Chapter - 10

1.9K 147 5
                                    

Yoona *Jessica?*
Yoona တစ်ယောက် သူ့အကြည့်တွေကို Jessica ဆီကနေ မဖယ်နိုင်ဖြစ်နေတယ်။ Jessica ရဲ့လက်တွေက ကောင်လေးရဲ့လည်ပင်းမှာ သိုင်းဖက်ထားပြီး ကောင်လေးရဲ့လက်တွေက ကောင်မလေးရဲ့ကျောမှာ ဖက်ထားတယ်။ သူတို့ ၂ ယောက်က Yoona ကို သတိမထားမိဘူး။
Yuri – Jaebum, let’s go.
Yuri ရဲ့ အသံကြားပြီး Yoona သတိရသွားတယ်။ သူသက်ပြင်းချပြီး မျက်နှာလွှဲလိုက်တယ်။
Taeyeon - ဘာဖြစ်တာလဲ? သရဲတွေဘာတွေတွေ့သွားလို့လား?
Yoona – Huh? Oh, no, nothing.
Taeyeon ကလည်း Yoona ပြောတာကို ယုံလိုက်တယ်။ Yoona တစ်ယောက် အဲ့ဒီပုံပဲပေါ်ပေါ်လာနေတော့ ခေါင်းခါလိုက်တယ်။ ဟိုကောင်လေးတွေပြောတာမှန်နေတယ်လေ။ သူက Jessica ကလူဆော့ကစားနေတဲ့ ကောင်လေးတွေထဲက တစ်ယောက်ဖြစ်နေတာကို။ သူဘာကြောင့်မှန်းမသိဘူး ဒီနေရာကနေ အဝေးတစ်နေရာကို ထွက်ပြေးသွားချင်နေမိတယ်။
Yoona - ငါတို့ မြန်မြန်သွားမှဖြစ်မယ်။
Yuri – Jaebum, wait!!
Taeyeon က သူတို့ ၂ ယောက် နောက်ကိုပြေးလိုက်မလို့ပဲရှိသေးတယ် Tiffany ကို လှမ်းတွေ့လိုက်တယ်။ Tiffany က Mrs. Bae နဲ့ စကားပြောနေတယ်။ Nichkhun ကလည်း Tiffany ဘေးနားမှာရှိနေတယ်။ သူဒီအတိုင်း ထွက်သွားဖို့စဉ်းစားလိုက်ပေမယ့် Tiffany က သူ့ကိုလှမ်းတွေ့ပြီးခဏစောင့်ဖို့လက်လှမ်းပြလိုက်တယ်။ Nichkhun က သူ့ကိုလှမ်းကြည့်တော့ သူမျက်နှာလွှဲလိုက်တယ်။ ပြီးတော့ လှေကားလက်တန်းကို မှီပြီး Tiffany ကို စောင့်နေတယ်။
Jessica – annyeon Taehyun. နင်ဒီမှာ ဘာလုပ်နေတာလဲ?
Taeyeon – Jessica-sshi, Tiffany ကို စောင့်နေတာ။
Jessica - ဒါနဲ့ နင့်သူငယ်ချင်းတွေကော ဘယ်မှာလဲ?
Taeyeon - သူတို့တွေ အတန်းထဲကို သွားနှင့်ပြီ။
Jessica – Oh, ငါနှုတ်ဆက်တယ်လို့ Jaebum ကိုပြောလိုက်နော်။
Tiffany လျှောက်လာတာလည်းတွေ့ကော
Jessica - ငါသွားတော့မယ့်။ See you later, Taehyun-sshi.
Taeyeon က ခေါင်းငြိမ့်လိုက်တယ်။ Jessica က မျက်လုံးတစ်ဖက်မှိတ်ပြပြီးလှည့်ထွက်သွားတယ်။ သူနောက်လှည့်လိုက်တော့ Tiffany သူ့နောက်မှာရပ်နေတာတွေ့လိုက်တယ်။
Taeyeon – annyeong.
Tiffany – annyeong. ဘယ်လိုနေသေးလဲ? နင့်ကြည့်ရတာသက်သာသွားပုံပဲ။
သူက Taeyeon ရဲ့ လက်ကို ကိုင်မလို့ပဲရှိသေးတယ် သူ မနေ့က ကတိပေးထားတာကိုသတိရသွားတယ်။
Taeyeon - အင်း ငါသက်သာသွားပြီ။ gomawo.
Tiffany က သူ့ကိုစိုက်ကြည့်နေတော့
Taeyeon - ငါ မလိမ်ပါဘူး။ ငါတကယ်သက်သာသွားပြီ။
Tiffany - *ရီလိုက်ပြီး* တကယ်တော့ ငါကိုယ်တိုင်စမ်းကြည့်ချင်တာ။ ဒါပေမယ့် မနေ့ကကတိပေးထားလို့။ ငါ ကတိကို ပြန်ဖျက်သိမ်းလို့ရမလား? ဟင်?
Taeyeon ခေါင်းခါလိုက်တယ်။ ပြီးတော့ Tiffany က သူ့ကို ကလိထိုးဖို့လုပ်နေလို့ သူ့လက်ကိုဖယ်လိုက်ပြီး
Taeyeon – Tiffany!
Tiffany က သူ့ပုခုံးကို တွန်းပြီး နှုတ်ခမ်းဆူလိုက်တယ်။ Taeyeon လည်း အားရပါးရရီလိုက်ပြီး
Taeyeon - ငါ မနေ့က နောက်နေတာပါ။
Tiffany - နောက်တာ?
Taeyeon ခေါင်းငြိမ့်လိုက်တော့ Tiffany က သူ့ဗိုက်ကို လိမ်ဆွဲထားလိုက်တယ်။
Taeyeon – Ah! Yah! Tiffany, mian, jinja mian. Tiffany!
Tiffany နောက်တော့ လွှတ်ပေးလိုက်တယ်။
Tiffany - ဒါက လိမ်တဲ့အတွက်။ *လျှာထုတ်ပြလိုက်ပြီး* ငါနင်နဲ့ အတူတူအချိန်ဖြုန်းချင်ပေမယ့်လည်း အတန်းကရှိသေးတယ်။
Taeyeon – ဟုတ်တယ်။ နင့်ရဲ့ မင်းသားလေးကလည်း စောင့်နေတယ်လေ။
Tiffany က Taeyeon ရဲ့ဗိုက်ကိုထပ်လိမ်ဆွဲလိုက်တယ်။
Taeyeon – Tiffany! နင်သိရဲ့လား ငါတကယ်နာတယ်။
Taeyeon က တခြားသူတွေ သူတို့ကို လှမ်းကြည့်နေတာကို သတိထားမိလိုက်တယ်။ ဒါပေမယ့် သူစိတ်ပူချိန်တောင်မရလိုက်ဘူး Tiffany က သူ့မေးကိုလှမ်းဆွဲလိုက်ပြီး မျက်လုံးချင်းဆုံကြည့်လိုက်ပြီး
Tiffany - ငါ့အတွက် မင်းသားဆိုလို့ တစ်ယောက်ပဲရှိတယ်။ အဲ့တစ်ယောက်ကလည်း အခုငါ့ရှေ့မှာရပ်နေတယ်။
သူတို့ ၂ ယောက်တည်းသာဆိုရင် သူ Taeyeon ကို နမ်းမိမှာ။ သူလက်ဖယ်လိုက်ပြီး Taeyeon ရဲ့ နှာခေါင်းကို တို့လိုက်ပြီး
Tiffany - အဲ့ဒါမမေ့နဲ့။
Taeyeon လည်း မျက်တောင်ခတ်လိုက်ပြီး Tiffany လှည့်ထွက်သွားတာကို ကြည့်နေမိတယ်။ ပြီးတော့မှ သူ့အတန်းကို အမှီပြေးသွားတယ်။
---------------------------------------------------------------------------------------------------------------------

Yoona - ငါတို့ကို ဘာလို့ Principal Yoonji က တွေ့ချင်တာလည်းမသိဘူး။
Yuri - ငါလည်းမသိဘူး။ *Taeyeon ဘက် လှည့်လိုက်ပြီး* နင်တို့တွေ ဘာစည်းမျဉ်းမှ မဖောက်ဖျက်ဘူးမလား?
Taeyeon - ဘာလို့ ငါလဲ? ငါ ဘာမှမလုပ်ဘူး။ ပြီးတော့ အမြဲစည်းမျဉ်းဖောက်ဖျက်နေတာ နင်မဟုတ်ဘူးလား?
Yuri က ပြန်ပြောမလို့ပဲရှိသေးတယ် Mrs. Bae ရောက်လာပြီး
Mrs. Bae – Principal Yoonji က မင်းတို့ကိုစောင့်နေတယ်။ ဝင်သွားလိုက်။
သူတို့ ၃ ယောက် Mrs. Bae ကို ခေါင်းငုံအရိုအသေပေးပြီး အခန်းထဲဝင်သွားလိုက်တယ်။ ပြီးတော့ ကျောင်းအုပ် စားပွဲရှေ့မှာ မက်တပ်ရပ်နေလိုက်တယ်။
Principal - ထိုင်ကြ။
သူတို့တွေ ဆိုဖာပေါ်မှာထိုင်လိုက်ပြီး
Principal - ကျောင်းတက်ရတာဘယ်လိုလဲ?
Yoona - အဆင်ပြေပါတယ် seongsaengnim.
Principal – That’s good to hear. ငါ့ အထင်တော့ မင်းတို့တွေ ကျောင်းရဲ့ပွဲတော်အကြောင်းကြားပြီးလောက်ပြီ ထင်တယ်။ *သူတို့ ၃ ယောက် ခေါင်းငြိမ့်လိုက်တယ်။* ငါ အဲ့ဒီပွဲမှာ မင်းတို့တွေကိုလည်း performance လုပ်စေချင်တယ်။
Taeyeon - ကျွန်တော်တို့ အဲ့ဒီပွဲမှာ သီချင်းဆိုရမှာလား?
Principal - ဟုတ်တယ်။ ငါတို့ကျောင်းရဲ့ ဒီပွဲတော်က တခြားပွဲတော်တွေနဲ့မတူဘူး။ producer တွေ song writer တွေ entertainment ကုမ္ပဏ္ဏီတွေနဲ့ အနုပညာနဲ့ပတ်သတ်တဲ့လူကြီးတွေလာကြည့်ကြတယ်။ အဲ့ဒီတော့ ဒီပွဲက မင်းတို့တွေအတွက် အရမ်းကို ကောင်းတဲ့အခွင့်အရေးပဲ ဘယ်လိုထင်လဲ?
သူတို့ ၃ ယောက် အချင်းချင်း အပြန်အလှန်ကြည့်ပြီး ထအော်မိမှာစိုးလို့ထိန်းနေကြတယ်။ ပြီးတော့ ခေါင်းငြိမ့်လိုက်ကြတယ်။
Principal - ပထမဆုံး မင်းတို့အဖွဲ့အတွက် နာမည်စဉ်းစားကြ။ နာမည်စဉ်းစားလို့ရရင် မင်းတို့ဆရာမကို ပေးလိုက် သူအစီအစဉ်မှာထည့်ပေးလိမ့်မယ်။ ဒီပွဲက မင်းတို့အတွက် လွယ်ကူမှာတော့မဟုတ်ဘူးနော်။ မင်းတို့တွေ အများကြီး လေ့ကျင့်ရမယ်။ လုပ်နိုင်မှာလား?
Boys – Nae, လုပ်နိုင်ပါတယ်။
Principal – That’s my boys. ကဲ အဲ့ဒါဆိုရင် အဆောင်ပြန်နားကြတော့။
Boys – Nae.
---------------------------------------------------------------------------------------------------------------------

အခန်းပြင်လည်းရောက်ကော Yuri က လက်သီးမြှောက်လိုက်ပြီး
Yuri - ငါ ယုံတောင်မယုံနိုင်ဘူး ငါတို့တွေ performance ထပ်လုပ်ခွင့်ရတယ်ဆိုတာ။ ရေလည်မိုက်တယ်ကွာ!!
Yoona - ဒါပေမယ့် seongsaengnim ပြောသလိုပဲ ငါတို့တွေ အများကြီးလေ့ကျင့်ရအုံးမယ်။ ဒီကျောင်းမှာ တော်တဲ့ကျောင်းသားတွေမှအများကြီးပဲ။
Yuri – You’re right.


သူတို့ ၃ ယောက် ကျောင်းဝင်းထဲက သစ်ပင်ကြီးအောက်မှာထိုင်ပြီး အဖွဲ့နာမည် စဉ်းစားနေကြတယ်။
Yuri - ငါတို့ ဘာနာမည်ပေးရင်ကောင်းမလဲ?
Yoona - မသိဘူး။ စဉ်းစားမိတာဘာရှိလဲ?
Yuri – Super Boys? Wonder Boys? Avengers?
Yoona – Yah, တစ်ခုမှမကောင်းဘူး။
Yuri မျက်နှာဆူသွားတယ်။
Taeyeon – ASTRO ဆိုရင်ကော?
Yuri & Yoona – hm??
Taeyeon – Astro ဆိုတာက ကမ္ဘာအပြင်ဘက်တို့ ကြယ်နက္ခတ်တို့ကိုပြောတာလေ။ အဲ့တော့ ဒါက secretive ဖြစ်တာပဲလေ။ လူတွေက အတွင်းကျကျမသိနိုင်ဘူး။ သူတို့က အပြင်ပန်းကိုပဲတွေ့ပြီး သဘောကျကြတာလေ။ အဲ့လိုပဲ ငါတို့တွေကလည်း ငါတို့ရဲ့ identities ကို hide လုပ်ထားတာပဲလေ။ ငါတို့ရဲ့ အရည်အချင်းနဲ့ သီချင်းကိုပဲ လူတွေကသိကြမှာဆိုတော့ အဲ့နာမည် ကောင်းမလားလို့?
Yuri & Yoona – Daebak!!!
Yuri – That’s cool man, awesome!
Taeyeon - ပြီးတော့ ငါ့ အတွေးကတော့ ဒီတစ်ခေါက် ငါတို့ ကိုယ်ပိုင်သီချင်းနဲ့ ဖျော်ဖြေမလားလို့။ မင်းတို့ကော ဘယ်လိုထင်လဲ?
ကျန်တဲ့ ၂ ယောက် ခေါင်းငြိမ့်လိုက်ကြတယ်။
Yuri - ဒီလိုလုပ်ပါလား? သီချင်းရေးတာကိုတော့ ငါမကူညီပေးနိုင်ဘူး ဒါပေမယ့် အကမှာတော့ သေချာပေါက် ကူညီပေးနိုင်တယ်။ ပြီးတော့ ဝတ်စုံစီစဉ်ပေးမယ်။ ဘယ်လိုလဲ?
Yoona – That’s good idea.
Yoona က Yuri ကို ဖက်လိုက်ပြီး
Yoona - နင် အရမ်းတော်တာပဲ Moonbin!!
Yuri – Of course, I am. *Tae လက်ကို လှမ်းဆွဲလိုက်ပြီး* နင် မ join ဘူးလား?
Taeyeon က ပုံမှန်ဆိုရင် သူများတွေနဲ့ ဖက်တတ်တဲ့အကျင့်မရှိဘူး။ ဒါပေမယ့် သူတို့တွေက အခု အချစ်ဆုံးသူငယ်ချင်းတွေဖြစ်သွားကြပြီ ပြီးတော့ သူတို့ ၃ ယောက်က အတူတူ အိမ်မက်ကို အကောင်အထည်ဖော်ကြမှာဆိုတော့ ဝင်ဖက်လိုက်တယ်။
သူတို့နားက ဖြတ်သွားတဲ့ကောင်လေးတစ်ယောက်က
Boy – Eh, weirdoes.
Taeyeon လည်း အဲ့ကောင်လေးပြောသံကြားတော့ ဖယ်လိုက်ပြီး အဲ့ကောင်လေးကို မျက်စောင်းထိုးလိုက်တယ်။ ပြီးတော့ သူတို့ ၃ ယောက် အဆောင်ကိုပြန်သွားကြတယ်။
Taeyeon - ငါ ထမင်းစားပြီးရင် သွားပြေးလိုက်အုံးမယ်။ နင်တို့လိုက်အုံးမလား?
Yoona - ငါလိုက်မယ်။
Yuri – mian, ငါ Seohyun ကို ထမင်းစားပြီးရင် video editing သင်ပေးမယ်ပြောထားတာ။
Taeyeon – Oh, date လား? နင်တို့ ၂ ယောက် အတွဲနဲ့တော်တော်တူနေတယ်။
Yuri - အတွဲ? No way, သူက ငါ့အတွက် အစ်မလိုပါပဲ။
Taeyeon - အမ? တကယ်လား?
Yoona ရီလိုက်တယ်။
Yuri – What? တကယ်ပြောတာ။ လာ မြန်မြန်သွားရအောင်။ ငါ ဗိုက်ဆာလှပြီ။
Yuri မြန်မြန်ထွက်သွားတာကို ကြည့်ပြီး Yoona နဲ့ Taeyeon နဲ့ ရီနေကြတယ်။
---------------------------------------------------------------------------------------------------------------------

Taeyeon နဲ့ Yoona နဲ့ ကျောင်းဝင်းထဲ မှာပြေးနေကြတယ်။
Yoona - ငါ ပွဲတော်နေ့ကိုတောင် မစောင့်နိုင်တော့ဘူး။ SM Entertainment က လာမယ်လို့ နင်ထင်လား?
Taeyeon – Well, Principal Yoonji ပြောပုံအရဆိုရင်တော့ လာမယ်ထင်တာပဲ။ ပွဲတော်နေ့မှာ ကျောင်းသားခေါင်းဆောင်တွေလည်း performance လုပ်မယ်ထင်တယ်နော်။
Yoona လည်း Jessica အကြောင်းတွေးမိသွားပြီး တခြားဘက်ကို ကြည့်လိုက်ပြီး
Yoona - လုပ်မှာပေါ့။
သူမြန်မြန်ပြေးလိုက်ပြီး
Yoona - အနိုင်ရတဲ့သူ မနက်ဖြန်ကျရင်ရေခဲမုန့်ဝယ်ကျွေးကြေး။
Taeyeon - *speed တင်လိုက်ပြီး* စိန်လိုက်လေ။ ရေခဲမုန့်ငါစားရမှာ။

နာရီဝက်လောက်ကြာတော့ သူတို့ ၂ ယောက် အဆောင်ဘက်ကို လမ်းလျှောက်ပြန်နေကြတယ်။ Taeyeon လည်း ဟိုကြည့် ဒီကြည့်နဲ့ Tiffany ရဲ့ အခန်း မီးလင်းနေသေးတာကိုတွေ့လိုက်ပြီး
Taeyeon *Tiffany အဲ့မှာရှိနေတုန်းလား?*
Taeyeon - နင်အရင်ပြန်နှင့်လိုက်။ ငါ ဟိုနား ဒီနား လမ်းလျှောက်လိုက်အုံးမယ်။
Yoona - ငါလိုက်ပေးရအုံးမလား?
Taeyeon – ani, ဟို, ရတယ် ငါ ခဏပါပဲ။ အဲ့တော့ ကိစ္စမရှိဘူး။
Yoona – ok.
Yoona လည်း Taeyeon ဘယ်သွားမယ်ဆိုတာကို ရိပ်မိလိုက်တယ်။
Yoona - နောက်မကျနဲ့နော်။ See you tomorrow!
Taeyeon လည်း Yoona ကို တာ့တာပြလိုက်ပြီး သူ့ကို မတွေ့ရတော့တာ သေချာတော့ Tiffany အခန်းဆီကို ပြေးသွားလိုက်တယ်။ သွားနေရင်းနဲ့ လမ်းမှာ တစ်ယောက်တည်း စကားပြောနေတယ်။
Taeyeon - လမ်းသွားရင်းနဲ့ မီးလင်းနေတာတွေ့လို့ဝင်လာတယ်လို့ပြောလိုက်မယ်။ မဟုတ်သေးဘူး အဲ့ဒါဆို ငါဘယ်သွားတာလဲလို့မေးအုံးမယ်။ ဒါမှမဟုတ် ကျေးဇူးတင်ကြောင်းပြောဖို့ဆိုရင်ကော? မဟုတ်သေးဘူး မနေ့ကတည်းက အဲ့ဒါကပြောပြီးပြီ။ ဒီနေ့မတွေ့ရသေးလို့ဆိုရင်ကော? မဖြစ်ဘူး အဲ့ဒါဆို ငါသူ့ကို သတိရနေတယ်လို့ ထင်သွားမှာ။
သူမသိလိုက်ခင်မှာပဲ သူ Tiffany ရဲ့ အခန်းတံခါးရှေ့ရောက်နေပြီ
Taeyeon – Maybe, this isn’t a good idea.
Taeyeon လည်း နောက်လှည့်ပြန်ဖို့ဆုံးဖြတ်လိုက်ပြီး လှေကားဆင်းမလို့ပဲရှိသေးတယ် နောက်ပြန်လှည့်လာပြီး အသက်ပြင်းပြင်း တစ်ခေါက်ရှူပြီး တံခါးခေါက်လိုက်ပြီး အခန်းထဲဝင်သွားတယ်။ Tiffany က laptop နဲ့ အလုပ်ရှုပ်နေတယ်။ ဒါပေမယ့် Taeyeon ကိုလည်းတွေ့ကော ပြုံးသွားပြီး
Tiffany – Taehyun, လာလေ။
Taeyeon - *တံခါးကိုပိတ်လိုက်ပြီး* ငါ အနှောက်အယှက်ပေးသလိုများဖြစ်နေသလား?
Tiffany - မဖြစ်ပါဘူး။
Taeyeon လက်ကို ဆွဲပြီး ထိုင်ခုံမှာ အတူတူ ထိုင်လိုက်ပြီး
Tiffany - ဒီမှာဘာလုပ်နေတာလဲ?
Taeyeon - ဟို… ငါ… မီးလင်းနေတာတွေ့လို့။
Taeyeon စာပွဲပေါ်မှာ စာအုပ်တွေအပြည့်လည်းတွေ့ကော
Taeyeon - နင်နေ့တိုင်း ဒီလိုနောက်ကျတာပဲလား?
Tiffany - ငါ့ကို စိတ်ပူနေတာလား? *Tae rolled her eyes* အင်း။ ဟုတ်တယ်။ ငါ တခါတလေကျရင် ၁၂ နာရီ တောင်ကျော်တယ်။
Taeyeon - ၁၂ နာရီ? အဆောင်တံခါးက ၉ နာရီဆို ပိတ်တယ်လေ။ နင်အခန်းထဲကို ဘယ်လိုဝင်လဲ?
Tiffany - ငါ့မှာသော့ရှိတယ်လေ။ ကျောင်းသားခေါင်းဆောင်ဖြစ်ရတဲ့ ကောင်းတဲ့အချက်တစ်ခုပေါ့။
Taeyeon - ဟုတ်သားပဲ။
Taeyeon တစ်ယောက် ဂစ်တာကို သတိထားမိလိုက်ပြီး
Taeyeon - ဟိုဟာ နင့်ဟာလား? နင် ဂစ်တာတီးတတ်တယ်?
Tiffany - *အံ့သြနေတဲ့ Tae ပုံစံကို ရီလိုက်ပြီး* တခါတလေပေါ့
Taeyeon - ငါ ကြည့်လို့ရမလား?
Tiffany – sure.
Tiffany က ဂစ်တာကို သွားယူပြီး အိတ်ထဲကနေထုတ်ပြီး Tae ကို ပေးလိုက်တယ်။
Taeyeon – Wow, so cool. ဒါ နိုင်ငံခြားက ဟုတ်တယ်မလား? ကြည့်လိုက်တာနဲ့ သိသာတယ်။
Tiffany - *ရီလိုက်ပြီး* နင့်ကြည့်ရတာ ဂစ်တာကို တော်တော်စိတ်ဝင်စားပုံပဲ။ စမ်းတီးချင် တီးကြည့်လေ။
Taeyeon - တကယ်?
Tiffany က ခေါင်းငြိမ့်လိုက်တယ်။
Taeyeon - ဒါ ငါ့ဟာထက်ပိုကောင်းတယ်။
Tiffany – oh, နင့်မှာလည်းရှိလား?
Taeyeon - အင်း ဒါပေမယ့် ဒီလို ဈေးကြီးတဲ့ဟာမျိုးတော့မဟုတ်ဘူး။
Tiffany - ငါ့ကိုတီးပြပါလား?
Taeyeon – arrasso.

“you’re the light, you’re the night
you’re the color of my blood
you’re the cure, you’re the pain
you’re the only thing I wanna touch
never knew that it could mean so much, so much
you’re the fear, I don’t care
‘cause I’ve never been so high
follow me to the dark
let me take you past our satellites
you can see the world you brought to life, to life”
Tiffany က Taeyeon ဆိုတာကို သေချာနားထောင်နေတယ်။ သူက Tae ရဲ့အသံကို အရမ်းကို သဘောကျတာ။ Tae က chorus လည်းဆိုကော သူ့ကိုကြည့်လိုက်တော့ သူပြုံးလိုက်တယ်။
“so love me like you do,
love love love me like you do
love me like you do,
love love love me like you do
touch me like you do,
touch touch touch me like you do
what are you waiting for?”
“fading in, fading out
on the edge of paradise” Tiffany ဆိုလိုက်တယ်။
Taeyeon လည်း အံ့သြသွားတယ်။ ဒါပေမယ့် သီချင်းကို ဆက်တီးနေလိုက်တယ်။
“every inch on your skin
is a holy gray I’ve got to find
only you can set my heart on fire, on fire” Tiffany sing
“I’ll let you set the pace
‘cause I’m not thinking straight” Taeyeon sing
“my head’s spinning around
I can’t see clear no more” Tiffany sing
“what are you waiting for?” Tae & Tiff sing
သူတို့ အတူတူလည်း ဆိုလိုက်ကော Tae တစ်ယောက်ရှက်သွားတယ်။ ပြုံးနေရာကနေလည်း မရပ်နိုင်ဖြစ်နေတယ်။ သူ့နှလုံးကလည်း အရမ်းကိုခုန်တာမြန်နေတယ်။ သူဘေးနားမှာ ပြုံးနေတဲ့ Tiffany ကို ကြည့်လိုက်ပြီး
Taeyeon - နင်တကယ်တော်တယ်။
Tiffany – Well, thank you. နင်လည်းဒီလောက်မဆိုးပါဘူး။
Taeyeon က သူတောင်သတိမထားမိလိုက်ပဲ Tiffany ကို စိုက်ကြည့်နေမိတယ်။
Tiffany - နင့်အကြည့်နဲ့တင် ငါအရည်ပျော်သွားတော့မယ်။
Taeyeon - *ချောင်းဟန့်လိုက်ပြီး* ဒီတစ်ခေါက်နင့်အလှည့်။ တစ်ခုခုတီးပြ။
Tiffany – ani. ငါက နင်တီးတာပဲ နားထောင်ချင်တာ။
Taeyeon - နင် ဘယ်လိုသီချင်းမျိုးကြိုက်လဲ?
Tiffany – well, I like pop, country,…
Taeyeon – Country? *Tiffany လည်း ခေါင်းငြိမ့်လိုက်ကော* ငါ့ကိုဆိုပြ
Tiffany – It’s not free sir. ငါအရမ်းကြိုက်တဲ့ Country singer တစ်ယောက်ရှိတယ်။ သူ့သီချင်းလေးတွေက အရမ်းကောင်းတယ်။ ငါလည်း အရမ်းကြိုက်တယ်။
Tiffany က သီချင်းစဆိုလိုက်တယ်။ Taeyeon ကလည်း ပြုံးပြီးနားထောင်နေတယ်။ ပြီးတော့ သူဆိုတဲ့အသံနဲ့ လိုက်ပြီး ဂစ်တာလိုက်တီးပေးနေတယ်။
Tiffany က Taeyeon လိုက်တီးပေးတာကိုကြည့်ပြီး ပြုံးလိုက်တယ်။ Taeyeon က တကယ်ကိုတော်တာပဲလို့ စဉ်းစားမိလိုက်တယ်။ Taeyeon က ခေါင်းလည်းမော့ကြည့်လိုက်ကော Tiffany က သူ့ကိုကြည့်ပြီး သီချင်း ဆိုနေတယ်။ Tiffany ရဲ့ မျက်နှာမှာအပြုံးတွေပြည့်နေတယ်။ Tiffany က Taeyeon ရဲ့ဒူးပေါ်လည်း လက်တင်လိုက်ကော Taeyeon က Tiffany ကို ပြုံးပြလိုက်တယ်။
Tiffany က သူ့ကိုကြည့်ပြီး ဆိုနေတော့ Taeyeon တစ်ယောက်ရင်တွေခုန်နေတယ်။ သူ့ရင်ခုန်သံ အရမ်းမြန်လာပြီး သူမသိတဲ့ခံစားချက်ပေါ်လာပြန်တယ်။ ဒီတစ်ခါတော့ အဲ့ခံစားချက်ကို သူမကြောက်တော့ဘူး။ သူသိလိုက်တယ် သူကအဲ့ဒီခံစားချက်ကို အရင်ကတည်းကသိပေမယ့် ဝန်ခံဖို့ကြောက်နေတယ်ဆိုတာကို။
Tiffany လည်း သီချင်းဆိုတာပြီးသွားကော
Taeyeon – Wow. That’s… really… wow.
Tiffany က Taeyeon ကို ကြည့်ပြီး ရီလိုက်တယ်။
Tiffany - နင်တကယ်တော်တယ် Taehyun.
Taeyeon - နင်လည်းတော်ပါတယ်။
Taeyeon နာရီလည်းကြည့်လိုက်ကော ၉ နာရီထိုးတော့မယ်။
Taeyeon – curfew!
Taeyeon က လှေကားနားမှာ Tiffany တံခါးပိတ်တာကို စောင့်နေတယ်။ Tiffany က သူ့နားလျှောက်လာပြီး သူ့လက်ကိုကိုင်လိုက်တယ်။ Tae ကတော့ အဲ့အမူအရာကို အခုပုံမှန်လိုဖြစ်သွားပြီ။ သူတို့ ၂ ယောက် အတူတူ အဆောင်ကို လျှောက်လာကြတယ်။ Taeyeon က Tiffany ရဲ့ တစ်နေ့တာ schedule ကို မေးနေတယ် Tiffany ကလည်း သူ့ကိုအကုန်ပြောပြပေးနေတယ်။ သူအခုသိသွားပြီ တခါတလေကျရင် ကျောင်းဝင်းထဲမှာ Tiffany ဘာလို့ မျက်မှန်တပ်လဲဆိုတာကို။ ဘာလို့လဲဆိုတော့ သူ့ရဲ့ ပင်ပန်းနေတဲ့ မျက်ဝန်းကို ဖုံးအုပ်ဖို့အတွက်ဆိုတာကို။ သူ Tiffany ကို မြောက်ကြွမြောက်ကြွဖြစ်နေတဲ့ ကျောင်းသားခေါင်းဆောင်လို့အထင်မှားမိခဲ့တာကို တွေးမိပြီး ကိုယ့်ကိုယ်ကို ရှက်မိသွားတယ်။
ခဏကြာတော့ သူတို့ မိန်းကလေးအဆောင်ရှေ့ရောက်သွားတယ်။ Tiffany က Taeyeon ကို မျက်နှာမူလိုက်ပြီး
Tiffany - ဒီနေ့ ငါ့ကိုလာတွေ့လို့ကျေးဇူးပဲ။ ငါတို့ နောက် တူတူဆိုရအောင်။ ပျော်ဖို့ကောင်းတယ်။
Taeyeon က ပြုံးပြီး ခေါင်းငြိမ့်လိုက်တယ်။ သူ Tiffany သူ့ပါးကိုနမ်းလိုက်တဲ့အခါမှာလည်း လန့်မသွားဘူး။
Tiffany – Sleep well, Taehyun.
Taeyeon – You too. See you tomorrow.
Tiffany က Taeyeon ပြန်ပြောတာမှာ အံ့သြသွားတယ်။ ဒါပေမယ့် ခေါင်းငြိမ့်လိုက်ပြီး ပြုံးပြလိုက်တယ်။
Tiffany – See you tomorrow.
Taeyeon က Tiffany အထဲဝင်သွားတဲ့အထိစောင့်လိုက်တယ်။ ပြီးတော့မှ ယောက်ျားလေးအဆောင်ဆီကို ပြန်သွားလိုက်တယ်။ သူပြန်တွေးမိပြီး မပြုံးပဲမနေနိုင်ခဲ့ဘူး။ ကံကောင်းချင်တော့ သူတို့ အဆောင်တံခါး မပိတ်သေးဘူး။ သူ သီချင်းတညည်းညည်းနဲ့ အခန်းဆီလျှောက်သွားတယ်။ သူသွားနေတုန်း သူ့ ph မှာ message တစ်ခုဝင်လာတယ်။ အဲ့ဒါကတော့ သူ့အမေဆီက
“Hey sweetie, ကျောင်းမှာဘယ်လိုလဲ? အစားအသောက်တွေကော သေချာစားတယ်မလား?” Tae’s mom
“nae, eomma, စိတ်မပူပါနဲ့”
ဒါပေမယ့် သူ့အမေထပ်ပို့လိုက်တဲ့ message ကို ကြည့်ပြီး Tae တစ်ယောက် မျက်လုံးပြူးသွားတယ်။
“သမီးအဖေက သမီးကျောင်းကို လာလည်ချင်လို့တဲ့။” Tae’s mom

Song For YouDonde viven las historias. Descúbrelo ahora