Chapter - 14

2.1K 143 3
                                    

Jinwoon က သူ့မေးစေ့ကို လက်မနဲ့ပွတ်လိုက်တယ်။ သူ စာရွက်ကို ပြန်ခေါက်လိုက်ပြီး ကောင်လေးဟန်ဆောင်နေတဲ့ ကောင်မလေး ၃ ယောက်ကို ကြည့်လိုက်တယ်။
Jinwoon - ဒါက မင်းရဲ့ locker ထဲကနေတွေ့တာနော်။ *Tae က ခေါင်းငြိမ့်လိုက်တယ်* အဲ့ဒါဆိုရင်တော့ ပြဿနာပဲ။ ဒါက နင်တို့ကမိန်းကလေးတွေဆိုတာကို တစ်ယောက်ယောက်က သိသွားတဲ့သဘောပဲ။ တစ်ယောက်တည်းပဲဖြစ်ပါစေလို့ ဆုတောင်းရတာပေါ့။
Yoona - ကျောင်းထုတ်ခံရမှာလား?
Jinwoon - ငါ ဒါကို Principal Yoonji ကို ပြောပြလိုက်ပါမယ်။ သိပ်လည်း စိတ်မပူပါနဲ့။ ငါ နည်းလမ်း စဉ်းစားကြည့်ပါမယ်။ ကဲ အတန်းသွားကြတော့။
သူတို့ ၃ ယောက်လည်း ထလိုက်ကော
Jinwoon - စာထပ်ရခဲ့ရင် ငါ့ကိုပြောအုံး။
Taeyeon – Nae.
သူတို့ ၃ ယောက် ဦးညွတ်အရိုအသေပေးပြီးထွက်လာခဲ့ကြတယ်။ ပြီးတော့ သူတို့ ၃ ယောက် သစ်ပင်ကြီးတစ်ခု အောက်မှာ ထိုင်လိုက်ကြပြီး
Yoona - ငါ အဲ့တစ်ယောက်က အဖြစ်မှန်ကို ဖော်ထုတ်လိုက်မှာ ငါစိတ်ပူတယ်။
Yuri - ဒါမှမဟုတ် ငါတို့ဆီက တစ်ခုခုများလိုချင်နေတာလား?
Taeyeon - ပိုဆိုးတာက ငါတို့ ကျောင်းထွက်လိုက်ရနိုင်တယ်။
သူတို့ ၃ ယောက် ယောက်ျားလေးဟန်ကို အကောင်းဆုံးဆောင်ခဲ့ကြတယ်။ မိန်းကလေးလို့ထင်နိုင်တဲ့ အပြုအမူ မလုပ်သလို အဝတ်အစားတွေလည်း မဝတ်ဘူး။
Taeyeon - နေအုံး။
Yoona - ဘာဖြစ်လို့လဲ?
Taeyeon - ငါအထင် ဟိုနေညက ဖြစ်မယ်ထင်တယ်။ ငါ့မိဘတွေနဲ့တွေ့ပြီးတော့။
Yuri - အဲ့ဒါ ဖြစ်နိုင်တယ်။
Taeyeon - အဲ့ဒါ ငါ့အပြစ်ပဲ။ mianhae သူငယ်ချင်းတို့။ တကယ်ကိုတောင်းပန်ပါတယ်။
Yuri - *Tae ပုခုံးကို ဖက်လိုက်ပြီး* ဒါ နင့်အပြစ်မဟုတ်ပါဘူး။ အဲ့တုန်းက ငါတို့မှာ ဘာရွေးချယ်စရာမှ မရှိခဲ့ဘူးလေ။
Yoona - ဒါ နင့်အပြစ်မဟုတ်ဘူး Taeyeon. ငါတို့ Jinwoon-sam ဆီကပဲ သတင်းမျှော်ကြတာပေါ့။
Taeyeon – gomawo.
Taeyeon ကတော့ အပြစ်ရှိသလို ခံစားနေမိတုန်းပဲ။ သူတို့ ၃ ယောက်စလုံး ငြိမ်သွားကြတယ်။ အကယ်၍သာ သူတို့တွေရဲ့ ဘဝမှန်တွေပေါ်သွားခဲ့ရင် သူတို့ ၃ ယောက်စလုံးအကုန်လုံးကို ဆုံးရှုံးသွားရမှာဖြစ်တယ်။ သူ music နဲ့ ပတ်သတ်တာလည်း သင်ယူခွင့်ရမှာမဟုတ်ဘူး။ သူ SM Entertainment ကိုလည်း သွားနိုင်ခွင့်ရမှာ မဟုတ်တော့ဘူး။ သူ့ရဲ့ အိမ်မက်တွေလည်း အကောင်အထည်ဖော်နိုင်မှာမဟုတ်တော့ဘူး။ ပြီးတော့… Tiffany…
Taeyeon *သူသာ ငါကမိန်းကလေးဆိုတာကို သိသွားရင်ဘယ်လိုလုပ်မလဲ?*
ရုတ်တရက်ဆိုသလို့သူ့အိမ်မက်အတွက်တွေ SM Entertainment ကို သွားဖို့တွေကို စိတ်မပူမိတော့ဘူး ဖြစ်သွားတယ်။ Yoona က Taeyeon ရဲ့ အမူအရာပြောင်းသွားတာကို သတိထားမိလိုက်တယ်။
Yoona – Hey, what’s wrong?
Taeyeon - ဒီတလော ငါစဉ်းစားမိတာ အကယ်၍များ ငါ…
သူ ဘယ်လိုဆက်ပြောရမလဲမသိဖြစ်သွားတယ်။
Yuri - နင် Tiffany ကို ပြောပြချင်နေတာလား?
Taeyeon က ခေါင်းငြိမ့်လိုက်တယ်။
Yuri - အဲ့ဒါလည်း ကောင်းမယ်ထင်ပါတယ်။ သူက ကျောင်းသားခေါင်းဆောင်ပဲလေ။ သူက ငါတို့ကို ကူညီပေးနိုင်လောက်တယ်။
Yoona - သူသာ လန့်ဖြန့်မသွားဘူး ဒါမှမဟုတ် နှလုံးခုန်ရပ်မသွားဘူးဆိုရင်ပေါ့။ *Tae ဘက်လှည့်ပြီး* mian. ငါက နင် သူ့ကိုပြောလို့မရဘူးလို့ ပြောတာမဟုတ်ဘူး။
Taeyeon - ငါ သိပါတယ်။ ငါလည်း မသေချာဘူး။ သူ ငါ့ကို မုန်းသွားရင် ဘယ်လိုလုပ်မလဲ? ငါက သူ့ကို တစ်ချိန်လုံး လိမ်နေခဲ့တာလေ။ ပြီးတော့ ငါမဟုတ်ဘူးလေ။ ငါပြောတာက သူကြိုက်နေတာက တကယ့် ငါ မဟုတ်ဘူးလေ။
Yoona – *Tae ကို ကြည့်လိုက်ပြီး* ဟုတ်တယ်။ *မြက်ခင်းပြင်ပေါ်လှဲချလိုက်ပြီး* ဘာလို့ ဒီလောက်တောင် ရှုပ်ထွေးနေရတာလဲ…
Yuri က သူ့ဘေးနားက ၂ ယောက်ကို ကြည့်လိုက်တယ်။ သူ့အတွက် ပထမဆုံးရရှိဖူးတဲ့ သူငယ်ချင်း အစစ်အမှန်တွေ ပကာသနတွေ အောင်မြင်မှုတွေကို ကြည့်တာမဟုတ်တဲ့ တကယ့်သူငယ်ချင်းအစစ်တွေ။ သူ မြက်ခင်းပြင်ပေါ်လှဲချလိုက်ပြီး ကောင်းကင်ကို ကြည့်ပြီးပြုံးလိုက်တယ်။
Yuri - နင် အလောင်းအစားလုပ်ကြည့်လိုက်ပါလား?
Yoona နဲ့ Taeyeon က Yuri ကို အူကြောင်ကြောင်နဲ့ကြည့်လိုက်တယ်။
Taeyeon - အလောင်းအစားဆိုတာ ဘယ်လိုလဲ?
Yuri - ငါ Jinwoon-sam ကို အဲ့ဒီလူကိုရှာတွေတာပဲဖြစ်ဖြစ် ငါတို့ကို တစ်နည်းနည်းနဲ့ကူညီတာပဲဖြစ်ဖြစ် လုပ်ပေးနိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမယ်...... အကယ်၍ သူမလုပ်နိုင်ခဲ့ဘူး။ ငါတို့လည်း ကျောင်းထုတ်ခံရတယ်ဆိုရင် အဲ့ဒါတော့ ငါတကယ်မမျှော်လင့်ချင်ဘူး။ ငါတို့တွေ SM မှာ audition ဝင်ပြီး ဒီကျောင်းကနေ တစ်နှစ်တက်ခဲ့တယ်ဆိုတဲ့ ထောက်ခံစာယူလို့ရတယ်လေ။ ဒါပေမယ့် နင်ကြိုက်တဲ့သူကကော? ငါတို့တွေ တွေ့ခွင့်ရချင်မှ ရနိုင်တော့မှာလေ။
Taeyeon က မြက်ခင်းပြင်ကိုကြည့်နေရင်းနဲ့ Yuri ပြောတဲ့စကားတွေကို စဉ်းစားနေတယ်။ သူ့အဖေက သူ့ကို အားပေးထောက်ပံ့ပေးမှာ မဟုတ်ပေမယ့် သူကြိုးစားကြည့်လို့တော့ရတယ်။ ဒါပေမယ့် Tiffany ကျတော့ကော? သူ Tiffany ကို တွေ့ခွင့်မရပဲတောင် ဖြစ်သွားနိုင်တယ်။ လွန်ခဲ့တဲ့ လအနည်းငယ်တုန်းက သူ့စိတ်ထဲမှာ idol ဖြစ်ဖို့ကိုပဲ ရှိနေခဲ့တယ်။ အခုတော့မတူတော့ဘူး။
Yuri - ငါက ဒီအတိုင်းအကြံဥာဏ်ပေးတာပါ။ *မက်တပ်ရပ်လိုက်ပြီး* ငါတို့အတန်းသွားရအောင်။ ဟူးးးး အိပ်ချင်လိုက်တာ။ အဲ့ဒါကြောင့် ငါ ညနေပိုင်းအတန်းချိန်ကို မကြိုက်တာ။
Taeyeon က Yuri ကို ရီလိုက်တယ်။ သူတို့ ၃ ယောက် အတန်းဆီကို သွားကြတယ်။ ဒါပေမယ့် Tae တစ်ယောက်ကတော့ Tiffany ကို အဖြစ်မှန်ပြောပြဖို့ကိစ္စကိုပဲ ခေါင်းထဲမှာတွေးနေမိတယ်။
------------------------------------------------------------------------------------------------------------------------

Taeyeon တစ်ယောက် သူ့ exam paper ကို ဆရာမကလည်း သိမ်းလိုက်ကော သက်ပြင်းချလိုက်တယ်။ ပြီးတော့ အခန်းပြင်ထွက်ပြီး Seohyun နဲ့ ဆုံကြတယ်။
Yuri – yay!! နောက်ဆုံးတော့ စာမေးပွဲကြီးပြီးသွားပြီ!!
Yoona - ငါတို့ Dance class ရဲ့ exam ကျန်သေးတယ်လေ။ မှတ်မိလား?
Taeyeon - ဟုတ်တယ်။ ဒါပေမယ့် ပြီးခါနီးပါပြီ။ *Yuri ဘက်လှည့်ပြီး* နင် ခိုးမချဘူးမလား?
Yuri - ငါက? ခိုးချတယ်? ဘယ်တော့မှမဖြစ်ဘူး။ ငါ့မှာ အကောင်းဆုံးဆရာမရှိတယ်လေ။ ဟုတ်တယ်မလား Seohyun? Exam အတွက် good luck နော်။
Seohyun - ငါ စိတ်လှုပ်ရှားနေတယ်။
Yuri - စိတ်မပူပါနဲ့။ နင်လုပ်နိုင်ပါတယ်။ ဒီလောက်လေ့ကျင့်ထားတာပဲကို။ *Seo လက်မောင်းကို ပုတ်လိုက်ပြီး* ဒါမှမဟုတ် ငါ နင့် တွဲဖက်လုပ်ပေးရမလား?
Seohyun - ဟ-ဟင်?
Yuri က Seohyun ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်တော့ Taeyeon က Yuri ရဲ့ ပါးကို ဆိတ်လိုက်တယ်။
Yuri – ouch!! Yah!! ဒါဘာလုပ်တာလဲ?
Taeyeon - နင်အခု playboy ဖြစ်နေပြီဆိုတာကော သိရဲ့လား? မိန်းကလေးတွေနဲ့ ပလီပလာလုပ်နေတာ။
Yuri - ငါက ငါ့ပုံစံအတိုင်းနေတာလေ။
Taeyeon - အဲ့ဒါဆိုရင် နင်က playboy ဆိုတာ သေချာပြီ။
Yoona နဲ့ Seohyun က Taeyeon ရဲ့ စကားမှာရီလိုက်ကြတယ်။

ညနေဘက်လည်းရောက်ကော သူတို့ Dance exam ပါ ပြီးသွားပြီ။ Taeyeon ကလည်း Tiffany သင်ပေးထားတဲ့အတိုင်း အကောင်းဆုံး ကနိုင်ခဲ့တယ်။
Yuri – yay!!! ပြီးသွားပြီ။ ငါတို့ရဲ့ ကျောင်းပိတ်ရက်လာတော့မယ်။
သူတို့ ၃ ယောက် နဲ့အတူတူ Seohyun ရယ် တခြား ကျောင်းသား၊ ကျောင်းသူအချို့ရယ် ခုန်ပြီး ပျော်နေကြတယ်။
Yuri – Yay!! Summer vacation!
အကုန်လုံး အားရပါးရခုန်နေကြတယ်။
Yuri – summer ရောက်ပြီ!! Summer ဆိုတော့?
Everyone - ကမ်းခြေ!!
Yuri - ကမ်းခြေဆိုတော့?
Boys – Bikini!!
Yuri - ဟုတ်တယ်! ငါ Bikini ကိုကြိုက်တယ်!
Taeyeon - *Yoona နားကပ်ပြီး* သူ သူ့ကိုယ်သူ ဘာပြောနေမှန်းကောသိရဲ့လား?
Yoona - *ရီလိုက်ပြီး* ထားလိုက်ပါ။ *Seohyun နားကပ်ပြီး* ငါဘာတွေးနေလည်းသိလား? နင် ဒီထက်ပိုကောင်းတဲ့ ကောင်လေးရှာသင့်တယ်။
Seohyun က ရှက်ပြီး ပါး ၂ ဖက်ရဲတက်လာပြီး ရီနေတဲ့ Yoona ရဲ့လက်မောင်းကို ရိုက်လိုက်တယ်။ ကျောင်းသားခေါင်းဆောင် လျှောက်လာတာလည်းတွေ့ကော သူတို့ ရီနေတာ ရပ်သွားတယ်။
Yoona – oh no.
Jessica - *Wooyoung ဘက်လှည့်ပြီး* ငါ ဒါတွေတွေ့ရတာ သိပ်တော့ မအံ့သြပါဘူး။
Wooyoung - *ရီလိုက်ပြီး* Hey! Attention please!
Yuri – Oops.
Yuri တစ်ယောက် သူတက်ရပ်နေတဲ့ ခုံပေါ်ကနေဆင်းလိုက်တယ်။ Jessica နဲ့ Wooyoung နဲ့ကို ခေါင်းငုံ အရိုအသေပေးလိုက်တယ်။
Jessica - ငါသတိထားမိတယ် နင်တို့အားလုံး ကျောင်းပိတ်ရက်အတွက် အရမ်းပျော်နေကြတယ်ဆိုတာကို။ အဲ့ဒါကို ငါ အပြစ်တင်လို့ မရပါဘူး။ ငါလည်း bikini ဝတ်ခဲ့တာကို သွားသတိရမိတယ်။
Taeyeon - *Yoona နား နားကပ်ပြီး* still the goddess.
Yoona က Taeyeon ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး ပြုံးလိုက်တယ်။
Jessica - စာသင်နှစ်ဝက် နွေရာသီကျောင်းပိတ်ရက်က နောက်တစ်ပတ်ကနေစလိမ့်မယ်။ မင်းတို့တွေအားလုံး ကျောင်းပိတ်ရက်အတွက် အစီအစဉ်တွေရှိနေမယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် နောက်လမှာ Annual Festival ရှိတယ်ဆိုတာကိုတော့ မမေ့ပါနဲ့။ ငါမင်းတို့ကို နောက်စာသင်နှစ်ဝက်အစမှာ စလုပ်မယ့် rehearsal အတွက် schedule ကို ဒီနေ့ကတည်းက ပေးလိုက်မယ်။ မင်းတို့ရဲ့ class leader တွေဆီကနေယူကြ။ ပြီးတော့ လေ့ကျင့်ဖို့ အတွက်ကိုလည်း မမေ့ကြနဲ့။
အကုန်လုံးက ခေါင်းငြိမ့်ကြတယ်။ Wooyoung က class leader တွေကို schedule စာရွက်တွေ ပေးလိုက်တယ်။
Jessica – Have a very pleasant vacation guys.
Jessica က Yoona ကို တာ့တာလှမ်းပြပြီးထွက်သွားတယ်။
Taeyeon တို့က သူတို့ရဲ့ class leader ဆီကနေ schedule စာရွက်ယူလိုက်တယ်။
Taeyeon - ငါတို့ rehearsal ရောက်ဖို့အတွက်ဆို ၃ ပတ်လောက်ရှိသေးတယ်။ ငါကတော့ ဒီမှာပဲ နေမယ်။ ဒါပေမယ့် ၃၊ ၄ ရက်လောက်တော့ အိမ်ပြန်လိုက်မယ်။ ငါအသက်ရှိသေးကြောင်း မိဘတွေကို အသိပေးမလို့။
Yoona - ငါကောပဲ။
Yuri က လက်ညှိုးထောင်ပြပြီး သူလည်းနေမယ်လို့ အချက်ပြလိုက်တယ်။
Seohyun - ငါ အထင်တော့ ကျောင်းသားအများစုက ပြန်ကြမယ်ထင်တယ်။
Yuri - နင်ကောပြန်မှာလား?
Seohyun - အင်း။
Yuri – Oh… *Tae နဲ့ Yoon ဘက် လှည့်ပြီး* ငါတို့ ဒီည အပြင်ထွက်ကြမလား?
Yuri ရဲ့ မျက်နှာအမူအရာကိုကြည့်ပြီး Taeyeon သိလိုက်တယ်။
Taeyeon – count me in.
Yoona က လက်မထောင်ပြပြီး ခေါင်းငြိမ့်လိုက်တယ်။
------------------------------------------------------------------------------------------------------------------------

Taeyeon က သူ့အခန်းထဲက စားပွဲပေါ်မှာ အိတ်ကိုလည်းတင်ပြီးကော အောက်ထပ်ကိုဆင်းလာတယ်။ သူ့အဘွားကို မီးဖိုခန်းထဲမှာတွေ့တယ်။ အဘွားက သူ့မြေးကိုလည်းတွေ့ကို အားရပါးရဖက်လိုက်တယ်။ ပြီးတော့ ကျောင်းကအကြောင်းတွေမေးနေတယ်။ ခဏနေတော့ သူ့အဖေနဲ့ အမေနဲ့ရောက်လာတယ်။ သူ သူ့မိသားစုကို ကျောင်းကိစ္စကိုညာပြောနေရတဲ့အတွက် အပြစ်ရှိသလိုခံစားနေမိတယ်။ သူနောက်တစ်ပတ်ကျောင်းကို ပြန်သွားမယ်ဆိုတော့ သူ့မိဘတွေက ဘာမှမမေးတဲ့အတွက်ဝမ်းသားမိတယ်။ သူ့မိဘတွေအတွက် ကျောင်းပွဲအတွက် ဖိတ်စာရှိပေမယ့် သူ့မိဘကော အဘွားကောကလာမှာမဟုတ်ဘူးလေ။ ဘာလို့လဲဆိုတော့ သူ ဒီကိစ္စကို ပြောပြလို့မရလို့။
ညစာလည်းစားပြီးကော
Taeyeon - သမီး Yuri ရယ် Yoona ရယ်နဲ့ အပြင်ခဏသွားလိုက်အုံးမယ်။
Tae’s mom - ဂရိုက်နော်။
Taeyeon – appa ကော?
Tae;s mom - အလုပ်မှာ အရေးကြီးကိစ္စရှိလို့ထွက်သွားတယ်။ အိမ်ပြန်နောက်ကျမယ်တဲ့။
Taeyeon – oh… သမီးသွားတော့မယ်။



ပုံမှန်လိုမျိုးပဲ ကောင်လေးတွေ ကောင်မလေးတွေ dance floor မှာ ကနေကြတယ်။ Taeyeon တစ်ယောက် လူအုပ်ထဲမှာ တစ်ယောက်သောသူကိုရှာနေမိတယ်။ သူ အဲ့ကောင်လေးကို မေ့ပစ်ဖို့ကြိုးစာပေမယ့် အခုချိန်ထိ သိချင်နေတုန်းပဲ။ သူ အဲ့ Mysterious Guys ကိုလည်း မတွေ့တော့ သက်ပြင်းချလိုက်ပြီး စိတ်နည်းနည်းပျက်သွားတယ်။
Taeyeon *နင် Tiffany ကိုပဲ ကြိုက်တာ Kim Taeyeon. နင် အခုဘာလုပ်နေတာလဲ? အဲ့ကောင်ကို မေ့လိုက်တော့။*
Yuri နဲ့ Tiffany က Taeyeon ကို dance floor ဆီ ဆွဲခေါ်သွားတယ်။ သူတို့ street dance ကနေ ပြန်တဲ့အချိန်ထိ မျက်နှာဖုံးစွပ်နဲ့လူကို မတွေ့ဘူး။ သူ ငြင်းချင်မိပေမယ့် နည်းနည်းတော့ စိတ်ပျက်သွားမိတယ်။
------------------------------------------------------------------------------------------------------------------------

Taeyeon - ဟူးးး ပင်ပန်းလိုက်တာ။
Taeyeon မြက်ခင်းပြင်ပေါ်လှဲချလိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်တယ်။ သူတို့ ၃ ယောက်က ကျောင်းက မြက်ခင်းပြင်ပေါ်မှာ လေ့ကျင့်နေကြတာ။ Yuri က Taeyeon ဘေးနားထိုင်လိုက်ပြီး ခြေထောက်ဆန့်လိုက်တယ်။
Yuri - ပူလိုက်တာ။ ငါ အာတောင်ခြောက်တယ်။
Yuri ကို Yoona က ရေဗူးလှမ်းပေးလိုက်တယ်။
Yuri – gomawo.
Yuri တစ်ယောက် ရေကို အားရပါးရသောက်လိုက်တယ်။ Yoona က သီချင်းကို ပိတ်လိုက်ပြီး Yuri နဲ့ Taeyeon နဲ့ ဘေးမှာ ဝင်ထိုင်လိုက်တယ်။
Yoona - ငါတို့ လေ့ကျင့်တာ ဒီနေ့ ဒီလောက်နဲ့တော်သင့်ပြီထင်တယ်။ ငါတို့ လေ့ကျင့်နေတာ ၆ နာရီ လောက်တောင်ရှိနေပြီ။ အဲ့တော့ ဒီနေ့ညတော့ နားလိုက်ကြရအောင်။
Taeyeon - *ထထိုင်လိုက်ပြီး* ဒါနဲ့ Jinwoon-sam ဆီကနေ ဘာသတင်းရလည်း?
Yuri - *ခေါင်းခါလိုက်ပြီး* သူ Principal Yoonji နဲ့ မတွေ့ဖြစ်သေးဘူးပြောတယ်။ သူက board of directors တွေနဲ့ meeting တွေ ရှိနေလို့ ကျောင်းမှာမရှိဘူးတဲ့။ သူ အဆင်ပြေပြီဆိုတာနဲ့ပြောပေးမယ်တဲ့။
Yoona - နင်ကောစာထပ်ရသေးလား?
Taeyeon - *ခေါင်းခါလိုက်ပြီး* ဒါပေမယ့် ဒါက ငါ့ကို ပိုကြောက်စေတယ်။ ငါသူနဲ့ မျက်နှာချင်းဆိုင်တွေ့လိုက်ရင် ပြီးရောကို။
Yuri နဲ့ Yoona လည်း ခေါင်ငြိမ့်လိုက်တယ်။
Taeyeon - ငါ အဲ့တစ်ယောက်က ငါ့နာမည်အရင်းကို တခြားကျောင်းသားတွေရှေ့မှာပြောလိုက်မှာစိုးလို့ ကျောင်းမှာလျှောက်သွားရင် စိတ်ချလက်ချတောင်မသွားနိုင်ဘူး။
Yuri - ဟုတ်တယ်။ ဒါက အိမ်မက်ဆိုးကြီးလိုပဲ။ ဒါပေမယ့် စိတ်မပူပါနဲ့ Jinwoon-sam က တစ်ခုခု စီစဉ်ပေးမှာပါ။
Yoona - နင့်ကြည့်ရတာ သူ့ကိုအရမ်းယုံကြည်နေသလိုပဲ။
Yuri - ဘာလို့လဲဆိုတော့ ငါသူ့အကြောင်းသိတယ်လေ။ *မက်တပ်ရပ်လိုက်ပြီး* ငါရေသွားချိုးလိုက်အုံးမယ်။
Taeyeon - ငါကောပဲ။
သူတို့ ၃ ယောက် အဆောင်ဆီလျှောက်သွားနေတုန်း Yuri က Taeyeon ကို စလိုက်တယ်။
Yuri - ဒါနဲ့ နင့်ချစ်ချစ်ကိုတွေ့စရာမလိုဘူးလား?
Taeyeon လည်း မျက်နှာလွှဲလိုက်ကော
Yuri - နင်သွားမယ်ဆိုတာ ငါသိပါတယ်။
Taeyeon – Shut up.
ထွက်ပြေးနေတဲ့ Yuri နောက်ကို Taeyeon က လိုက်ပြီးရိုက်နေတယ်။ Yoona ကတော့ သူတို့ ၂ ယောက်ကို ကြည့်ပြီး ခေါင်းခါလိုက်တယ်။ သူတို့ကို Jinwoon က ကူပြီး အဲ့လူကို ရှာပေးနိုင်ဖို့ကိုပဲ မျှော်လင့်နေမိတယ်။ အခုလောလောဆယ်ကတော့ သူတို့ ပွဲတော်အတွက်ကိုပဲ အာရုံစိုက်ဖို့ဆုံးဖြတ်ထားတယ်။

ညဘက်လည်းရောက်ကော Taeyeon တစ်ယောက် ကျောင်းသားခေါင်းဆောင်ရုံးခန်းက မီးလင်းနေသေးတာကို တွေ့ပြီး ပြုံးလိုက်တယ်။ သူ အဲ့အဆောက်အဦးဆီပြေးသွားတယ်။ ဒါပေမယ့် တစ်ယောက်ယောက်က သူ့နာမည်ကို ခေါ်လိုက်တော့ ရပ်လိုက်တယ်။ လှည့်လည်းကြည့်လိုက်ကော
Taeyeon – oh, annyeong Jiyeon!
Jiyeon – annyeong Taehyun, ဘယ်သွားမလို့လဲ?
Taeyeon - ငါ… ဟို… *Taeyeon က Jiyeon ရဲ့ အထုတ်ကိုတွေ့သွားပြီး* oh, နင် အိမ်ပြန်မလို့လား?
Jiyeon - ဟုတ်တယ်။ ငါတို့ မိသားစုလိုက် Jeju ကျွန်း ကို ခရီးထွက်မလို့။
Taeyeon – Jeju ကျွန်း? Wow, မိုက်တယ်။ ငါလည်းသွားချင်လိုက်တာ။ ကမ်းခြေတစ်ခုခုလောက်ပေါ့။
Taeyeon တစ်ယောက် Jiyeon နဲ့ အတူတူ လမ်းလျှောက်လာရင်း Jiyeon က သူ့လက်ကို လှမ်းဆွဲလိုက်တယ်။
Taeyeon – ဘာဖြစ်တာလဲ? gwenchana?
Jiyeon – mian. ငါ ရှေ့ကို သေချာမကြည့်တာ ခြေထောက်ခွေကျသွားလို့။
Taeyeon - ငါကူညီပေးမယ်လေ။ *သူအိတ်ကိုယူပြီး Jiyeon ကိုပါ တွဲပေးလိုက်တယ်* ကျောင်းဆေးခန်းကို သွားမလား?
Jiyeon - ရတယ်။ ကိစ္စမရှိဘူး။ ငါ့ ကားသမားလည်း စောင့်နေလောက်ပြီ။
Taeyeon – arrasso. ငါ ကျောင်းပေါက်ဝထိ လိုက်ပို့ပေးမယ်။
Jiyeon – gomawo Taehyun.

Taeyeon တစ်ယောက် Jiyeon ကိုဂိတ်အထိ လိုက်ပို့ပေးလိုက်တယ်။ သူ့စိတ်ထဲမှာ Tiffany သူ့ရုံးခန်းထဲမှာပဲ ရှိနေသေးဖို့မျှော်လင့်နေမိတယ်။ သူ Jiyeon ကိုလည်း ကားပေါ်ကူတင်ပြီးကော Tiffany ရုံးခန်းရှိတဲ့ main building ဆီကို ပြန်ပြေးလာခဲ့တယ်။ ကံကောင်းချင်တော့ မီးက လင်းနေတုန်းပဲ။ သူ Tiffany နဲ့ မတွေ့ရတာ တစ်ပတ်ကြာပြီးမှ အခု ပြန်တွေ့ရမှာဆိုတော့ ပျော်နေမိတယ်။ သူတို့ ၂ ယောက် ph နဲ့ စကားပြောဖြစ် message ပို့ဖြစ်ပေမယ့် သူ Tiffany ကို တွေ့ချင်နေတယ်လေ။ သူ တံခါးကိုခေါက်ပြီး တံခါးဖွင့်ဝင်လာလိုက်တယ်။ Tiffany က သူ့စားပွဲမှာရှိနေတယ်။
Taeyeon – Hey.
Tiffany – Annyeong.
Taeyeon - *တံခါးပိတ်လိုက်ပြီး Tiffany နား လျှောက်သွားပြီး* အလုပ်ရှုပ်နေလား?
Tiffany က သူ့ကို အရင်ကလိုမျိုးပြေးပြီး မဖက်တော့ အံ့သြသွားမိတယ်။
Taeyeon - နင် အလုပ်များနေတယ်ဆိုရင် ငါသွားတော့မယ်။
Taeyeon လည်းလှည့်ထွက်သွားဖို့လုပ်လိုက်ကော Tiffany က သက်ပြင်းချလိုက်ပြီး ခုံကနေထပြီး Taeyeon လက်ကို လှမ်းဆွဲလိုက်တယ်။
Tiffany - နင် အဲ့ကောင်မလေးနဲ့ ဘာလုပ်နေတာလဲ?
Taeyeon - ဘာကိုပြော… *သူ သိလိုက်ပြီ Tiffany သူ့ကို Jiyeon နဲ့ တွေ့သွားတယ်ဆိုတာကို* ငါက သူ့ကို ကူညီပေးတာပါ။ ခြေထောက်ခေါက်သွားတယ်ဆိုလို့။
Tiffany - နင်က သူ့ကို ဘာလို့ကူညီပေးတာလဲ? နင်က သူ့ရည်းစားလား?
Taeyeon - *ခေါင်းကုတ်လိုက်ပြီး* ငါကနင့်ရဲ့… *ဆက်မပြောပဲ ချောင်းဟန့်လိုက်ပြီး* ငါသူ့ကို နာနေတဲ့ ခြေထောက်နဲ့ ဒီအတိုင်းလမ်းလျှောက်ခိုင်းလို့ဘယ်ဖြစ်မလဲ။
Tiffany က သူ့လက်မောင်းကို ဆိတ်ဆွဲထားတယ်။
Taeyeon – Tiffany! Ouch!
Tiffany က Taeyeon ကို ဆိတ်ဆွဲထားတာကို ဖယ်လိုက်ပြီး သူ့ကိုမကြည့်ပဲနေနေတယ်။ Taeyeon လည်း ရီလိုက်ကော
Tiffany - ဘာရီရလို့လဲ?
Taeyeon - နင် သဝန်တိုနေတာမလား?
Tiffany – Taehyun!
Tiffany က လှမ်းရိုက်မယ်လည်းလုပ်ကော Taeyeon ရှောင်လိုက်တယ်။ Tiffany က သူ့အင်္ကျီကို လှမ်းဆွဲမလို့ပဲ ရှိသေးတယ် Taeyeon နောက်ပြန်ပြေးရင်း စနေတယ်။
Taeyeon - ငါ့ကို မိအောင်ဖမ်း!
Taeyeon က Tiffany ရဲ့ အခန်းထဲက meeting စားပွဲကို ပတ်ပြေးနေတယ်။ Tiffany စိတ်တိုနေတာကိုတွေ့တော Taeyeon တစ်ယောက်ရီနေတယ်။ Tiffany လည်း အားကုန်ပြေးပြီး Taeyeon ရဲ့ အင်္ကျီကို လှမ်းဆွဲလိုက်တယ်။ အင်္ကျီကိုလှမ်းဆွဲလို့ရလိုက်တော့ Tiffany တစ်ယောက်ပြုံးလိုက်တယ်။ ဒါပေမယ့် Taeyeon လည်း နောက်ပြန်လန်ကျပြီး သူပါပါသွားတော့ မျက်လုံးပြူးသွားတယ်။
Taeyeon တစ်ယောက် နာမှာကိုသိလိုက်တော့ မျက်စိမှိတ်လိုက်တယ်။ ဒါပေမယ့် ကြမ်းပြင်မာမာပေါ် ကျမယ့်အစား နူးနူးညံ့ညံ့ကို ခံစားမိလိုက်တယ်။ ကံကောင်းချင်တော့ ဆိုဖာပေါ်ကျတာဖြစ်နေတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလို သူ့အပေါ် အလေးကြီးတစ်ခုပြုတ်ကျတာလည်းခံစားမိလိုက်တယ်။
Tiffany တစ်ယောက် သူ့ခေါင်းနဲ့ Taeyeon ရဲ့ ခေါင်းနဲ့ ရိုက်မိတော့အော်လိုက်တယ်။
Tiffany – ouch!
Taeyeon မျက်လုံးဖွင့်လိုက်တော့ သူ့အပေါ်က Tiffany ကို တွေ့ပြီး တံတွေးမျိုချလိုက်တယ်။ Tiffany က Taeyeon ပေါ်ကနေထမလို့ပဲရှိသေးတယ်။ အသံကြားလိုက်တယ်။
‘Oh my God! တကယ်ပဲ! ဒါက ကျောင်းသားခေါင်းဆောင်ရုံးခန်းနော်?’
Taeyeon လည်း တံခါးဘက်ကို ကြည့်လိုက်ကော တံခါးဘောင်ကို မှီပြီး လက်ပိုက်ပြီးရပ်နေတဲ့ Jessica ကို တွေ့လိုက်တယ်။
Jessica - နင်တို့ တံခါးကို lock ချသင့်တယ်။ အဲ့တာ ပထမဆုံးလုပ်သင့်တာပဲ။ သိရဲ့လား?
Tiffany က မျက်စောင်းလှမ်းထိုးတော့ Jessica က ရီနေတယ်။ Taeyeon ကတော့ ရှက်ပြီး မျက်နှာကြီးကို ရဲလို့။
Jessica - ငါ့ကိုစိတ်မပူပါနဲ့။ နင်တို့ဆက်ပြီးချစ်ချစ်ခင်ခင်နေလို့ရအောင် ငါထွက်သွားပေးမယ်။
Taeyeon ကို Jessica က မျက်စိတစ်ဖက်မှိတ်ပြပြီး
Jessica – Good luck, Taehyun.
Taeyeon က Tiffany ရီသံကြားတော့ သူ့ကိုကြည့်လိုက်တယ်။
Tiffany - ငါတို့တော့ လူမိသွားပြီ။
Taeyeon – aish.
Taeyeon လည်း Tiffany နဲ့ အတူတူ လိုက်ရီလိုက်တယ်။ နောက်တော့ သူတို့ ၂ ယောက်ဖြစ်နေတဲ့ပုံကို သတိရသွားပြီး Taeyeon တစ်ယောက် ရီတာရပ်သွားတယ်။ သူ့နှလုံးခုန်သံတွေမြန်လာတယ်။
Taeyeon – Tiffany.
Tiffany က Taeyeon ရဲ့ စိတ်လှုပ်ရှားနေတဲ့အသံမှာ ပြုံးလိုက်တယ်။ နောက် Taeyeon ရဲ့ မျက်နှာကို ကိုင်လိုက်ပြီး သူ့မျက်နှာပေါ်ကျနေတဲ့ဆံပင်လေးတွေကိုဖယ်ပေးလိုက်တယ်။ ပြီးတော့ Taeyeon ရဲ့ မျက်ဝန်းတစ်စုံကို ကြည့်နေမိလိုက်တယ်။ သူ အဲ့မျက်လုံးတွေကို ကြည့်နေရတာ ဘယ်တော့မှမငြီးငွေ့ဘူး။
Tiffany ရဲ့ လက်ချောင်းလေးတွေက Taeyeon ရဲ့မျက်နှာမှာ ပွတ်နေတယ် ပါးကနေ နှုတ်ခမ်းထိ။ နောက်တော့ သူ့လက်ကိုကိုင်လိုက်တယ်။
Taeyeon - ငါ complain တက်တာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ငါက ကြည့်ဖို့ပြသထားတာမဟုတ်ဘူး။
Tiffany - *Taeyeon ရဲ့ ပါးကိုဆွဲလိုက်ပြီး* ငါ နင့်ကို ကြည့်ချင်တယ်။
Taeyeon မျက်ခုံးကျုံ့သွားတော့ Tiffany ရီလိုက်တယ်။
Tiffany - ဒီလိုမျိုး တစ်သက်လုံး။
Taeyeon - တစ်သက်လုံး? *Tiffany ခေါင်းငြိမ့်လိုက်တော့* ငါကတော့ ဘာပြဿနာမှမရှိပါဘူး။ ဒါပေမယ့် ကြာလာရင် နင်ညောင်းကိုက်လာလိမ့်မယ်။
Tiffany က နှုတ်ခမ်းဆူပြီး ထဖို့လုပ်လိုက်တော့ Taeyeon ရီလိုက်တယ်။ Tiffany က coffee သွားယူတယ်။
Taeyeon - ဘာလုပ်မလို့လဲ? စာလုပ်မလို့လို့တော့မပြောနဲ့နော်။
Tiffany - *သက်ပြင်းချလိုက်ပြီး* ကိစ္စလေးနည်းနည်းရှိလို့ပါ။
သူ coffee ခွက် ၂ ခွက်ယူလာပြီး ဆိုဖာဆီပြန်လျှောက်လာတယ်။ သူ Taehyun ကို coffee ခွက် တစ်ခွက်ပေးလိုက်ပြီး သူ့ဘေးဝင်ထိုင်လိုက်တယ်။
Tiffany - နင့် ပိတ်ရက်အကြောင်းပြောပါအုံး။
သူတို့ ၂ ယောက် Taeyeon ရဲ့ vacation အကြောင်း exam အကြောင်းနဲ့ လာမယ့် ပွဲတော်အကြောင်း ပြောနေတာနဲ့တင် အချိန်ကုန်သွားတယ်။ အဆောင်ပိတ်ချိန်နီးတော့ သူတို့ ၂ ယောက် အတူတူ အဆောင်ဆီကို လျှောက်လာကြတယ်။
------------------------------------------------------------------------------------------------------------------------

Taeyeon တို့ ၃ ယောက် မနက်ခင်းလေ့ကျင့်တာပြီးသွာတော့ နေ့လည်စာစားဖို့ထွက်လာကြတယ်။ အခုက ကျောင်းပိတ်ရက်ဆိုပေမယ့် ကျောင်းသားတချို့ကတော့ ရှိနေကြတုန်းပဲလေ။ သူတို့ ၃ ယောက် ထမင်းစားခန်းထဲ ဝင်မလို့ပဲရှိသေးတယ် Taeyeon ရဲ့ ph vibrate ဖြစ်သွားတယ်။ Tiffany ဆီက လာတဲ့ message.
Taeyeon – guys, mian. ငါ သွားတော့မယ်။ နေ့လည်စာစားပြီးမှတွေ့မယ်။
ဟို ၂ ယောက်ကတော့ ဘာကြောင့်လဲဆိုတာသိတော့ ပြုံးဖြီးဖြီးလုပ်ပြလိုက်တယ်။
Taeyeon တစ်ယောက် ထမင်းစားခန်းကနေ ကျောင်းသားခေါင်းဆောင်တွေသွားတဲ့ ပန်းခြံဆီကို ထွက်လာခဲ့တယ်။ Tiffany က အဲ့မှာတွေ့ချင်တယ်ဆိုလို့။ ကောင်မလေးကိုလည်း လှမ်းတွေ့လိုက်ကော သူ့မျက်နှာမှာ အပြုံးပန်းဖြာသွားတယ်။
Tiffany - ငါ နင်တို့ လေ့ကျင့်နေတာကို နှောက်ယှက်မိသွားရင် mian. ငါက နေ့လည်စာ အတူတူစားမလားလို့။
Taeyeon - *ထိုင်ခုံမှာထိုင်လိုက်ပြီး*ရပါတယ်။ ငါလည်း ထမင်းစားတော့မလို့။ picnic လား?
Tiffany က eye smile နဲ့ ပြုံးပြလိုက်တယ်။ Taeyeon က သူတို့စားမယ့် အစားအသောက်ကို ကြည့်လိုက်ပြီး
Taeyeon - ကြည့်ရတာ….. အရသာရှိမယ့်ပုံပဲ။
Taeyeon က အစိမ်းရောင်ဖြစ်နေတဲ့ tempura ပေါ်ကဟာကိုကြည့်လိုက်ပြီး
Taeyeon *green mayonnaise?*
Tiffany - ငါကိုယ်တိုင်လုပ်ထားတာ။ ရော့။ *Tae ကို တူပေးလိုက်ပြီး* စားရအောင်။
Taeyeon က ပြုံးပြလိုက်ပြီး lunch box ကို ယူလိုက်တယ်။ သူ tempura ကိုလည်းကိုက်လိုက်ကော သူ့ပါးစပ်ထဲကနေ ပြန်ထွေးမထုတ်မိအောင် မနည်းကြိုးစားလိုက်ရတယ်။ သူစားလိုက်ရတဲ့ အစိမ်းရောင်အနှစ်က mayonnaise နဲ့ ဘာမှန်းမသိတာနဲ့ရောထားတာ။ အရသာကို သူရှင်းပြလို့တောင်မရနိုင်ဘူး။
Tiffany - ဘယ်လိုလဲ? ကြိုက်လား?
Taeyeon – hmm. *ခေါင်းငြိမ့်လိုက်ပြီး မျိုချလိုက်တယ်။* အင်း။ ငါကြိုက်တယ်။
Taeyeon နောက်တစ်ခုယူပြီးစားလိုက်တယ်။
Tiffany – Jinja??
Taeyeon ခေါင်းငြိမ့်ပြလိုက်တော့ Tiffany ပျော်သွားတယ်။ Taeyeon က လိမ်ဖို့တော့ မရည်ရွယ်ပါဘူး။ အမှန်အတိုင်းပြောရရင် သူ့အတွက် တစ်ခါမှ မစားဖူးတဲ့ အရသာအသစ်ပေါ့။ သူပါးစပ်ထဲကဟာကို ကြိုးစားမျိုချပြီး ပြုံးပြလိုက်တယ်။ သူ Tiffany ကို စိတ်ညစ်မသွားစေချင်ဘူးလေ။
Tiffany လည်း ပျော်ပြီး ပြုံးလိုက်တယ်။ ပြီးတော့ သူယူလည်းစားလိုက်တယ်။ ပါးစပ်ထဲထည့်လိုက်ရုံပဲ ရှိသေးတယ် သူ tissue လှမ်းယူလိုက်ပြီး အသားကို ထွေးထုတ်လိုက်တယ်။ ပြီးတော့ ချောင်းဆိုးသွားတယ်။
Taeyeon - အဆင်ပြေရဲ့လား? *ရေပေးလိုက်ပြီး* ဂရုစိုက်နော်။
Tiffany - *Taeyeon ကို နားမလည်နိုင်သလိုကြည့်လိုက်ပြီး* ဒါက အရသာရှိတယ်?
Taeyeon က ပြုံးပြပြီး ထပ်ယူစားမလို့ပဲရှိသေးတယ် Tiffany က Taeyeon လက်ထဲက lunch box ကို လှမ်းယူလိုက်ပြီး
Tiffany - ဒီမကောင်းတဲ့ အစားအစာကိုမစားနဲ့။
Taeyeon - *ဗူးကိုပြန်လှမ်းယူလိုက်ပြီး* ani, ရတယ်။ ငါစားလို့ရတယ်။ ဒါက… ဟို…
သူ Tiffany ကို စိတ်မထိခိုက်အောင်ပြောဖို့ စဉ်းစားပေမယ့် ခေါင်းထဲမှာ ဘာမှ ထွက်မလာဘူး။
Tiffany – ani, နင် ဗိုက်နာလိမ့်မယ်။ မစားနဲ့။
Tiffany က ပြန်ယူမလို့ပဲရှိသေးတယ် Taeyeon က ဖယ်လိုက်ပြီး
Taeyeon - ငါ တခြားဟာတွေလည်းစားလို့ဖြစ်ပါတယ်။
Taeyeon က kimbap ကို စားလိုက်ပေမယ့် မျက်လုံးပြူးသွားတယ်။ ဆားကိုစားနေရသလို ခံစားလိုက်ရတယ်။ သူ tissue ယူပြီး ထွေးထုတ်လိုက်တယ်။
Tiffany က ဗူးကိုပြန်ယူလိုက်ပြီး
Tiffany - ငါ အရင်သင်လိုက်ရမှာ။ ငါက နင့်ကို နေ့လည်စာလုပ်ပေးချင်တာ။
Tiffany ရှက်ပြီးခေါင်းငုံနေတာကို ကြည့်လိုက်တယ်။ သူ့အတွက် ကောင်မလေးက ချက်ကျွေးချင်တယ်ဆိုတဲ့ စိတ်နဲ့တင်ပျော်သွားတယ်။
Taeyeon - ရပါတယ်။ ငါလည်း မချက်တတ်ပါဘူး။
ဒါပေမယ့် Tiffany က စိတ်မကောင်းဖြစ်နေတုန်းပဲ။
Taeyeon - နောက်ကျရင်တော့ နင်သင်သင့်တယ်။
Tiffany က Taeyeon ရဲ့ လက်မောင်းကို ဆိတ်လိုက်ပြီး နည်းနည်းလေးပြုံးလိုက်တယ်။
Taeyeon - ခဏစောင့်။
Taeyeon ထလိုက်တော့ Tiffany ကြောင်သွားတယ်။
Tiffany - ဘယ်သွားမလို့လဲ?
Taeyeon - ဒီမှာပဲ ခဏစောင့်နေ။
Taeyeon ထွက်သွားတာကို Tiffany ကြည့်နေမိတယ်။ ပြီးတော့ စားပွဲကို သန့်ရှင်းရေးလုပ်လိုက်တယ်။ ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲမိလို့ အပြစ်တင်နေမိတယ်။ နောက်ကျရင် ဟင်းချက်သင်ဖို့မှတ်ထားလိုက်တယ်။
ခဏနေတော့ လက်ထဲမှာ ထမင်းဗူးနဲ့ Taeyeon တစ်ယောက်ပြန်လာတယ်။
Taeyeon - ထမင်းစားခန်းကနေ ယူလာတာ။ ငါတို့ တစ်ခုခုစားမှဖြစ်မယ်လေ။
Taeyeon စားပွဲပေါ်တင်လိုက်ပြီးပြင်ဆင်လိုက်တယ်။
Tiffany – mianhae. နောက်တစ်ခါဆိုရင် ငါအရင်သင်ပါမယ်။
Taeyeon က Tiffany ကို ကြည့်လိုက်တယ်။ ကောင်မလေးရဲ့ အားထုတ်မှုနဲ့တင် သူ့နှလုံးသားကို နွေးထွေးသွားစေတယ်။ သူ့အတွက် ဒီလိုမျိုး ဘယ်သူမှမလုပ်ပေးဖူးဘူးလေ။ Tiffany ရဲ့လက်ကို လှမ်းကိုင်လိုက်ပြီး
Taeyeon - နင်ချက်ပေးတာနဲ့တင် ငါပျော်သွားတယ်။
Tiffany – Jinja?
Taeyeon – *ခေါင်းငြိမ့်လိုက်ပြီး* Jinja. ကဲ စားရအောင်။ ငါဗိုက်က သံစုံမြည်နေပြီ။
Tiffany က ရီလိုက်ပြီး သူတို့ ၂ ယောက် စားကြတယ်။
စားပြီးသွားတော့ သူတို့ ၂ ယောက် စားပွဲကို သန့်ရှင်းရေးလုပ်လိုက်ပြီး အမှိုက်တွေပစ်လိုက်တယ်။ ပြီးတော့ ကျောင်းသားခေါင်းဆောင် ရုံးခန်းရှိတဲ့ main building ဆီ လျှောက်လာရင်း Taeyeon က Tiffany ဘာ performance လုပ်မလဲမေးပေမယ့် Tiffany က secret လို့ပဲ ပြောနေတယ်။
Taeyeon - ထားလိုက်။ မပြောပြနဲ့။ ငါ နင့် performance ကြည့်ဖို့လာမှာမဟုတ်ဘူး။
Taeyeon က နှုတ်ခမ်းဆူပြီးပြောလိုက်ပေမယ့် Tiffany က သူ့လက်မောင်းကိုလည်း ဆိတ်လိုက်ကော
Taeyeon - ငါက စတာပါ။
Taeyeon လျှာထုတ်ပြတော့ Tiffany နှုတ်ခမ်းဆူသွားတယ်။
Tiffany - ငါတို့ မနက်ဖြန် နေ့လည်စာ တူတူစားနိုင်မှာမဟုတ်ဘူး။ ငါ့မှာကိစ္စနည်းနည်းရှိလို့။
Taeyeon - ရပါတယ်။
Taeyeon ပြုံးပြလိုက်ပေမယ့် စိတ်မကောင်းတော့ နည်းနည်းဖြစ်သွားတယ်။ သူတို့ main building ရှေ့ရောက်တော့ Tiffany က Taehyun ရဲ့ လက်ကို လွှတ်လိုက်တယ်။ သူလှည့်ထွက်မလို့ပဲရှိသေးတယ် Tae က သူ့လက်ကိုလှမ်းဆွဲလိုက်ပြီး
Taeyeon – Tiffany ခဏ! ငါတို့ မနက်ဖြန် ညကျရင်တွေ့လို့ရမလား?
Tiffany - ညနေစောင်?
Taeyeon - *ခေါင်းငြိမ့်လိုက်ပြီး* ဟို… ငါနင့်ကိုပြောစရာရှိလို့။
Tiffany - *ခေါင်းငြိမ့်လိုက်ပြီး* arrasso. ငါ နင့်ကို ပြီးတာနဲ့ message ပို့လိုက်မယ်။
Taeyeon – arrasso.
Tiffany က အနားကပ်လာပြီး နှုတ်ခမ်းကိုနမ်းလိုက်တယ်။
Taeyeon – Tiffany!
Tiffany – wae? ဒီမှာဘယ်သူမှလည်းမရှိပဲနဲ့။ ရှိလည်း ငါက ဂရုမစိုက်ဘူး။ See you tomorrow.
Taeyeon က Tiffany main building ထဲဝင်သွားတာကို ကြည့်နေရင်းနဲ့
Taeyeon *မနက်ဖြန်… ငါ မနက်ဖြန်ကျရင် Tiffany ကို ပြောပြလိုက်တော့မယ်။*
Taeyeon က သူ့အဖြစ်မှန်ကို Tiffany ကို မနက်ဖြန်ကျရင်ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။ သူ Tiffany ရဲ့ ခံစားချက်တွေ ဒီထက် ပိုပိုပြီးမများခင်မှာပြောပြဖို့ဆုံးဖြတ်လိုက်တယ်။ ပြီးတော့ Tiffany အနေနဲ့လည်း သူ့ရဲ့ identity အမှန်ကို သိသင့်တယ်လို့ထင်တယ်။ အမှန်အတိုင်းပြောရရင်တော့ သူ Tiffany ကို ပြောပြဖို့ အဆင်သင့် မဖြစ်သေးဘူး။ Tiffany သူ့ကို မုန်းသွားမှာကို ကြောက်နေမိတယ်။ ဒါပေမယ့် သူ ဆက်ပြီးလည်း မလိမ်ချင်တော့ဘူး။ အဲ့ဒါကိုစဉ်းစားမိရင်း သူ့နှလုံးသားနာကျင်သွားတယ်။
------------------------------------------------------------------------------------------------------------------------

CEO - ငါတို့ Board of Directors တွေရဲ့ ဆုံးဖြတ်ချက်အရ ဒီကျောင်းကြီးကို ပိတ်ပစ်လိုက်တော့မယ်။ mianhae.
Principal Yoonji - နေအုံး။ ဒီကျောင်းကြီးကို ပိတ်ပစ်လို့ဘယ်ဖြစ်မလဲ။ ကျောင်းသားတွေကို ဘယ်လိုလုပ်မလဲ?
CEO - ငါတို့မှာလည်း ရွေးချယ်စရာမရှိဘူး။ ငါတို့ကျောင်းရဲ့ စီးပွားရေးကျဆင်းနေတာကိုလည်း သိတယ်မလား။ shareholder တချို့လည်း ထွက်ကုန်ပြီ။ ဒါပေမယ့် စိတ်တော့မပူပါနဲ့ နောက်နှစ်မှပိတ်မှာပါ။
Executive Director – Principal Yoonji သိပ်လည်းစိတ်မပူပါနဲ့။ ကျွန်တော်တို့ရဲ့ ကလေးတွေကို ဒီအတိုင်း ပစ်မထားပါဘူး။ ငါတို့ ဒီကလေးတွေ ကျောင်းပြီးအောင်လုပ်ပေးမှာပါ။
CEO - တကယ်စိတ်မကောင်းပါဘူး။ ငါတို့လုပ်ပေးနိုင်တာဒါပဲရှိပါတယ်။
Principal Yoonji - ဒါပေမယ့်…
Tiffany - အဲ့လိုမလုပ်ပါနဲ့။ အခုကျောင်းမှာ အိမ်မက်ကိုအကောင်အထည်ဖော်ချင်လို့ကြိုးစားနေတဲ့ ကျောင်းသားတွေ ရာချီပြီးရှိနေသေးတယ်။ ပြန်စဉ်းစားပေးပါ။
CEO - *သက်ပြင်းချလိုက်ပြီး* ငါသိပါတယ်။ ငါတို့အတွက်လည်း ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။
Tiffany – *ဦးညွတ်လိုက်ပြီး* ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ။
Principal Yoonji ကလည်း Tiffany ရဲ့ အပြုအမူကိုကြည့်ပြီး အံ့သြသွားတယ်။ Tiffany က ဘယ်တုန်းကမှ ဒီလိုမျိုးမလုပ်ဖူးဘူး။ သူ Tiffany ကိုကြည့်ပြီးပြုံးလိုက်မိတယ်။
Principal Yoonji - ကျေးဇူးပြုပြီး ပြန်စဉ်းစားပေးပါ။ ရာချီတဲ့ကျောင်းသားတွေရဲ့အိမ်မက်ကို မပျက်သုန်းစေပါနဲ့။ တောင်းပန်ပါတယ်။
CEO – ငါ board of directors တွေနဲ့ တိုင်ပင်ပြီးပြန်ပြောပေးပါမယ်။ ဘာကတိမှတော့ မပေးနိုင်သေးပါဘူး။
Tiffany - ကျေးဇူးတင်ပါတယ် sir.

Principal Yoonji နဲ့ နှုတ်ဆက်ပြီးတော့ Tiffany တစ်ယောက် သက်ပြင်းချလိုက်တယ်။ Tiffany တစ်ယောက် Principal ရုံးခန်းရှေ့မှာ ရပ်လိုက်ပြီး ကျောင်းကိစ္စကို ပြန်စဉ်းစားနေမိတယ်။ သူ မှန်းတော့ မှန်းမိလိုက်ပါတယ်။ ကျောင်းရဲ့ financial က သိပ်အဆင်မပြေတာ ၂ နှစ် ၃ နှစ်လောက်ရှိပြီလေ။
Tiffany သက်ပြင်းချလိုက်ပြီး လမ်းလျှောက်လာတယ်။ သူ့အတွေးတွေများနေတာနဲ့ လှေကားနားရောက်လာတာတောင် သတိမထားမိလိုက်ဘူး။ သူ့လက်ကို တစ်ယောက်လှမ်းဆွဲလိုက်တော့မှ သူ လှေကားရှေ့မှာ ရပ်နေတာကို သတိထားမိလိုက်တယ်။ သူ့လက်ကို လှမ်းဆွဲလိုက်တဲ့သူက Nichkhun ဖြစ်နေတယ်။
Tiffany - ဒီမှာ ဘာလုပ်နေတာလဲ?
Nichkhun – Mr. Han နဲ့လာတွေ့ရင်းနဲ့ နင့်ကိုတွေ့တာ။ နင် စဉ်းစားပြီးလမ်းလျှောက်နေရင် ဒဏ်ရာရမယ်နော်။
Tiffany က ခေါင်းငြိမ့်လိုက်ပြီး ထွက်သွားမလို့ပဲရှိသေးတယ် Nichkhun က သူ့ကိုတားလိုက်တယ်။
Tiffany - ဘာလဲ?
Nichkhun - ပွဲတော်ကိစ္စ ဆွေးနွေးချင်လို့။ နင်ဒါပြီးရင်အားလား?
Tiffany - အင်း။ ငါ…
Tiffany က Taeyeon နဲ့ ချိန်းထားတာကို သတိရသွားတယ်။
Tiffany – mian. ငါ မအားလို့။ မနက်ဖြန်ကော ဘယ်လိုလဲ? နင် ဒီစနေ၊ တနင်္ဂနွေကျောင်းမှာပဲရှိမှာမလား?
Nichkhun – arrasso. မနက်ဖြန်အဆင်ပြေတယ်။ ငါသေချာပေါက်နေမှာပေါ့။ နင်လည်းနေမှာမလား?
Tiffany က Nichkhun ရဲ့ မေးခွန်းကို မဖြေပဲ
Tiffany – lunch time ကျရင်တွေ့မယ်လေ။
Tiffany လှည့်ထွက်သွားလိုက်ပြီး ph ကိုထုတ်လိုက်တယ်။ Taehyun ဆီက message ကိုဖတ်လိုက်တယ်။
Tiffany – Rooftop? သူက ဘာလို့ rooftop မှာ တွေ့ချင်ရတာလဲ?
သူလည်း ph ကို အိတ်ထဲပြန်ထည့်ပြီး rooftop ဆီသွားလိုက်တယ်။

Tiffany တစ်ယောက် rooftop တံခါးကို ဖွင့်ဝင်လိုက်တယ်။ သူ Taehyun ကိုလည်း တွေ့လိုက်တော့ ပြုံးလိုက်တယ်။ Taeyeon က လက်ရန်းကို မှီနေတာလည်းတွေ့ကော တိတ်တိတ်လေးနောက်ကိုသွားပြီး ခါးကို ဖက်လိုက်တယ်။
Tiffany – Hey.
Taeyeon - *တုန်သွားပြီး* Tiffany! လန့်သွားတာပဲ။ ငါ နှလုံးရပ်သွားနိုင်တာသိရဲ့လား။
Tiffany က ရီလိုက်တယ်။
Tiffany - အကြာကြီးစောင့်နေရလား?
Taeyeon – ani. နင် ကိစ္စတွေပြီးသွားပြီလား?
Tiffany - *ခေါင်းငြိမ့်လိုက်ပြီး* imm. နင်ပြောစရာရှိတယ်မလား?
Tiffany က Taeyeon ရဲ့လက်ကိုကိုင်လိုက်တယ်။
Taeyeon - အင်း ဟုတ်တယ်။
Taeyeon က စိတ်လှုပ်ရှားနေတော့ သူ့အားတဲ့လက်နဲ့ ဂုတ်ကို ပွတ်လိုက်တယ်။
Taeyeon - ဟို ငါပြောစရာရှိလို့။
Tiffany - အင်း နင်မနေ့ကပြောတယ်လေ။
Taeyeon – Tiffany. ငါလေ… ဟို… ငါ နင့်ကို ပြောစရာရှိလို့။
Tiffany - *ရီလိုက်ပြီး* နင့် ခံစားချက်ကိုပြောမယ်ဆိုရင် ငါအစောကြီးကတည်းက လက်ခံပြီးသားလေ။
Taeyeon က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး
Taeyeon – Tiffany ငါ အတည်ပြောနေတာ။
Tiffany – mian, ငါက… နင့်ပုံစံက အရမ်း serious ဖြစ်နေလို့။ ကဲပြော ဘာလဲ?
Tiffany က Taeyeon ရဲ့ ပါးကို ကိုင်လိုက်တယ်။ Taeyeon က သူ့ပါးပေါ်က Tiffany လက်ကို ကိုင်လိုက်ပြီး အဲ့လက်ကို ကြည့်နေမိတယ်။
Taeyeon *နင်လုပ်နိုင်ပါတယ် Taeyeon. နင်လုပ်မှဖြစ်မှာ။*
သူ အသက်ပြင်းပြင်းရှူလိုက်ပြီး
Taeyeon - ငါက မိန်းကလေး။


Taeyeon သူ့နှုတ်ခမ်းကို ကိုက်နေမိတယ်။ သူ Tiffany ရဲ့မျက်လုံးကို မကြည့်ရဲ့ဘူး။ သူ သတ္တိမွေးပြီး လက်ကို မြှောက်လိုက်တယ်။ ပြီးတော့ သူ့ ဆံပင်အတုကိုလည်းချွတ်လိုက်ကော ရွှေအိုရောင်ဆံပင်အရှည်ပေါ်လာတယ်။ သူလက်ကို ကိုင်ထားတဲ့ Tiffany ရဲ့လက်က တင်းတင်းဆုတ်လိုက်တာ သူခံစားမိလိုက်တယ်။
Taeyeon - ငါက မိန်းကလေး!
Tiffany က သူ့ရှေ့က ကောင်မလေးချောချောလေးကိုကြည့်ပြီးအံ့အားသင့်နေတယ်။ ဒါက သူ့ကို တော်တော် အံ့သြသွားစေတယ်။
Tiffany က ငြိမ်နေတော့ Taeyeon မော့ ကြည့်လိုက်တယ်။ Tiffany က သူ့ကို မှန်းစလို့မရတဲ့ မျက်ဝန်းတစ်စုံနဲ့ ကြည့်နေတယ်။ သူ တံတွေးမျိုချလိုက်ပြီး စောင့်နေတယ်။ Tiffany က ကိုင်ထားတဲ့လက်ကို လွှတ်လိုက်ပြီး သူ့ပါးနှစ်ဖက်ကို ကိုင်လိုက်ပြီး အနားကပ်လာတယ်။
Taeyeon က ရုတ်တရက်အနမ်းမှာ အံ့သြသွားတယ်။ သူက Tiffany က အံ့သြပြီး အော်မယ် မယုံကြည်နိုင်အောင်ဖြစ်ပြီး ရီမယ်။ သူ့ကို ဒေါသထွက်ပြီး ရိုက်မယ် ဒါမှမဟုတ် ဘာမှမပြောပဲထွက်သွားမယ်လို့ ထင်ထားတာ။ ဒါပေမယ့် သူ့ကို နမ်းလိမ့်မယ်လို့ မထင်ထားဘူး။ Tiffany က အံ့သြသွားရမှာဖြစ်ပေမယ့် အံ့သြရတဲ့သူက သူဖြစ်နေတယ်။
ခဏနေတော့ Tiffany က နမ်းနေတာကိုရပ်လိုက်တယ်။ Taeyeon ရဲ့ မျက်ဝန်းကိုကြည့်နေတယ်။ ပြီးတော့ သူ ရီလိုက်တယ်။
Taeyeon - နင်… ငါ့ကို မမုန်းဘူးလား?
Tiffany - *ပြုံးဖြီးဖြီးလုပ်လိုက်ပြီး* ငါ နင်က ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဂရုမစိုက်ဘူး။ ငါ အရင်ကတည်းကပြောထားတယ်လေ နင်က ငါ့အတွက် ငါက နင့်အတွက် မဟုတ်ဘူးလား?
ပြီးတော့ Tiffany က Taeyeon ရဲ့ နှုတ်ခမ်းကို နမ်းလိုက်တယ်။ Taeyeon က Tiffany ရဲ့ ကျောကို ဖက်လိုက်ပြီး ပြန်နမ်းလိုက်တယ်။

Tiffany က Taeyeon ဆံပင်အတု ပြန်တပ်နေတာကို ကြည့်နေလိုက်တယ်။ ပြီးတော့ ရီချင်လို့ နှုတ်ခမ်းစေ့လိုက်ပြီး ခေါင်းခါလိုက်တယ်။
Taeyeon - ဘာရီရလို့လဲ?
Tiffany – *ခေါင်းခါရင်းပြုံးလိုက်ပြီး* ဒါနဲ့ နင့်နာမည်ကဘာလဲ?
Taeyeon – mian, ငါမေ့သွားတယ်။ Taeyeon, Kim Taeyeon.
Tiffany – Kim Taeyeon, မဆိုးပါဘူး။ ငါ့ကို ဘာလို့ မပြောပြတာလဲ?
Taeyeon - ငါ့မှာ သတ္တိမရှိလို့။ ဒါပေမယ့် ငါဆက်ပြီးတော့လည်း မလိမ်နိုင်တော့ဘူး။ ပြီးတော့ ငါ ကျောင်းထုတ်ခံရမှာလေ။
Tiffany – *Tae လက်ကို ကိုင်လိုက်ပြီး* ငါ ဘယ်သူ့ကိုမှမပြောပါဘူး။ ကတိပေးတယ်။
Taeyeon – gomawo.
Tiffany က Taeyeon ကို ဖက်လိုက်တယ်။
Taeyeon – Tiffany!
Tiffany - ငါ အရမ်းပျော်တာပဲ!
------------------------------------------------------------------------------------------------------------------------




အားပေးသံတွေ hip-hop သီချင်းသံတွေက ညရဲ့တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်တယ်။ အနက်ရောင် ပြိုင်ကားလေးတစ်စီးက လမ်းဘေးမှာရပ်လိုက်တယ်။

Jesscia - နင်ရူးနေပြီ။ ဒါက ရူးသွပ်တာ။ နင်ပုံမှန်မဟုတ်တော့ဘူး။ ဒါက ပုံမှန်မဟုတ်ဘူး။ နင်က…
Tiffany - *မျက်စောင်းထိုးလိုက်ပြီး* နောက်တစ်ခွန်းထပ်ပြောတာနဲ့ ငါနင့်ကို ကန်ထုတ်မယ်။
Jessica - *ပြုံးလိုက်ပြီး* ရူးသွပ်တယ်။
Tiffany rolled her eyes.
Jessica - နင် ဒါလုပ်မှာ သေချာတယ်နော်?
Tiffany - *ခေါင်းငြိမ့်လိုက်ပြီး* ငါလုပ်စရာရှိတယ်… သေချာပေါက်။
Tiffany စကားပြောတာရပ်လိုက်ပြီး သူ့တစ်ဦးတည်းသော အချစ်ဆုံးသူငယ်ချင်းကိုကြည့်လိုက်ပြီး အနက်ရောင် မျက်နှာဖုံးတပ်လိုက်တယ်။
Tiffany - ငါ တွေ့ချင်တဲ့တစ်ယောက်ရှိတယ်။

Song For YouWhere stories live. Discover now