Chapter - 17

1.7K 129 1
                                    

Flashback
Jiyeon - တော်သေးတာပေါ့ seongsaengnim က ပြောင်းချင်တာကို သဘောတူပေးလို့။ ဒါပေမယ့် Wooyoung-sunbaenim ကိုတော့ သွားပြောရအုံးမယ်။
Jiyeon က သူ့ music sheet file ကိုကြည့်ပြီးလမ်းလျှောက်လာတယ်။ သူရှေ့ကိုကြည့်လိုက်တော့ ကျောင်းသားခေါင်းဆောင်အဖွဲ့ဝင် Gyuri တစ်ယောက် စိတ်တိုနေတာကို တွေ့လိုက်တယ်။ သူ့သိချင်စိတ်ကြောင့် သူ အဲ့ကျောင်းသားခေါင်းဆောင် ကျောင်းအုပ်ရုံးခန်းထဲဝင်သွားတာကို လိုက်ကြည့်လိုက်တယ်။ သူ တံခါးကြားနားကနေ ကြည့်နေလိုက်တယ်။ Gyuri တစ်ယောက်က အရမ်းစိတ်တိုနေတော့ တံခါးကို သေချာပိတ်ဖို့တောင်မစဉ်းစားမိဘူးလေ။ အမြဲတမ်း တည်ငြိမ်နေတဲ့ သူက ဘာကြောင့်အဲ့လောက်တောင် စိတ်တိုနေလည်းဆိုတာ သိချင်နေမိတယ်။
Principal Yoonji – Gyuri-shi, ဘာကူညီပေးရမလဲ?
Jiyeon က Principal ရဲ့အသံလည်းကြားကော ရှေ့နည်းနည်းပိုတိုးပြီး နားထောင်လိုက်တယ်။
Gyuri - သမီး အဲ့ကောင်မလေးတွေအကြောင်းသိတယ်။
Principal - ကောင်မလေးတွေ?
Principal က မျက်မှောင်နည်းနည်းကျုပ်သွားတယ်။ ခဏနေတော့ ကျောင်းအုပ်အသံထပ်ကြားရတယ်။
Principal - သမီးက ကောင်မလေးတွေလို့ပြောလိုက်တယ်နော်။ ဆရာမကို ဒီလိုအချိန်ကြီးလာတွေ့ဖို့ ဖြစ်လာတဲ့ ကောင်မလေးတွေအကြောင်းကို ရှင်းပြပါလား?
Gyuri - ဟို ကျောင်းသားသစ်သုံးယောက်။ သူတို့ကမိန်းကလေးတွေ။ ဟုတ်တယ်မလား?
Jiyeon တစ်ယောက် အဲ့ဒီစကားကြားပြီး အံ့သြသွားတယ်။
Jiyeon *အဲ့ဒါဆို Taehyun နဲ့ သူ့သူငယ်ချင်းတွေက ကောင်မလေးတွေပေါ့?*
သူ့နားသူတောင် မယုံနိုင်ဖြစ်သွားတယ်။ သူရှေ့နည်းနည်းထပ်တိုးလိုက်တယ်။ ဒါပေမယ့် ဘာသံမှမကြားရတော့ဘူး။
Jiyeon *အဲ့ဒါဆို သူတို့က ကောင်မလေးတွေ။ Taehyun က ကောင်မလေး။ ဒါပေမယ့် သူက Tiffany နဲ့ တွဲနေတယ်လေ။ Tiffany ကကော Taehyun ကောင်မလေးဆိုတာကို သိနေလား?*
ခြေသံတွေကြားလိုက်တော့ Gyuri တံခါးဆီလျှောက်လာမှန်းသိလိုက်တယ်။ သူ နောက်ဆုတ်လိုက်ပြီး တိတ်တိတ်ကလေး နေနေလိုက်တယ်။ Gyuri က တံခါးအပြင်မှာ ရပ်လိုက်ပြီး တစ်ခုခုစဉ်းစားနေတယ်။
Gyuri - ငါဒီတစ်ခါတော့ နင့်ကို အနိုင်မပေးနိုင်ဘူး Tiffany.
Jiyeon က Gyuri တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ ထွက်သွားတာကို ကြည့်နေလိုက်တယ်။ သူပြီးတော့ ကျောင်းအုပ်အခန်းရှေ့ကနေထွက်လာခဲ့တယ်။ သူ Tiffany က ကောင်မလေးတစ်ယောက်နဲ့ တွဲနေတာကိုပဲ စဉ်းစားနေမိတော့ ထောင့်တစ်ခုမှာ တစ်ယောက်ယောက်နဲ့ ဝင်တိုက်မိလိုက်တယ်။
Taeyeon – Jiyeon, mian.
Jiyeon - *ပြုံးလိုက်ပြီး* Taehyun, hey. ငါတို့ ၂ ယောက် ကြည့်ရတာ အမြဲတမ်း တိုက်မိနေကြသလိုပဲ။
သူ Taehyun ရဲ့ မျက်နှာကို ကြည့်နေမိတယ်။ သူဘာလို့ သတိမထားမိလဲဆိုတာကို စဉ်းစားနေမိတယ်။ Taehyun ပါးစပ်က တစ်ခုခုရွတ်ပြီး ထွက်သွားတယ်။ သူ Taehyun သွားတဲ့ဘက်ကို လှည့်လိုက်ပြီး လက်ပိုက်လိုက်တယ်။ သူ ကောင်လေးဟန်ဆောင်ထားတဲ့ကောင်မလေးကိုကြည့်နေရင်းနဲ့ သူ့နှုတ်ခမ်းမှာ အပြုံးတစ်စုံပေါ်လာတယ်။
End of Flashback

Jiyeon - စိတ်မပူပါနဲ့ ငါ လျှို့ဝှက်ထားပေးပါမယ်။ ဒါပေမယ့် ငါ့မှာ ဆန္ဒတစ်ခုတော့ရှိတယ်။
Tiffany က သူ့ရှေ့က ကောင်မလေးကို ကြည့်နေတယ်ပြီးတော့ ရီလိုက်တယ်။
Tiffany - နင်က ငါ့ကို ခြိမ်းခြောက်လို့ရမယ်ထင်နေလား?
Tiffany က လက်ပိုက်ပြီး ရီနေလိုက်တယ်။ Jiyeon က သူ့ကိုကြည့်နေတော့
Tiffany - လုပ်လေ။ နင်ဒါကို လူသိရှင်ကြားလုပ်ချင်လည်းလုပ်လို့ရတယ်။
Tiffany က ကောင်မလေးလက်ထဲက သူနဲ့ Jessica နဲ့ suit ဝတ်ထားတဲ့ပုံကို ခေါင်းနဲ့ ညွှန်ပြလိုက်တယ်။
Tiffany - ဒါပေမယ့် ငါတစ်ခုတော့ ပြောမယ်။ ငါ့ကို လူတွေဘယ်လိုထင်လဲဆိုတာကို ငါ ဂရုမစိုက်ဘူး။ နင် စိတ်ပူပေးတာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ငါ့ ဂုဏ်သတင်းကို ဂရုမစိုက်ဘူး။
Tiffany က ရိသဲ့သဲ့ပြုံးပြီး ထွက်သွားမလို့ပဲရှိသေးတယ် Jiyeon ရဲ့ အပြုံးက သူ့ကို ရပ်တန့်စေသွားတယ်။
Jiyeon - ထင်ထားတဲ့အတိုင်းပါပဲလား။ ငါနင် အဲ့လိုပြောမယ်ဆိုတာကို ထင်ထားပြီးသား။ ငါ့ကိုခွင့်လွှတ်ပါ။
Tiffany က Jiyeon ရဲ့ နောက်လက်တစ်ခုကိုလည်းထုတ်လိုက်ကော မျက်မှောင်ကျုပ်လိုက်တယ်။ Jiyeon လက်ထဲက သူနဲ့ Taehyun က ဆံပင်အရှည်နဲ့ ကျောင်း rooftop က ပုံကိုလည်းတွေ့လိုက်ကော လန့်သွားတယ်။
Jiyeon - ငါ တကယ်တောင်းပန်ပါတယ်။ ငါက ဒီပုံပြမလို့ပဲ ပုံမှားပြလိုက်တယ်။ *Tiffany အံကြိတ်နေတာလည်းတွေ့ကော* ငါသိပါတယ် နင်က နင့်ရဲ့ ဂုဏ်သတင်းကို ဂရုမစိုက်ဘူးဆိုတာ။ ဒါပေမယ့် သူကောဘယ်လိုလုပ်မလဲ? သူနဲ့ သူ့သူငယ်ချင်းတွေသာမိန်းကလေးဆိုတာကို တခြားသူတွေသိသွားရင် ဘာဖြစ်သွားမယ်ထင်လဲ?
Tiffany – *လက်ထဲက ph ကို တင်းတင်းဆုတ်ကိုင်ထားလိုက်ပြီး* နင်ဘာလိုချင်တာလဲ?
Jiyeon - လွယ်ပါတယ်။ နင်သာ သူ့ကို ထားခဲ့ရင် *Tiffany နားကပ်လာပြီး မျက်လုံးကို စိုက်ကြည့်လိုက်တယ်* ငါ ဒါကို လျှို့ဝှက်ထားပေးမယ်။ *သူ Tiffany ရဲ့ မျက်ဝန်းထဲက ဒေါသတွေကို ခံစားမိတယ်* ပြီးတော့ သူ ဒီမှာလည်း ကျောင်းဆက်တက်လို့ရမယ်။ နင့်ရဲ့ရွေးချယ်မှုပဲ Tiffany-sshi. *ပြုံးလိုက်ပြီး* oh နင် ဒါလိုချင်ရင်ယူလို့ရတယ်။ ငါ့မှာ အများကြီးရှိသေးတယ်။
Tiffany က သူ့လက်ထဲ စာရွက်ရောက်လာတာကို ခံစားမိလိုက်တယ်။ Jiyeon က သူ့ကို ရိသဲ့သဲ့ပြုံးပြပြီး ထွက်သွားတော့ သူလက်ထဲက ဓာတ်ပုံကို လုံးခြေလိုက်တယ်။ သူဒေါသလည်းပြေသွားကော ထမင်းစားဆောင်ထဲကို လှမ်းကြည့်လိုက်တယ်။

ခဏနေတော့ Taeyeon တစ်ယောက် ထမင်းစားဆောင်ထဲကနေထွက်လာတယ်။ သူ့အနွေးထည်ကို ဇစ်တပ်လိုက်ပြီး
Taeyeon - အခုတလော တော်တော်တောင်အေးလာပြီ။
သူ လူတွေကြားထဲမှာ သူ့ကောင်မလေးကို ရှာလိုက်တယ်။
Taeyeon – Tiffany ကော?
သူ ထမင်းစားဆောင်ရဲ့ နောက်တစ်ဖက်မှာသွားရှာပေမယ့်လည်း ကောင်မလေးကို ရှာလို့မတွေ့ဘူး။
Taeyeon - သူဘယ်မှာပါလိမ့်?
Taeyeon တစ်ယောက် ph ထုတ်ပြီး Tiffany ဆီဆက်လိုက်ပေမယ့် ph မကိုင်ဘူး။ သူ voice mail ဆီပဲ ရောက်သွားတယ်။
Taeyeon - အရေးကြီး ကိစ္စများပေါ်လာလို့များလား?
Taeyeon က Tiffany ဆီကို message ပဲ ပို့လိုက်တယ်။ ပြီးတော့ သူ့အဆောင်ဆီကို ပြန်သွားတယ်။
------------------------------------------------------------------------------------------------------------------------

Taeyeon တစ်ယောက် music အတန်းချိန်မှာ အာရုံစိုက်လို့ကိုမရဖြစ်နေတယ်။ ပွဲတော်ပြီးကတည်းက Tiffany ဆီကနေ ph ပြန်မလာဘူး။ message လဲမပြန်ဘူး။ အခုဆို ၃ ရက်တောင် ရှိနေပြီ။ သူ စိတ်ပူနေမိတယ်။ ဘာလို့လဲဆိုတော့ Tiffany က အလုပ်ရှုပ်နေရင်တောင် သူ့ကို အမြဲ ph ပြန်ခေါ်ပေးတယ်။ သူ Tiffany ရုံးခန်းမှာ သွားတွေ့ချင်ပေမယ့် Gyuri နဲ့ တွေ့မှာကြောက်နေတယ်။
Taeyeon *သူ နေမကောင်းများဖြစ်နေလား?*
Taeyeon တစ်ယောက် Tiffany ကို အရမ်းတွေ့ချင်နေတယ်။ သူ အိတ်ကပ်ထဲကနေ ph ထုတ်မလို့ပဲရှိသေးတယ် ခေါင်းပေါ်ကို စာအုပ်တစ်အုပ်နဲ့ အရိုက်ခံလိုက်ရတယ်။
Taeyeon – Ouch!
Teacher – Kim Taehyun, အတန်းချိန်မှာ အာရုံစိုက်ပါ။
Taeyeon – nae, seongsaengnim.
ဆရာမလည်း စာဆက်သင်ကော Taeyeon တစ်ယောက် သူ့ခေါင်းကို ပွတ်လိုက်တယ်။
Yuri - စိတ်ကူယဉ်နေတာလား?
Taeyeon က Yuri ကို ခဲဖျက်နဲ့ လှမ်းပစ်လိုက်တယ်။ ဆရာမ ဒီဘက်လှည့်လိုက်တာလည်းတွေ့ကော ဖတ်စာအုပ်ကို အမြန်ကြည့်လိုက်တယ်။ အတန်းပြီးသွားရင် ကျောင်းသားခေါင်းဆောင်အခန်းကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်။
Bell တီးလို့ ဆရာမကိုလည်း နှုတ်ဆက်ပြီးရော Taeyeon တစ်ယောက် အမြန်ထပြီး တံခါးဆီပြေးသွားတယ်။ သူ့ကို လိုက်ကြည့်နေတဲ့ ကောင်မလေးတွေကို ဂရုမစိုက်ဘဲ ဆက်လျှောက်သွားတယ်။ ပွဲတော်လည်းပြီးသွားကော သူတို့ ၃ ယောက် ASTRO ဆိုတဲ့ နာမည်နဲ့ ကျောင်းမှာ နာမည်ကြီးသွားတယ်။ Yuri ရဲ့ စကားအရဆိုရင် သူတို့ဆီမှာ fan club တောင်ရှိနေပြီတဲ့။ သူ main အဆောက်အဦးဆီကို ပြေးသွားလိုက်တယ်။ သူ လှေကားထိပ်လည်းရောက်ကော အသက်ပြင်းပြင်းရှူလိုက်တယ်။ ကျောင်းသားခေါင်းဆောင်အခန်းတံခါးက ပိတ်ထားတယ်။ ပုံမှန်ဆို ထမင်းစားချိန်တိုင်းမှာ အဲ့ဒီတံခါးက ပွင့်နေတာ။ သူ တံခါးနားကိုလျှောက်သွားပြီး တံခါးခေါက်လိုက်တယ်။
သူ ခဏခဏခေါက်ပြီးတဲ့အထိ ဘာအသံမှမကြားရဘူး။ အဲ့ဒါနဲ့ သူထွက်သွားဖို့ဆုံးဖြတ်လိုက်တယ်။ သူ လှေကားဆင်းလာရင်းနဲ့ ph ကိုပဲ ကြည့်နေမိတယ်။ သူ့ကောင်မလေးဆီကနေ ဘာအဆက်အသွယ်မှမလာဘူး။
Taeyeon – Tiffany, နင်ဘယ်မှာလဲ?
Taeyeon တစ်ယောက် ကျောင်း canteen ဆီလျှောက်သွားတယ်။
------------------------------------------------------------------------------------------------------------------------

ညနေကျောင်းဆင်းခေါင်းလောင်းလည်းတီးကော Mrs. Bae အတန်းထဲကနေ ထွက်သွားတယ်။
Yoona က သူ့စာအုပ်တွေကို အိတ်ထဲထည့်ရင်းနဲ့
Yoona - နင်တို့ ငါနဲ့လိုက်မလား?
Yuri - ဘယ်လဲ ဘယ်လဲ ဘယ်လဲ? အားကစားဆောင်လား? ငါ ၃ ယောက် ၃ ယောက် ကစားချင်နေတာ။
Yoona - စာကြည့်တိုက်။
Yuri တစ်ယောက် စိတ်ပျက်လက်ပျက်နဲ့ထိုင်ခုံမှာထိုင်ချလိုက်တယ်။
Yoona - ငါတို့အိမ်စာရှိတယ်လေ။ မနက်ဖြန်ထပ်ရမှာလေ။ မမှတ်မိဘူးလား? *Tae ဘက်ကိုလှည့်ပြီး* Taehyun နင်ကော လိုက်မှာလား? *Tae က ခေါင်းပဲငြိမ့်လိုက်တော့* နင်ဘာဖြစ်နေတာလဲ? မှုန်တုန်တုန်နဲ့။
Yuri - ရည်းစားကို လွမ်းနေတာနေမှာပေါ့။ *Yoona နောက်ပုန်းလိုက်ပြီး* တစ်ယောက်ကတော့ စိတ်တိုနေတယ်။ *Yoona လည်း သူ့ပုခုံးကို ရိုက်လိုက်ကော* Just kidding!
Yoona - သွားရအောင်။

သူတို့ ၃ ယောက် စာကြည့်တိုက်ကိုသွားရင်းနဲ့ လမ်းမှာ Seohyun နဲ့လည်းတွေ့ကော သူတို့ ၃ ယောက် Seohyun ဆီ လျှောက်သွားကြတယ်။
Yoona – Library သွားမလို့ လိုက်မလား?
Seohyun က ခေါင်း ငြိမ့်လိုက်တော့ Yuri က Seohyun နားကပ်သွားတယ်။
Seohyun - ဘာလဲ? စာအုပ်မပါပြန်ဘူးလား?
Yuri - ငါဒီနေ့ စာအုပ်ယူလာပါတယ်။
Yuri တစ်ယောက် Seohyun ပုခုံးပေါ်လက်တင်လိုက်တယ်။ သူတို့ library သွားတဲ့ လမ်းတစ်လျှောက်မှာတွေ့တဲ့ ကောင်မလေးတွေကို လက်ပြပြီး ပြုံးပြနေတယ်။ ပြီးတော့ Seohyun ဘက်လှည့်လိုက်ပြီး
Yuri - ငါစဉ်းစားမိတာ။ တစ်ခါတစ်လေလောက် င့ါကို နင် လေ့ကျင့်တာ လာကြည့်ခွင့်ပေးပါလား? ငါ ကြည့်ချင်လို့ ရမလား?
Seohyun - *ရပ်လိုက်ပြီး Yuri လက်ကို ဖယ်လိုက်ပြီး* ani.
ကျောင်းသူလေးတွေက သူတို့ကို လက်လှမ်းပြနေတယ်။ Seohyun တော့မပါဘူးပေါ့လေ။ Seohyun လမ်းလျှောက်သွားပြီး သူတို့ ၃ ယောက်ကို ထားခဲ့တယ်။
Yuri - သူ ဘာဖြစ်နေတာလဲ? *Seohyun နားပြေးသွားပြီး* Hey, Seohyun! ငါ့ကိုစောင့်အုံး။ ငါ့မှာ သကြားလုံးပါလာတယ်။ နာနတ်သီးသကြားလုံး။
Seohyun - ငါ့မှာ နာနတ်သီး allergy ရှိတယ်။
Yuri - ငါ့မှာ စတော်ဘယ်ရီလည်းပါတယ်။ *အိတ်ထဲကနေ သကြားလုံးတွေထုတ်လိုက်ပြီး* စတော်ဘယ်ရီရယ် ဒါဘာပါလိမ့်? Oh, raspberry. စားကြည့်မလား?
Seohyun - *Yuri ဘက်လှည့်လိုက်ပြီး* ငါ ချိုချဉ်မစားဘူး။
Yuri - ဘာလို့လဲ? အရသာရှိပါတယ်။ နင် raspberry စားကြည့်သင့်တယ်။ အဲ့ဒါတော်တော်ကောင်းတယ်။
Seohyun - ငါ့မှာ allergy ရှိတယ်။
Yuri - ဟုတ်တယ်။ နာနတ်သီးလေ။ ငါသိတယ်။ ဒါမှမဟုတ် နင်က အသီးတွေနဲ့ မတည့်တာလား? နေအုံး ငါ့ကဒ်။ ဘယ်ရောက်နေပါလိမ့်။
Yuri က သူ့အိတ်ထဲကနေ ကျောင်းသားကဒ်ထုတ်ပြီး စာကြည့်တိုက်ဝင်ပေါက်က စက်ပေါ်မှာ scan ဖတ်လိုက်တယ်။ ပြီးတော့ သူ့သူငယ်ချင်းတွေနောက်လိုက်သွားတယ်။
Yuri – Seohyun?
Seohyun - *သက်ပြင်းချလိုက်ပြီး* ဟုတ်တယ်။ ငါ့မှာ allergy ရှိတယ်။ နင်နဲ့။
Yuri – That’s funny. *အားရပါးရရီလိုက်ပြီး စာကြည့်တိုက်မှူးကိုလည်းတွေ့ကော ချောင်းဟန့်လိုက်ပြီး* တောင်းပန်ပါတယ်။ *Seohyun နောက်လိုက်သွားပြီး* Seohyun နေအုံး!

Taeyeon က သူ့အိတ်ကို စားပွဲပေါ်တင်လိုက်ပြီး Yoona ကို သူအိမ်သာသွားမယ်ဆိုပြီးထွက်သွားတယ်။ တကယ်တော့ သူက Tiffany ဆီ ph သွားခေါ်တာ။ သူ ယောက်ျားလေးအိမ်သာဆီလျှောက်သွားပြီး အိတ်ကပ်ထဲက ph ထုတ်နေတုန်း
‘Taehyun!’
Taeyeon တစ်ယောက် သူ့နာမည်ခေါ်သံကြားလို့ လှည့်လည်းကြည့်လိုက်ကော
Taeyeon – Oh, Jiyeon.
Jiyeon - နင်ဘယ်လိုလဲ? ငါ နင့်ကို ပွဲတော်ရက်ပြီးကတည်းကကို မတွေ့တာ။
Taeyeon - ငါ အဆင်ပြေပါတယ်။ နင်သိတယ်မလား အတန်းချိန်တွေ အိမ်စာတွေနဲ့။ ငါသွားတော့မယ်။
Taeyeon အိမ်သာထဲဝင်မလို့ပဲရှိသေးတယ်
Jiyeon – arrasso, see you around. ဒါနဲ့ Taehyun
Taeyeon - ဟင်?
Jiyeon - ငါတို့ မနက်ဖြန်ကျရင် နေ့လည်စာ အတူတူစားရအောင်လား?
Taeyeon – mian. ငါ မအားလို့။
Jiyeon – arrasso. gwenchana. Have a nice day Taehyun.
Taeyeon က ခေါင်းငြိမ့်လိုက်ပြီး boys toilet ထဲကို ဝင်သွားတယ်။ သူ အရင်တစ်ခေါက်က Jiyeon နဲ့ lunch အတူတူ စားတော့ သူ့ကောင်မလေးက သူ့ကို လျစ်လျူရှု့တယ်လေ။ အဲ့ဒီအချိန်ကနေစပြီး သူ တခြားကောင်မလေးတွေနဲ့ ကင်းကင်းရှင်းရှင်းနေဖို့ ဆုံးဖြတ်လိုက်တယ်။
------------------------------------------------------------------------------------------------------------------------

Principal - ငါ ပြီးခဲ့တဲ့အပတ်က မင်းတို့ရဲ့ performance ကို သဘောကျတယ်။ မင်းတို့ ဒီမှာရှိတဲ့ တခြားကျောင်းသားတွေနဲ့ ယှဉ်ပြိုင်နိုင်တယ်ဆိုတာကို သက်သေပြလိုက်တာပဲ။
Taeyeon တို့ ၃ ယောက် ပြုံးလိုက်တယ်။
Principal - ပြီးတော့ မင်းတို့ကို သူတို့သဘောကျသွားပြီ။ SM Entertainment ကိုပြောတာ။ သူတို့ မနေ့က လာသွားကြတယ်။
Taeyeon က Principal Yoonji အဖြူရောင်စာအိတ်ကို စားပွဲပေါ်တင်လိုက်တာကို ကြည့်နေတယ်။ Principal Yoonji လည်း ခေါင်းငြိမ့်လိုက်ကော သူ စာအိတ်ကို လှမ်းယူလိုက်တယ်။ Yuri နဲ့ Yoona နဲ့ကလည်း အတူတူကြည့်ဖို့ အနားကပ်လာတယ်။ သူထုတ်လိုက်တဲ့စာရွက်ကလေးကိုလည်းဖြန့်လိုက်ကော သူတို့ ၃ ယောက် မျက်လုံးပြူးသွားတယ်။
Taeyeon - ဒါက… ဖိတ်စာ…
Principal Yooji – Kpop Music Festival. အဲ့ဒါက လာမယ့်နှစ် January လကုန်ပိုင်းလောက်မှာလုပ်မှာ။ ကျောင်းသားအားလုံး ဒီလက်မှတ်ကို ရတာမဟုတ်ဘူး။
Taeyeon - အဲ့ဒါဆို ကျွန်တော်တို့ အဲ့ဒီ Kpop Music Festival ကို သွားလို့ရတာပေါ့?
Principal Yoonji – ani. မင်းတို့ သွားရုံပဲသွားမှာမဟုတ်ဘူး။ *သူသောက်နေတဲ့ coffee ခွက်ကို စားပွဲပေါ် ချလိုက်ပြီး* အဲ့ဒီပွဲမှာ မင်းတို့ သီဆိုဖျော်ဖြေရမှာ။
၃ ယောက်လုံးအံ့သြသွားတယ်။
Principal Yoonji - ငါပြောသလိုပဲ။ သူတို့က မင်းတို့ကို သဘောကျတယ် ပြီးတော့ ဖျော်ဖြေခွင့်တောင်းတယ်။ ဘယ်လိုလဲ?
Yoona - ကျွန်တော်တို့လုပ်မယ်။ လုပ်မယ်မလား?
Yuri နဲ့ Taeyeon နဲ့က ခေါင်းညိမ့်လိုက်ကြတယ်။
Yoona - ကျွန်တော်တို့ကို လုပ်ခွင့်ပေးပါ။ ကျွန်တော်တို့အကောင်းဆုံးလုပ်မှာပါ။
Principal Yoonji - နောက်တစ်ခုက SM ရဲ့ audition က March လလောက်မှာ လုပ်လိမ့်မယ်။ ဒါက မင်းတို့အတွက် အကောင်းဆုံးအခွင့်အရေးဖြစ်လိမ့်မယ်။ *သူတို့ ၃ ယောက် ခေါင်းငြိမ့်လိုက်တော့* ကောင်းပြီ။ မင်းတို့သွားလို့ရပြီ။

သူတို့ ၃ ယောက် အပြင်လည်းရောက်ကော အားရပါးရခုန်ပြီးအော်နေကြတယ်။
Yoona – oh my god!! ငါတို့က Kpop Music Festival မှာဖျောဖြေရမယ်တဲ့။ နင်တို့ယုံလား?! Omo, ငါ အိမ်မက်မက်နေသလားအောက်မေ့ရတယ်။
Taeyeon - ဒါ အိမ်မက်မဟုတ်ဘူးမလား? ငါ့ကိုပြောပြပါ ဒါအိမ်မက်မဟုတ်ဘူးလို့။
Taeyeon က Yuri နဲ့ Yoona လက်ကိုကိုင်ပြီးပြောလိုက်တယ်။
Taeyeon – Ouch!! Yah! နင်ဘာလုပ်တာလဲ?!
Taeyeon တစ်ယောက် Yuri ဆိတ်ဆွဲလိုက်တဲ့ပါးကို အနာသက်သာအောင်ပွတ်နေတယ်။
Yuri - တွေ့ပြီလား နင်အိမ်မက်မက်နေတာမဟုတ်ဘူး။ Kpop Music Festival! ငါတို့လာပြီ!
Tae, Yul, Yoon – Yeah!!

‘နင်တို့တွေ ဒီမှာဘာလို့အော်နေကြတာလဲ? ဒါကရုံးခန်းတွေပဲရှိတဲ့ဆောင်။
သူတို့ ၃ ယောက် ခေါင်းငုံပြီးတောင်းပန်လိုက်ကြတယ်။
Taeyeon - ကျွန်တော်တို့အပျော်လွန်သွားလို့ပါ။
Yoona - ကျွန်တော်တို့ တကယ်တောင်းပန်ပါတယ် Nichkhun-sunbaenim.
သူတို့ ၃ ယောက် ခေါင်းငုံအရိုအသေပေးပြီး လှေကားကနေပြေးဆင်းသွားကြတယ်။

‘Boys, annyeong. ဒီမှာဘာလုပ်နေကြတာလဲ?’
အသံလည်းကြားလို့လှည့်လည်းကြည့်လိုက်ကော ကျောင်းသားခေါင်းဆောင်အဖွဲ့ကိုတွေ့လိုက်တယ်။
Taeyeon က သူ့ကောင်မလေးကို တွေ့ရလို့အရမ်းပျော်နေတယ်။
Taeyeon - ကျွန်တော်တို့ Principal Yoonji ကို လာတွေ့တာပါ။
Taeyeon က Tiffany ကိုပဲ ကြည့်နေတယ်။ ဒါပေမယ့် Tiffany ကတော့ သူ့ကို လုံးဝမကြည့်ဘူး။ တစ်ခုခုထူးဆန်းနေတာကို သူခံစားမိလိုက်တယ်။
Tiffany - သွားရအောင်။ Principal Yoonji ငါတို့ကိုစောင့်နေတယ်။
Jessica – See you around boys.
Taeyeon က Tiffany ကို လှမ်းခေါ်ချင်ပေမယ့် မခေါ်နိုင်ခဲ့ဘူး။
Taeyeon *ငါစိတ်ထင်နေတာလား သူကပဲ ငါ့ကိုရှောင်နေတာလား?* သူတို့တွေလှေကားတက်သွားတာကို ကြည့်ရင်း *သူ ငါ့ကို ကြည့်တောင်မကြည့်ဘူး။*
Yoona – Taehyun.
Yuri - ငါတို့ library သွားရအောင်။ ငါ အိမ်စာမလုပ်ရသေးဘူး။
Yoona - *rolled her eyes* လုပ်ပြန်ပြီ။ ငါ Seohyun ကို နင့်ကို မကူညီဖို့ပြောလိုက်မှာ။ တကယ်ပဲ နင် ကိုယ့်ဖာသာကိုယ်လုပ်ဖို့လိုနေပြီ။
Yuri က နှုတ်ခမ်းဆူပြီးထွက်သွားတယ်။
Yoona – Taehyun, ဘာဖြစ်နေတာလဲ? တစ်ခုခုဖြစ်လို့လား?
Taeyeon - ဟင်? Ani, ဘာမှမဖြစ်ပါဘူး။ mian. သွားရအောင်။
သူတို့ ၃ ယောက် ထွက်သွားကြတယ်။ သူအိမ်စာတွေပြီးသွားရင် Tiffany ဆီ ph ခေါ်ဖို့စဉ်းစားလိုက်တယ်။ ဒါမှမဟုတ်ရင် သူ့ရုံးခန်းမှာသွားတွေ့မယ်ဆိုပြီး။

Taeyeon အိမ်စာလည်းပြီးကော ပစ္စည်းတွေသိမ်းနေတယ်။ သူစာလုပ်တာကို အာရုံတောင်သေချာ မစိုက်နိုင်ဘူး။ ဒါပေမယ့် ပြီးအောင်တော့ လုပ်နိုင်ခဲ့တယ်။ သူ ph ယူပြီး ထွက်သွားမလို့ပဲရှိသေးတယ်
Yoona - နင်ဘယ်သွားမလို့လဲ?
Taeyeon – Toilet.
Yuri - ငါလည်းလိုက်မယ်။
Yuri ထလိုက်ပေမယ့် Seohyun က ပြန်ဆွဲချလိုက်ပြီး
Seohyun – ani, နင် အိမ်စာမပြီးမချင်းဘယ်မှမသွားရဘူး။ *Yuri လည်းနှုတ်ခမ်းဆူလိုက်ကော* ani, Moonbin, နင်ပြီးအောင်လုပ် မဟုတ်ရင် ညစာမစားရဘူး။
Yuri - *စားပွဲပေါ်လှဲလိုက်ပြီး* ငါပျင်းတယ်။ Jaebum, ငါ့ကို ကူညီပေး။
Yoona – mian, ဒါပေမယ့် ငါက လုပ်လို့ပြီးပြီ။
Seohyun – arrasso, ငါ့ကိုပြ။ *Yuri ထထိုင်လိုက်ပြီး ပြုံးဖြီးဖြီးလည်းလုပ်ကော* ဒီတစ်ခါနောက်ဆုံးပဲ။ နောက်တစ်ခါဆိုရင် ကိုယ့်ဖာသာကိုယ်လုပ်တော့။
Yuri - *လက်မထောင်ပြလိုက်ပြီး* arrasso.
Yoona တစ်ယောက် သူတို့ ၂ ယောက်ကို ကြည့်ပြီးခေါင်းခါလိုက်တယ်။ သူ စဉ်းစားမိတယ်။ ဒီလောက် တော်တဲ့သူက Seohyun ရဲ့ခံစားချက်ကို ဘာလို့မသိပဲဖြစ်နေရတာလဲဆိုတာကို။ သူဘာစကားမှမလိုဘူး ကြည့်လိုက်တာနဲ့တင် Seohyun က Yuri အပေါ်မှာခံစားချက်ရှိတယ်ဆိုတာကိုသိနေတယ်။ Seohyun က သူတို့အပေါ်ကောင်းကောင်းဆက်ဆံတယ်။ တခြားသူတွေကိုလည်းအဲ့လိုပဲ။ ဒါပေမယ့် Yuri အတွက်ဆိုရင်တော့ မတူဘူး။ Yuri ဘာအကူညီပဲလိုအပ်လိုအပ် သူက အမြဲရှိနေပေးတယ်။ သူတို့သူငယ်ချင်းကသာမသိတာ။
Seohyun - ဟို နင်တို့ဟိုသတင်းကြားပြီးပြီလား?
Yuri - ဘာသတင်းလဲ?
Seohyun - ဟို အဲ့ဒါက rumor သက်သက်ပါပဲ။
Yuri - ဘာ rumor လဲ?
Yoona – ani, ငါတို့မသိဘူး။ ဘာနဲ့ပတ်သတ်ပြီးတော့လဲ?
Seohyun – *ဘေးဘီကြည့်ပြီး ရှေ့တိုးလာပြီး* မှန်လား မမှန်ဘူးလားတော့ ငါမသိဘူး။ အခုတလော ကျောင်းသားတွေအရမ်းပြောနေကြတာပဲ။
Yuri - အဲ့ဒါကဘာလဲ Seohyun?
Yuri က စိတ်မရှည်ပဲမေးလိုက်တယ်။ Seohyun က နှုတ်ခမ်းကိုက်လိုက်ပြီး
Seohyun - ပြောနေကြတာကတော့… Tiffany နဲ့ Nichkhun နဲ့က တွဲနေကြတယ်တဲ့။
Yuri & Yoona - ဘာ?!
Seohyun – guys, တိုးတိုး။
Yoona - နေအုံး နင်ပြောတာက Tiffany က Nichkhun နဲ့ တွဲနေတယ်? ဟို ကျောင်းသာခေါင်းဆောင်အဖွဲ့ဝင်?
Seohyun - ငါပြောတာမဟုတ်ဘူး။ အခုတလော ကျောင်းသားတွေကြားထဲ ရေပန်းစားနေတဲ့ rumor. ငါ မှန်လား မမှန်ဘူးလာတော့ မသိဘူး။ ငါထင်နေတာက သူက Taehyun နဲ့ တွဲနေတယ်ထင်နေတာ။ သူတို့တွဲနေတာ မဟုတ်ဘူးလား?
Yoona ခေါင်ငြိမ့်ပြီး လက်ပိုက်လိုက်တယ်။ ဒီသတင်းက သူ့အတွက်တော်တော်လေး အံ့သြသွားစေတယ်။
Yuri - အဲ့ဒီအဓိပ္ပာယ်ကဘာလဲ? Tiffany က အဲ့ဒီ ကျောင်းသားခေါင်းဆောင်ကောင်လေးကို တွဲနေတယ်?
Yoona - *နောက်ကို မှီလိုက်ပြီး တိုးတိုးလေးရေရွတ်လိုက်တယ်* နေအုံး… အဲ့ဒါကြောင့် သူဒီတလော Taehyun နဲ့ အဆက်အသွယ် မလုပ်တာလား?
Yoona တစ်ယောက် Seohyun နဲ့ Yuri ကို ကြည့်လိုက်ပြီး
Yoona - အဲ့ဒါကို Taehyun သိလား?
Yuri – S*it!
Seohyun – Taehyun လာနေပြီ။
Taeyeon တစ်ယောက် ph ကိုကြည့်ပြီးလျှောက်လာတယ်။
Yuri - မင်းအဆင်ပြေရဲ့လား?
Taeyeon - အဆင်ပြေပါတယ်။ မင်းတို့ဘာဖြစ်နေကြတာလဲ? ငါမရှိတုန်းတစ်ခုခုဖြစ်လို့လား? *သူတို့ ၃ ယောက်လည်း ခေါင်းခါလိုက်ကော* ငါ ဟိုဘက်က music အကြောင်း စာအုပ်စင်ဘက်မှာရှိနေမယ်။
Taeyeon လည်းထွက်သွားကော
Yoona - ငါ Taehyun နဲ့ စကားပြောကြည့်လိုက်အုံးမယ်။
Yoona က Taeyeon နောက်ကို လိုက်သွားတယ်။ သူ music စာအုပ်တွေရှိတဲ့ စင်ဘက်ကို သွားမလို့ပဲရှိသေးတယ် တစ်ယောက်ယောက်က သူ့လက်မောင်းကို လှမ်းဆွဲလိုက်တယ်။
Yoona – yah, လန့်သွားတာပဲ Jessica.
Jessica - *ရီပြီး Yoona ပါးစပ်ရှေ့မှာ လက်ညှိုးထားလိုက်ပြီး* ငါတို့ ဒီမှာ ဆူဆူညံညံလုပ်လို့မရဘူး။ ဒါနဲ့ နင်ဒီမှာ ဘာလုပ်နေတာလဲ?
Yoona - စာလုပ်နေတာပေါ့။ ဘာလုပ်ရမှာလဲ? ဒီကိုလာတဲ့သူတွေအကုန် စာလုပ်ဖို့ပဲလာကြတာလေ။
Jessica - ငါကတော့ နင့်ကြောင့်လာတာလေ။
Jessica က ရုတ်တရက်ဆိုသလို Yoona လက်ကိုဆွဲပြီး ထောင့်တစ်နေရာကို ခေါ်သွားတယ်။
Yoona - ဘယ်သွားနေတာလဲ?
Jessica - တိုးတိုးနေ။ စာကြည့်တိုက်မှူးသိသွားလိမ့်မယ်။ *မျက်စိတစ်ဖက်မှိတ်ပြလိုက်ပြီး ချောင်ထဲကိုကပ်လိုက်တယ်* သူလာနေပြီ။
Yoona က စာအုပ်တွေကြားထဲကလည်းကြည့်လိုက်ကော သူတို့ဘက်ကို စာကြည့်တိုက်မှူးလျှောက်လာတာ တွေ့လိုက်တယ်။ သူ့ကိုယ်သူ သတိမထားမိလိုက်ပဲ Jessica ရဲ့ ကျောကို လက်ထားလိုက်ပြီး အနားပိုကပ်အောင် ဆွဲလိုက်တယ်။ သူ့စိတ်ထဲမှာတော့ စာကြည့်တိုက်မှူးမတွေ့ပါစေနဲ့လို့ပဲ ဆုတောင်းနေမိတယ်။
Jessica - သူထွက်သွားပြီ။
Yoona - အင်း။ ဟုတ်တယ်။
Yoona တစ်ယောက် သူသတိလည်းထားမိလိုက်ကော Jessica က သူ့ကို မှီနေတယ်။ သူက ကောင်မလေးကို ဖက်ထားတယ်။ သူ့ပုခုံးပေါ်မှာ Jessica ရဲ့ အသက်ရှူသံကို သတိထားနေမိတယ်။ သူမျက်နှာရှက်ပြီး ရဲလာတာကိုလည်း Jessica သိကော ပြုံးလိုက်ပြီး
Jessica – oh~ နင် ရှက်နေတယ်မလား? ငါ့ကြောင့် စိတ်လှုပ်ရှားသွားတာလား?
Jessica က လက်တစ်ဖက်ကို Yoona ရဲ့ ခါးပေါ်တင်လိုက်ပြီး နောက်တစ်ဖက်ကို ပုခုံးပေါ်တင်လိုက်တယ်။ Yoona ကတော့ ရင်တွေအရမ်းခုန်နေတာ ပေါက်ထွက်မလားတောင်ထင်ရတယ်။ Jessica က လက်နဲ့ Yoona ရဲ့ ရင်ဘက်တစ်လျှောက်ကို ပွတ်လိုက်တယ်။ Yoona လည်း အသိပြန်ဝင်လာပြီး ကောင်မလေးကိုတွန်းလိုက်တယ်။ သူထွက်ပြေးမလို့ပဲရှိသေးတယ် Jessica က သူ့လက်ကို လှမ်းဖမ်းလိုက်တယ်။
Jessica - နင် ထပ်ပြီး ထွက်ပြေးအုံးမလို့လား?
Yoona က သူ့မေးခွန်းမှာကြောင်သွားတယ်။ Jessica က Yoona ကိုကြည့်လိုက်ပြီး လက်ကို လွှတ်ပေးလိုက်တယ်။
Jessica – mian, ငါ…
သူတောင် စကားမဆုံးသေးဘူး Yoona ကလှည့်ထွက်သွားတယ်။ သူ့အိတ်ထားတဲ့ဆီကို မြန်မြန်လျှောက်သွားတယ်။
Yuri - ဘယ်လိုလဲ? သူ့ကိုပြောလိုက်လား? *Yoona ပစ္စည်းသိမ်းနေတာလည်းတွေ့ကော* မင်း သွားတော့မလို့လား?
Yoona – mian, ငါအရင်သွားနှင့်တော့မယ်။ တစ်ခုမေ့ကျန်ခဲ့လို့။ ညစာစားချိန်ကျရင်တွေ့မယ်။
Yoona က ဘာပြန်ပြောတာမှမစောင့်ဘဲထွက်သွားတော့
Seohyun - သူ ဘာဖြစ်သွားတာလဲ? သူ့ကြည့်ရတာနေသိပ်မကောင်းသလိုပဲ။
Yuri – *Jessica ကို လှမ်းတွေ့လိုက်တော့* Oh ငါကတော့ တခြားကိစ္စလို့ထင်တယ်။ ဒါနဲ့ Taehyun ဘယ်မှာပါလိမ့်? သူ တစ်နေရာရာမှာတော့ မေ့မနေလောက်ပါဘူးနော်? *ဟိုဒီကြည့်လိုက်ပြီး* ငါ သူ့ကို သွားရှာလိုက်အုံးမယ်။
Seohyun - *Yuri ကို ပြန်ထိုင်အောင်ဆွဲချလိုက်ပြီး* မပြီးမချင်းမရဘူး။ *Yuri က ပြန်ပြောမယ့်ဟန်တွေ့တော့* ငါ သူ့ကိုသွားရှာပေးမယ်။ နင်က ဒီမှာနေ။ ငါပြန်မလာခင်မျာ ပြီးအောင်လုပ်ထား။ ငါအတည်ပြောနေတာနော် Kwon Moonbin.
Yuri – arrasso. ငါလုပ်မယ်။ နင်ကကြောက်ဖို့ကောင်းတယ်ဆိုတာသိလား။
Yuri တစ်ယောက် သက်ပြင်းချပြီး စာလုပ်နေလိုက်တယ်။

အဲ့ဒီအချိန်မှာ Taeyeon တစ်ယောက် သူကြည့်နေတဲ့စာအုပ်ကို စာအုပ်စင်ပေါ်ပြန်တင်လိုက်တယ်။ သူ့ ph ကို ကြည့်ကြည့်နေတာ ဘယ်နှစ်ကြိမ်ရှိနေပြီလဲဆိုတာတောင် ရေတွက်လို့မရတော့ဘူး။ Tiffany ဆီက ဘာအဆက်အသွယ်မှမရသေးဘူး။ စောစောတုန်းကတွေ့လိုက်ရတော့ Tiffany ဘာမှမဖြစ်ဘူးဆိုတာကို သိလိုက်ရတဲ့အတွက် စိတ်သက်သာသွားတယ်။ ဒါပေမယ့် တစ်ခုခုကမဟုတ်သေးဘူး။ သူ ကျောင်းသားခေါင်းဆောင်ရုံးခန်းကို သွားဖို့ဆုံးဖြတ်လိုက်တယ်။ သူ စာအုပ်စင်ကနေ ထွက်လာတုန်းရှိသေးတယ် Jiyeon နဲ့ တွေ့လိုက်တယ်။
Taeyeon – Jiyeon.
Jiyeon – annyeong, Taehyun. စာလုပ်နေတာလား?
Taeyeon - အင်း။ အိမ်စာရှိလို့။
Jiyeon က အနားကပ်လာပြီး Taeyeon ရဲ့ လက်မောင်းကို ကိုင်လိုက်တယ်။ Taeyeon က နားမလည်ဖြစ်ပြီး မျက်မှောင်ကျုပ်လိုက်တယ်။ သူလက်မောင်းကို Tiffany ကလွဲပြီး တစ်ခြားသူကိုင်တာ ဒါပထမဆုံးပဲလေ။ ဒါပေမယ့်လည်း ခံစားချက်ကထူးဆန်းနေတယ်။ ဒါပေမယ့် သူ လက်ကိုတော့ ပြန်တွန်းမထုတ်ဘူး။ ရိုင်းတယ်ဖြစ်သွားမှာစိုးလို့။
Jiyeon - ငါတို့ ဒီမှာ စာအတူတူလုပ်ရင်ဘယ်လိုလဲ? ငါတို့တူတူမလုပ်ဖြစ်တာတော်တော်ကြာပြီ။
Taeyeon – mian, ငါသွားရတော့မယ်။
Jiyeon - နင်တစ်နေရာရာသွားမလို့လား?
Taeyeon - ဟုတ်တယ်။ mian, နောက်တစ်ခေါက်ပေါ့။
Taeyeon က လက်ကို ဖယ်ထုတ်ပြီး ပြုံးပြပြီးထွက်သွားတယ်။ သူ Jiyeon ကို စိတ်မကောင်းဖြစ်သွားစေချင်တာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ Tiffany ကို တွေ့ဖို့က အရေးကြီးနေတယ်လေ။ သူ စာကြည့်တိုက်ကနေထွက်သွားတယ်။ Yuri ဆီကို သူ့ပစ္စည်းတွေပါ ပြန်ရင်ယူသွားပေးဖို့ message ပို့လိုက်တယ်။
ကျောင်းသားခေါင်းဆောင်အခန်းက မီးလင်းနေသေးတာတွေ့တော့ Taeyeon တစ်ယောက် ပြေးသွားလိုက်တယ်။ Tiffany ကို တွေ့ဖို့ကို သူမစောင့်နိုင်တော့ဘူး။
သူလှေကားကိုပြေးတက်သွားတယ်။ တံခါးရှေ့လည်းရောက်ကော ပြုံးပြီး တံခါးခေါက်လိုက်တယ်။ ဒါပေမယ့် Nichkhun ကိုလည်းတွေ့ကော သူ့အပြုံးပျောက်ကွယ်သွားတယ်။
Nichkhun - ဘာကူညီပေးရမလဲ, new boy?
Taeyeon – *rolled her eyes* ငါ Tiffany နဲ့ တွေ့ချင်လို့။ သူရှိလား?
Nichkhun - သူက…
Nichkhun က မရှိဘူးလို့ပဲပြောမလို့ရှိသေးတယ် နောက်ကနေ Tiffany ရဲ့အသံကြားလိုက်ရတယ်။
Tiffany – Nichkhun, ငါ memory stick ဘယ်မှာလဲ?
Nichkhun - *သက်ပြင်းချလိုက်ပြီး* ငါ့ စားပွဲပေါ်မှာ။ *တံခါးကျယ်ကျယ်ဖွင့်ပေးပြီး Tae ဝင်လာခွင့်ပေးလိုက်တယ်* Tiffany, လူတစ်ယောက်က နင်နဲ့တွေ့ချင်လို့တဲ့။
Taeyeon rolled her eyes. *ငါ့နာမည်က မပြောသင့်တဲ့စကားလုံးဖြစ်နေလို့များလား?* ဒါပေမယ့် သူ့ကောင်မလေးကိုလည်းတွေ့ကော ပြုံးလိုက်တယ်။
Tiffany က laptop screen ကနေ မော့ကြည့်လိုက်တော့ Taeyeon ကို တွေ့ပြီး ကျောက်ရုပ်လိုဖြစ်သွားတယ်။
Tiffany - ငါတို့ ၂ ယောက်တည်းစကားပြောလို့ရမလား?
Nichkhun – arrasso, see you later.
Taeyeon က သူ့ဘေးနားကနေ လျှောက်သွားတဲ့ Nichkhun ကို ခေါင်းနည်းနည်းညွတ်ပြီး နှုတ်ဆက်လိုက်တယ်။ ပြီးတော့ Tiffany ကို ကြည့်လိုက်ပြီး
Taeyeon – annyeon, mian ငါ နင့်အလုပ်လုပ်နေတာကို နှောက်ယှက်မိလို့။
Tiffany – gwenchana. ထိုင်လေ။ coffee သောက်မလား?
Taeyeon - အင်း။ gomawo.
Taeyeon ဆိုဖာဆီသွားထိုင်လိုက်တယ်။ Tiffany ရဲ့ဆက်ဆံပုံကြောင့် သူ နားမလည်နိုင်ဖြစ်နေတယ်။ အရင်ကလိုမျိုး Tiffany က သူ့လက်ကိုလည်း လာမကိုင်ဘူး။
Taeyeon - နင် အဆင်ပြေရဲ့လား?
Tiffany - ငါ? *coffee ခွက်စားပွဲပေါ်တင်ပြီးထိုင်လိုက်တယ်* ငါ အဆင်ပြေပါတယ်။ မေးလို့ ကျေးဇူးပဲ။
Taeyeon က ထပ်ပြီး နားမလည်ဖြစ်သွားပြန်တယ် Tiffany က သူ့ဘေးကို ဝင်မထိုင်ဘဲ တခြားခုံမှာထိုင်လိုက်လို့။
Taeyeon - သေချာရဲ့လား? နင့်ကြည့်ရတာ… ထူးခြားနေသလိုပဲ။
Tiffany ပြုံးပြီး coffee သောက်လိုက်တယ်။ သူ Taeyeon ရဲ့ လက်ကို ကိုင်ချင်ပေမယ့်လည်း စိတ်ထိန်းထားလိုက်တယ်။
Tiffany - ပင်ပန်းနေလို့ထင်ပါတယ်။ ပွဲတော်ပြီးသွားတော့ ငါ့မှာ လုပ်စရာတွေ အများကြီးပဲလေ။ နင့် ph တွေ မကိုင်နိုင်လို့ sorry နော်။
Taeyeon - ရပါတယ်။ ငါနားလည်ပါတယ်။ ဒါပေမယ့် နင် တကယ် နားသင့်တယ်။
Tiffany ခွက်ကို တင်းတင်းကိုင်လိုက်ပြီး *ani, အဆင်မပြေဘူး Taeyeon.*
Tiffany - နင်ကော ဘယ်လိုလဲ? နင်တို့ Kpop Music Festival အတွက် အဖိတ်ခံရတယ်လို့ကြားတယ်။
Taeyeon - ဟုတ်တယ်။ ငါ အခုထိမယုံနိုင်သေးဘူး။ ငါ အရမ်းပျော်တယ်။ ငါနင့်ကို အဲ့ဒါပြောပြချင်နေတာ။
Tiffany - *အားတင်းပြုံးလိုက်ပြီး* ငါ နင့်အတွက် ဂုဏ်ယူတယ် Taehyun.
Taeyeon က အားရပါးရပြုံးလိုက်တော့ Tiffany က သူ့ပါး၂ ဖက်ကို ညှစ်ချင်နေတယ်။
Tiffany - အဲ့ဒီတော့ နင် အခုကတည်းက လေ့ကျင့်သင့်နေပြီနော်။ ဒါက အရမ်းကိုကြီးတဲ့ ပွဲကြီး။ နင့်အတွက်လည်း တကယ့်ကို အခွင့်အရေးကောင်းပဲ။
Taeyeon - ငါသိပါတယ်။ စိတ်မပူပါနဲ့။ ငါ ကောင်းကောင်းလေ့ကျင့်ပြီး နင်ဂုဏ်ယူရအောင်လုပ်မှာ။
Taeyeon ပြောပြီး မျက်လုံးတစ်ဖက်မှိတ်ပြလိုက်တော့ Tiffany တစ်ယောက် သူ့ရင်ထဲတင်းကျပ်သွားသလို ခံစားလိုက်ရတယ်။ သူ Taeyeon ရဲ့မျက်လုံးကို မကြည့်နိုင်တော့လို့ ခေါင်းငုံ့လိုက်တယ်။ သူ အဲ့ကောင်မလေးကို ထားခဲ့ဖို့လုပ်ပေမယ့် ဒါက ထင်ထားတာထက်ပိုခက်ခဲနေတယ်။
Taeyeon – I miss you.
Taeyeon ရဲ့ အဲ့ဒီစကားမှာ Tiffany တစ်ယောက် ထိန်းမထားနိုင်တော့ဘူး။ သူ့ coffee ခွက်ကို ချလိုက်ပြီး Taeyeon ဘေးကို ပြေးဖက်လိုက်တယ်။ Taeyeon ကလည်း ရုတ်တရက်ဖက်လိုက်တော့ နားမလည်ဖြစ်သွားပြီး
Taeyeon – Tiffany, ဘာဖြစ်လို့လဲ?
Tiffany က ခေါင်းခါလိုက်ပြီး ပိုပြီး တင်းတင်းဖက်လိုက်တယ်။
Taeyeon - အဲ့ဒါဆို ငါတစ်ယောက်တည်းမဟုတ်တော့ဘူးပေါ့။
Taeyeon ကပြောပြီး ရီလိုက်တော့ Tiffany က Taeyeon ရဲ့ ပုခုံးကို ဆိတ်လိုက်တယ်။
Tiffany က Taeyeon ရဲ့ပုခုံးပေါ်မှာ သူ့ခေါင်းကို တင်းလိုက်ပြီး လက် ၂ ဖက်က Taeyeon ကို ဖက်ထားတယ်။ သူ Taeyeon ကို အရမ်းကို သတိရနေတာ။ ဒါပေမယ့် သူ့ဘေးနားမှာဆက်နေခွင့်ပေးလို့မဖြစ်ဘူး မဟုတ်ရင် Jiyeon က သူတို့ ၂ ယောက်လုံးအကြောင်းကို ဖော်လိုက်မှာ။ Tiffany ရဲ့ဘဝမှာ ဘာကို ဘယ်သူ့ကိုမှ မကြောက်ခဲ့ဖူးဘူး ဒါပေမယ့် အခုတော့ သူဖက်ထားတဲ့ကောင်မလေး အိမ်မက်ကို အကောင်အထည်မဖော်နိုင်မှာကို ကြောင်နေမိတယ်။ သူ Jiyeon ကိုလည်းမကြောက်ဘူး။ ဘယ်သူ့ကိုမှ မကြောက်ဘူး။ သူစိတ်ပူတာက သူ့ဘေးနားက ကောင်မလေးကို။ သူ ဘာမဆိုလုပ်ပေးနိုင်မှာ Taeyeon နဲ့ လမ်းခွဲရမယ်ဆိုရင်တောင်မှပဲ။
Taeyeon – Tiffany?
Tiffany က ဒီအတိုင်းအသံလေးပဲပေးတော့
Taeyeon *သူ ဝမ်းနည်းနေတာလား?*
သူ Tiffany ရဲ့ မျက်ဝန်းမှာ သေချာသတိမထားလိုက်မိခင်မှာ Tiffany က သူ့ကိုပြုံးပြလိုက်ပြီး
Tiffany - ညစာစားချိန်ရောက်ပြီ။ နင်သွားသင့်ပြီ။
Taeyeon - နင်ကော? နင်ညစာမစားရသေးဘူးမလား?
Tiffany - နောက်မှာ။ ငါအလုပ်ပြီးတော့မှ။
Tiffany က Taeyeon ရဲ့ နှဖူးပေါ်က ရွှေအိုရောင်ဆံပင်လေးတွေကို ဖယ်လိုက်တယ်။
Taeyeon - နင်ငါ့ကို စိတ်ပူစေတာသိရဲ့လား။ ညစာစားပါမယ်လို့ကတိပေး။
Tiffany က Taeyeon ကိုင်ထားတဲ့ သူ့လက်ကိုဖယ်လိုက်ပြီး မက်တပ်ရပ်လိုက်တယ်။ ဒီထက်ပိုကြာရင် သူ ထိန်းထားနိုင်မှာ မဟုတ်တော့ဘူး။
Tiffany - ငါ ကတိပေးပါတယ်။ နင်သွားသင့်ပြီ။
Taeyeon မက်တပ်ရပ်လိုက်ပြီး Tiffany နဲ့တူတူ တံခါးဆီလျှောက်သွားတယ်။
Taeyeon – I’ll see you tomorrow, okay?
Tiffany က ပြုံးပဲပြုံးပြလိုက်တယ်။ Taeyeon က တံခါးဝမှာရပ်လိုက်ပြီး နောက်လှည့်လိုက်တယ်။ Taeyeon က Tiffany နှုတ်ခမ်းကိုနမ်းလိုက်တော့ Tiffany တစ်ယောက် တော်တော်အံ့သြသွားတယ်။ Taeyeon နောက်ပြန်ဆုတ်လိုက်ပြီး ပြုံးလိုက်တယ်။
Taeyeon – Good night, Tiffany.
Tiffany ကတော့ သူ့ကောင်မလေးထွက်သွားတာကို ဒီအတိုင်းပဲ ကြည့်နေနိုင်တယ်။
Tiffany *mianhae Taehyun*
သူ့ရင်ထဲ တင်းကျပ်သွားသလိုခံစားလိုက်ရတော့ လက်သီးတင်းတင်းဆုတ်ထားလိုက်တယ်။ သူ စာအုပ်စင်ကို မှီလိုက်ပြီး မျက်ရည်တွေမကျအောင် ထိန်းထားတယ်။
‘ဒါက တော်တော်လေးကို ရင်ထဲကိုထိတဲ့မြင်ကွင်းပဲလို့ငါပြောရမှာပဲ’
Tiffany – *လှည့်လိုက်ပြီး* ဒီမှာဘာလုပ်နေတာလဲ Gyuri?
Gyuri - ငါမှတ်မိသလောက်ကတော့ ငါလည်း ဒီနေရာနဲ့ သက်ဆိုင်ပါတယ်။
Gyuri က ဆိုဖာမှာ ဝင်ထိုင်လိုက်တယ်။ Tiffany ကတော့ သူ့ကို လျစ်လျူရှု့ဖို့ဆုံးဖြတ်လိုက်တယ်။ သူအခုချိန်မှာ စကားပြောချင်စိတ်လည်းမရှိဘူး။ စားပွဲပေါ်ကခွက်တွေကိုယူသွားလိုက်တယ်။
Gyuri - ငါတို့ဆီကနေ တစ်သက်လုံးဖုံးကွယ်ထားဖို့စဉ်းစားနေတာလား?
Tiffany - ငါမှာ နင်တို့ဆီကနေ ဖုံးကွယ်စရာဘာမှမရှိဘူးလို့ထင်တာပဲ။
Gyuri - *လက်ပိုက်လိုက်ပြီး* ကံမကောင်းစွာပဲ ငါသိပြီးသွားပြီ။ *Tiffany နားလျှောက်သွားပြီး* နင်ဘာတွေ စီစဉ်နေလဲဆိုတာတော့ ငါမသိဘူး။ ဂရုလည်းမစိုက်ဘူး။ ဒါပေမယ့် ငါဒီအတိုင်းဘာမှမဖြစ်သလိုတော့ တိတ်တိတ်လေးနေနေမှာမဟုတ်ဘူး။
Tiffany - *ရီလိုက်ပြီး* နင်ဂရုစိုက်တယ်ဆိုတာ ငါသိပါတယ်။ *Gyuri ပြန်ပြောမလို့ပဲရှိသေးတယ် ပြောခွင့်မပေးပဲ* ဒါကြောင့်နင်ဒီကိုရောက်လာတာလေ။ ဟုတ်တယ်မလား?
Tiffany က ရိသဲ့သဲ့ပြုံးလိုက်တယ်။ Gyuri လည်းအခန်းထဲကထွက်သွားကော သက်ပြင်းချလိုက်ပြီး Taeyeon သောက်ခဲ့တဲ့ခွက်ကို ကြည့်လိုက်ပြီး
Tiffany *Taeyeon…*
------------------------------------------------------------------------------------------------------------------------

Gyuri လှေကားပေါ်ကနေဆင်းသွားပြီး နောက်ဆုံးအထစ်မှာရပ်လိုက်ပြီး
Gyuri - နင်ထွက်လာလို့ရပါတယ်။ ငါနင့်ကိုတွေ့နေရတယ်။
Jiyeon က ထောင့်ကနေထွက်လာပြီး Gyuri နားလျှောက်လာတယ်။
Jiyeon - စိတ်မပူပါနဲ့။ ငါက နင့်ကို ခြောက်ချင်လို့မဟုတ်ပါဘူး။ ငါက ဒီအတိုင်းနင် Tiffany နဲ့ တွေ့တဲ့အကြောင်း သိချင်လို့ပါ။
Gyuri - နင်စိတ်ပူစရာမလိုပါဘူး။ ငါဘာလုပ်နေလဲဆိုတာ ငါ့ကိုယ်ငါသိပါတယ်။
Jiyeon - *ပြုံးလိုက်ပြီး* အဲ့လိုသိရတာကောင်းပါတယ်။

>Gyuri နဲ့ Jiyeon တို့က ဘာတွေကြံနေကြပါလိမ့်
>Gyuri က Tiffany ကို ပြောသွားတာကကော ဘာပါလိမ့်
>နောက် ep မှာ တကယ့် drama တွေ လာတော့မယ်နော်

Song For YouWhere stories live. Discover now