"ကိုယ်ပြောမယ်ဗြောင်...
မင်းနောင်တမရဘူးဆိုတာ သေချာရင်.."ခင်ဗျားပါဝင်တဲ့ ကျနော့်အနာဂတ်မှာ နောင်တတရားဆိုတာ ရှိမလာစေရဘူး..
"Yeolပါဝင်မယ့် ကျနော့်အနာဂတ်မှာ နောင်တဆိုတာ ရှိလာမှာမဟုတ်ဘူး"
"ကိုယ့်ရဲ့တိတ်တိတ်ပုန်းအနေနဲ့ပဲ.."ဟက်!!!တိတ်တိတ်ပုန်း😅😅
ကျနော်ကခင်ဗျားအတွက် ဒီလောက်ပဲ ဘောင်ဝင်တာလား?😅😅အစတည်းကslaveတျောက်အနေနဲ့ပဲ သူ့ဘေးလာခဲ့ရတာလေ..
ဒီ့ထက်ပိုပြီး
ဘာတွေမျှော်လင့်နေသေးတာလဲ?သူ့ဘေးနား ရှိနေခွင့်လေးရှိရင် ကျနော့်အတွက် အရာအားလုံးပြည့်စုံပါပြီ။
တရားဝင်ပိုင်ဆိုင်ခွင့် မရပေမယ့်လို့ပေါ့။မမီနိုင်တဲ့ ကြယ်တစ်ပွင့်ကို မျှော်ကြည့်နေရတာလဲ ဝဋ်တစ်ခုလိုပဲ...
မရနိုင်မှန်း သိပေမယ့် မစွန့်လွှတ်နိုင်သလို
နာကျင်မှန်း သိပေမယ့် ဖက်တွယ်ထားချင်ဆဲ.."ဘယ်လိုပဲဖြစ်ဖြစ်ပါ
Yeolဘေးနားရှိနေရရင်ကို ကျေနပ်တယ်"အပြုံးခပ်ယဲ့ယဲ့နဲ့ နွမ်းနေတဲ့မျက်နှာလေးက ကိုယ့်ကိုဆုံးရှုံးရမှာစိုးလို့တဲ့လား~~~
မျက်ရည်တွေအပြည့်နဲ့ မို့အစ်နေတဲ့ မျက်ခွံလေးက ကိုယ့်ကိုစွန့်လွှတ်ရမှာ စိုးရိမ်လို့တဲ့လား~~~မင်းအပေါ် နာကျင်မှုတွေကလွဲ သယ်မလာနိုင်တဲ့ ကိုယ့်အတွက် အပင်ပန်းမခံပါနဲ့ ချစ်သူ~~~
မင်းရဲ့အဖြူထည်ချစ်ခြင်းတွေနဲ့ ကိုယ်နဲ့မထိုက်တန်လို့ပါ~~~
မင်းအပေါ် အမည်းစက်တွေပဲ စွန်းထင်းစေတဲ့ ကိုယ့်အတွက် မျက်ရည်မကျပါနဲ့ ချစ်သူ~~~
မင်းရဲ့မျက်ရည်စက်တွေနဲ့ ကိုယ်နဲ့မထိုက်တန်လို့ပါ~~~
မီးတောက်တစ်ခုအလား ပူပြင်းသလို ဓားသွားတစ်ခုအလား သွေးစက်လက်ကျစေတယ်~~~
ဆူးတစ်ချောင်းအလား နက်နဲစွာ စိုက်ဝင်သလို ဘိန်းဖြူအလား မက်မောစွာ တွယ်ဖက်ထားစေတယ်~~~
အသက်ရှူရပ်မတတ် နာကျင်စေမယ့်လည်း ပျားရည်တစ်စက်အလား ချိုမြိန်မှုကိုလည်း ပေးသေးရဲ့~~~
YOU ARE READING
As You Like
Fanfictionအမိန့်ဆန်တဲ့မင်းစကားတွေအောက် ငါရိုကျိုးစွာ နာခံမယ်။ အတ္တဆန်တဲ့မင်းအချစ်တွေအောက် ငါမြတ်နိုးစွာ ခိုဝင်မယ်။ ငါ့ဘဝ ငါ့ခန္တာ ငါ့အသက်ကအစ မင်းအပေါ် အပ်နှင်းမယ်။ မင်းက ငါ့နှလုံးသားရဲ့အရှင်သခင်ပဲ။