Chapter - 23

1.9K 137 6
                                    

#Song_for_you #Ep23



Yuri - အသက်ကို မှန်မှန်ရှူ။ စိတ်မပူနဲ့။ မင်းလုပ်နိုင်ပါတယ်။


Yuri အသက်ပြင်းပြင်းရှူလိုက်ပြီး အဆင်သင့်ပြင်လိုက်တယ်။ သူက အခု တံခါးရှေ့မှာ ရပ်နေတာလေ။ Seohyun ရဲ့ အခန်းတံခါးရှေ့မှာ။ သူတို့ identity အမှန်ကို ထုတ်ဖော်ပြောပြီးတာ အခုဆို တစ်ပတ်တောင်ရှိပြီလေ။ ပြီးတော့ အခု သူတို့က မိန်းကလေးဆောင်မှာပြောင်းနေနေကြပြီ။


Yuri - ဘာမှ မကြောက်နဲ့။ ဘာမှလည်း စိတ်မပူနဲ့။ မင်းကောင်းကောင်း handle လုပ်နိုင်ပါတယ်။


သူကိုယ်သူ အားပေးလိုက်ပြီး လက်ထဲက ဗူးလေးကိုကြည့်လိုက်တယ်။ ပြီးတော့ တံခါးခေါက်လိုက်တယ်။


Yuri - သူက မိန်းကလေးပဲလေ။ ဘာများလုပ်နိုင်...


တံခါးပွင့်သွားတယ်။


Girl - ဘာကူညီပေးရပါလဲ?


သူတွေးထားတာက Seohyun တံခါးဖွင့်လိုက်ရင် သူ ရှေ့မှာ ဒူးထောက်ပြီး ဗူးလေးကိုပြလိုက်မယ်ပေါ့။ တကယ့်ကို ကောင်းတဲ့အကြံလေ။ ဒါပေမယ့် သူ တစ်ခုကိုမေ့သွားတယ်။ အခန်းတစ်ခန်းမှာ ကျောင်းသူ ၂ ယောက် နေတယ်ဆိုတာကို။ အခုတော့ သူတစ်ခါမှမတွေ့ဘူးတဲ့ကောင်မလေးကရှေ့မှာရပ်နေတယ်။ အဲ့ဒီကောင်မလေးက သူ့အတွက် Shrek ကားထဲက Fiona နဲ့တူနေတယ်။


Girl - annyeong, ငါပြောတာကြားရဲ့လား?


Yuri - *တိုးတိုးရေရွတ်လိုက်တယ်* wow, Fiona က Korea စကား ပြောတတ်တယ်တော့။ Korean version ရှိတာကို ငါလည်း မသိလိုက်ပါလား။ ရေလည်မိုက်တယ်။

🤔
Girl - Fiona ဆိုတာ ဘယ်သူလဲ? ငါ့အထင် နင်အခန်းမှားနေတယ်ထင်တယ်။ ငါက Fiona မဟုတ်ဘူး။ ပြီးတော့ နင်တွေ့တဲ့အတိုင်းပဲ ငါက Korean အဲ့ဒီတော့ ငါက Korea စကားပြောတတ်တယ်။


အဲ့ဒီကောင်မလေးက တံခါးပိတ်မလို့ပဲရှိသေးတယ်။


Yuri - နေအုံး။ ငါတောင်းပန်ပါတယ်။ ငါ စောစောကမှ အိပ်ယာနိုးတာဆိုတော့ ငါ့ဦးနှောက်က ကောင်းကောင်း အလုပ်မလုပ်သေးဘူး။ ပြီးတော့ သေချာပါတယ်။ ငါအခန်းမမှားဘူး။ ငါက Seohyun ကို တွေ့ဖို့လာတာ။ သူ အထဲမှာရှိလား? သူ့ကိုပြောလိုက်ပါ Moonbin က တွေ့ချင်လို့လို့။

Song For YouWhere stories live. Discover now