Part{20}

4.5K 257 3
                                    

မာနတွေကိုမီးရှို့ သိက္ခာတွေကိုရိုက်ချိုးလို့ သိပ်ချစ်ရသူရှေ့ ဒူးထောက်ခဲ့။

သူ့နှုတ်ဖျားမှ စကားလုံးအချို့တို့အား အမိန့်တော်တစ်ခုအလား ရူးမိုက်စွာလိုက်နာခဲ့။

သကာရည်သုတ်ထားသော စကားလုံးချိုချိုတို့အောက် အနီရင့်ရင့်နှလုံးသားတစ်ခု စတေးခဲ့ရ။

အစွန်းအထင်းကင်းစင်သော အဖြူ စွတ်စွတ်ချစ်ခြင်းတစ်ခုအား ရိုးသားစွာပေးအပ်ခဲ့ပါသော်ငြား...

စွန့်ခွာခြင်းဟူသော အစိမ်းရင့်ရင့်တုန့်ပြန်မှုတစ်ခုဖြင့်သာ သူပြန်လည်အသိအမှတ်ပြုခဲ့ပါသော်လည်း...

အမှတ်မရှိသေးသော နှလုံးသားတစ်စုံက မျှော်လင့်ချက်ဟူသော ဓားတစ်ချောင်းဖြင့် ကိုယ့်ကိုကိုယ် အဆုံးသတ်သွားခဲ့။

ချစ်ရသူဝင်ရောက်လာခြင်းမရှိသော ဤအထီးကျန်ကမ္ဘာ၌ နာကျင်မှုဟူသော မိတ်ဆွေစစ်အား အဖော်ပြုကာ ကျွန်ုပ်တစ်သက်တာ ရှင်သန်သွားအံ့။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"CEO ဒီနေ့ Lee gpနဲ့ လုပ်ငန်းဆွေးနွေးဖို့ လုပ်ထားတာရှိပါတယ်"

Lee Gp...
နာမည်ကြီးFashion companyတစ်ခု...
ထိုgpမှရုတ်တရက်ကြီးကျနော်နဲ့လုပ်ငန်းချင်းပေါင်းချင်သည်ဟုဆိုလာလေရဲ့။

အကြောင်းပြချက်မရှိပူးပေါင်းလာသော ထိုအုပ်စုအား သူမုန်းတီးစွာ ငြင်းဆန်ချင်ပါသော်ငြား သူ့အဖေမှ ပူးပေါင်းရန်တစ်ချက်လွှတ်အမိန့်အား သူ့ဆီချမှတ်ခဲ့လေသည်။

"ဘယ်အချိန်လဲ?"

"နေ့လည်၁နာရီပါ"

သူမပြောစကားကြောင့် လက်မှနာရီကို ကြည့်လိုက်တော့ 11:11...
နာရီမှဖော်ပြနေသော ဂဏန်းလေး၂လုံးနှင့်အတူ ဖော်ပြ၍မရသော ဆို့နင့်မှုတစ်ခုက ရင်ထဲဖြတ်ပြေးသွားသည်။

ကြားနိုင်စွမ်းမရှိတော့သော အမည်နာမတစ်ခုအား ရင်တွင်းမှ တီးတိုးရေရွတ်ရင်း မည်မျှလွမ်းဆွတ်ကြောင်းတွေကို တခုတ်တရ ပြောပြနေမိရဲ့။

လွမ်းဆွတ်မှုဟူသော ခပ်ကြောင်ကြောင် နတ်ဆိုးတစ်ပါးအား သူ့နံဘေး အဖော်ပြုစေလျက် မြင်တွေ့နိုင်ခြင်းမရှိသော ချစ်ရသူ၏ပုံရိပ်တို့အား မှန်းဆကာပုံဖော်လျက်။

As You LikeWhere stories live. Discover now