ဟင့်အင်း...မဟုတ်ဘူး ကလေး...
မင်းထင်နေတာတွေ တစ်ခုမှမဟုတ်ဘူး။
သူမပြောတဲ့ စကားတွေ၊သူမပြတဲ့ ဓာတ်ပုံတွေ၊အရာအားလုံးက သူမဖန်တီးခဲ့တာ။ သူမဗိုက်ထဲက ကလေးဆိုတာကလည်း ကိုယ့်သွေးသားမဟုတ်ဘူးဆိုတာ ကိုယ်မင်းကိုဘယ်လိုရှင်းပြရမလဲ ကလေး။ မင်းသာအဲ့အချိန်ကကိုယ့်အပေါ်ပွင့်ပွင့်လင်းလင်းမေးမြန်းခဲ့ရင် ဒါမှမဟုတ်...
ကိုယ်ကမင်းအပေါ်အရာအားလုံးကိုပြောပြဖြစ်ခဲ့ရင် မင်းဒီလိုဖြစ်မှာမဟုတ်ဘူး။ ဘယ်လောက်တောင်နာကျင်ခဲ့ရမလဲ...
ကိုယ့်ခလေးဘယ်လောက်တောင် ကိုယ့်ကြောင့် နာကျင်ခဲ့ရမလဲ...
အချိန်တွေသာနောက်ပြန်ဆုတ်လို့ရခဲ့ရင် ကိုယ်မင်းကိုအရာအားလုံးပြောပြဖြစ်မယ်ထင်တယ်။ အခုတော့...အခုတော့...
မင်းပြန်နိုးထလာရုံမှတစ်ပါး ကိုယ့်မှာ တစ်ခြားဆုတောင်းစရာမရှိတော့ဘူးထင်တယ်။ ကျေးဇူးပြုပြီး...ကျေးဇူးပြုပြီး...
ပြန်သာနိုးထလာပေးပါ။ ကိုယ်အဖြစ်မှန်အားလုံးကို အစအဆုံး ရှင်းပြမှာမလို့ မင်းသာပြန်နိုးထလာပေးပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
"Appa!!!!Eee!!!!Appa!!!!""Yeoboရေ!!!သားငိုနေတယ်!!!"
"သွားနေတယ်!!!!"
Necktieကိုလည်ပင်းမှာစီးနေရင်းမှ ဘေးအခန်းမှ သားငယ်ရှိရာဆီသို့ အပြေးအလွှားသွားနေသော CEO Park...
"Aigoo...appaသားလေးနိုးပြီလား?"
"Appa"
ကလေးကုတင်လေးထဲမှ ပါးဖောင်းဖောင်းနှင့် ကလေးပိစိအား သူချီလိုက်တော့ သားလေးက ပါးချိုင့်လေးခွက်ကာ သူ့မျက်လုံးမှေးမှေးလေးတွေ ပိတ်သည်အထိ သူ့ကိုရယ်ပြလာလေသည်။
အင်း...ဒီကလေးဟာလေ တစ်နေ့တစ်ခြား သူ့ommaနဲ့ တူတူလာတာ။
သူကလေးအား မျက်နှာသစ် အင်္ကျီလဲပေးပြီး အောက်ထပ်သို့ ချီလာလိုက်သည်။ အောက်ထပ်တွင်တော့ အေပရွန်ကြီးဝတ်ကာ မနက်စာပြင်နေသော ချစ်လှစွာသော သူ့ယောက်ျားကို တွေ့လိုက်ရသည်။
"Byunရေ.."
"Aigoo!!omma Chanhyunလေး..."
ဘာလဲ😑😑ခေါ်တာက ဒီမှာ!! သူကသူ့သားအပြင်တစ်ခြားလူမမြင်ဘူး။
"Byun!"
"ဟီး"
သူအသံနည်းနည်းမာလာတော့ သွားလေးအဖြဲသားနှင့် သူ့ဘက်လှည့်ကြည့်လာသည်။ အိမ်း!!အဲ့အပြုံးတွေနဲ့ ဒီကအရည်ပျော်ချင်လာရော။

YOU ARE READING
As You Like
Fanfictionအမိန့်ဆန်တဲ့မင်းစကားတွေအောက် ငါရိုကျိုးစွာ နာခံမယ်။ အတ္တဆန်တဲ့မင်းအချစ်တွေအောက် ငါမြတ်နိုးစွာ ခိုဝင်မယ်။ ငါ့ဘဝ ငါ့ခန္တာ ငါ့အသက်ကအစ မင်းအပေါ် အပ်နှင်းမယ်။ မင်းက ငါ့နှလုံးသားရဲ့အရှင်သခင်ပဲ။