Chapter - 8

2K 171 8
                                    

Tiffany တစ်ယောက် သူ့လက်ထဲမှာ ဘောပင်နဲ့ဆော့နေတယ်။ သူတို့အခု Tiffany ရဲ့အခန်းထဲမှာ ကျောင်းသားခေါင်းဆောင်အဖွဲ့ဝင်အကုန် အစည်းအဝေးလုပ်နေတာ။ Jessica ကပြောနေပေမယ့် Tiffany က သူ့ဦးနှောက်ထဲကို တစ်ခုမှမဝင်ဘူး သူ့စိတ်က တစ်ယောက်သောသူဆီရောက်နေတယ်။ သူ Tehyun နဲ့ မတွေ့ဖြစ်တာဟာဆိုရင် ၅ ရက်လောက်ရှိနေပြီ။ သူတို့ ကျောင်းသားခေါင်းဆောင်တွေက ဒီကျောင်းရဲ့ နှစ်ပတ်လည်ပွဲအတွက်စီစဉ်နေတာ။ အဲ့ဒီပွဲကဆိုရင် နောက် ၃ လလောက်နေရင် လုပ်မယ့်ပွဲ။


Jessica - ငါတို့ ဒီပွဲက နှစ်တိုင်း မိဘတွေကိုလည်းဖိတ်တယ်လေ။ ပြီးတော့ အလှူငွေလည်းကောက်ခံတယ်။ အဲ့ဒီအတိုင်းပဲဆက်လုပ်မယ်။ ဒါပေမယ့် ဒီနှစ်မှာ ပွဲကို နိုဝင်ဘာ ၂၀ရက်နေမှာစပြီး ၃ ရက်လုပ်မယ်။ ကျောင်းသားတွေဆီကနေ စုစုပေါင်း ဆိုင် ၁၅ ဆိုင် ဖွင့်မယ်။


Gyuri - ၃ ရက်? ဘာလို့ ၃ ရက်လဲ? ပုံမှန်ဆို ငါတို့ ၅ ရက်တောင်လုပ်တာလေ။


Jessica - ဟုတ်တယ်။ ဒါပေမယ့် ကျောင်းအုပ်က ၃ ရက်ပဲလုပ်မယ်လို့ပြောလိုက်တယ်။


Jessica က အခုအချိန်ထိ စကားတစ်ခွန်းမှ မပြောသေးတဲ့ ကျောင်းသားခေါင်းဆောင်ကိုကြည့်လိုက်တယ်။


Nichkhun - ၃ ရက်နဲ့က ဘယ်လိုလုပ်လုံလောက်မှာလဲ? ငါတို့ကျောင်းမှာ ကျောင်းသားတွေအမျာကြီးပဲလေ။ game တွေကော activities တွေလည်းရှိသေးတယ်လေ။


Gyuri - Nichkhun ပြောတာဟုတ်တယ်။ ၃ ရက်နဲ့ မလုံလောက်ဘူး။ သူတို့က ဘာလို့ ၃ ရက်ပဲလုပ်ရတာလဲ? အကြောင်းပြချက် တစ်ခုခုတော့ရှိရမှာပေါ့။


Nichkhun - ငါလည်း အဲ့ဒီအကြောင်းပြချက်ကို သိချင်တယ်။


Jessica - ငါက ဘယ်လိုလုပ် အဲ့ဒီအကြောင်းပြချက်ကိုသိမှာလဲ? ငါတို့ရဲ့ ကျောင်းသားခေါင်းဆောင်ဆီကနေ နားထောင်ရအောင်။ Fany-ah, ဘာလို့လဲဆိုတာငါတို့ကိုပြောပြပါလား?


Tiffany က သူ့လက်ထဲက စာရွက်ကိုပဲကြည့်နေတယ်။ Jessica လည်း စာရွက်ကို ကြည့်ပဲကြည့်နေပြီး မဖတ်တဲ့ Tiffany ကို ကြည့်ပြီး သက်ပြင်းချလိုက်တယ်။


Jessica - TIFFANY!!


Tiffany လည်း လန့်သွားတယ်။ ပြီးတော့ Jessica ကို မျက်စောင်းထိုးလိုက်ပြီး

Song For YouWhere stories live. Discover now