Chapter - 24

1.6K 127 4
                                    

Principal - မင်းရဲ့ scholarship က တက္ကသိုလ်ပြီးတဲ့အထိ။ ဒါက မင်းဖတ်ဖို့ရယ် ဖြည့်ဖို့ စာရွက်စာတန်းတွေ။ ငါ့ လက်မှတ်က ထိုးပြီးသွားပြီ။ language သင်ပေးတာက နောက်နှစ်အစောပိုင်းမှာစလိမ့်မယ်။ အဲ့ဒီတော့ မြန်နိုင်သလောက် မြန်မြန်ပို့ရလိမ့်မယ်။
Tiffany က principal ဆီကနေ အညိုရောင်စာအိတ်ကို ယူလိုက်တယ်။ သူ စာရွက်စာတမ်းတွေကို ကြည့်လိုက်တယ်။
Principal - သမီး စိတ်မပြောင်းဘူးမလား?
Principal က သူ့ရှေ့ကကောင်မလေးကို ကြည့်နေလိုက်တယ်။ Tiffany က အဖြေ ချက်ချင်းမပေးသေးဘူး။ သူ့ အဖြေကို သူသိနေပေမယ့် အကြောင်းအရင်းတစ်ခုကြောင့် သူပြောမထွက်ဘူးဖြစ်နေတယ်။ အကြောင်းပြချက်က သူ့ကောင်မလေးလေ။ ဒီတလောမှာ သူအမြဲစဉ်းစားနေတာက သူ အဲ့ဒီ scholarship ကို လက်ခံရမလား လက်လွှတ်လိုက်ရမလားဆိုတာ။ ဒါပေမယ့် အဲ့ဒါအတွက် ဆုံးဖြတ်ဖို့က အရမ်းကို ခက်ခဲနေတယ်။ ဘာလို့လဲဆိုတော့ သူဆုံးဖြတ်ရမှာ သူ့ရဲ့ အိမ်မက်ကို လက်လွှတ်လိုက်ရမလား Taeyeon နဲ့ ခွဲခွာမလား ဖြစ်နေလို့။ သူ America ကို သွားမယ့်အကြောင်းကို Taeyeon ကို မပြောပြရသေးဘူး။
Principal – Tiffany,
Tiffany - သမီးဖြည့်ပြီးသွားတဲ့အခါ လာပေးပါမယ်။
သူ application form နဲ့ တခြားစာရွက်တွေကို စာအိတ်ထဲပြန်ထည့်လိုက်တယ်။
Principal – Tiffany, ငါ မင်းကို အမြဲတမ်း ဂုဏ်ယူနေတယ်ဆိုတာသိတယ်မလား။
Tiffany က ကျောင်းအုပ်ကို ကြည့်လိုက်ပေမယ့် ဘာမှပြန်မပြောဘူး။ အခန်းအပြင်မှာရပ်နေပြီး သူ စာအိတ်ကို ကြည့်လိုက်တယ်။ *ငါဘာလုပ်ရမလဲ?* သူ Taeyeon နဲ့ စကားပြောဖို့ဆုံးဖြတ်ပြီး ထွက်လာလိုက်တယ်။
သူလျှောက်လာပြီး ကျောင်းသားခေါင်းဆောင်အခန်းတံခါးကို ဖွင့်လိုက်တယ်။ အထဲမှာ Taeyeon ရှိနေတာကို တွေ့လိုက်တော့ လန့်သွားတယ်။ Taeyeon က သူ့စားပွဲဘေးမှာရပ်နေတယ်။ သူ အမြန် စာအိတ်ကို သူ့အနောက်မှာ ဖွက်လိုက်ပြီး Taeyeon ဆီလျှောက်သွားတယ်။
Tiffany – Taehyun, ငါက နင် လေ့ကျင့်နေမယ်ထင်တာ။
Taeyeon - အခုလေးတင်ပြီးသွားတာ။
Taeyeon ရဲ့ အသံကို Tiffany သတိထားမိလိုက်တယ်။
Tiffany - အဲ့တော့ ငါ့ကို သတိရတယ်ပေါ့?
Tiffany က Taeyeon လက်ကို ကိုင်ဖို့လုပ်ပေမယ့် Taeyeon က သူ့လက်ကို ပြန်ဖယ်လိုက်တယ်။
Tiffany – Taehyun,
Taeyeon က သူ့ကောင်မလေး မျက်လုံးကို ကြည့်လိုက်တယ်။ သူ့လက်ကို မြှောက်လိုက်ပြီး စာအိတ်ကိုပြလိုက်တယ်။
Taeyeon - ဒါက ဘာလဲ?
ခဏလေးဆိုပေမယ့်လည်း သူ Tiffany မျက်လုံးပြူးသွားတာကို သတိထာမိလိုက်တယ်။
Tiffany – Taehyun, ဒါကို… နင်… ဘယ်ကနေရတာလဲ?
Tiffany က စာအိတ်ကို လှမ်းယူဖို့လုပ်ပေမယ့် Taeyeon က ရှောင်လိုက်တယ်။
Taeyeon – Juilliard School?
Tiffany – Taeyeon,
Taeyeon – oh, ဒါက New York မှာပဲ။
Taeyeon စာအိတ်ကို ကြည့်နေရာကနေ သူ့ကောင်မလေးကို ကြည့်လိုက်တယ်။ Tiffany က မျက်စိမှိတ်ထားတယ်။
Taeyeon - နင့်ဆီမှာ ဘာလို့ America မှာရှိတဲ့ university က စာရှိနေရတာလဲ?
Tiffany - *မျက်လုံးဖွင့်လိုက်ပြီး* Taeyeon, ငါ…
Taeyeon - *Tiffany စကားပြောနေတာကို ဂရုမစိုက်ဘဲဖြတ်ပြောလိုက်တယ်* oh, ဟုတ်သားပဲ။ ငါ့ကို ဒီနေ့ တစ်ယောက်ယောက်က ပြောလိုက်တယ်။ ငါ့ရည်းစားက America ကို သွားတော့မှာတဲ့။ ဘာလို့ ငါ့ကို မပြောပြလည်းဆိုတာ စဉ်းစားမိတယ်။
Tiffany – Taeyeon, jaebal(ကျေးဇူးပြုပြီး) ငါ့ကို ရှင်းပြခွင့်ပေးမယ်။ ငါ နင့်ကို ပြောပြမလို့ပါပဲ။
Taeyeon - ပြောပြမလို့? *စာအိတ်ကို စားပွဲပေါ်ပစ်ချလိုက်ပြီး* ဒါပေမယ့် မပြောပြဘူးလေ။
Tiffany က သူ့လက်ကို ကိုင်ဖို့လုပ်ပေမယ့် တွန်းထုတ်လိုက်တယ်။
Taeyeon - ဒီလောက်အရေးကြီးတဲ့ ကိစ္စကို ငါ့ဆီကနေ ဖုံးကွယ်ထားတယ်?
Tiffany – mianhae Taeyeona, ဒါပေမယ့် ငါ နင့်ဆီကနေ ဖုံးကွယ်ဖို့ မရည်ရွယ်ခဲ့ပါဘူး။
အခုအချိန်မှာ Taeyeon ကို စောစောစီးစီးမပြောပြမိတဲ့အတွက် နောင်တရနေမိတယ်။ အခုတော့ Taeyeon က သူ့ကို စိတ်ဆိုးနေပြီလေ။
Taeyeon - နင်က ဒီနိုင်ငံကနေ ထွက်သွားတော့မှာကို ငါ့ကို ပြောပြဖို့တောင်စိတ်မကူးဘူး? *Tiffany စကားပြောမလို့လုပ်ပေမယ့် ပြောခွင့်မပေးပဲ* ပြီးတော့ ဒီညနေမှာ တစ်ယောက်ယောက်က ပြောပြတယ်။
Tiffany – Taeyeona, jinja mianhae.
Taeyeon - အဲ့တော့ အမှန်ပဲလား? နင်ထွက်သွားမယ်ဆိုတာ။ နင့်ငါ့ကို ထားခဲ့မယ်ဆိုတာ။
Tiffany - *Tae လက်ကို ကိုင်လိုက်ပြီး* ani, ani, ငါ နင့်ကို မထားခဲ့ဘူး။ ငါက ဒီအတိုင်း…
Tiffany - ဒီအတိုင်းဘာလဲ?
Tiffany အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်တယ်။ ပြီးတော့ သူ့လက်ထဲကနေ စာအိတ်ပြုတ်ကျသွားတယ်။ သူ Taeyeon ကို ကြည့်လိုက်ပြီး စာအိတ်ကို အမြန်ကောက်မလို့ပဲရှိသေးတယ် Taeyeon က သူ့ထက်ပိုမြန်သွားတယ်။
Taeyeon – *စာအိတ်ကို ကောက်ကိုင်လိုက်ပြီး* ဒါက ဘာ…
သူ စကားတောင်မဆုံးလိုက်ဘူး စာအိတ်ပေါ်က စာကိုတွေ့လိုက်ပြီး မျက်ရည်ကျလာတယ်။ သူ စာအိတ်ကို Tiffany ဆီကို တွန်းထည့်လိုက်ပြီး လှည့်ထွက်သွားဖို့လုပ်လိုက်တယ်။
Tiffany – Taeyeon နေအုံး။ *Taeyeon လက်ကို လှမ်းဆွဲလိုက်တယ်။*
Taeyeon - ငါ့ကို လွှတ်! *လက်ကို ဆွဲဖယ်လိုက်ပြီး* ငါက နင့်ရည်းစားလို့ထင်နေတာ။
Tiffany – ဟုတ်တယ်လေ Taeyeon.
Taeyeon - အဲ့ဒါဆို ဘာလို့ ငါ့ကို ဖုံးကွယ်ထားတာလဲ?!
Tiffany - ငါပြောတယ်လေ။ ငါ နင့်ကို ဖုံးကွယ်ထားဖို့မရည်ရွယ်ဘူး။ ငါဒီနေ့ ကျောင်းအုပ်နဲ့တွေ့ပြီးရင် နင့်ကို ပြောပြမလို့စဉ်းစားထားတာ။ minahae Taeyeona. *Taeyeon က အကြည့်လွှဲနေတော့ သူ သက်ပြင်းချလိုက်ပြီး* ဟုတ်တယ် ငါ America ကို ထွက်သွားမှာ။
Taeyeon က Tiffany ကို ကြည့်လိုက်တယ်။
Tiffany - ငါ နင့်ကို တစ်ခါမှ မပြောပြဖူးဘူး။ ငါ့မှာအိမ်မက်ရှိတယ်။
Taeyeon က Tiffany ကိုပဲကြည့်နေတယ်။ Tiffany က သူကိုင်ထားတဲ့ Tae ရဲ့လက်ကို လွှတ်လိုက်ပြီး အောက်ကို ကြည့်လိုက်တယ်။
Tiffany - ငါ သီချင်းဆိုရတာနဲ့ ကရတာကို နင်လည်းသိပါတယ်။ ငါ ဒီကျောင်းကိုမရောက်ခင်တုန်းက ငါ့ဆီမှာ ဘယ်သူမှ ဘာမှမရှိခဲ့ဘူး။ ဒါပေမယ့် ဒီကျောင်းမှာစတက်ဖြစ်လိုက်တော့ ငါ အကကော သီချင်းရောနဲ့ ပတ်သတ်တာကို ပိုပိုပြီးသိချင်လာခဲ့တယ်။ *Taeyeon ကို ကြည့်လိုက်ပြီး* ငါ ပိုပြီး သင်ယူချင်တယ်။ ပြီးတော့ တစ်နေ့မှာ ငါ ဒီကိုပြန်လာမှာ။ *ပြုံးလိုက်ပြီး* ဆရာမတစ်ယောက်အနေနဲ့။ အဲ့ဒါ ငါ့ အိမ်မက်ပဲ။
Taeyeon မျက်လုံးမှိတ်လိုက်တယ်။ သူ သူများတွေထက်ပိုနားလည်တယ်။ သူလည်း သူ့အိမ်မက်ကို အကောင်အထည်ဖော်ဖို့အတွက် ယောက်ျားလေးဟန်ဆောင်ပြီး ရောက်လာတာလေ။ သူ ကောင်းကောင်းနားလည်တာပေါ့။ ဒါပေမယ့် သူတို့ခွဲရမှာကို တွေးမိပြီး လက်မခံနိုင်ဖြစ်နေတယ်။
Tiffany - အဲ့ဒါက ငါ နင့်ကို ထားခဲ့မယ်လို့ဆိုလိုတာမဟုတ်ဘူးလေ။ ငါတို့ခွဲပြီးနေကြပေမယ့် ငါတို့ အဆက်အသွယ်လုပ်လို့ရတယ်လေ။
Tiffany က Taeyeon လက်ကို ကိုင်လိုက်တယ်။
Taeyeon - *သူတို့ ကိုင်ထားတဲ့လက်ကိုကြည့်လိုက်ပြီး* ငါ မသိတော့ဘူး။
Tiffany - ဘာကို ဆိုလိုတာလဲ?
Taeyeon - ငါ long-distance relationship ကို လုပ်နိုင်မလုပ်နိုင် ငါမသိဘူး။ *မျက်ရည်တွေကျလာတယ်*
Tiffany - ငါတို့ လုပ်နိုင်တယ်။ ဒါကို ငါတို့လုပ်နိုင်တယ်။ *သူလည်း မျက်ရည်တွေ ထိန်းမထားနိုင်တော့ဘူး* Taeyeon…
Taeyeon ခေါင်းခါလိုက်တယ်။ သူဆက်ထိန်းမထားနိုင်တော့ဘူးလေ။ သူ လက်ကို ဖြုတ်လိုက်ပြီး တံခါးဆီလျှောက်သွားတယ်။
Tiffany – Taeyeon,
သူ Taeyeon ပြေးထွက်သွားတာကိုပဲ ကြည့်နေလိုက်နိုင်တယ်။ သူလည်း စားပွဲကိုမှီပြီး ငိုနေလိုက်တယ်။
---------------------------------------------------------------------------------------------------------------------

Song For YouWhere stories live. Discover now