Chapter - 3

2K 161 2
                                    

Tiffany က သူမမြင်ဖူးတဲ့ သူ့ရှေ့က ကောင်လေးကို မျက်မှောင်ကြုပ်ကြည့်လိုက်တယ်။ ကောင်လေးကလည်း သူ့အကြည့်မှာ ဘာမှမဖြစ်ဘဲနဲ့ ပြန်ပြီး မကျေနပ်တဲ့အကြည့်နဲ့ ကြည့်နေတယ်။


Tiffany - နင့်ကိုယ်နင် ဘာလုပ်နေတယ်ထင်နေတာလဲ?


Taeyeon - နင်ဘေးကကောင်က ဘာ manner မှမရှိဘူး။ ပြီးတော့ ကျောင်းသားခေါင်းဆောင်လား ဘာလားတော့မသိပေမယ့် နင်က မသိချင်ယောင်ဆောင်နေတယ်။


Tiffany လည်း စိတ်တိုပြီး Taeyeon ကိုင်ထားတဲ့ သူ့လက်ကို ဖြုတ်လိုက်တယ်။ ပြီးတော့ စောစောက လဲကျသွားတဲ့ ကောင်မလေးဘက်လှည့်လိုက်ပြီး


Tiffany - နင် ထိခိုက်သွားသေးလား?


ကောင်းမလေးက ခေါင်းခါလိုက်ပြီး


Girl - ဘာမှမဖြစ်ပါဘူး။


Tiffany က Taeyeon ဘက်လှည့်လိုက်ပြီး


Tiffany - ကြားတယ်နော်။ ဘာမှမဖြစ်ဘူးတဲ့။


Taeyeon - ဒါပေမယ့် သူ့ကိုတော့ တောင်းပန်သင့်တယ်လေ။


Tiffany - ငါသူငယ်ချင်းရဲ့ ရိုင်းပြမှုကို ခွင့်လွှတ်ပေးပါ။


Tiffany က ပြောလိုက်ပေမယ့် အကယ်၍ သူသာ Taeyeon တို့နဲပဲရှိနေတယ်ဆိုရင်တော့ သူ Taeyeon ကို သူ့ကိုစော်ကားလို့အပြစ်ပေးမိမှာ။ ခံလိုက်ရတဲ့ကောင်မလေးက အဆင်ပြေပါတယ်လို့လည်းပြောပြီးရော Taeyeon ဘက်ကို လှည့်ပြီး မကျေနပ်တဲ့အကြည့်ကြည့်ပြီး လှည့်ထွက်သွားတယ်။


Yuri က Taeyeon ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး


Yuri - ဒါတော်တော်သတ္တိရှိတာပဲ Taehyun.


Seohyun - wow, နင် အရမ်းအံ့သြဖို့ကောင်းတာပဲ။ နင့်ကိုယ်နင် ဘာလုပ်မိလဲကောသိရဲ့လား?


Taeyeon - ငါဘာလုပ်မိလို့လဲ?


Seohyun - သူက Tiffany Hwang လေ ဒီကျောင်းရဲ့ ကျောင်းသားခေါင်းဆောင်း။ ငါတို့ ကျောင်းရဲ့ Queen. သူ့ကိုဆို ကျောင်းသားတွေအကုန်လုံးက ကြောက်ကြတယ်။ ဆရာ၊ ဆရာမတော်တော်များများတောင် သူ့ကို ကြောက်တယ်။ အဲ့လိုလူကို နင်ကဆူလိုက်တယ်ဆိုတော့။


Taeyeon - ငါကတော့ သူ Queen ပဲ ဖြစ်ဖြစ် ဘာကြီးပဲ ဖြစ်နေနေ ဂရုမစိုက်ဘူး။

Song For YouWhere stories live. Discover now