချေပြီ။
နှလုံးသားကိုဦးစားပေးကာ ပတ်ဝန်းကျင်၏ တိုက်ခိုက်မှုတွေအား လက်ခံသင့်လေသလား? ဦးနှောက်ကို ဦးစားပေးကာ နာကျင်မှုတွေကြား ရှင်သန်သွားသင့်လေသလား? ကျနော်မည်သည့်အရာကိုရွေးချယ်သင့်ပါသနည်း?"ကျ...ကျနော်"
မည်သို့သောအဖြေမျိုးကိုဖြေသင့်ပါသနည်း?
၁နှစ်ကျော်မျှလွမ်းဆွတ်တမ်းတခဲ့ရပါသော သူ့ရင်ခွင်အတွင်း ပြန်လည်ခိုအောင်းနိုင်မည့် ချိုမြိန်ဖွယ်အဖြေမျိုးလား? ဒါမှမဟုတ် နှလုံးသားတစ်စုံအား ဓားဖြင့်ထိုးစိုက်ပြီး သွေးစက်လက်နှင့် မြေမြုပ်သဂြိုလ်လိုက်ရမည့် နာကျင်ဖွယ်အဖြေမျိုးလား? ကျနော်ဘာကိုဖြေရမည်နည်း?"ကျနော်တို့ရပ်တန့်ကြရအောင်yeol...ဒီနေ့ ဒီနေရာ ဒီအချိန်မှာပဲ အရာအားလုံးကို အဆုံးသတ်ကြရအောင်"
ဖြစ်ချင်သည်ထက် ဖြစ်သင့်သည်ကို ရွေးချယ်သင့်သည်မလား? သာယာနေသည့် သူများအိမ်ထောင်ရေးအား ဖျက်ဆီးရာရောက်မည့် အဖြစ်မျိုးကိုတော့ ကျနော်မရွေးချယ်ချင်။
"မင်းရူးနေလားဗြောင်!!!!!"
ရူးနေတယ်yeol...ကျနော်သွက်သွက်ခါအောင်ကိုရူးနေတာ...ခင်ဗျားကြောင့်...ခင်ဗျားကြောင့်ကျနော်ရူးနေတာ...

STAI LEGGENDO
As You Like
Fanfictionအမိန့်ဆန်တဲ့မင်းစကားတွေအောက် ငါရိုကျိုးစွာ နာခံမယ်။ အတ္တဆန်တဲ့မင်းအချစ်တွေအောက် ငါမြတ်နိုးစွာ ခိုဝင်မယ်။ ငါ့ဘဝ ငါ့ခန္တာ ငါ့အသက်ကအစ မင်းအပေါ် အပ်နှင်းမယ်။ မင်းက ငါ့နှလုံးသားရဲ့အရှင်သခင်ပဲ။