Chapter - 13

2.2K 139 8
                                    

Gyuri - *smirks* ဘာကြောက်နေတာလဲ Tiffany?

Yuri - သူက အဲ့ကောင်ကို Tiffany လို့ပြောလိုက်တာလား?
Yoona - ဘာတွေဖြစ်နေတာလဲ?
Taeyeon ကတော့ အံ့သြပြီး ဘာမှမပြောနိုင်ပဲဖြစ်နေတယ်။

မျက်နှာဖုံးနဲ့ကောင်လေးက ပြုံးလိုက်ပြီး Gyrui နားလျှောက်သွားလိုက်ပြီး
Black mask guy - လုပ်လိုက်လေ။

Taeyeon တစ်ယောက် Gyuri ကိုကြည့်လိုက် မျက်နှာဖုံးနဲ့ကောင်လေးကို ကြည့်လိုက်နဲ့ ဖြစ်နေတယ်။ နောက် သူ့အကြည့်တွေဆီက မျက်နှာဖုံးနဲ့ကောင်လေးဆီမှာပဲ ရှိနေလိုက်တယ်။ အဲ့ကောင်လေးက တစ်ကယ်ပဲ Tiffany များလား? အဲ့ဒါသာမှန်တယ်ဆိုရင်တော့ သူ့အဲ့ကောင်လေးကို စိတ်ဝင်စားနေမိတာ ဖြစ်နိုင်တယ်လို့ တွေးမိလိုက်တယ်။ ဒါပေမယ့် ခဏတာအတွင်းမှာ သူ့ရဲ့အဲ့အတွေးတွေ ပျောက်ကွယ်သွားတယ်။
‘ဒီမှာ ကျောင်းသားခေါင်းဆောင်အစည်းအဝေးဘာလို့လုပ်နေလဲဆိုတာကို တစ်ယောက်လောက် ရှင်းပြပါလား?’
အကုန်လုံး အသံကြားရာကို လှည့်ကြည့်လိုက်ပြီး အံ့သြသွားတယ်။
Taeyeon – Tiffany?
Taeyeon တစ်ယောက် Tiffany နဲ့ Jessica နဲ့ ကျောင်းသားခေါင်းဆောင် အဖွဲ့ဝင်တွေဆီ လျှောက်သွားတာကို တွေ့ပြီး အံ့သြသွားတယ်။ သူ့ခေါင်းထဲမှာလည်း အရမ်းကို ရှုပ်ထွေးကုန်တယ်။

Tiffany – stop staring at me, it’s creepy.
Tiffany က ကျောင်းသားခေါင်းဆောင်အဖွဲ့ဝင်တွေကို ပြောလိုက်တယ်။
Tiffany - ငါတို့ ဒီမှာ ဘာလို့ တွေ့ဆုံဖို့လုပ်ရတာလဲဆိုတာကို တစ်ယောက်လောက် ရှင်းပြပေးလို့ရမလား?
Jessica - ငါတို့ ဒီမှာ party လုပ်မလို့လား? I love it!!
Gyuri - မဖြစ်နိုင်လိုက်တာ…
Gyuri က မျက်နှာဖုံးအနက်နဲ့သူကိုကြည့်တယ် ပြီးတော့ Tiffany ကို ကြည့်လိုက်ပြီး
Gyuri - နင်က… နင်က သူမဟုတ်ဘူး?
Jessica - *ရီလိုက်ပြီး* shut up. *Tiffany ဘက်လှည့်လိုက်ပြီး* တကယ်? ဘာလို့ ငါ့ကိုမပြောပြတာလဲ? ဘယ်တုန်းကတည်းကလည်း? ငါကြည့်လို့ရမလား?
Tiffany က Jessica ကို မျက်စောင်းထိုးလိုက်ပြီး Gyuri ကို ကြည့်လိုက်တယ်။
Tiffany - နင် မျက်စိကန်းနေတာတော့မဟုတ်ပါဘူးနော်? သူက ယောက်ျားလေးလေ။ ဘာလို့ ငါလို့ထင်နေရတာလဲ?
Nichkhun – Tiffany က ဒီမှာ ရှိနေတယ်ဆိုရင်…
အကုန်လုံးက မျက်နှာဖုံးနဲ့သူကို ကြည့်လိုက်တယ်။ အဲ့ကောင်လေးလည်း သူ့မျက်နှာဖုံးကို ဖယ်လိုက်တယ်။ Gyuri တစ်ယောက် မျက်နှာဖုံးအောက်မှာ ကောင်လေးဖြစ်နေတာကို တွေ့ပြီး အံ့သြသွားတယ်။ သူ့ရဲ့ ကျောင်းသားခေါင်းဆောင်အဖွဲ့ဝင်တွေဘက်ကို လှည့်လိုက်ပြီး
Boy (ကျောင်းသာားခေါင်းဆောင်အဖွဲ့ဝင်) - နင်ပြောတော့ Tiffany ဆို!! ငါတို့ကို လာနောက်နေတာလား?!
Wooyoung - ဒါပေမယ့်… ငါတွေ့လိုက်တယ်…
Gyuri – Shut up!! *အံ့ကြိတ်နေပြီး* နင်တို့တွေ မနက်ဖြန်ကျရင် detention ရှိတယ်။ ပြီးတော့် ပွဲတော်မှာ ဝင်ပါခွင့်မရှိတော့ဘူး။
Gyuri တစ်ယောက် ကောင်လေးတွေကိုပြောပြီး လှည့်ထွက်သွားတယ်။ သူအလှည့်မှာ Tiffany နဲ့ မျက်လုံးချင်း ဆုံမိတယ်။ Tiffany က သူ့ကို ရိသဲ့သဲ့ပြုံးပြလိုက်တယ်။ Gyuri လည်း အံ့ကြိတ် လက်သီးဆုတ်ပြီး သူ့ကားဆီ ထွက်သွားတယ်။
Jinwoon - *ချောင်းဟန့်လိုက်ပြီး* ကဲ ကလေးတွေ ပွဲပြီးသွားပြီ။ ငါတို့ ပြန်ကြမယ်။
Jessica - သမီးခဏလောက်နေလို့မရဘူးလား?
Jinwoon က ခေါင်းခါပြလိုက်တော့ Jessica က နှုတ်ခမ်းဆူလိုက်တယ်။ Jinwoon က မျက်နှာဖုံးနဲ့ ကောင်လေးဆီ လျှောက်သွားပြီး
Jinwoon - အနှောက်အယှက်ပေးမိလို့ တောင်းပန်ပါတယ်။ *ကျောင်းသားတွေဘက်လှည့်ပြီး* သွားစို့။

Taeyeon တစ်ယောက်ကတော့ သူ့နေရာမှာပဲ ကျောက်ရုပ်လိုဖြစ်နေတယ်။ သူ့မျက်ဝန်းတွေက ကောင်လေးဆီကနေ မဖယ်နိုင်ဖြစ်နေတယ်။ အခုတော့ သူ အဲ့ကောင်လေးရဲ့မျက်နှာကို မြင်တွေ့ခွင့် ရလိုက်ပြီ။ သူက တကယ်ပဲ ကောင်လေးဖြစ်နေတယ်။ ကြည့်ကောင်းပြီး စတိုင်လ်ကျတဲ့ ကောင်လေး။ ကောင်လေးက Jinwoon တို့ အုပ်စုကိုပြုံးပြပြီး မျက်နှာဖုံးပြန်တပ်လိုက်တယ်။
Taeyeon *သူက Tiffany မဟုတ်ဘူး…*
အဲ့ဒီအဖြစ်မှန်က Taeyeon ကို စိတ်ရှုပ်သွားစေပြီးတော့…. စိတ်လည်းပျက်သွားတယ်။
Yuri - သူက Tiffany မဟုတ်ဘူး။ ငါက Tiffany ကိုတွေ့ရမယ်လို့ပဲထင်နေတာ။ အဲ့ဒါဆို တော်တော် အံ့သြဖို့ ကောင်းမှာပဲ။ မဟုတ်ဘူးလား?
Yoona - *rolled her eyes* အဲ့ဒါမဖြစ်နိုင်ပါဘူး။ *Taeyeon ငြိမ်နေတာကိုလည်း သတိထားမိတော့* Taeyeon.
Yoona က တံတောင်နဲ့တွတ်လိုက်တော့ Taeyeon လည်း သူ့ကိုကြည့်လိုက်တယ်။ စကားပြောမလို့ပဲ ရှိသေးတယ် Tiffany ကို သတိထားမိလိုက်တယ်။ သူ့ဦးနှောက်က လှည့်ပြီးထွက်သွားဖို့ ပြောနေပေမယ့် ခန္ဓာကိုယ်က မရွေ့ဘူးဖြစ်နေတယ်။ ဒါဟာဆိုရင် သူ့နဂိုပုံစံနဲ့ Tiffany ကို ပထမဆုံးအကြိမ်တွေ့ဖူးတာပဲ။ Tiffany က သူ့ကို လှမ်းကြည့်နေတယ်။ Taehyun အနေနဲ့ မဟုတ်ပဲ Taeyeon. Taeyeon လည်း သူ့ကိုယ်သူ Taeyeon အနေနဲ့ ရှိနေတာကို ပြန်သတိရသွားတယ်။ သူ မြန်မြန် တခြားဘက်ကို လှည့်လိုက်တယ်။ သူ့ကို Tiffany က မှတ်မိနေမှာစိုးလို့။ သူ Yuri နဲ့ Yoona လက်ကိုဆွဲပြီး Yuri ရဲ့ ကားဆီကို ပြေးသွားတယ်။
Yoona – Wait!
Yoona က သူ့ ph ပြုတ်ကျသွားလို့ ရပ်လိုက်တယ်။ ပြီးတော့ ကုန်းပြီး ph ကို ကောက်မလို့ပဲ ရှိသေးတယ်။ နောက်လက်တစ်ခုက လှမ်းယူလိုက်တာကို တွေ့လိုက်တယ်။
Jessica - ရော့
Yoona က Jessica သူ့ကို ကြည့်နေတာကိုတွေ့ပြီး မျက်လုံးပြူးသွားတယ်
Yoona – go..gomawo.
သူ့ ph ကို Jessica ဆီကနေ ယူပြီး လှည့်ထွက်သွားမလို့ပဲ ရှိသေးတယ်
Jessica - ခဏ
Jessica က Yoona ရဲ့ လက်ကို လှမ်းဆွဲလိုက်ပြီး သေချာကြည့်လိုက်တယ်။ Jessica က သူ့နားကို ကပ်လာတော့ Yoona တစ်ယောက် အသက်ရှူဖို့တောင်မေ့သွားတယ်။
Yoona *ကျေးဇူးပြုပြီး ငါ့ကို မမှတ်မိပါစေနဲ့…*
Yoona တစ်ယောက် မျက်လုံးချင်းမဆုံမိအောင် အကြည့်ကို ရှောင်နေတယ်။ Jessica က Yoona ကို ကြည့်ရင်းနဲ့ ပြုံးလိုက်တယ်။ သူ့နောက်လက်တစ်ဖက်နဲ့ Yoona ရဲ့ နောက်လက်တစ်ဖက်ကို ကိုင်လိုက်ပြီး
Jessica – Be careful.
Yoona လည်း လှည့်ထွက်လာပြီး Taeyeon နဲ့ Yuri ဆီ ပြေးသွားတယ်။
Yoona - သွားရအောင်။
သူတို့ ၃ ယောက် ကားထဲလည်း ဝင်ပြီးကော
Yuri - သူ နင့်ကို မှတ်မိလား?
Yoona - မမှတ်မိဖို့ မျှော်လင့်တာပဲ။
Yoona လည်း သူ့ကို မှတ်မိလား မမှတ်မိလားဆိုတာကို သူ သေချာမသိဘူး။ သူကတော့ Jessica သူ့ကို မမှတ်မိဖို့ မျှော်လင့်နေမိတယ်။ ဒါပေမယ့် သူ့နဂိုပုံစံအတိုင်း Jessica နဲ့ တွေ့ခွင့်ရတော့ ပျော်နေမိတယ်။ အဲ့ဒါကိုတော့ သူမသိဘူးပေါ့လေ။ သူ့ဘေးနားမှာ တိတ်ဆိတ်နေတဲ့ Taeyeon ကို လှည့်ကြည့်လိုက်တယ်။ Taeyeon ဘာတွေးနေတယ်ဆိုတာကိုလည်း သူ စဉ်းစားမိတယ်။
Yoona - နင် အဆင်ပြေရဲ့လား?
Taeyeon - ဒီလိုပါပဲ။
Yoona - *ရီလိုက်ပြီး* ရူးကြောင်ကြောင်နိုင်တယ်မထင်မိဘူးလား? Tiffany က ဘယ်လိုလုပ် အဲ့ကောင်လေးဖြစ်နိုင်မှာလဲ? *Taeyeon နား ကပ်လိုက်ပြီး* ဒါနဲ့ ငါ သတိထားမိတာ တစ်ခုရှိတယ်။ နင်နဲ့ အနက်ရောင်မျက်နှာဖုံးပိုင်ရှင်နဲ့။ သုံးပွင့်ဆိုင်လား?
Taeyeon - ငါက အဲ့တစ်ယောက်ကို ကြိုက်တာမျိုးတော့ မဟုတ်ပါဘူး။ ငါက… ဒီအတိုင်း… ဒီအတိုင်း သူ့အကကို သဘောကျတာပါ။
Taeyeon *ဟုတ်တယ် ငါက သူ့အကကြောင့် ဆွဲဆောင်မှုရှိတယ်လို့ ထင်တာ။ ဟုတ်တယ်။ အဲ့လိုပဲ။ ငါက Tiffany ကို သဘောကျတာ။ Tiffany တစ်ယောက်တည်းကိုပဲ*
Taeyeon တစ်ယောက် သူ့အတွေးထဲက စကားကို သေချာပြန်စဉ်းစားမိလိုက်ပြီး မျက်လုံးပြူးသွားတယ်။ ပြီးတော့ ပါးနှစ်ဖက်က ရှက်ပြီး ပန်းရောင်သန်းသွားတယ်။
------------------------------------------------------------------------------------------------------------------------

Bell တီးလိုက်တော့ အကုန်လုံး ဆရာမကို နှုတ်ဆက်လိုက်ကြတယ်။ Mrs. Bae လည်း ထွက်သွားကော သူတို့တွေ စာအုပ်တွေကို သိမ်းနေကြတယ်။
Taeyeon - ညစာစားချိန်ကျမှတွေ့မယ်။
Yuri – oohhh တစ်ယောက်သောသူကတော့ သူ့ရည်းစားကိုတွေ့ချင်နေလှပြီကို။
Taeyeon က Yuri ကို လျှာထုတ်ပြလိုက်တယ်။ ပြီးတော့ Yoona ကို တာ့တာ ပြပြီးထွက်သွားတယ်။ ဒီနေ့က သူ Tiffany နဲ့ စာအတူတူလုပ်ရမှာ။ သူလမ်းလျှောက်ရင်း သီချင်းညည်းပြီး Tiffany ဆီကို သွားနေတယ်။ ကောင်မလေးတွေကတော့ သူ့ကို လှမ်းပဲ ကြည့်နေကြတော့တယ်။ သူတို့ အရင်လို Taeyeon နောက်ကို မလိုက်ရဲတော့ဘူး။ Tiffany ကို ကြောက်ကြလို့လေ။ Taeyeon လည်း တွေးမိပြီး ပြုံးလိုက်တယ်။ သူတို့ အတွဲက အခုဆိုရင် ကျောင်းမှာ နာမည်အကြီးဆုံးအတွဲလေ။
ဒါပေမယ့် သူက ဒီဟာတွေက Taehyun အနေနဲ့ဆိုတာကို စဉ်းစားမိလိုက်ပြီး သူ့အပြုံးပျက်သွားတယ်။ သူ့ အနေနဲ့မဟုတ်ပဲ Taehyun အနေနဲ့ဖြစ်နေတယ်။ မနေ့ညက Tiffany နဲ့ တွေ့တုန်းကလည်း သူ့ကို မမှတ်မိဘူး။ အကယ်၍ အဲ့ဒီနေရာမှာ Taehyun သာဖြစ်ခဲ့မယ်ဆိုရင် Tiffany က သူ့ဆီအပြေးလာမှာ အသေအချာပဲ။ အဲ့ဒီ အတွေးက သူ့ကို ဝမ်းနည်းမိစေတယ်။
‘Taehyun!!’
Taeyeon သူ့နာမည်ခေါ်သံကြားတော့ လှည့်ကြည့်လိုက်တယ်။
Taeyeon – Oh, Jiyeon.
Jiyeon - ငါ နင့်ကို လှမ်းခေါ်နေတာကြာပြီ။
Taeyeon – mian, ငါ မကြားလိုက်ဘူး။
Jiyeon - နင်ဘယ်သွားမလို့လဲ? ဒါနဲ့ စာတွေကော ဘယ်လိုလဲ? ငါတို့ စာမေးပွဲကြီးလည်း နီးလာပြီလေ။ နင် အကူအညီလိုရင်ပြောနော်။ ငါ အချိန်မရွေးကူညီပေးမယ်။
Taeyeon – uh, gomawo.
Jiyeon - နင်က ကိစ္စမရှိဘူးဆိုရင်ပြောတာပါ။ ငါ အနှောက်အယှက်တော့ မပေးချင်ပါဘူး။ နင်သိတယ်မလား။
Taeyeon - ဟင်? Ani.
Jiyeon - ဒီနေ့ ဘယ်လိုလဲ? ဒါမှမဟုတ် မနက်ဖြန်ကော?
Taeyeon - ငါ… ဒီနေ့တော့ မရဘူး။ လုပ်စရာရှိလို့။
Jiyeon က စိတ်ပျက်သွားတယ်။ Taeyeon က သူ့ကို ကူညီပေးမယ်လို့ပြောတာကို ဝမ်းသာပေမယ့် သူ့အထင်တော့ သိပ်ပြီးတွဲသွားတွဲလာမလုပ်တာကောင်းမယ်လို့တွေးမိတယ်။ အဓိကကတော့ သူ ဒီကောင်မလေးကို မလိုအပ်တဲ့မျှော်လင့်မှုတွေမပေးချင်ဘူး နောက်တစ်ခုက Tiffany ကလည်း ကြိုက်မှာမဟုတ်ဘူး။ ကံကောင်းချင်တော့ basketball team က ကျောင်းသားတစ်ချို့ကို လှမ်းတွေ့လိုက်တယ်။
Taeyeon – uh, ငါ သွားတော့မယ်။
Jiyeon – ah, arrasso. see you around, Taehyun. ငါ့ကိုပြောအုံးနော်?
Taeyeon လည်း ခေါင်းငြိမ့်ပြီး basketball team က ကောင်လေးတွေဆီပြေးသွားလိုက်တယ်။
Taeyeon – Hey guys.
Baekhyun – Taehyun! ငါ မင်းကို မတွေ့တာကြာပြီ။
Taeyeon - ဟုတ်တယ်။ စာလုပ်တာနဲ့ မအားဖြစ်နေတာ။ ငါ စာမေးပွဲတွေကို မကြိုက်ဘူး။
Sehun - *Tae ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး* မင်းတယောက်တည်း မဟုတ်ပါဘူး။ ဒါနဲ့ ငါတို့ လေ့ကျင့်တာလည်း လာကြည့်အုံးလေ။ အကြံဥာဏ်လေးပေးအုံးပေါ့။
Taeyeon – arrasso.
Kai - ငါတော့ မင်းရဲ့ performance ကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူး။
Taeyeon – arrasso. သွားတော့မယ်။ see you around.
Boys – ohhhh, date ရှိတယ်ပေါ့။
Taeyeon – shut up.

Taeyeon လည်း ကျောင်းသားခေါင်းဆောင်တွေသွားတဲ့ပန်းခြံဆီကိုသွားလိုက်တယ်။ Tiffany က ဒီနေ့ သူ့အခန်းကို မလာနဲ့ အဲ့ဒီကိုပဲလာခဲ့လို့ခေါ်ထားတာ။ သူရောက်တော့ Tiffany ကို မတွေ့သေးဘူး။ သူ့ ph ကို ကြည့်လိုက်ပေမယ့် ဘာ message မှလည်း ထပ်မလာဘူး။
Taeyeon - မအားများ မအားလို့လား?
Taeyeon လည်း Tiffany ရဲ့ အခန်းကို သွားကြည့်ဖို့ဆုံးဖြတ်လိုက်တယ်။ သူ တံခါးခေါက်ပြီး ဖွင့်ဝင်လိုက်တော့ စားပွဲပေါ်မှာ Tiffany တစ်ယောက် အိပ်ပျော်နေတာကိုတွေ့လိုက်တယ်။ သူလည်း တံခါးကို တိတ်တိတ်လေး ပိတ်လိုက်ပြီး Tiffany နားကို လျှောက်သွားတယ်။ Tiffany က စာအုပ်ပေါ်မှာ အိပ်ပျော်နေတယ်။
Taeyeon လည်း Tiffany ဘေးနားမှာ ဝင်ထိုင်လိုက်ပြီး Tiffany နားက စာအုပ်တွေကို ကြည့်ကြည့်လိုက်တယ်။ သူလည်း Tiffany အိပ်နေတုန်း စာလုပ်ရင်းစောင့်ဖို့ ဆုံးဖြတ်လိုက်တယ်။ သူ့ ဘေးနားက အိပ်ပျော်နေတဲ့ ကောင်မလေးကို ကြည့်ရင်း Tiffany တစ်ယောက် တော်တော်ပင်ပန်းမှာပဲလို့ စဉ်းစားမိလိုက်တယ်။ အတန်းလည်း တက်ရ၊ ကျောင်းသားခေါင်းဆောင်အလုပ်တွေလည်းလုပ်ရ၊ စာလည်း လုပ်ရ၊ အဲ့ဒါတောင် အချိန်ပေးပြီး သူ့ကို စာသင်ပေးသေးတယ်။ သူ အားနာမိသွားတယ် ဒါပေမယ့် ပျော်လည်းပျော်မိတယ်။ သူ Tiffany မျက်နှာနား ကပ်ပြီး မျက်နှာပေါ်ကျနေတဲ့ ဆံပင်လေးတွေဖယ်ပြီး နားအနောက်ထည့်လိုက်တယ်။ သူလည်း စားပွဲပေါ်ခေါင်း တင်လိုက်ပြီး အိပ်ပျော်နေတဲ့ Tiffany ကို ကြည့်နေတယ်။ သူ Tiffany ရဲ့ နဖူး၊ မျက်ခုံး၊ မှိတ်ထားတဲ့ မျက်လုံး၊ နှာခေါင်းကနေ နှုတ်ခမ်းလေးအထိ တစ်ခုချင်းစီကြည်နေတယ်။ သူတောင်သတိမထားမိလိုက်ပဲ သူ့လက်နဲ့ အိပ်ပျော်နေတဲ့ ကောင်မလေးရဲ့မျက်နှာကို ကိုင်လိုက်တယ်။ Tiffany လည်း မျက်လုံးဖွင့်လာကော လက်ကို အမြန်ဖယ်လိုက်ပြီး သူ့ဘောပင်နဲ့ စာအုပ်ကို ကိုင်ပြီး စာဖတ်နေဟန်ဆောင်လိုက်တယ်။
Tiffany အညောင်းဆန့်လိုက်ပြီး ဘေးနားမှာ Taeyeon ရောက်နေတာကို တွေ့လိုက်တယ်။
Tiffany – Taehyun, ဒီမှာဘာလုပ်နေတာလဲ?
နောက်မှ သူလည်း သတိရသွားပြီး
Tiffany – mianhae, Taehyun. ငါက ခဏလောက်နားဖို့ အချိန်ရှိမယ်ထင်ထားတာ။
Taeyeon - *ပြုံးပြီး ခေါင်းခါပြလိုက်ပြီး* ရတယ်။ ငါက တောင်းပန်ရမှာ နင့်ရဲ့အချိန်တွေကို ယူမိလို့။ ငါ့အထင် နင် ဆက်ပြီး…
Tiffany - ရပါတယ်။ ငါက နင်နဲ့ အချိန်ဖြုန်းရတာကို ကြိုက်တာ။ *Taeyeon narrowed her eyes* ငါပြောတာက စာတူတူလုပ်တာကို ပြောတာ။
Tiffany က Taeyeon နားကို ခုံဆွဲလိုက်ပြီး
Tiffany - ကဲ ငါတို့ မနေ့က ဘယ်အထိ လုပ်ပြီးပြီလည်း ကြည့်ရအောင်။

နောက်တော့ သူတို့ ၂ ယောက် Tiffany ရဲ့ အခန်းထဲမှာပဲ ညစာစားဖြစ်လိုက်တယ်။ Taeyeon က Tiffany အလုပ်လုပ်တာကို ကူစောင့်ပေးနေတယ်။ ည ၈ နာရီ ခွဲလောက်ကျတော့ Tiffany က သူတို့ အဆောင်ကို ပြန်ဖို့ ဆုံးဖြတ်လိုက်တယ်။ Taeyeon တစ်ယောက် Tiffany တံခါးပိတ်နေတုန်း ph ကို မြှောက်လိုက်ဖမ်းလိုက်နဲ့ ဆော့နေတယ်။
Tiffany - သွားရအောင်။
Tiffany က သူ့လက်ကို ကိုင်လိုက်တယ်။ Taeyeon လည်း သူတို့ တွဲထားတဲ့ လက်ကို ကြည့်လိုက်မိတယ်။ ပုံမှန်ဆိုရင် Tiffany က သူ့လက်မောင်းကိုကိုင်တာလေ။
Tiffany - ဘာဖြစ်လို့လဲ?
Taeyeon – *ခေါင်းခါလိုက်ပြီး* သွားရအောင်။
Taeyeon လည်း လှေကားဆင်းနေရင်းနဲ့ ပြုံးနေမိတယ်။
Taeyeon - လေ့ကျင့်တာဘယ်လိုလဲ?
Tiffany - အဆင်ပြေပါတယ်။ နင်ကော? *Tae ခေါင်းငြိမ့်လိုက်တယ်* ငါ နင့် performance ကို ကြည့်ဖို့ မစောင့်နိုင်တော့ဘူး။ ငါ record လုပ်ထားလိုက်ရင်ကောာင်းမယ်ထင်တယ်။ အဲ့ဒါဆိုနေ့တိုင်း ညမအိပ်ခင် ကြည့်လို့ရတယ်။
Tiffany က ပြုံးဖြီးဖြီးလုပ်ပြတော့ Taeyeon ခေါင်းခါပြီး ပြုံးလိုက်တယ်။
Tiffany - ငါ တစ်ခုလောက်မေးလို့ရမလား?
Taeyeon ခေါင်းငြိမ့်လိုက်တယ်။
Tiffany - နင့်မှာ မောင်နှမရှိလား?
Taeyeon - ငါ့မှာ အမတစ်ယောက်ရှိတယ်။ ဘာလို့လဲ?
Tiffany - *ခေါင်းခါလိုက်ပြီး* ဒီအတိုင်းသိချင်လို့ပါ။ အဲ့တော့ နင့်မှာ အမရှိတယ်? *Tae ခေါင်းငြိမ့်တော့* ငါကောပဲ။ ငါ့မှာက အကိုရှိတာ။ *Tae နဲ့ မျက်နှာချင်းဆိုင်လိုက်ပြီး* ငါတို့ ၂ ယောက်စလုံး အကိုအမတွေရှိတယ်။ ငါတို့က ရေစက်ပါတယ်ထင်တယ်။
Taeyeon - နင် အရမ်းအတွေးလွန်တာပဲ။ *Tiffany က နှုတ်ခမ်းဆူသွားပြီး သူ့လက်မောင်းကို ဆိတ်လိုက်တယ်* ဖြစ်တော့ ဖြစ်နိုင်ပါတယ်။
Tiffany က Taeyeon ရဲ့ စကားမှာပြုံးသွားတယ်။ သူတို့ ၂ ယောက် ဆက်လျှောက်သွားကြတယ်။
Taeyeon - နင် ပိတ်ရက်တွေမှာ ဘာလုပ်လဲ? အိမ်ပြန်တာလား?
Tiffany - *နှုတ်ခမ်းတင်းတင်းစေ့လိုက်ပြီး* အင်း အိမ်ပြန်တယ်။
Taeyeon - သူငယ်ချင်းတွေနဲ့ကော တစ်နေရာရာ မသွားဘူးလား?
Tiffany က ရပ်လိုက်ပြီး Taeyeon ကို မျက်နှာချင်းဆိုင်ကြည်လိုက်တယ်။ ပြီးတော့ ပြုံးလိုက်တယ်။ အဲ့ဒီအပြုံးက ဟို အနက်ရောင်မျက်နှာဖုံးနဲ့ကောင်လေး ပြုံးတဲ့အပြုံးနဲ့တူနေတယ်။
Taeyeon *ငါ စိတ်ထင်တာလား?*
Tiffany - နေပါအုံး။ ငါနဲ့ အပြင်သွားချင်လို့လား? A date?
Taeyeon – ani.
Tiffany - *Taeyeon မျက်နှာနားကပ်လာပြီး* ani?
Taeyeon – Okay, ငါ နင်နဲ့ date လုပ်မယ်။
Tiffany အရမ်းပျော်ပြီးထခုန်နေတယ်။ ဒါပေမယ့် Taeyeon နောက်ထပ်ပြောလိုက်တာမှာ ရပ်သွားတယ်။
Taeyeon - ဒါပေမယ့် final exam မပြီးမချင်းမသွားဘူး။ final exam ပြီးမှသွားမယ်။
သူတို့ အဆောင်ဆီလျှောက်သွားတဲ့ လမ်းတစ်လျှောက် Tiffany က သူတို့ရဲ့ ပထမဆုံး date အတွက် သွားလို့ ကောင်းမယ့်နေရာတွေပြောနေတာကို ကြည့်ပြီး Taeyeon တစ်ယောက် ပြုံးနေမိတယ်။
------------------------------------------------------------------------------------------------------------------------

Taeyeon တို့ ၃ ယောက် အကလေ့ကျင့်နေကြတယ်။ ကျောင်းဆင်းသွားပြီးတော့ သူတို့ ၃ ယောက် ပွဲတော်အတွက် အကလေ့ကျင့်နေကြတယ်။ သူတို့က အကလေ့ကျင့်တဲ့အခန်းတစ်ခန်းကို ဆရာမဆီက အသုံးပြုခွင့်တောင်းပြီး လေ့ကျင့်နေကြတယ်။
Seohyun က သူ့ tablet မှာ stop ကို နှိပ်လိုက်ပြီး လက်ခုပ်တီးလိုက်တယ်။
Seohyun – wow မိုက်တယ်! သီချင်းကော ကကွက်ကော ငါကြိုက်တယ်။
Yuri – Jinja?? *Seohyun နားသွားပြီး* ငါဘယ်လိုနေလဲ? ကြည့်ကောင်းလား? *Seohyun က ပြုံးပြပြီး လက်မထောင်ပြလိုက်တော့* ငါသိသားပဲ
Yoona - *Seohyun ဘေးဝင်ထိုင်ပြီး* နင် record လုပ်ထားလား?
Seohyun က ခေါင်းငြိမ့်လိုက်ပြီး သူတို့ကို video ပြလိုက်တယ်။ Taeyeon က Yoona ဘေးနားမှာထိုင်လိုက်ပြီး သူတို့ ၄ ယောက် video ကို ကြည့်နေတယ်။
Taeyeon - မဆိုးပါဘူး။ ဒါပေမယ့် ငါနည်းနည်းနောက်ကျနေတယ်လား?
Yoona – ani, Yuri က အရမ်းမြန်နေတာ။ တွေ့လား နင်သံစဉ်ထက်ပိုမြန်နေတယ်။
Yuri – mian.
Yoona - ခြုံကြည့်ရင်ကောင်းပါတယ်။
Taeyeon - ဟုတ်တယ်။ အရင်ကထက်ပိုကောင်းလာပြီ။ gomawo Seohyun, နင် ငါတို့ကို အများကြီး ကူညီပေးထားတာ။
Yuri - နင်ကကောင်းဆုံးပဲ Seohyun! လာ ငါနင့်ကို အနမ်းပေးမယ်။
Yuri က Seohyun နား ကပ်မလို့ပဲ ရှိသေးတယ် Taeyeon က Yuri ရဲ့ အင်္ကျီကို လှမ်းဆွဲလိုက်ပြီး ကြမ်းပြင်ပေါ် ဆွဲချလိုက်တယ်။
Yuri – Yah! Taehyun! ငါ့ ပေါ်ကနေဖယ်။ နင်က လေးတယ်!
Yoona - *ဟို ၂ ယောက်ကို လျစ်လျူရှု့လိုက်ပြီး* နင်ကော ဘယ်လိုလဲ? ဘယ်တော့ နင် practice လုပ်တာ ကြည့်လို့ရမလဲ?
Seohyun - *tablet ကို အိတ်ထဲထည့်လိုက်ပြီး* ငါက ဒီအတိုင်း သီချင်းပဲဆိုတာ။ နင်တို့ ပျင်းလိမ့်မယ်။
Yoona - ဒါပေမယ့် ငါက နင် pactice လုပ်တာ ကြည့်ချင်တာ။
Seohyun က ခေါင်းခါလိုက်တယ်။
Yoona - ဒါနဲ့ performance ဆိုမှ သတိရတယ်။ ကျောင်းသားခေါင်းဆောင်တွေကကော performance လုပ်မှာလား?
Seohyun - လုပ်မှာပေါ့။ များသောအားဖြင့် သူတို့က solo ဒါမှမဟုတ် duet လုပ်တာများတယ်။
Yoona – solo?
Seohyun - အင်း။ oh, Jessica က solo performance လုပ်မှာလေ။
Yoona - သူက solo လုပ်မယ်။
Seohyun က ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီအချိန်မှာပဲ Yuri ရဲ့ အော်သံကြောင့် ဟို ၂ ယောက်ရှိသေးတာကို ပြန်သတိရသွားတယ်။
Yoona - နင်တို့ ၂ ယောက်တော်တော့!! Taehyun ရပ်လိုက်တော့။
‘ငါက နင်တို့တွေ ဒီမှာ practice လုပ်နေတယ်ထင်တာ။’
သူတို့တွေ လှည့်လည်းကြည့်လိုက်ကော Jessica က သူတို့ကို လက်ပိုက်ပြီးကြည့်နေတယ်။
Taeyeon - ငါတို့ ပြီးသွားပြီ။ ဒီအတိုင်းစနောက်နေတာ။
Jessica – oh, အဲ့လိုလား။ နင်တို့ကို နှောက်ယှက်မိရင် sorry နော်။ ငါက ပွဲအတွက် အဆင်သင့်ဖြစ်မဖြစ် လိုက်စစ်နေတာ။
Yoona - အဆင်သင့်နီးပါးပါပဲ။ သီချင်းနဲ့ အကကို နည်းနည်း ထပ်လေ့ကျင့်ဖို့ပဲလိုတော့တာ။
Jessica - *Yoona နားကို လျှောက်သွားပြီး* ငါသိပါတယ်။ ဒီအတိုင်း ငါကတွေ့ချင်လို့။ သေချာသွားအောင်လို့လေ။
Yuri - *Taeyeon နားနားကပ်ပြီး* and to flirt with Jaebum.
Jessica - ဟုတ်တယ်။ အဲ့ဒါလည်းပါတာပေါ့။ *Yuri ဘက်လှည့်ပြီး* gomawo Moonbin.
Yuri က Jessica ကို ကြည့်ပြီး စပ်ဖြီးဖြီးလုပ်လိုက်တယ် Yoona သူ့ကို မျက်စောင်းထိုးနေတာကို မသိချင်ယောင်ဆောင်လိုက်ပြီး။ Yoona တစ်ယောက် ရှက်ပြီး ပါးလေးရဲသွားတာကို Jesscia က သတိထားမိလိုက်တော့ Yoona နားကပ်လိုက်ပြီး
Jessica - ငါ နင့် performance နဲ့ ပတ်သတ်ပြီး ပြောစရာရှိလို့ ငါတို့… *Yoona ပါးနား သူ့နှုတ်ခမ်းလေး နီးလာပြီး* ညစာစားပြီးရင်တွေ့လို့ရမလား? နင့်စာအုပ်တွေလည်း ယူလာလို့ရတယ်လေ။ ငါတို့ စာအတူတူ လုပ်ကြတာပေါ့။
Yoona - အဲ့ဒါကောင်းတော့ကောင်းပါတယ်။ ဒါပေမယ့် ငါ….
Yuri - သူ ဒါပြီးတာနဲ့ အားသွားပြီ Jessica.
Jessica – Okay, အဲ့ဒါဆို ဒီညနော်။
Yoona က ခေါင်းပဲငြိမ့်လိုက်နိုင်တယ်။ Jessica က သူ့ကို ပြုံးပြလိုက်ပြီး လှည့်ထွက်သွားတယ်။
Jessica – Good luck with your practice. ဒါကလည်းအရေးကြီးပေမယ့် စာလုပ်ဖို့က ပိုအရေးကြီးတယ်နော်။ စာမေးပွဲအတွက် စာသေချာလုပ်ကြအုံး။ Arrasso?
သူတို့ ၄ ယောက် ခေါင်းငြိမ့်လိုက်ကြတယ်။ Jessica လည်း အခန်းထဲကနေ ထွက်သွားကော Yuri နဲ့ Taeyeon က Yoona နားကို လျှောက်သွားကြတယ်။
Yuri - ဒါဆို…. ဒီညတော့ တစ်ယောက်သောသူက date ရှိနေပြီ။
Yoona - ဒါက date လုပ်တာမဟုတ်ဘူး။
ဒါပေမယ့် သူ့သူငယ်ချင်းတွေက စနောက်သလို အကြည့်နဲ့ကြည့်နေကြတယ်။ Seohyun ကောပဲ။
Yoona - ငါ ပင်ပန်းနေပြီ။ ရေလည်းချိုးရအုံးမယ်။ အဆောင်ပြန်ရအောင်။
Yuri – ohhh, ရေချိုးမယ်? ငါ Wooyoung ဆီကနေ ရေမွှေးတောင်းပေးမယ်လေ။
Yuri က ရီလိုက်ပြီး Taeyeon နဲ့ hi-5 လုပ်လိုက်တယ်။
------------------------------------------------------------------------------------------------------------------------

Taeyeon တစ်ယောက် Seohyun နဲ့ အတွဲအကကျင့်နေတယ်။ အဲ့ဒါက သူတို့ final exam မှာ စစ်မှာလေ။ သူ အဲ့စာမေးပွဲအတွက်က ၁ ပတ်ပဲ ကျန်တော့တယ်။ ဒါပေမယ့် သူအခုထိ ကောင်းကောင်းမကနိုင်သေးဘူး။ သူ ရှေ့တိုးလိုက်တယ်။ ဒါပေမယ့် Seohyun ရဲ့ ခြေထောက်ကို တက်နင်းမိပြီး လဲကျမလိုဖြစ်သွားတယ်။
Taeyeon – mian.
Tiffany - နင်လုပ်ပြန်ပြီ။
Tiffany က Taeyeon ကို သင်ပေးနေတာ။
Tiffany - အာရုံသေချာစိုက် Taehyun. နောက်တစ်ခေါက်။
သူတို့ ၂ ယောက်ပြန်ကတယ်။
Taeyeon - ဟူးးး ဒီလိုအကမျိုးက ဘာလို့ရှိနေရတာလည်း။
Seohyun က ရီလိုက်တယ်။ Tiffany က Taeyeon စကားများနေတာကို သတိထားမိလိုက်ပြီး
Tiffany – Taehyun! အာရုံစိုက်။ နင် သံစဉ်နဲ့မကိုက်ဖြစ်နေပြီ။
Taeyeon - ဒါက ခက်တယ်လေ။
Tiffany က Taeyeon ခေါင်းကို ရိုက်လိုက်ပြီး
Taeyeon – Ouch!! ဘာလဲ?
Tiffany - အာရုံစိုက်မယ်။ နင်သေချာကမှရမှာလေ။ ပြီးတော့ ခါးကို မတ်မတ်ထား။
ဒီတစ်ခေါက်ကျတော့ Tiffany က သူ့ခါးကို သစ်သားတုတ်နဲ့ ရိုက်လိုက်တယ်။ နာတော့မနာပါဘူး။ သူတို့ ၂ ယောက် ပြန်ကတယ် ဒါပေမယ့် သူ့လက်မောင်းကို အရိုက်ခံလိုက်ရတယ်။
Tiffany - ငါက သေချာတွဲကခိုင်းတာလေ။ နင့် partner ကို ဆွဲခေါ်ခိုင်းနေတာမဟုတ်ဘူး။
Tiffany က သေချာလိုက်ကြည့်ပြီး လိုအပ်တာတွေကို တစ်ချိန်လုံးပြောနေမိတယ်။ Taeyeon ရဲ့ စိတ်ရှုပ်နေတဲ့ မျက်နှာကိုတွေ့ပြီး Seohyun တစ်ယောက် မရီမိအောင် မနည်း ထိန်းထားရတယ်။ Taeyeon ဆူပုတ်ပုတ်နဲ့ ကနေတာကို Tiffany က သတိထားမိပြီး သူ့ ပေါင်ကို ရိုက်လိုက်တယ်။
Taeyeon – Tiffany!! *Seohyun ကို လွှတ်လိုက်ပြီး* ငါ ဒီလိုအကမျိုးမကတတ်ဘူး။
Tiffany – final exam က နောက်တစ်ပတ်နော်။ အဲ့ဒါကို နင့်ကရမယ့် ကကွက်တောင် မမှတ်မိဘူး။
Taeyeon - ငါ ဒီစာမေးပွဲ အကျခံလိုက်မယ်။
Taeyeon လက်ပိုက်ပြီး ကြမ်းပြင်ပေါ်ထိုင်ချလိုက်တယ်။ Tiffany က သက်ပြင်းချလိုက်ပြီး Seohyun ကို သွားတော့လို့ အမူအရာနဲ့ပြလိုက်တယ်။ Seohyun လည်း ခေါင်းငုံအရိုအသေပေးပြီး သူ့ပစ္စည်းတွေယူပြီး ထွက်သွားတယ်။ Tiffany က Taeyeon ကို ကြည့်ပေမယ့် Taeyeon က အကြည့်လွှဲနေတယ်။
Tiffany - အတွဲနဲ့ကတယ်ဆိုတာ တစ်ယောက်တည်းကတာနဲ့မတူဘူး။ နင်ကျတယ်ဆိုရင် နင့် partner လည်း ကျလိမ့်မယ်။
Taeyeon - ငါသိပါတယ်။ ဒါပေမယ့် ဒါကခက်တယ်။ ငါကရတာကို ကြိုက်တယ် ဒါပေမယ့် ဒီလိုအကမျိုး မဟုတ်ဘူး။
Tiffany က Taehyun ကို ကြည့်လိုက်တယ်။ သူသိတယ် Taehyun စိတ်ရှုပ်နေတယ်ဆိုတာ။ သူ Taehyun ရှေ့မှာ ငုတ်တုတ်ထိုင်လိုက်ပြီး
Tiffany - သီချင်းဆိုသလိုမျိုးပဲ ကလိုက်လေ။ ကတာကလည်း ခံစားချက်လိုတယ်။
Tiffany က Tae လက်ကို ကိုင်လိုက်ပြီး ထခိုင်းလိုက်တယ်။
Tiffany - မလှုပ်ရှားခင်မှာ အရင်ခံစားကြည့်။
Taeyeon - ဘာခံစားကြည့်ရမှာလဲ?
Tiffany က Taeyeon ရဲ့ မျက်ဝန်းတစ်စုံကို ကြည့်လိုက်ပြီး
Tiffany - နင် သီချင်းဆိုတဲ့အခါ ဘယ်လိုခံစားရလဲ?
Tiffany က သူ့ညာလက်ကို Tae ရဲ့ ပုခုံးပေါ်တင်လိုက်ပြီး
Tiffany - ဒီလိုအကမှာ ဦးဆောင်တဲ့သူနဲ့ လိုက်ကတဲ့သူဆိုပြီးရှိတယ်။
Tiffany က သူ့ဘယ်လက်ကို Tae ရဲ့ လက်မောင်းကို ကိုင်လိုက်ပြီး
Tiffany - အခုက နင်က ဦးဆောင်သူ။ နင်က နင့် partner ကို ဦးဆောင်ပြီး ကပေးရမှာ။ အခု ငါ ဘယ်လို ဦးဆောင်ရမလဲဆိုတာကို ကပြမယ်။
Taeyeon က Tiffany ကို ကြည့်လိုက်တယ်။ Tiffany ရဲ့ ပုံစံက အရမ်းကို serious ဖြစ်နေတယ်။ ဒီလို စာသင်တာနဲ့ ပတ်သတ်ပြီဆိုရင် Tiffany က အမြဲ serious ဖြစ်တယ်။
Taeyeon - နင်ပြောတာက ငါက ကောင်မလေးပေါ့။
Tiffany - မိန်းကလေး။ Just follow me.
Taeyeon က Tiffany ရဲ့ လှုပ်ရှားမှုကိုပဲ လိုက် follow လုပ်နေတယ်။ သူတို့ ကနေရင်းနဲ့ သူ့ခြေထောက်နဲ့ Tiffany ခြေထောက်နဲ့လည်း ထိလိုက်ကော ရှက်ပြီး မျက်နှာ ပန်းရောင်သန်းသွားတယ်။ နောက် Tiffany က ကနေရာကနေ ရပ်လိုက်တော့ သူကြောင်သွားတယ်။
Tiffany - *Tae ရဲ့ ပါးပန်းရောင်သန်းနေတာကို သတိထားမိပြီး* အာရုံစိုက်။ ငါသိတယ် တချို့ကကွက်တွေက နင့်အတွက် comfortable မဖြစ်ဘူးဆိုတာ။ ဒါပေမယ့် အာရုံစိုက်လိုက်။ တခြား ဘာမှမတွေးနဲ့။ arrasso?
Taeyeon ခေါင်းငြိမ့်လိုက်တယ်။
Tiffany – relax.
Tiffany ရဲ့ အပြုံးမှာ Taeyeon တစ်ယောက် စိတ်သက်သာရာရသွားတယ်။ သူ Tiffany ရဲ့ ဦးဆောင်မှုမှာ လိုက်ကနေလိုက်တယ်။ သူ Tiffany နဲ့ အတူတူ ကရင်းနဲ့ ဦးဆောင်တယ်ဆိုတာ ဘယ်လိုလုပ်ရတယ်ဆိုတာကို နားလည်သွားတယ်။
Taeyeon – I got it!
Tiffany – Good.
Taeyeon - ငါ့မှာ အကောင်းဆုံးဆရာမရှိတယ်ထင်တယ်။
Tiffany - အခုမှ သိတာလား?
သူတို့ ၂ ယောက် ဆက်ကနေကြတယ်။
Tiffany - နင် တိုးတက်လာပြီပဲ။ နည်းနည်းပါးပါးပေါ့။
Tiffany - *Taeyeon လက်ကို လွှတ်လိုက်ပြီး* wait here.
Taeyeon က သီချင်းသွားဖွင့်တဲ့ Tiffany ကို ကြည့်လိုက်တယ်။ Tiffany က သူ့ဆီ ပြန်လျှောက်လာပြီး
Tiffany – May I have an honor, Miss?
Tiffany က ခေါင်းငုံပြီး လက်ဆန့်ထုတ်လိုက်တော့ Taeyeon က ရီလိုက်တယ်။
Taeyeon – Yes, I’d love to.
သူတို့ ၂ ယောက် တွဲကနေကြတယ်။
Tiffany - ပြောသားပဲ။ နင်လုပ်နိုင်ပါတယ်လို့။
Taeyeon - အတော်ဆုံးဆရာရထားတာပဲလေ။
သူတို့ အကြည့်ချင်းဆုံပြီး နည်းနည်းဆက်ကနေလိုက်တယ်။ သူ partner နဲ့ တွဲကရတဲ့အကကို မကြိုက်ဘူး ဘာလို့လဲဆိုတော့ သူကအမြဲတမ်း သူ့ partner ရဲ့ ခြေထောက်ကို တက်နင်းနေမိလို့။ ဒါပေမယ့် သူသာ Tiffany နဲ့ ကရမယ်ဆိုရင် အမှားလုပ်မိမှာကို စိတ်ပူစရာမလိုဘူး။ သူ Tiffany ရဲ့ ဦးဆောင်မှုနောက်ကို လိုက်သွားရုံပဲ။ အခုမှပဲ သူ Tiffany ပြောတဲ့ စကားကို နားလည်သွားတော့တယ်။
Tiffany လည်း ပြုံးလိုက်တယ်။ သူ partner dance ကို အကြိမ်ပေါင်းမနည်းကဖူးတယ်။ ဒါပေမယ့် Taehyun နဲ့ ကရတာက ခံစားချက်မတူဘူး။ Taehyun က hip-hop dance တင်မဟုတ်ဘူး ဒီ classical dance မှာလည်း တော်တယ်။ သူတို့ ပထမဆုံး အတူတူကဖူးတဲ့ပွဲကလိုပဲ သူ Taehyun နဲ့ တွဲကရတာကို သဘောကျတယ်။ သူ Taehyun နဲ့ အတူတူ တွဲပြီး သီချင်းဆိုရတာ ကရတာကို ကြိုက်တယ်။ သူ Taehyun ရဲ့ မျက်ဝန်းကို ကြည့်လိုက်ပြီး မပြုံးပဲမနေနိုင်ဘူး။
Taeyeon က Tiffany ရဲ့ အပြုံးကို သတိထားမိလိုက်တယ်။ အဲ့အပြုံးက သူ့ကို အနက်ရောင်မျက်နှာဖုံးနဲ့လူကို သွားသတိရစေမိတယ်။ သူ အဲ့ဒီကောင်လေးက Tiffany များဖြစ်နေမလားလို့ စဉ်းစားမိနေတုန်းပဲ။ ဒါပေမယ့် အဲ့ဒီနေ့ညက သူ့မျက်လုံးနဲ့ တပ်အပ်တွေ့ခဲ့ရတယ်။ အဲ့တစ်ယောက်က ယောက်ျားလေးဆိုတာကို။ ပြီးတော့ Tiffany လည်း အဲ့မှာရှိနေတယ်။ သူ Tiffany ရဲ့ မျက်ဝန်း ပြီးတော့ နှုတ်ခမ်းကိုကြည့်လိုက်တယ်။ တကယ်ကို တူတယ်။ ဒါမှမဟုတ် သူက အဲ့ကောင်လေးကို Tiffany ဖြစ်စေချင်နေတဲ့ စိတ်ကြောင့်ပဲ အဲ့လိုတွေးနေမိလားလို့ ထင်မိတယ်။
Tiffany - နင်အတွေးတွေများနေတုန်းပဲ။ ငါပြောတယ်လေ။ တခြား ဘာမှမစဉ်းစားနဲ့လို့။
Taeyeon က ဘယ်လိုလုပ်သိလဲဆိုတာမေးတော့မယ်ဆိုတာကို Tiffany သိလိုက်တော့ Taeyeon မပြောခင်မှာ
Tiffany - ငါ ခံစားမိတယ်။ နင့် လှုပ်ရှားမှုကနေ။
Taeyeon က ပြုံးလိုက်တယ်။
Taeyeon - နင်သာ ငါ့ partner ဖြစ်ရင်ကောင်းမှာပဲ။
Tiffany က Taeyeon နားနားကပ်လိုက်ပြီး
Tiffany - ငါလည်း အဲ့လိုပဲတွေးတယ်။
သူတို့ ၂ ယောက် ကိုယ်ချင်းကပ်နေတယ်။ သီချင်းလည်းပြီးသွားကော တစ်ခန်းလုံး တိတ်ဆိတ်သွားတယ်။ Tiffany က သူ့လက်ကို Taeyeon ရဲ့ ကျောမှာ ပွတ်နေလိုက်ပြီး နောက်လက်တစ်ဖက်က Tae ရဲ့ ခါးကို ဖက်ထားတယ်။
Tiffany - နောက်တစ်ခါဆို ငါနဲ့ပဲက။
Taeyeon တစ်ယောက် ရပ်နေပြီး Tiffany ရဲ့ မျက်ဝန်းတစ်စုံကို ကြည့်နေတယ်။ Tiffany က ပြုံးလိုက်ပြီး နောက်ဆုတ်မယ် အလုပ်မှာ Tae က Tiffany ရဲ့လက်ကို လှမ်းဆွဲလိုက်တယ်။
Tiffany က ကြည့်လိုက်တော့ Tae က ကြမ်းပြင်ကိုပဲ ကြည့်နေတယ်။
Tiffany – Taehyun?
Taeyeon - နင်… *Tiffany ကို ကြည့်လိုက်ပြီး* နင် hip-hop dance ကလား?
Tiffany – well, ငါ အဲ့အကကိုတော့ ရင်းနီးပါတယ်။ ဘာလို့လဲ? *Tae ကို သေချာကြည့်လိုက်ပြီး* ဘာလဲ နင် ငါနဲ့အတူတူ ပွဲမှာကချင်လို့လား?
Taeyeon - ငါက… ဒီအတိုင်း မေးတာပါ။
Taeyeon ကြမ်းပြင်ကိုပဲကြည့်နေမိတယ်။ Tiffany က သူ့နောက်လက်တစ်ဖက်ကိုကိုင်လိုက်တယ်။
Taeyeon - ဟိုလေ နင်… *Tiffany က Tae ဆက်ပြောဖို့ကိုစောင့်နေတယ်*…ဟိုလေ နင်… မိန်းကလေးကို… သဘောကျတာမျိုးဖြစ်ဖူးလား?
Taeyeon အသက်မရှူပဲနေနေမိတယ်။ Tiffany က ဘာမှ မပြောပဲ ငြိမ်နေတယ်။ ခဏနေတော့ Tiffany က သူ့မျက်နှာကို ကိုင်လိုက်ပြီး
Tiffany – Don’t tell me you’re really gay?
Taeyeon အဲ့သြပြီး ဘာပြောရမှန်းမသိဖြစ်သွားတယ်။
Taeyeon – Eh?
ခဏနေတော့ သူ့လက်မောင်းကို အရိုက်ခံလိုက်ရတယ်။
Tiffany – Taehyun!!
Taeyeon - ငါက gay မဟုတ်ဘူး! Tiffany, တော်တော့! *ရိုက်နေတဲ့ Tiffany လက်ကို ဖမ်းလိုက်ပြီး* ငါ ပြောပြီးပြီလေ။ ငါက gay မဟုတ်ဘူး။
Tiffany လည်း ရီလိုက်ကော Taeyeon မျက်မှောင်ကြုပ်ကြည့်မိတယ်။ Tiffany က Taeyeon ရဲ့ လည်ပင်းကို ဖက်လိုက်ပြီး
Tiffany - နင့်က ငါ့အတွက်ဖြစ်နေသ၍ ငါ အဲ့ဒါတွေ ဂရုမစိုက်ဘူး။
Tiffany က Taeyeon ရဲ့ နှာခေါင်းကို ပုတ်လိုက်ပြီး နောက်ဆုတ်လိုက်တယ်။
Tiffany - ညစာသွားစားရအောင်။ ငါဗိုက်ဆာတယ်။
Taeyeon က Tiffany အပေါ်အင်္ကျီဝတ်နေတာကို ကြည့်လိုက်တယ်။ Tiffany က သူ့နားကို လျှောက်လာပြီး လက်ကို ကိုင်လိုက်တယ်။ သူတို့ ၂ ယောက် လက်ချင်းကိုင်ပြီး ထွက်သွားကြတယ်။
------------------------------------------------------------------------------------------------------------------------

သူငယ်ချင်း ၃ ယောက် ကျောင်းဆောင်ဆီကို လမ်းလျှောက်သွားကြတယ်။ Yoona တစ်ယောက် ရပ်လိုက်ပြီး သူ့ဘေးနားကနေ တစ်ချိန်လုံး သက်ပြင်းချနေတဲ့ Yuri ဘက်လှည့်လိုက်ပြီး
Yoona - နင်အဲ့လိုလုပ်နေတာရပ်လိုက်လို့ မရဘူးလား? ဘာဖြစ်နေတာလဲ?
Yuri - နောက်တစ်ပတ် စာမေးပွဲအတွက် စိတ်ပူနေတာ။ တစ်ချို့သံစဉ်သင်္ကေတတွေကို ငါမှန်အောင်မရေးတတ်ဘူး။
Taeyeon - နင် အဲ့ဒါတွေအကုန်မမှတ်မိဘူးလား?
Yuri - မှတ်မိတယ်။ ဒါပေမယ့်… ငါလည်း ကိုက်တစ်ယောက်လိုနေပြီထင်တယ်။ နင်တို့က ကိုက်လုပ်ပေးမယ့် နင်တို့ရည်းစားတွေရှိတယ်လေ။ ငါကျတော့…
Taeyeon - ငါထင်တာက Seohyun က နင့်ကို တစ်ချိန်လုံး ကိုက်လုပ်ပေးနေတယ်ထင်တာ။
Yuri - ဒါပေမယ့် သူက ငါ့သူငယ်ချင်းလေ။
Yoona – hey, ဟိုမှာ Seohyun မဟုတ်လား? တစ်ယောက်တည်းတော့မဟုတ်ဘူးနော်။
Yuri လှမ်းကြည့်လိုက်တော့ Seohyun ကို ကောင်လေးတစ်ယောက်နဲ့တွေ့လိုက်တယ်။
Yuri - အဲ့ကောင်က ဘယ်သူလဲ?
Taeyeon နဲ့ Yoona တောင်မဖြေရသေးဘူး Yuri တစ်ယောက် ပြေးထွက်သွားတယ်။
Yuri – Seohyun! Annyeong!
Taeyeon - *Yoona ဘက်ကို လှည့်ပြီး* သူငယ်ချင်းတဲ့နော်?
သူတို့ ၂ ယောက် Seohyun ဆီကိုပြေးသွားပြီး ဟိုကောင်လေးဆီကနေ ပထုတ်သွားတဲ့ သူတို့သူငယ်ချင်းကို ကြည့်ပြီး ရီလိုက်ကြတယ်။

သူတို့အတန်းထဲသွားကြတယ်။ Taeyeon တစ်ယောက် ကျောပိုးအိတ်ကို စားပွဲဘေးကချိတ်မှာ ချိတ်လိုက်ပြီး ဖတ်စာအုပ်၊ မှတ်စုစာအုပ်နဲ့ pencil case ကို ထုတ်လိုက်တယ်။ ပြီးတော့ သူ့ locker ဆီသွားလိုက်တယ်။ locker ထဲကနေ လိုတဲ့စာအုပ်ယူမလို့ ဖွင့်လိုက်ရုံရှိသေးတယ် စာရွက်လေးတစ်ခုကို တွေ့လိုက်တယ်။ အဲ့စာရွက်ကလေးကို ဖွင့်ကြည့်လိုက်တော့
“ငါ နင့်ရဲ့လျှို့ဝှက်ချက်ကို သိတယ်။ နင်နဲ့ နင့်သူငယ်ချင်း ၂ ယောက်ရဲ့ လျှို့ဝှက်ချက်”
Taeyeon လည်း စာရွက်ကို မြန်မြန်ပြန်ခေါက်လိုက်ပြီး အတန်းထဲကလူတွေကို ကြည့်လိုက်တယ်။ အကုန်လုံးက Mrs. Bae အလာကိုစောင့်ရင်းစကားပြောနေကြတယ်။ ရုတ်တရက်ဆိုသလို သူ့လက်တွေ အေးစက်သွားသလို ခံစားမိလိုက်တယ်။
Yoona – Taehyun, ဘာဖြစ်လို့လဲ? နင့်ကြည့်ရတာ ဖြူဖတ်ဖြူရော်နဲ့ အဆင်ပြေရဲ့လား?
Taeyeon က သူ့ကို စာရွက်တစ်ရွက်ပေးလိုက်တော့ Yoona ကြောင်သွားတယ်။
Yoona - ဒါဘာလဲ?
Taeyeon က ဖတ်ကြည့်ဖို့အမူအရာပြတော့ သူလည်း စာရွက်ကို ဖတ်ကြည့်လိုက်ပြီး မျက်လုံးပြူးသွားတယ်။
Yoona - နင် ဒါဘယ်ကနေရတာလဲ?
Taeyeon - ငါ့ locker ထဲကနေ။
Yoona - အဲ့ဒါဆို…
Taeyeon က ခေါင်းငြိမ့်လိုက်တယ်။
Yuri – hey guys, နင်တို့ ဟိုကောင်ဘာပြောလိုက်လဲသိလား…
Yuri သူ့သူငယ်ချင်းအမူအရာတွေကို တွေ့ပြီး
Yuri – hey, ဘာဖြစ်နေကြတာလဲ? သရဲတွေ့လို့လား? ဘာတွေ့လို့လဲ?
Yuri က Taeyeon ရဲ့ စားပွဲပေါ်တက်ထိုင်လိုက်တယ်။ Yoona က သူ့ကို စာရွက်ပေးလိုက်ပြီး
Yoona - ဖတ်လိုက်။ ဒါပေမယ့် အော်တော့မအော်နဲ့နော်။
Yuri – arrasso?
Yuri က ပြုံးဖြီးဖြီးလုပ်နေတယ်။ ဒါပေမယ့် စာရွက်လည်း ဖတ်ပြီးကော သူ့အပြုံးပျောက်သွားတယ်။ သူ့လက်နဲ့ ပါးစပ်ကို အုပ်လိုက်ပြီး
Yuri - နင်ပြောချင်တာက…
Yuri တစ်ယောက် အနားမှာ လူရှိမရှိကြည့်ပြီး သူ့သူငယ်ချင်း ၂ ယောက်နားကပ်ပြီး တိုးတိုးလေးပြောလိုက်တယ်။
Yuri - တစ်ယောက်ယောက်က ငါတို့ကို တွေ့သွားတယ်ပေါ့။
Taeyeon နဲ့ Yoona က ခေါင်းငြိမ့်လိုက်တယ်။
Yuri – oh boy, ငါတို့တော့ ပြဿနာအကြီးအကျယ်တက်ပြီ။
------------------------------------------------------------------------------------------------------------------------

အဲ့ဒီအချိန်မှာ Tiffany က Principal Yoonji ဆီကို ပေးဖို့ report ပြင်ဆင်ဆင်နေတယ်။ သူလိုအပ်တာတွေကို print ထုတ်လိုက်ပြီး စာရွက်တွေထွက်လာဖို့စောင့်နေရင်း သူ့စာအုပ်တွေကို အိတ်ထဲထည့်နေတယ်။
Gyuri - နင် စောစောရောက်သားပဲ။
Tiffany – *မော့ကြည့်လိုက်ပြီး* ငါအမြဲတမ်းစောတယ်။
Gyuri - အမြဲတမ်းပါပဲလား အတော်ဆုံးကျောင်းသား။
Tiffany rolled her eyes. Tiffany printer ဆီသွားပြီး စာရွက်တွေယူပြီး file ထဲ ထည့်လိုက်တယ်။ Gyuri က သူ့နားလျှောက်လာပြီး meeting လုပ်တဲ့ စားပွဲကို မှီလိုက်တာကို တွေ့လိုက်တယ်။
Tiffany - နင်ဘာလိုချင်လို့လဲ?
Gyuri - ငါ ပြီးခဲ့တဲ့အပတ်က ကိစ္စကို တောင်းပန်မလို့ပါ။ နင်က ဟိုတစ်ယောက်မဟုတ်တာကို။
Tiffany က စာရွက်ကြည့်နေရာကနေ ခေါင်းမော့ပြီး Gyuri ကို ကြည့်လိုက်တယ်။
Tiffany - နင်က? တောင်းပန်တယ်? ဆန်းသစ်လှချည်လား။
Gyuri rolled her eyes. သူ စားပွဲပေါ်မှာ မှီနေရာကနေ မတ်မတ်ရပ်လိုက်ပြီး
Gyuri - ဒါပေမယ့် အဲ့ဒါက ငါ ဒီကျောင်းမှာ မတော်မလျော်ဖြစ်နေတာတွေကို ခွင့်လွှတ်တာမဟုတ်ဘူး။
Gyuri က Tiffany ကို စိုက်ကြည့်လိုက်ပြီး
Gyuri – Have a good day, Tiffany.
Gyuri လှည့်ထွက်သွားတော့ Tiffany တစ်ယောက် အံကြိတ် လက်သီးဆုတ်ပြီးကျန်နေခဲ့တယ်။ သူ့လက်ထဲက report paper ကို တောင်အာရုံမစိုက်နိုင်ပဲနဲ့။

>Taeyeon ကို black mail ပို့တဲ့သူက ဘယ်သူဖြစ်မလဲ?

Song For YouWhere stories live. Discover now