Chapter -16

1.8K 122 4
                                    

ပွဲတော် ဒုတိယနေ့မှာလည်း ကျောင်းက ခန်းမထဲမှာလူတွေပြည့်နေတယ်။ ဒီနေ့ဖျော်ဖြေမယ့် ကျောင်းသားတွေကို ကြည့်ဖို့စောင့်မျှော်နေကြတာလေ။ ပထမဆုံးဖျော်ဖြေမှုက orchestra ဖျော်ဖြေမှု။
Yuri တစ်ယောက် ဟိုလှည့်ဒီလှည့်နဲ့ ထိုင်ခုံမှာ ငြိမ်ငြိမ်မထိုင်နိုင်ဘူးဖြစ်နေတယ်။ သူ သက်ပြင်းချပြီး စင်ဘက်ကိုပဲ ပြန်ကြည့်လိုက်တယ်။
Taeyeon - နင် ငြိမ်ငြိမ်လေးနေပေးလို့မရဘူးလား? ငါအာရုံတောင်မစိုက်နိုင်ဘူး။ ဘာဖြစ်နေတာလဲ?
Yuri - ငါပျင်းတယ်။ ငါရိုင်းတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဒီဖျော်ဖြေမှုက ငါစိတ်ဝင်စားတဲ့အမျိုးအစား မဟုတ်ဘူး။ ဒါက ငါ့ကိုအိပ်ချင်စေတယ်။
Yoona က Yuri ရဲ့ ပေါင်ကို ဆိတ်ဆွဲလိုက်တယ်။
Yuir – Ow!
Taeyeon - တိုးတိုးနေ။
Taeyeon က Yuri ရဲ့ပေါင်ကိုရိုက်လိုက်ပြီး သူတို့နောက်မှထိုင်တဲ့ မိဘကို တောင်းပန်တဲ့အပြုံးပြုံးပြလိုက်တယ်။
Taeyeon – Seriously? Guys.
Yuri - အဲ့ဒါ Yoona! ငါ မဟုတ်ဘူး။
Yuri က သူ့ကိုယ်သူကာကွယ်ပြီးပြောပေမယ့် Taeyeon နဲ့ Yoona က သူ့ကို မျက်စောင်းထိုးကြည့်လိုက်တယ်။
Yuri - ငါ Seohyun ကို ကြည့်ချင်တာ။ သူသီချင်းဆိုမယ်ဆိုပြီး ဘယ်မှာလဲမသိဘူး?
Taeyeon - စိတ်ရှည်ရှည်ထား။ သူဖျော်ဖြေမှာ။ violin performance ပြီးတော့မှ။
Yoona - တိတ်တိတ်နေကြ။ ငါ ဒီသီချင်းကြိုက်တယ်။
Violin performance လည်းစကော
Yuri - ငါ ဒီသံစဉ်သိသလိုပဲ။
Yoona – Beethoven လေ။ ငါတို့ သင်ခဲ့ရတယ်လေ။ မမှတ်မိဘူးလား?
Yuri က စပ်ဖြီးဖြီးလုပ်လိုက်တယ်။
Yoona - ငါ နင်ဘယ်လိုများ စာမေးပွဲအောင်လည်းဆိုတာ အံ့သြမိတယ်။
Taeyeon က ရီလိုက်တယ်။ သူတို့ violin performance လည်းပြီးကော
Yuri – wow, မိုက်တယ်။ ငါ ကြက်သီးတောင်ထတယ်။
Taeyeon - ပြောသားပဲ။
သူတတို့တွေ လက်ခုပ်တီးပြီး အားပေးလိုက်ကြတယ်။
Yuri - နောက် performance က Seohyun မလား? *Tae ခေါင်းငြိမ့်လိုက်တော့* Finally.
Seohyun လည်း စင်ပေါ်တက်လာတော့ သူတို့တွေ လက်ခုပ်တီးလိုက်ကြတယ်။ သူတို့ Seohyun ကို မှတ်တောင်မမှတ်မိဘူး။ Seohyun က ပန်းနုရောင်ဂါဝန်လေးဝတ်ထားတယ်။ သူအမြဲတမ်းအကုန်စုစည်းထားတဲ့ ဆံပင်လေးက ဒီအတိုင်းချထားပြီး ခေါင်းမှာ ပန်းနဲ့လုပ်ထားတဲ့ ဘီးကုပ်လေးတပ်ထားတယ်။ သူ စင်ပေါ်မှာတင်ထားတဲ့ထိုင်ခုံမှာထိုင်လိုက်ပြီး ဂစ်တာကိုင်လိုက်တယ်။
Yoona - အဲ့တာ Seohyun လား? သူအရမ်းလှတာပဲ။
ဘာမှပြန်ပြောတာမရှိလို့ Yoona တစ်ယောက် Yuri ကိုလည်းကြည့်လိုက်ကော။ Yuri ရဲ့ အံ့သြပြီးကျောက်ရုပ်လို ဖြစ်နေတဲ့ပုံကိုကြည်ပြီး Yoona ပြုံးလိုက်တယ်။
Seohyun တစ်ယောက် ဂစ်တာစတီးလိုက်တယ်။ Taeyeon က Seohyun တီးတဲ့သီချင်းကို သိလိုက်တော့ အံ့သြသွားတယ် အဲ့သီချင်းက Taylor Swift ရဲ့ You belong with me. သူက ဒီလိုမျိုး ရှက်ပြီး ရိုးရိုးလေးနေတဲ့သူက ဒီလို pop song မျိုးဆိုလိမ့်မယ်လို့ ထင်ကိုထင်မထားတာ။ သူ့သူငယ်ချင်း ၂ ယောက်ကို လှမ်းကြည့်လိုက်တော့လည်း အဲ့ ၂ ယောက်လုံးကလည်း အံ့သြပြီးကြည့်နေကြတယ်။
Yuri တစ်ယောက် အကြည့်ကိုမဖယ်နိုင်ပဲဖြစ်နေတယ်။ သူကဒီနေ့ပွဲမှာ တောက်လျှောက်နီးပါး စိတ်မဝင်စားဖြစ်နေပေမယ့် အခုတော့ စိတ်ဝင်စားနေမိတယ် (တစ်ယောက်သောသူကြောင့်ပေါ့)။ အဲ့ကောင်မလေးဟာဆိုရင် သူနဲ့သိတဲ့ကောင်မလေးမဟုတ်သလိုဖြစ်နေတယ်။ Seohyun ကို ကြည့်ရတာ အရင်ကနဲ့မတူဘူး။ သူက မျက်လုံးမှိတ်ပြီးဆိုနေတဲ့ Seohyun ကိုပဲ ကြည့်နေပြီး သီချင်းကိုနားထောင်နေတယ်။ Seohyun ရဲ့ လှပတဲ့အသံလေးဟာ အခန်းထဲမှာ ချိုသာနေတယ်။ Seohyun က မျက်လုံးဖွင့်ပြီး ပြုံးလိုက်တဲ့အခါမှာ Yuri တစ်ယောက်ရှက်ပြီး ပါးက ပန်းရောင်သန်းသွားတယ်။
Seohyun လည်းဆိုလို့ပြီးသွားကော အခန်းထဲမှာ လက်ခုပ်သံတွေနဲ့ ဆူညံသွားတယ်။
Taeyeon တစ်ယောက် လက်ခုပ်တီးရင်း ထိုင်ခုံကနေထရပ်လိုက်တယ်။ တခြားသူတွေလည်း လိုက်ပြီး မက်တပ်ထရပ်လာကြတယ်။ Taeyeon လက်ခုပ်တီးရင်းနဲ့ Seohyun လည်း သူတို့ကိုကြည့်ကော လက်မထောင်ပြလိုက်တယ်။
Taeyeon – Wow!! ဒါက အရမ်းအရမ်းကိုကောင်းတယ်။ နင်ကော ဘယ်လိုထင်လဲ?
Yoona - ငါဘာပြောရမှန်းတောင်မသိတော့ဘူး။ သူဒီလိုဆိုနိုင်လိမ့်မယ်လို့ ထင်ကိုမထင်ထားဘူး။
သူတို့ ၂ ယောက် Yuri တစ်ယောက် ထိုင်ရာကနေမထပဲရှိနေတာကိုသတိထားမိလိုက်တော့
Taeyeon - တစ်ယောက်သောသူကတော့ အိပ်ငွေ့ချခံလိုက်ရပြီထင်တယ်။ *Yuri ပုခုံးကိုပုတ်လိုက်ပြီး* Moonbin အဆင်ပြေရဲ့လား?
Yuri မျက်တောင်ခပ်လိုက်တယ် အကုန်လုံးက မက်တပ်ရပ်နေတာကိုလည်းသတိထားမိလိုက်ကော သူ မြန်မြန်ထရပ်လိုက်တယ်။ သူ ကောင်မလေးနာမည်ကို အော်ပြီးအားပေးချင်ပေမယ့်လည်း သူ့ပါးစပ်ကနေ ဘာအသံမှထွက်မလာဘူးဖြစ်နေတယ်။ သူ whistle မှုတ်ဖို့တောင် လက်မမြှောက်နိုင်ဘူးဖြစ်နေတယ်။ သူ ဒီအတိုင်းရပ်ပြီး Seohyun က ဦးညွတ်အရိုအသေပေးပြီးဆင်းသွားတာကို ကြည့်နေလိုက်တယ်။
ပွဲလည်းပြီးသွားကော သူတို့ ၃ ယောက် ခန်းမထဲကနေ ထွက်လာခဲ့တယ်။ သူတို့ ၃ ယောက် ခန်းမအပေါက်ဝမှာ စောင့်နေကြတယ်။
Taeyeon - အကုန်လုံးက ဖျော်ဖြေမှုတွေကို သဘောကျကြတယ်ထင်တယ်။
Yoona - ဒီကျောင်းတော်ကြီးက အမြဲအံ့သြမှုတွေပေးတယ်။ အခုကောပဲ။ ဒီကကျောင်းသားတွေအကုန်လုံးက superstar တွေကျနေတာပဲ။
Taeyeon - ဟုတ်တယ်။ SM က ဒီကျောင်းမှ ဒီကျောင်းဖြစ်နေတာ အံ့သြစရာမရှိတော့ပါဘူး။ အခု ငါတို့ SM ကို သွားမှသွားနိုင်ပါ့မလားလို့ စိတ်ပူမိတယ်။ ဒီမှာ ငါတို့အတွက် ပြိုင်ဘက်တွေအများကြီးပဲ။
Yoona က ခေါင်းငြိမ့်လိုက်တယ်။ သူ ဝန်မခံချင်ပေမယ့် Taeyeon ပြောတာလည်းမှန်နေတယ်။ သူထင်ထားတာက သူသာ Jeguk Art High School ကို တက်ခဲ့ရင် SM ကို ဝင်ဖို့အခွင့်အရေးရမယ်ထင်ထားတာ။ ဒါပေမယ့် ဒီကျောင်းမှာက အရည်အချင်းရှိတဲ့ကျောင်းသားတွေအများကြီးရှိတယ်ဆိုတာကို သူမေ့နေတယ်လေ။
Yoona - ငါတို့ ဘယ်လိုလုပ်ကြမလဲ?
Taeyeon က ပြန်ပြောမလို့ပဲရှိသေးတယ် သူတို့ ၂ ယောက်နားကို ယောက်ျားကြီး ၂ ယောက် လျှောက်လာတယ်။ Taeyeon က Yoona ကို လှမ်းတို့လိုက်တယ်။
Man 1 – Excuse me, ဟို ASTRO လား မသိဘူး?
Taeyeon – Nae, ဟုတ်ပါတယ်။
Man 1 - မနေ့က မင်းတို့ performance ကို တွေ့လိုက်တယ်။ မင်းတို့ကို ငါတို့ သဘောကျတယ်။
Yoona – Thank you sir.
Taeyeon နဲ့ Yoona နဲ့က အူကြောင်ကြောင်နဲ့ကြည့်နေကြတယ်။
Man 2 – oh, mian. ငါတို့က လူဆိုးတွေမဟုတ်ပါဘူး။ စိတ်မပူပါနဲ့။
Taeyeon က ပြုံးပြလိုက်တယ်။ ပြီးတော့ အဲ့ထဲက လူတစ်ယောက်က သူ့ကဒ်ပေးတာကို ယူလိုက်တယ်။ ဒါပေမယ့် ကဒ်ကိုကြည့်ပြီး အံ့သြပြီးမျက်လုံးပြူးသွားတယ်။
Man 1 - ကျွန်တော်တို့က SM Entertainment ကပါ။
Taeyeon – SM? ဟို SM Entertainment ကြီးကိုပြောတာလား?
Man 1 - ဟုတ်ပါတယ်။ အဲ့ဒီ SM Entertainment ကပါ။ ငါတို့က နှစ်တိုင်း Jeguk Art High School ကို လာပြီး တော်တဲ့လူကိုလာရှာပါတယ်။ မနေ့က မင်းတို့ရဲ့ performance က ငါတို့ကို တော်တော်လေး impressed ဖြစ်စေတယ်။ မင်းက ဟို ကျောင်းသားခေါင်းဆောင်နဲ့ ၂ ယောက်တွဲဆိုတဲ့တစ်ယောက်မလား?
Taeyeon - ဟုတ်ပါတယ်။
Taeyeon က Yoona ရဲ့လက်ကို တင်းတင်းဆုတ်ကိုင်ထားတယ်။ သူပျော်လွန်းလို့အော်ချင်ပေမယ့် မနည်းထိန်းထားရတယ်။
Man 1 - ငါတို့ တကယ်သဘောကျတယ်။ Tiffany က ငါတို့ရဲ့ offer ကို ငြင်းလိုက်တာတော့ နှမျောဖို့ကောင်းတယ်။ ငါတို့ သူ့ကိုရဖို့အမြဲကြိုးစားကြည့်တယ် ဒါပေမယ့် အမြဲမအောင်မြင်ဘူး။ ဘာပဲဖြစ်ဖြစ် ငါတို့က မင်းတို့ကို SM ရဲ့ audition မှာ ဝင်ပြိုင်စေချင်တယ်။ စဉ်းစားကြည့်လိုက်ကြပါ။
Taeyeon နဲ့ Yoona က ခေါင်းငြိမ့်လိုက်တယ်။
Taeyeon – We will, sir. Thank you.
အဲ့ဒီ လူကြီး ၂ ယောက်လည်း လှည့်ထွက်သွားကော Taeyeon နဲ့ Yoona တို့ အော်ပြီးခုန်နေလိုက်ကြတယ်။
Taeyeon - နေအုံး Moonbin ကော?
Yoona - ငါက ငါတို့နဲ့အတူတူရှိနေတယ်ထင်တာ။ ဘယ်မှာပါလိမ့်?
Taeyeon - သူ အထဲမှာပဲရှိနေအုံးမယ်လို့ထင်လား?
Yoona – Maybe.

သူငယ်ချင်း ၂ ယောက်က လိုက်ရှာနေတုန်းမှာ Yuri တစ်ယောက် စင်နောက်ဘက်ထွက်ပေါက်မှာ Seohyun ကိုများ တွေ့မလားဆိုပြီးစောင့်နေတယ်။ ဒါပေမယ့် စောင့်နေတဲ့သူက သူတစ်ယောက်တည်းမဟုတ်ဘူး မိဘတွေကော တခြားကျောင်းသားတွေကောအပေါက်ဝနားမှာရှိတော့ သူ အထဲကို ကြည့်လို့မရဘူးဖြစ်နေတယ်။
အထဲကနေတစ်ယောက်နှစ်ယောက်ထွက်လာကြတယ်။ အပေါက်ဝကလူတွေကလည်း ထွက်လာတဲ့ သူတို့လူတွေကို ပန်းစည်းတွေပေးကြပြီး ချီးကျူးဂုဏ်ပြုနေကြတယ်။
နောက်တော့ Yuri က Seohyun ထွက်လာတာကို လှမ်းတွေ့လိုက်တယ်။ သူ Seohyun တွေ့အောင် လက်လှမ်းပြပေမယ့် ကောင်မလေးကတော့ သူ့ပရိတ်သတ်တွေဝိုင်းနေပြီး ပန်းစည်းတွေအများကြီးရနေတယ်။ သူ သူ့လက်ထဲကိုသူပြန်ကြည့်လိုက်တယ်။ လက်ထဲမှာ ဘာမှမရှိတော့ သက်ပြင်းချလိုက်ပြီး
Yuri - ဟူးးး ငါ ပန်းစည်းဖြစ်ဖြစ် တစ်ခုခုယူလာလိုက်ရမှာ။
သူ Seohyun တစ်ယောက် ပရိတ်သတ်တွေဆီကနေ လက်ဆောင်တွေရတာကိုကြည့်လိုက်ပြီး ထွက်သွားပြီး Taeyeon နဲ့ Yoona ကို ရှာဖို့ ဆုံးဖြတ်လိုက်တယ်။
Seohyun – Moonbin!
Yuri - *လှည့်ကြည့်လိုက်ပြီး* annyeong.
Seohyun - နင်လာသားပဲ။
Yuri - လာရမှာပေါ့။ ငါကသူငယ်ချင်းကောင်းပဲလေ။
Seohyun - အင်းလေ။ ဟုတ်သားပဲ။
Yuri က ပြုံးပြီး သူ့ရှေ့ကကောင်မလေးကိုကြည့်နေလိုက်တယ်။ ဒါဟာ သူ Seohyun ကို မျက်မှန်မပါပဲနဲ့ ပထမဆုံးအကြိမ်တွေ့ဖူးတာဖြစ်တယ်။
Yuri - နင်ဒီနေ့တော်တော်လေးလှတယ်။ ငါပြောတာက… နင်အမြဲလှနေပါတယ်… ဒါပေမယ့် ဒီနေ့ညက ဟိုလေ ပိုပြီးလှတာ။
Seohyun - *ပါးနှစ်ဖက်ရှက်သွေးဖြာသွားပြီး* gomawo. ငါက ငါနဲ့မလိုက်လောက်ဘူးထင်နေတာ။
Yuri - နင်နဲ့တကယ်လိုက်တယ်။ ဒါနဲ့ နင်လက်ဆောင်တွေအများကြီးရသားပဲ။
Seohyun က ရှက်ပြီးပြုံးလိုက်တယ်။ Yuri က Seohyun ကို စမလို့ပဲရှိသေးတယ် Seohyun ကို ကောင်လေးတစ်ယောက်က လှမ်းခေါ်လိုက်တယ်။
Seohyun – mian, ငါသွားရတော့မယ်။
Seohyun က Moonbin တစ်ယောက်မပြုံးပြခင်မှာ စိတ်ပျက်သွားတဲ့ပုံကိုသတိထားမိလိုက်တယ်။
Seohyun – Thanks for coming.
Yuri - ရပါတယ်။ နင်တကယ်ကြည့်လို့ကောင်းတယ်။ ငါပြောတာက နင့် performance ကိုပြောတာ။ တကယ်ကောင်းတယ်။
Seohyun က ခေါင်းငြိမ့်လိုက်ပြီး သူ့ပန်းစည်းတွေကိုင်ထားတဲ့ကြားထဲကနေ တာ့တာလှမ်းပြလိုက်တယ်။
Yuri က တာ့တာပြရင်း Seohyun လှည့်ထွက်သွားတာကို ကြည့်နေတယ်။ Seohyun ကိုလည်း မတွေ့တော့မှ သူ သက်ပြင်းချလိုက်တယ်။ သူ Taeyeon နဲ့ Yoona ကို သွားရှာမလို့ပဲရှိသေးတယ် basketball team ကို လှမ်းတွေ့လိုက်ပြီး အဲ့အုပ်စုနဲ့တူတူ ဂိမ်းကစားတဲ့နေရာကိုထွက်သွားကြတယ်။

အဲ့ဒီအချိန်မှာပဲ Taeyeon တစ်ယောက်ကတော့ ကျောင်းပန်းခြံထဲမှာလျှောက်သွားနေတယ်။ သူ Tiffany ကို တွေ့ချင်ပေမယ့် Tiffany တစ်ယောက် အလုပ်ရှုပ်နေမှာလေ။ သူ strawberry သီးကို chocolate သုတ်ထားတဲ့ ဆိုင်ရှေ့မှာရပ်လိုက်တယ်။ သူအဲ့ဆိုင်က ကျောင်းသားကိုပိုက်ဆံပေးဝယ်လိုက်ပြီး လမ်းဆက်လျှောက်သွားတယ်။
‘Taehyun!’
Taeyeon ရပ်လိုက်ပြီး လှမ်းကြည့်လိုက်တော့ Jiyeon သူ့ဆီလျှောက်လာတာကိုတွေ့လိုက်တယ်။
Taeyeon – Oh, hey Jiyeon.
Jiyeon - နင်တစ်ယောက်တည်းလား? သူငယ်ချင်းတွေကော?
Taeyeon - တစ်နေရာရာမှာ။ ဒါနဲ့ နင်ဒီနေ့သီချင်းဆိုသွားတာတော်တော်ကောင်းတယ်။ နင်အဲ့လိုဆိုတတ်တာ ငါ့ကိုလည်း မပြောဘူး။
Jiyeon - ငါက ရှက်လို့။ အဲ့ဒါဆို နင်ငါ့ performance ကို လာကြည့်တယ်ပေါ့။ ငါအရမ်းပျော်တာပဲ!!
Taeyeon က ပြန်ပြုံးပြလိုက်တယ်။ သူဘေးကိုလှမ်းကြည့်လိုက်တော့ သူ့ကောင်မလေးကို တွေ့လိုက်တယ်။
Taeyeon – Tiffany.
Jiyeon – Annyeonghasaeyo, Tiffany.
Tiffany က ကောင်မလေးကိုတစ်ချက်ကြည့်လိုက်ပြီး သူ့ကောင်လေးဘက်ကိုလှည့်လိုက်တယ်။
Tiffany - ငါက နင့်ကိုလိုက်ရှာနေတာ။
Jiyeon - နောက်မှတွေ့မယ် Taehyun.
Jiyeon က Tiffany ကို ခေါင်းနည်းနည်းညွတ်နှုတ်ဆက်လိုက်ပြီး ထွက်သွားတယ်။ Taeyeon က Jiyeon ကို ပြုံးပြလိုက်ပြီး Tiffany ဘက်ကို လှည့်လိုက်တယ်။
Taeyeon – ဒါဆို နင်က ငါ့ကို လိုက်ရှာနေတာပေါ့?
Tiffany – *လက်ပိုက်လိုက်ပြီး* ဒါပေမယ့် နင်က တခြားကောင်မလေးတစ်ယောက်နဲ့ အလုပ်ရှုပ်နေတယ်လေ။
Taeyeon - *သက်ပြင်းချလိုက်ပြီး* ငါတို့က လွန်ခဲ့တဲ့ ၃ ၄ မိနစ်လောက်ကမှ တွေ့တာပါ။
Tiffany က သူ့ကို မယုံသလိုကြည့်လိုက်တော့
Taeyeon - ငါအမှန်ပြောတာ။ နင်မယုံရင်တော့လည်းမတတ်နိုင်ဘူးလေ။
Taeyeon က ပြုံးဖြီးဖြီးနဲ့စလိုက်တော့ Tiffany က သူ့လက်ထဲက strawberry chocolate ကို ယူလိုက်တယ်။
Taeyeon – Hey! ဒါ ငါ့ရဲ့ strawberry choco!
Tiffany - *လျှာထုတ်ပြလိုက်ပြီး chocolate သုတ်ထားတဲ့ strawberry ကို စားလိုက်ပြီး* နင်က တခြားကောင်မလေးနဲ့ ကလူနေလို့။
Taeyeon - ငါက ကလူတယ်?
Tiffany က ခေါင်းငြိမ့်ပြီး စားနေတယ်။
Taeyeon - ငါ့ကောင်မလေးက အရမ်းအလုပ်ရှုပ်နေတယ်လေ။ သူက ငါ့ထက် သူ့အလုပ်ကိုပိုချစ်တယ်လေ။
Tiffany – Taehyun! *နှုတ်ခမ်းဆူသွားပြီး Tae ရဲ့ လက်မောင်းကို ဆိတ်လိုက်တယ်* mian. ငါက နင့်ကို လျစ်လျူရှု့တာမဟုတ်ပါဘူး။ ဒါပေမယ့် နင်လည်းသိတယ်မလား
Taeyeon က Tiffany ပုံကိုကြည့်ပြီး ရီလိုက်တယ်။
Taeyeon - ငါက စတာပါ။ ဒါက နင့်တာဝန်ဆိုတာလည်း ငါသိပါတယ်။
Tiffany က ပြုံးလိုက်ပြီး Taeyeon ကို သူ့လက်ထဲက strawberry choco ကို ပေးလိုက်တယ်။
Tiffany – my apology.
Taeyeon – that’s mine.
Tiffany – *ရီပြီး Tae ရဲ့ လက်မောင်းကိုတွဲလိုက်ပြီး* ငါတို့ တစ်ခုခုဆော့မလား?
Taeyeon - *ဟိုဟိုဒီဒီ ကြည့်လိုက်ပြီး* ငါ့အထင် game ကစားတာတွေက ပိတ်တော့မယ်။
Tiffany - ဟုတ်သားပဲ။
Taeyeon - ငါတို့ မနက်ဖြန်ကစားလို့ရတယ်လေ။
Tiffany - အင်း။ ဒါပေမယ့် ငါ့မှာ လုပ်စရာတွေရှိသေးတယ်။ အဲ့ဒါတွေပြီးရင်ကစားမလား? ၃ နာရီလောက်ပေါ့?
Taeyeon ခေါင်းငြိမ့်လိုက်တယ်။ သူတို့ ၂ ယောက် လမ်းဆက်လျှောက်သွားနေကြတယ်။

Taeyeon - ဒါနဲ့ နင် performance ရှိမရှိလည်း ငါ့ကို မပြောပြရသေးဘူး။
Tiffany - အဲ့ဒါက secret. ဒါမှမဟုတ် ငါတို့ထပ်လုပ်မလား။ ဒီတစ်ခါတော့ အက ကရအောင်။ ဘယ်လိုလဲ?
Taeyeon - အက?
Tiffany - *ခေါင်းငြိမ့်လိုက်ပြီး* နင့် စာမေးပွဲအတွက် အတူတူကတုန်းကလိုလေ။
Taeyeon - အဲ့ဒီအက? မဖြစ်ဘူး။ အဲ့ဒါဆိုရင် ငါက မိန်းကလေးဖြစ်သွားမှာ။ မဖြစ်ဘူး။ အဲ့ဒီအကတော့ မဖြစ်ဘူး။
Tiffany – wae? ငါကတော့ နင် dress နဲ့ဆိုရင် တော်တော်ကြည့်ကောင်းမယ်ထင်တယ်။ ငါ့ကိုကော suit နဲ့ မတွေ့ချင်ဘူးလား?
Taeyeon – suit?
Taeyeon တစ်ယောက် မျက်နှာဖုံးနဲ့လူအကြောင်းကို စဉ်းစားမိသွားတယ်။
Tiffany – Taeyeon
Tiffany က သူ့ဘေးနားက တိတ်ဆိတ်သွားတဲ့ Taeyeon ရဲ့ လက်မောင်းကို တို့လိုက်တယ်။ သူတို့ ၂ ယောက် ထမင်းစားဆောင်ဆီ လမ်းလျှောက်သွားနေကြတယ်။
Tiffany - ငါ suit နဲ့ဆိုရင် ကြည့်ကောင်းမယ်ထင်လား? စတိုင်လ်ကျမလား?
Taeyeon – *ရီလိုက်ပြီး* ani, ငါတော့မထင်ဘူး။ *Tiffany နှုတ်ခမ်းဆူသွားတာကိုကြည့်ပြီး ရီလိုက်တယ်* oh, ငါ နင့်ကို ပြောပြဖို့မေ့နေတယ်။ ငါဒီနေ့ဘယ်သူနဲ့တွေ့တယ်ထင်လဲ?
Tiffany - ဘယ်သူနဲ့လဲ?
Taeyeon - *ခေါင်းငြိမ့်ပြီး ပြုံးဖြီးသွားပြီး* SM!
Tiffany – Jinja? That’s great Taehyun!!
Tiffany က Taeyeon ကို ဖက်လိုက်တယ်။ Taeyeon က သူ့ကို ဘာလို့သူဒီကျောင်းကို ယောက်ျားလေးဟန်ဆောင်ပြီး ဝင်ရတာလဲဆိုတာကို ပြောပြထားတော့ Tiffany လည်း ဝမ်းသာသွားမိတယ်။
Tiffany - ငါ နင့်အတွက် အရမ်းဝမ်းသာတာပဲ။
Taeyeon - *Tiffany ကို ပြန်ဖက်လိုက်ပြီး* gomawo.
Tiffany က ဖက်ထားတာကို ဖယ်လိုက်ပြီး Taeyeon ကို နမ်းလိုက်တယ်။
Taeyeon – Tiffany!
Tiffany - ငါလည်း မတတ်နိုင်ဘူး။ နင်က အရမ်းချစ်စရာကောင်းတာကို။
Taeyeon က ခေါင်းခါလိုက်ပြီး ပြုံးလိုက်တယ်။
Tiffany - ငါတို့ ညစာစားရအောင်။ ဗိုက်ဆာနေပြီ။ ဟိုတစ်ခါကလို နင့်ကို ခွံ့ကျွေးချင်တယ်။
Taeyeon – No no.
------------------------------------------------------------------------------------------------------------------------

ပွဲတော် တတိယမြောက်နေ့
Yuri တစ်ယောက် လက်တွေမြှောက်ပြီး သီချင်းလိုကဆိုနေတာကို ကြည့်ပြီး Yoona တစ်ယောက် ရီနေတယ်။ သူတို့ ၃ ယောက် ဒီနေ့ ဖျော်ဖြေပွဲရဲ့ performance ကို ကြည့်နေကြတာလေ။ နောက် performance လုပ်မယ့်သူ တက်လာတာက Jessica ဖြစ်နေတယ်။
Jessica က piano ရှေ့မှာထိုင်လိုက်တယ်။
Yuri – Whoa!!
Yoona က Jessica piano တီးပြီး သီချင်းလည်းစဆိုကော လက်ခုပ်တီးလိုက်တယ်။ Jessica ပထမအပိုဒ်လည်း ဆိုပြီးကော miv stand ကနေ mic ကို ဖြုတ်ယူလိုက်ပြီး ရှေ့ကိုလျှောက်လာရင်းသီချင်းဆက်ဆိုနေလိုက်တယ်။
Jessica performance လည်းပြီးကော stage စင် အောက်ကိုမြန်မြန်ဆင်းလာပြီး တစ်ယောက်သောသူကို ရှာလိုက်တယ်။
Jessica – Hey!
Jessica အနောက်ကနေ လှမ်းလည်းခေါ်လိုက်ကော Yoona တစ်ယောက် လန့်သွားတယ်။
Yoona – Jessica, လန့်သွားတာပဲ
Jessica - ငါ stage ပေါ်မှာဘယ်လိုနေလဲ?
Yoona - *လက်မ နှစ်ဖက်ထောင်ပြလိုက်ပြီး* အရမ်းကောင်းတယ်။ နင် piano တီးတတ်လိမ့်မယ်လို့ တွေးတောင်မတွေးမိဘူး။ မိုက်တယ်။
Jessica - ငါက တစ်ယောက်သောသူကို အထင်ကြီးစေချင်လို့လေ။ *မျက်စိတစ်ဖက်မှိန်ပြပြီး ရီလိုက်တယ်။* ဘယ်လိုလဲ ငါ အဲ့ဒီလူကို အထင်ကြီးအောင်လုပ်လိုက်နိုင်တယ်ထင်လား?
Yoona - *မေးစေ့ကိုပွတ်လိုက်ပြီး* လုပ်နိုင်တယ်လို့ ငါတော့ထင်တယ်။
Jessica - သိရတာဝမ်းသာပါတယ်။ ငါတို့လျှောက်သွားရအောင်လား? နင်တစ်ယောက်တည်းထင်တယ်။
Yoona - သူတို့တွေက အလုပ်ရှုပ်နေတယ်လေ။ ငါလည်း လျှောက်သွားကြည့်ချင်နေတာ။
Jessica - ပြီးတော့ နင်က ငါနဲ့အတူတူသွားချင်တာမလား? အဲ့ဒါကြောင့် ငါ့ကို စောင့်နေတာမလား?
Yoona – Ani!! ငါက ဒီအတိုင်း စဉ်းစားနေတာ… ဒီမှာ… ဘယ်ကနေစရင်ကောင်းမလဲလို့…
Jessica - ကောင်းပါပြီ။ နင်က ဒီမှာ လမ်းပျောက်နေတာပါ။
Jessica က Yoona ရဲ့ ဆင်ခြေမှာရီချင်ပေမယ့် အောင့်ထားလိုက်တယ်။
Jessica - ငါတို့အချိန်ရသေးတယ်။ တခုခုသွားဆော့မလား?
Yoona က ခေါင်းငြိမ့်လိုက်တော့ Jessica က သူ့လက်ကိုဆွဲပြီး ဂိမ်းတွေရှိတဲ့အတန်းဆီကို ဆွဲခေါ်သွားတယ်။
------------------------------------------------------------------------------------------------------------------------

Boy – Tiffany-shi, ဝင်ခဲ့ပါ။ Hey, လမ်းဖယ်ပေးလိုက်ကြ။
Tiffany က သူ့အတွက် junior ကျောင်းသားတွေကလမ်းဖယ်ပေးတော့ ပြုံးလိုက်တယ်။
Taeyeon - ရပါတယ်။ ကျေးဇူးတင်ပေမယ့် မလိုပါဘူး။ *Tiffany လက်ကို ဆွဲပြီးတားလိုက်ပြီး* အားလုံးက တန်းစီနေကြတာ။ ငါတို့လည်း အဲ့ဒီအတိုင်းတန်းစီမယ်။
Taeyeon က အဲ့ဒီ junior ကျောင်းသားကို ပြောလိုက်တယ်။
Tiffany - ငါ မစောင့်…
Taeyeon - *စကားဖြတ်ပြောလိုက်တယ်* ရတယ် Tiffany-shi, ငါတို့စောင့်နိုင်တယ်။
Tiffany က သူ့လက်မောင်းကို ဆိတ်ဆွဲလိုက်တော့ ပွတ်လိုက်ပြီး
Taeyeon - နာတယ် သိရဲ့လား။
Tiffany - ငါ စောင့်ရတာမကြိုက်ဘူး။
Taeyeon လည်းရီလိုက်ကော Tiffany က သူတို့ကို ကြည့်နေတဲ့ တခြားကျောင်းသားတွေဘက်ကိုလှည့်ပြီး
Tiffany - ဘာလဲ?
Taeyeon – Tiffany. တကယ်ပဲ။ ငါတို့က ကစားဖို့လာတာ။ ရန်ဖြစ်ဖို့လာတာမဟုတ်ဘူးနော်။
Tiffany - *နှုတ်ခမ်းဆူလိုက်ပြီး* ဒါပေမယ့် ငါစောင့်ရတာမကြိုက်ဘူး။ *Tae လည်းရီလိုက်ကော* Taehyun. ငါက ဒီကိုပျော်ဖို့လာတယ်ထင်နေတာ။
Taeyeon – arrasso. mian. အဲ့ဒါဆို ငါတို့ပြန်မလား?
Tiffany – ani.
Taeyeon - အဲ့ဒါဆို ဆော့မလား?
Tiffany – ani. *Tae ရဲ့ အကြည့်ကိုရှောင်လိုက်တယ်။* ငါ မဆော့ချင်တော့ဘူး။
Taeyeon – *ဂုတ်ကိုပွတ်လိုက်ပြီး* ကဲ အဲ့ဒါဆို ဘာလုပ်ချင်လဲ?
Tiffany - ငါ ဟိုဟာလိုချင်တယ်။
Taeyeon က Tiffany လက်ညှိုးထိုးတဲ့နေရာကို ကြည့်လိုက်တယ်။ အဲ့ဒါက game ကစားတဲ့နေရာက ဆု။
Taeyeon – Unicorn? *Tiffany ဘက်လှည့်ပြီး* နင်က unicorn ကြိုက်တယ်?
Tiffany - အဲ့ဒါက ချစ်ဖို့ကောင်းတယ်လေ။ *Tae ကို game ကစားတဲ့ဆီကို ဆွဲခေါ်သွားပြီး* ငါ အဲ့ဒီ unicorn လိုချင်တယ်။
Tiffany ရဲ့ စိတ်အားထက်သန်နေတဲ့ပုံမှာ Taeyeon ရီလိုက်တယ်။ သူတစ်ခါ ဒီကျောင်းက အဆင့်တစ် ကျောင်းသားအားလုံးကြောက်ရတဲ့သူက unicorn ကို အရမ်းကြိုက်လိမ့်မယ်လို့ မစဉ်းစားဖူးဘူး။ သူ game ကစားတဲ့နေရာကသူကို ပိုက်ဆံပေးလိုက်ပြီး သေနက်ကိုယူလိုက်တယ်။
Taeyeon - အဲ့ဒီ unicorn ကို လိုချင်ရင် ဘယ်လိုလုပ်ရမလဲ?
Game keeper - မင်း ဘယ်နှစ်ခုပစ်နိုင်လဲဆိုတာပေါ်မူတည်တယ်။ အဲ့ဒါ အကုန်လုံးကို ပစ်နိုင်ရင် မင်း unicorn ရမယ်။
Taeyeon - လွယ်သားပဲ။
Game keeper - စက္ကန့် ၃၀ အတွင်းမှာ။ ပြီးတော့ ဒါက ပြိုင်ပွဲဆိုတော့ မင်းနဲ့တွဲကစားဖို့လူလိုတယ်။
Taeyeon - ပြိုင်ပွဲ?
အဲ့ဒီဆိုင်ကို နောက်လူတစ်ယောက်နဲ့ သူ့သမီးလေးရောက်လာတယ်။ သူတို့ကလည်း game ကစားတဲ့ဆီကသူကို ပိုက်ဆံပေးလိုက်တယ်။
Game keeper - တွဲကစားမယ့်သူရပြီပဲ။ ကဲ နေရာယူလိုက်ကြပါ။
သူတို့ ၂ ယောက်လုံးနေရာယူလိုက်ကြတယ်။ ကလေးမလေးက သူ့အဖေကို အားပေးနေတယ်။
Game keeper – Ready, set, Go!
Taeyeon က ပထမဆုံးတစ်ခုကို ပစ်တာထိလိုက်တယ်။ ဒါပေမယ့် ဒုတိယနဲ့တတိယတစ်ခုမှာလွဲသွားတယ်။
Tiffany – come on Taehyun!
Taeyeon က Tiffany အားပေးတာနဲ့ ပစ်တာ လက်တည့်လာတယ်။ Whistle မမှုတ်ခင်လေးမှာတင် နောက်ဆုံးတစ်ခုကိုပါထိလိုက်တယ်။
Tiffany – You did it!!
Taeyeon - ဒါပေါ့။
Taeyeon က သူ့ကို game keeper ပေးတဲ့ unicorn ကို Tiffany ကို ပေးလိုက်တယ်။ Tiffany က unicorn ကို အားရပါးရဖက်လိုက်တယ်။
Tiffany – gomawo Taehyun. လာ နောက်တစ်ခုသွားကစားရအောင်။
Taeyeon က Tiffany ပျော်နေတာကိုကြည့်ပြီးဝမ်းသာနေတယ်။ သူ လက်တွဲပြီးသွားတော့မလို့ပဲရှိသေးတယ် ဟိုကလေးမလေးရဲ့အသံကိုကြားလိုက်တယ်။
Girl - သမီး unicorn လိုချင်တယ်! Unicorn!
Man – mian, appa အဲ့ဒါမရလိုက်ဘူး။ တခြားအရုပ်ယူမလား? သမီးက Barbie ကြိုက်တယ်မလား? Appa က Barbie ရအောင်ယူပေးမယ်လေ။
Girl – ani, unicorn ပဲလိုချင်တယ်။
Taeyeon က သူ့ကောင်မလးကို ကြည့်လိုက်တယ်။ Tiffany က အရုပ်ကို တင်းတင်းဖက်ပြီး ခေါင်းခါလိုက်တယ်။
Taeyeon – Tiffany.
Tiffany က ခေါင်းခါပြီးလှည့်ထွက်သွားမလို့ပဲရှိသေးတယ် Taeyeon က လှမ်းဆွဲလိုက်တယ်။
Tiffany - ဒါပေမယ့် ဒါက နင့်ဆီကနေရတဲ့ပထမဆုံးလက်ဆောင်လေ။
Tiffany က သူ့လက်ထဲက unicorn ကို ကြည့်လိုက်တယ်။ Taeyeon က သူ့လက်ကိုတင်းတင်းဆုတ်လိုက်ပြီး ခေါင်းငြိမ့်ပြလိုက်တယ်။
Tiffany - ဒါပေမယ့်…
သူတို့ ၂ ယောက်လည်း အကြည့်ချင်းဆုံသွားကော Tiffany က သက်ပြင်းချလိုက်ပြီး မသွားချင်သွားချင်နဲ့ ကလေးမလေးဆီသွားလိုက်ပြီး
Tiffany - ဒါက နင့်အတွက်။
ကလေးမလေးက ပျော်သွားတာကိုကြည့်ပြီး Tiffany က ပြုံးလိုက်တယ်။ သူ့ခြေထောက်ကိုလည်း ကလေးမလေးက လှမ်းဖက်လိုက်တော့ အံ့သြသွားတယ်။
Girl – gomawo unnie!
Tiffany က ခေါင်းငြိမ့်လိုက်ပြီး ပိုပြုံးလိုက်တယ်။ ကလေးလေးက ဖက်ထားတာကို လွှတ်လိုက်ပြီး သူ့အဖေဆီ ပြန်သွားတယ်။ အဖေလုပ်တဲ့သူက သူတို့ ၂ ယောက်ကို ခေါင်းငုံ့ပြလိုက်ပြီး ထွက်သွားတယ်။
Taeyeon က Tiffany ဘေးနားမှာရပ်ပြီး အရုပ်ရလို့ပျော်နေတဲ့ကလေးလေးကို ကြည့်နေတယ်။ ပြီးတော့မှ Tiffany ရဲ့လက်ကို ကိုင်လိုက်ပြီး
Taeyeon – unnie, huh?
Tiffany က Taeyeon နဲ့ ပုခုံးချင်းတိုက်လိုက်ပြီး ပြုံးလိုက်တယ်။
Taeyeon - လာ။
Tiffany က Taeyeon သူ့ကို game ကစားတဲ့ဆီကိုပြန်ဆွဲခေါ်သွားတော့ ကြောင်သွားတယ်။ Taeyeon က အဲ့ဒီကလူကို ပိုက်ဆံပေးလိုက်ပြီး သူ သေနက်တစ်ခု Tiffany ကို သေနက်တစ်ခုပေးလိုက်တယ်။
Taeyeon - ကစားရအောင်။
Tiffany - *လက်ထဲကို ကြည့်လိုက်ပြီး* ငါ မကစားတတ်ဘူး။
Taeyeon - အဲ့ဒီခလုပ်ကိုနှိပ်ပြီး ပစ်လိုက်။
Whistle လည်းမှုတ်လိုက်ကော သူတို့ ၂ ယောက် စပစ်ကြတယ်။ Taeyeon က တစ်ချက်တစ်ချက် Tiffany ကို လှမ်းပြောပြောပြနေတယ်။ Taeyeon က အကုန်လုံးနီးပါးရလိုက်ပေမယ့် Tiffany ကတော့ ၂ ခုပဲထိတယ်။
Taeyeon - ငါ နိုင်တယ်!!
Game keeper – Your prize.
Taeyeon - *အရုပ်ကိုယူပြီး Tiffany ဘက်လှည့်လိုက်ပြီး* နင့်အတွက်။
Tiffany - *သူ့လက်ထဲက dolphin အရုပ်လေးကိုကြည့်လိုက်ပြီး* ငါ့အတွက်? *ပြုံးဖြီးဖြီးဖြစ်သွားပြီး* ချစ်စရာလေး။ ငါကြိုက်တယ်။
Taeyeon – Great.
သူတို့ ၂ ယောက် လက်ချင်းတွဲပြီး တခြား game ကစားတဲ့နေရာတွေ အစားအသောက်ဆိုင်တွေဆီကို လျှောက်သွားနေကြတယ်။ Tiffany က ရီလည်းရီလိုက်ကော
Taeyeon - ဘာက ရီရလို့လဲ?
Tiffany - *ခေါင်းခါလိုက်ပြီး* ငါတစ်ခါမှ ဒီပွဲတော်မှာ မပျော်ဖူးဘူး။ ငါ ကရတာကို ကြိုက်တယ် ဒါပေမယ့် တစ်ခါမှ game မကစားဖူးဘူး။ *Tae ဘက်ကို လှည့်လိုက်ပြီး* gomawo Taehyun.
Taeyeon - *ပြန်ပြုံးပြလိုက်ပြီး* ငါလည်း festival တွေ သိပ်မသွားဘူး။ ဒါပေမယ့် ဒီနေ့ကတော့ တကယ်ပျော်တယ်။ နေအုံး ဘယ်အချိန်ရှိပြီလဲ? *နာရီကြည့်လိုက်ပြီး* ငါတို့မြန်မြန်သွားရအောင်။ musical စတော့မယ်။
သူတို့ ၂ ယောက် ခန်းမဆောင်ဆီလျှောက်သွားကြတယ်။ ခန်းမထဲမှာ လူတွေအများကြီးပဲ။ Taeyeon တစ်ယောက် ဟိုဟိုဒီဒီကြည့်ပြီး သူ့သူငယ်ချင်းတွေကို ရှာလိုက်တယ်။ Yoona က သူ့ကို လက်လှမ်းပြလိုက်တော့ သူက Tiffany လက်ကိုဆွဲပြီး သူ့သူငယ်ချင်းတွေဆီလျှောက်သွားတယ်။ အဲ့ဒီထိုင်ခုံနေရာက စတိတ်စင်နဲ့ သိပ်မဝေးဘူး သူတို့ ၂ ယောက်အတွက်လည်း နေရာချန်ထားပေးကြတယ်။ အဲ့ဒီမှာ Seohyun, Yuri, Wooyoung, Yoona နဲ့ Jessica တို့ ရောက်နှင့်နေကြပြီ။
Tiffany က Jessica ဘေးမှာထိုင်လိုက်တယ်။ Taeyeon က Tiffany ဘေးမှာထိုင်လိုက်တယ်။
Jessica - *whisper to Tiff* နင်ပျော်နေတယ်ပေါ့။ *ပြုံးဖြီးဖြီးလုပ်လိုက်ပြီး* နင့်ကောင်လေးဆီကနေ လက်ဆောင်ရပြီးပြီလား?
Tiffany – shut up.
ခဏနေတော့ ခန်းမကြီး မှောက်ကျသွားပြီး စတိတ်စင်ပေါ်က ခန်းစီးလိုက်ကာပွင့်သွားတယ်။ ဒါက Taeyeon အတွက် ပထမဆုံးကြည့်ဖူးတဲ့ musical လေ။ ဇာတ်အိမ်ကတော့ သရုပ်ဆောင်ဖြစ်ချင်နေတဲ့ မြို့ပေါ်က ကောင်မလေးတစ်ယောက် အကြောင်းပေါ့။ အဲ့ဒီ ဇာတ်အိမ်လေးကသူတို့အဖြစ်နဲ့ဆင်တော့ Taeyeon တစ်ယောက် စိတ်ဝင်စားနေတာပေါ့။
သရုပ်ဆောင်တဲ့သူတွေကလည်း အရမ်းကို တော်ကြတယ်လေ။ တကယ့်သရုပ်ဆောင်တွေအတိုင်းလိုပဲ။ သူ့သူငယ်ချင်း basketball team က ကောင်လေးတွေလည်းတက်လာပြီး သီချင်းဆိုကြတော့ သူ အံ့သြသွားတယ်။ သူတို့တွေ သီချင်းဆိုဖူးတာ သူတစ်ခါမှ မတွေ့ဖူးဘူးလေ။
Performance ကို ကြည့်နေရင်းနဲ့ Tiffany တစ်ယောက် အားရပါးရရီလိုက်တယ်။ အခုတော့ သူ တစ်ခါမှ ဒီကျောင်းက musical ကို လာမကြည့်မိတာကို နောင်တရမိတယ်။ နှစ်တိုင်း Jessica တို့ Nichkhun တို့က တူတူကြည့်ဖို့ပြောပေမယ့် သူအမြဲတမ်းငြင်းနေခဲ့တယ်လေ။ အဲ့ဒီတုန်းက ဒီ ယောက်ျားလေးဟန်ဆောင်ထားတဲ့ ဆံပင်ရွှေအိုရောင်ကောင်လေး-ကောင်မလေးနဲ့ မတွေ့ဖူးသေးဘူးလေ။
Tiffany က Taeyeon ရဲ့လက်ကို ကိုင်လိုက်တယ်။ သူ့ကို Taeyeon လှမ်းကြည့်တာကို သိပေမယ့် သူ့အကြည့်က စတိတ်ကိုပဲကြည့်နေတယ်။ Taeyeon က သက်ပြင်းချလိုက်ပြီး Tiffany လက်ကို လွှတ်လိုက်ပြီး
Taeyeon - ငါ toilet သွားလိုက်အုံးမယ်။ ခဏနေပြန်လာခဲ့မယ်။

Toilet ထဲမှာ Taeyeon တစ်ယောက် လက်ဆေးနေတယ်။ သူ toilet ကနေ ထွက်လာပြီး ခန်းမဆီ လျှောက်သွားနေတုန်း ထွက်ပေါက်နားမှာ Gyuri ကိုတွေ့လိုက်တယ်။ သူ Gyuri ဆီလျှောက်သွားတယ်။
Taeyeon - ငါတို့ ခဏလောက်စကားပြောလို့ရမလား?
Gyuri က သူ့ ph ကိုကြည့်နေရာကနေ လှည့်ကြည့်လိုက်ပြီး ph ကို အင်္ကျီအိတ်ကပ်ထဲထည့်ပြီး ခေါင်းငြိမ့်လိုက်တယ်။ သူတို့ ၂ ယောက် ထောင့်တစ်နေရာကို လျှောက်သွားကြတယ်။ Gyuri က သိနေတယ်လေ Taehyun သူ့ကိုစကားပြောချင်နေတယ်ဆိုတာကို
Gyuri - နင်ငါ့ကို ခြိမ်းခြောက်ဖို့စဉ်းစားနေတယ်ဆိုရင်…
Taeyeon က ရုတ်တရက်လှည့်လိုက်ပြီး ခါးညွတ်လိုက်တယ်။
Gyuri - နင်ဘာလုပ်နေတာလဲ?
Taeyeon - ငါတို့ကို ကူညီပေးပါ။ *ခေါင်းပြန်မော့လိုက်ပြီး* နင်ဘယ်လိုတွေးလဲဆိုတာ ငါသိပါတယ်။ ဒါပေမယ့် ငါတို့ ဒီနေရာထိရောက်ဖို့ မနည်းကြိုးစားခဲ့ရတာ။ သီချင်းဆိုဖို့က ငါတို့ရဲ့အိမ်မက်။ ငါ ဘာလို့လဲဆိုတာကိုတော့ မရှင်းပြနိုင်ပေမယ့် ငါတို့ကို အခွင့်အရေးပေးပါ။
Gyuri - *Taehyun ကိုကြည့်လိုက်ပြီး* လူတွေကိုလိမ်ညာပြီးတော့လား?
Gyuri လှည့်ထွက်သွားမလို့ပဲရှိသေးတယ်
Taeyeon - ခဏ။ *Gyuri လည်းရပ်သွားကော* Tiffany က ဒီကိစ္စနဲ့ဘာမှမဆိုင်ပါဘူး။
Gyuri က ဘာမှပြန်မပြောပဲလျှောက်သွားတာကိုပဲကြည့်နေလိုက်ပြီး
Taeyeon *ငါဘယ်လိုလုပ်ရမလဲ? သူ့ကြည့်ရတာ ငါတို့ကို ကူညီမယ့်ပုံလည်းမပေါ်ဘူး။*
Taeyeon တစ်ယောက် Tiffany အတွက် စိတ်ပူနေမိတယ်။

‘Taehyun, နင်ဒီရောက်နေတာပဲ။ နင်ဒီမှာ ဘာလုပ်နေတာလဲ?’
Taeyeon လှည့်ကြည့်လိုက်တော့ သူ့ကောင်မလေး သူ့ဆီလျှောက်လာတာကို တွေ့လိုက်တယ်။ သူ ပြုံးပြလိုက်ပြီး
Taeyeon - ဒီအတိုင်း အိပ်ချင်လို့ပါ။ ဘာလို့ဒီကိုရောက်နေတာလဲ? နင်လည်း toilet သွားမလို့လား?
Tiffany – *ခေါင်းခါလိုက်ပြီး Tae ရဲ့လက်မောင်းကို ကိုင်လိုက်တယ်* ငါက နင်ပြန်မလာလို့ စိတ်ပူသွားလို့။ *ရီလိုက်ပြီး* ဘာပဲဖြစ်ဖြစ် နင်ဒီမှာတော့ အိပ်လို့မဖြစ်ဘူးလေ။ နင်နားချင်တယ်ဆိုရင် ငါတို့ပြန်ကြမယ်လေ။
Taeyeon – ani. ငါ အဆင်ပြေသွားပါပြီ။ လာ အထဲပြန်ဝင်ရအောင်။
Tiffany - နင် နားချင်ရင် ငါ့ပုခုံးပေါ်မှာနားလို့ရတယ်။ ဒါမှမဟုတ် ငါ့ပေါင်ပေါ်မှာပေါ့။
Taeyeon – ani. အဲ့ဒါက ရှက်စရာကြီး။ *Tiffany လည်း နှုတ်ခမ်းဆူလိုက်ကော* ဒါပေမယ့် နင့် ပုခုံးပေါ်မှာ နားဖို့ကတော့ မဆိုးပါဘူး။
Tiffany တစ်ယောက် ပြုံးသွားတယ်။
------------------------------------------------------------------------------------------------------------------------

ပွဲတော်နောက်ဆုံးနေ့
Taeyeon, Yuri, Yoona နဲ့ Seohyun တို့က ခန်းမထဲမှာ နောက်ဆုံး performance ကို ကြည့်ဖို့စောင့်နေကြတယ်။ Jessica နဲ့ Wooyoung နဲ့ စတိတ်စင်ပေါ်တက်လာပြီး
Wooyoung – wow တကယ့်ကိုကောင်းတဲ့ performance ပါပဲ။
Jessica - ဟုတ်တယ်။ တကယ့်ကိုကောင်းတယ်။ ငါတို့မရောက်စေချင်သေးပေမယ့် အခုကတော့ နောက်ဆုံး performance ကို ရောက်လို့လာပါပြီ။
Wooyoung - ဟုတ်တယ်။ ဒါပေမယ့် ဒီနောက်ဆုံး performance ကိုတော့ အားလုံး မစောင့်နိုင်ကြတော့ဘူး ထင်တယ်။ *ပရိတ်သတ်တွေအော်နေကြတယ်* အားလုံးပဲ Jeguk Art High School ရဲ့ King နဲ့ Queen ကို လက်ခုပ်တီးပြီး ကြိုဆိုလိုက်ကြရအောင်!
အားလုံးရဲ့အော်ဟစ်အားပေးသံတွေကြောင့် Taeyeon တစ်ယောက် နားပိတ်လိုက်မိတယ်။
သီချင်းသံလည်းထွက်လာကော Tiffany က အနက်ရောင် suit ဝတ်ထားပြီး mic ကိုင်ပြီး စတိတ်ပေါ်တက်သွားတယ်။ သူ့နောက်မှာ အဖြူရောင် suit ဝတ်ထားတဲ့ ကောင်မလေး ၄ ယောက်ပါလာတယ်။ မျက်နှာချင်းဆိုင်ဘက်ကနေ Nichkhun က အဖြူရောင် suit ဝတ်ထားပြီး သူ့အနောက်မှာ အနက်ရောင် suit ဝတ်ထားကောင်လေး ၄ ယောက်နဲ့အတူတူ စတိတ်ပေါ်တက်လာတယ်။
အားလုံးက လက်ခုပ်တီးပြီး အားပေးနေကြတယ်။ Taeyeon လည်း အပါအဝင်ပေါ့။
သူတို့ ၂ ယောက် ကပြီး သီချင်းဆိုနေကြတယ်။ သူတို့ဆိုတဲ့ ‘Welcome to Hollywood’ သီချင်းနဲ့ ကကွက်တွေဟာ ပရိတ်သတ်တွေကို အံ့သြသွားစေတယ်။ အမြဲတမ်းဆိုသလို သူတို့အတွဲက ပရိတ်သတ်တွေကို အမြဲအံ့သြမှုတွေပေးနေတယ်။
Yuri - ငါအထင်တော့ မင်းသူ့ကို ဒီတစ်ခုမှာတော့အနိုင်မရနိုင်ဘူးထင်တယ်။ အကကိုပြောတာ။
Taeyeon rolled her eyes. Taeyeon တစ်ယောက် ဝန်မခံချင်ပေမယ့်လည်း Yuri ပြောတာမှန်နေတယ်။ သူတို့ ၂ ယောက်က တကယ့်ကို perfect ဖြစ်တဲ့အတွဲပဲလေ။ သူတို့ကတာ အရမ်းကို ကောင်းတယ်။ Taeyeon တစ်ယောက် လက်ခုပ်တွေတီးပြီး အားပေးနေတယ်။
သူတို့ performance ပြီးသွားတဲ့အထိ Taeyeon ရဲ့အကြည့်တွေဟာ သူ့ကောင်မလေးဆီမှာပဲရှိနေတယ်။ Tiffany က ကျေကျေနပ်နပ်ကြီးပြုံးပြီး ဦးညွတ်နှုတ်ဆက်လိုက်တယ်။ သူ Tiffany က ရတာကို ကြိုက်နှစ်သက်တာကို ခံစားမိလိုက်တယ်။
Jessica နဲ့ Wooyoung က အပိတ်စကားပြောဖို့ စင်ပေါ်တက်လာကြတယ်။
Tiffany စင်အနောက်ဖက်ကိုသွားတာလည်းတွေ့ကော Taeyeon တစ်ယောက် သူ့သူငယ်ချင်းနောက်ပြောင်တဲ့ အကြည့်တွေကို လျစ်လျူရှု့ပြီး လူအုပ်ကြားထဲကနေထွက်သွားတယ်။

Tiffany က သူ့အပေါ် coat ကို ချွတ်ပြီး ထိုင်ခုံပေါ်တင်လိုက်တယ်။ သူ Taeyeon အပေါက်ဝမှာ သူ့ကို ရပ်စောင့်နေတာလည်းတွေ့ကော ပြုံးလိုက်တယ်။ သူ Tae နား သွားလိုက်ပြီး
Tiffany – Hey.
Taeyeon – Hey. *Tiffany ဝတ်ထားတာကို ကြည့်လိုက်ပြီး* ငါ နင့်ကို suit နဲ့ ကြည့်ကောင်းလိမ့်မယ်လို့ ထင်မထားဘူး။
Tiffany - ငါကတော့ နင်သိနေမယ်လို့ထင်ပြီးသားပါ။ *မျက်စိတစ်ဖက်မှိတ်ပြလိုက်တယ်*
Taeyeon - နင်တကယ်တော်တယ်။ performance က တကယ် မိုက်တယ်။
Tiffany – *Tae နှုတ်ခမ်းလေးကို နမ်းလိုက်ပြီး* gomawo. သွားရအောင်။ ခဏနေရင်စတော့မှာ။
Tiffany က Taeyeon ကို ဆွဲပြီးပြေးသွားတယ်။ ခဏနေတော့ သူတို့ မိုးရွာတုန်းက နမ်းခဲ့တဲ့ သစ်ပင်ကြီးတစ်ပင် အောက်မှာ ရပ်လိုက်တယ်။ ခဏနေတော့ သူတို့ရဲ့ နောက်ဆုံးအစီအစဉ်စလာတယ်။
Taeyeon က ကောင်းကင်ပေါ်က တောက်ပနေတဲ့ မီးပန်းတွေကိုကြည့်နေတယ်
Taeyeon - လှလိုက်တာ။
Tiffany - ဟုတ်တယ်။
Tiffany က လက်ကိုတွဲထားလိုက်ပြီး ပြုံးနေတယ်။ ဒါကတော့ သူ့အတွက် အမှတ်တရအဖြစ်ဆုံး ပွဲတော်နေ့ကလေးပဲ။ သူ့အတွက် ပထမဆုံးနဲ့ နောက်ဆုံး။
သတ္တိမွေးလိုက်ပြီး Taeyeon က စကားတစ်ခွန်းကိုပြောလိုက်တယ်။
Taeyeon – Saranghae.
Tiffany ရင်တွေခုန်သွားတယ်။ သူ Taeyeon ဘက်ကို လှည့်ကြည့်လိုက်ပြီး ပြုံးလိုက်တယ်။ Taeyeon ကလည်း သူ့ကို နွေးထွေးတဲ့အပြုံးလေးပြန်ပြုံးပြလိုက်တယ်။ Tiffany က Taeyeon နဲ့ လက်တွဲဖြုတ်လိုက်ပြီး Taeyeon ရဲ့ ပါးနှစ်ဖက်ကို ကိုင်လိုက်တယ်။ သူ့ပါးလေးကို လက်ကလေးနဲ့ပွတ်လိုက်ပြီး အနားကပ်သွားတယ်။



Tiffany က ထမင်းစားဆောင်ရှေ့မှာ ရပ်ပြီး Taeyeon ကို စောင့်နေတယ်။ Taeyeon က toilet ထဲမှာလေ။ နောက်တော့ သူ ph ကို ထုတ်လိုက်တယ်။
‘Tiffany’
Tiffany က သူ့နာမည်ခေါ်သံကြားလိုက်တော့ ကြည့်လိုက်တယ်။ သူ့ရှေ့မှာရပ်နေတဲ့ Jiyeon ကို တွေ့ပြီး နားမလည်သလိုကြည့်လိုက်တယ်။ ပြီးတော့ သူ့ ph ကိုပဲ ပြန်ကြည့်နေလိုက်တယ်။
Jiyeon – Taehyun ကော ဘယ်မှာလဲ? အထဲမှာလား?
Tiffany စိတ်ရှုပ်လာပြီး ph သုံးနေတာကို ရပ်လိုက်တယ်။
Tiffany - နင်ဘာလိုချင်တာလဲ?
Jiyeon - ငါနင့်ကို Taehyun နဲ့ လမ်းခွဲစေချင်တယ်။
Tiffany - နင်ဘာပြောတယ်?
Jiyeon - နင်သေချာကြားလိုက်ပါတယ်။
Tiffany က လက်သီးတင်းတင်းဆုတ်ထားတယ်။ ဒါပေမယ့် ကောင်မလေးက သူ့ကို ဓာတ်ပုံတစ်ပုံလည်း ပြလိုက်ကော သူအံ့သြပြီး မျက်လုံးပြူးသွားတယ်။

>Tiffany တွေ့လိုက်တဲ့ပုံက ဘာပုံဖြစ်မယ်ထင်လဲ?
> အပျော်တွေကြီးပဲဆိုတော့ drama လေး စလိုက်တော့မယ်နော် 😉😉

Song For YouWhere stories live. Discover now