'လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ စက်ပိတ်ထားပါသဖြင့်....'
လက်ကိုင်ဖုန်းလေးတစ်လုံးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားပြီး မျက်ရည်တွေကျနေသောသူ။
ဆက်သွယ်၍ မရသော ဖုန်းနံပါတ်တစ်ခုကို ဇွဲလုံ့လကြီးစွာဖြင့် အကြိမ်ရာထောင်မက ဆက်သွယ်နေသောသူ။
ကိုယ့်ကိုမချစ်သောသူတျောက်ကို ဘဝတစ်ခုလုံးပေး၍ အချစ်ကြီးခဲ့သောသူ။
သနားစရာ ဤလူသား၏ ပန်းနုရောင်အချစ်တို့ကို သခင်မမြင်လေသလော....
သခင့်အသုံးတော်ခံ ဤကစားစရာလေး၏ မျက်ရည်ပေါက်ကြီးငယ်တို့ကို သခင်မျက်ကွယ်ပြုလေသလော....
သခင့်အပါး တစ်ဖဝါးမခွာရက်သော ဤလူသား၏ အနီရင့်ရောင် နှလုံးသားတစ်စုံအား သခင်နင်းခြေရက်လေသလော...
ကျေးဇူးပြု၍ အဖဘုရားသခင်
သူ၏အစိမ်းရောင်ဆန်သော အကြင်နာနုနုတို့အား ကျွန်ုပ်အား ပြန်လည်ပေးသနားတော်မူပါ။တစ်ကယ်ပါ သူ့ဂရုစိုက်မှုတွေသာ ပြန်ရမယ်ဆိုရင်....
ကျနော့်အသက်ကိုတောင် ပေးရဲပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
'Park GpမှCEO Park Chanyeol နှင့် Wang Gp မှသမီးငယ် Min Wan Yaungတို့၏ လက်ထပ်မင်္ဂလာပွဲ'သတင်းစာမှ မြင်လိုက်ရသော ခေါင်းစီးသတင်းကြီးတစ်ခု။
သူ့မျက်လုံးများ ပြာဝေလာကာ သူ့နှလုံးသားတစ်ခုလုံး စူးနင့်ကာ နာကျင်လျက်။
သူ့ဆီphခေါ်ပြန်တော့လည်း စက်ပိတ်ထားသည်တဲ့လား?
ဒီတစ်ပတ်လုံး ကျနော့်ကို အဆက်အသွယ်မလုပ် ကျနော့်ဆက်သွယ်မှုတွေကိုလည်း သူငြင်းဆန်ခဲ့တာ ထိုမင်္ဂလာပွဲကြောင့်လား?
ကျနော့ကို သူ့အိမ်တွင်းမှ ပထုတ်ခဲ့သည်ကရော ထိုမိန်းကလေးကြောင့်လား?
အဆုံးသတ်မှာ.....
သူကျနော့်ကို စွန့်ပစ်သွားပြီလား?
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
Park Gp၏ပိုင်ဆိုင်မှုတစ်ခုဖြစ်သော Giant Hotel.....
နှင်းဆီပန်းနုရောင်တို့ဖြင့် အလှဆင်ထားသော မင်္ဂလာခန်းမတစ်ခု။ခန်းမထဲတွင် အနက်ရောင် အနောက်တိုင်းဝတ်စုံဖြင့် မဲ့ပြုံးတစ်ချက်ကို ပန်ဆင်ထားသော Park ChanYeol...

ŞİMDİ OKUDUĞUN
As You Like
Hayran Kurguအမိန့်ဆန်တဲ့မင်းစကားတွေအောက် ငါရိုကျိုးစွာ နာခံမယ်။ အတ္တဆန်တဲ့မင်းအချစ်တွေအောက် ငါမြတ်နိုးစွာ ခိုဝင်မယ်။ ငါ့ဘဝ ငါ့ခန္တာ ငါ့အသက်ကအစ မင်းအပေါ် အပ်နှင်းမယ်။ မင်းက ငါ့နှလုံးသားရဲ့အရှင်သခင်ပဲ။