Chapter - 4

2.3K 152 12
                                    

Taeyeon တို့ ၃ ယောက်က မနက်ဖြန်ပွဲအတွက် အကတိုက်နေကြတာ။
Taeyeon - one, two, three and four. five, six, seven and eight.... ခဏ
Taeyeon က Yuri ဘက်ကိုလှည့်လိုက်ပြီး
Taeyeon - အဲ့ဒါဘာအကလဲ? ငါတို့ ကကွက်ထဲမှာ မပါဘူးလေ။
Yuri - ဟုတ်တယ်။ မပါဘူး။ ငါကပျော်ဖို့ကောင်းမယ်ထင်လို့နည်းနည်းလေးထည့်လိုက်တာ။
Yoona - နင့် ကကွက်ကကောင်းသားပဲ။ ငါ့အထင် ငါတို့တွေ ကကွက်အတိုင်းအရမ်းအတိအကျကြီးမလုပ်လည်း ရတာပဲလေ။ ဒီလိုလေးလည်းကြည့်ကောင်းတာပဲ။ Tae-ah, ငါ့အထင်တော့ Bin လုပ်တာမှန်တယ်ထင်တာပဲ။ ငါတို့ပျော်ပျော်ပဲလုပ်ရအောင်လေ။ အကယ်၍မအောင်ခဲ့ရင်တောင် ငါတို့အကောင်းဆုံးလုပ်တာပဲလေ။ ငါတို့ ပျော်ပျော်ရွှင်ရွှင်နဲ့လုပ်ရအောင်။
Taeyeon တစ်ယောက် Yuri ရဲ့ ပြုံးစိစိလုပ်နေတာကို တစ်ချက်ကြည့်လိုက်ပြီး
Taeyeon - ok လေ။ ငါတို့ပျော်ရွှင်ကြတာပေါ့။ ဒါပေမယ့် ကကွက်တော့ အရမ်းပျက်မသွားစေနဲ့နော်။ နင် လုပ်တတ်တဲ့အကျင့်တွေကိုငါသိနေတယ်နော်။
Yuri - *အလေးပြုလိုက်ပြီး* Ay ye, captain.
Yoona - ok, ငါတို့ ပြန်စကြရအောင်။
သူတို့တွေက အခုဆိုရင် ကျောင်းက အကခန်းတစ်ခန်းမှာ လေ့ကျင့်နေကြတာ။ Seohyun က သူတို့ ကျင့်လို့ရအောင် ဆရာမဆီကနေ အခန်းသုံးခွင့်တောင်းထားပေးတာ။ ဒါပေမယ့် မနက်ဖြန်ပြင်ဆင်မှုမှာ ကူပေးရမှာဆိုတော့ လေ့ကျင့်တာကို လာမကြည့်ပေးနိုင်ဘူး။ ကျောင်းသား ကျောင်းသူအကုန်လုံးနီးပါးကလည်း မနက်ဖြန်ပွဲအတွက်ကို အလုပ်ရှုပ်နေကြတယ်။
Yuri - ငါတို့ခဏလောက်နားလို့မရဘူးလား။ ငါတော်တော်ပင်ပန်းနေပြီ။ အသက်ကြီးလာလို့ထင်တယ်။
Yuri တစ်ယောက် ကြမ်းပြင်ပေါ်လှဲချလိုက်တယ်။
Taeyeon - ငါလည်း ရေဆာတယ်။
Taeyeon က သူ့အတွက် ရေဗူးတစ်ဗူးယူပြီး နောက်တစ်ဗူးကို Yuri ဆီကို ပစ်ပေးလိုက်တယ်။ ပြီးတော့ Yuri ဘေးနားမှာ ထိုင်လိုက်တယ်။ ခဏနေတော့ Seohyun ဝင်လာတယ်။
Seohyun - hey, နင်တို့လေ့ကျင့်တာ ဘယ်လိုနေလဲ?
Taeyeon - အဆင်ပြေတယ်။ ဒါပေမယ့် တစ်ယောက်သောသူက အသက်ကြီးလာလို့ အနားယူဖို့လိုနေတယ်။
Taeyeon ပြောလိုက်တော့ Yuri က လျှာထုတ်ပြလိုက်တယ်။
Yuri - နင်ကော ဘာလို့ ငါတို့နဲ့ တူတူမကတာလဲ?
Yuri က မတ်တပ်ရပ်လိုက်ပြီး Seohyun ဆီ လျှောက်သွားလိုက်တယ်။
Seohyun - အက? မဟုတ်ဘူး။ ငါက နင်တို့လိုမျိုးမကနိုင်ဘူး။
Yuri - နင် ငါတို့လိုမျိုး ကတတ်ဖို့ မလိုပါဘူး။ *Seo လက်ကို ကိုင်လိုက်ပြီး* ဒီအတိုင်းလေး နည်းနည်း လှုပ်လိုက်။
Yuri က သူ့လက်ကို မြှောက်လိုက်ပြီး လှုပ်ကနေတယ်။
Seohyun - ဒီကကွက် ငါသိတယ်။
Yuri က တွဲကဖို့ Seohyun ကို လည်းဆွဲခေါ်လိုက်ကော
Seohyun - ငါ ရှက်တယ်။ ပြီးတော့ ငါက အဲ့လောက်လည်းမကတတ်ဘူး။
Taeyeon က သူတို့ ၂ ယောက်ကို ကြည်ပြီးရီနေတယ်။ ဒါပေမယ့် Yuri က Taeyeon နားလျှောက်လာပြီး သူ့လက်ကိုလည်း ဆွဲလိုက်ကော
Taeyeon - yah!! ငါ အဲ့ဒီအက မကဘူးနော်! Kwon Moonbin!!!
Yoona တစ်ယောက်တော့ Yuri တစ်ယောက် Taeyeon နဲ့ Seohyung ကအောင်လုပ်နေတာကို ကြည့်ပြီး ခေါင်းခါပြီး ပြုံးစိစိလုပ်နေတယ်။ သူက ရေသောက်ပြီး ခဏနားမလို့ပဲရှိသေးတယ်။ Wooyoung နဲ့ Jessica ဝင်လာတာလည်းတွေ့ကော ခေါင်းငုံ့ပြီး နှုတ်ဆက်လိုက်တယ်။
Jessica - ငါကနင်တို့လေ့ကျင့်တာကိုကြည့်ဖို့ *အကမကျင့်ပဲဆော့နေတဲ့ကောင်လေးနှစ်ယောက်ကိုတွေ့ပြီး* လာခဲ့တာ။
Yoona - ကျွန်တော်တို့တောက်လျှောက်လေ့ကျင့်နေတာ။ အခုက ခဏနားနေတာပါ။
Yoona က ကျန်တဲ့နှစ်ယောက်ကြားအောင်ကျယ်ကျယ်ပြောလိုက်ပေမယ့် သူ့သူငယ်ချင်းနှစ်ယောက်ကတော့ သိတောင်မသိဘူး။ အဲ့ဒီအချိန်မှာပဲ Taeyeon က Yuri ကို ကြမ်းပြင်ပေါ်မှာ ဖိထားတာကိုတွေ့လိုက်တယ်။ Seohyun ကတော့ Yuri ကို ကူညီပေးဖို့ ကြိုးစားနေတယ်။
Yoona *သူတို့တွေဘာလုပ်နေကြတာလဲ?*
Jessica - ငါ စဉ်းစားမိတယ် နင်တို့တွေ ယောက်ျားလေးတွေမှ ဟုတ်ရဲ့လားလို့?
Yoona တစ်ယောက်လည်း လန့်သွားတယ်။ Jessica က သူ့နားကိုပိုပြီးကပ်လာတော့ ပိုလန့်သွားတယ်။ Jessica က သူ့ပါးကို ကိုင်လိုက်ပြီး လက်ချောင်းလေးတွေနဲ့ ရွှေ့နေတော့ သူ့ကိုယ်သူမသိပဲ အသက်အောင့်နေမိတယ်။
Yoona - သေ... သေချာတာပေါ့ ငါကယောက်ျားလေး။
Jessica က Yoona မျက်နှာနားကို ကပ်ကြည့်လိုက်တယ်။
Yoona *Taeyeon, Yuri ငါ့ကိုကူညီကြအုံးလေ!!*
Jessica - အဲ့ဒါကို ငါ့ကို နမ်းလေ။
Yoona က Jessica သူ့ဂုတ်ပေါ်ကို လက်နဲ့သိုင်းဖက်လိုက်တဲ့အခါမှာ မျက်လုံးပြူးပြီးလန့်သွားတယ်။ Wooyoung က အနောက်ကနေ လန့်သွားတယ်။ Yoona က ပါးစပ်ဟလိုက်ပေမယ့် ဘာမှမပြောပဲ ပါးစပ်ပြန်ပိတ်လိုက်တယ်။ Jessica လည်းပြုံးလိုက်ပြီး Yoona နားကပ်လိုက်တယ်။
Taeyeon နဲ့ Yuri နဲ့က Yoona အခက်တွေ့နေတာလည်း သတိထားမိကော ဆော့နေတာကို ရပ်လိုက်ပြီး
Taeyeon & Yuri - Jaebum.
Seohyun - Jessica-sunbae.
Yoona လည်း သူ့သူငယ်ချင်းအသံလည်းကြားကော အသိပြန်ဝင်ပြီး Jessica ကို သူ့ဘေးကနေတွန်းထုတ်ပြီး နောက်ဆုတ်လိုက်တယ်။ ကံဆိုးချင်တော့ ကြမ်းပြင်ပေါ်က ရေဗူးပေါ်တက်နင်းမိပြီး ဖင်ထိုင်ရက်လဲကျသွားတယ်။
Jessica - ouch!!
Jessica က အော်လိုက်ပြီး ရယ်လိုက်တယ်။
Jessica - ငါ နောက်တာပါ။ တောင်းပန်ပါတယ်။ အဆင်ပြေရဲ့လား?
Yoona က ဘာလုပ်ရမလဲမသိဖြစ်နေတယ်။ Jessica က သူ့ကို ဆွဲထူပေးမယ်ဆိုပြီးလက်ကမ်းပေးနေတယ်။ သူလည်း Jessica ရဲ့ လက်ကိုကိုင်ပြီးထလိုက်တယ်။ ဒါပေမယ့် Jessica က သူ့လက်ကို မလွှတ်ဘဲနဲ့ သူ့နားကို ဆွဲလိုက်တယ်။ Jessica က လက်ကိုပြန်ဆန့်ထုတ်လိုက်ပြီး ကိုင်ထားတဲ့လက်ကို မလွှတ်ဘဲ တစ်ပတ်လှည့်ပြီး Yoona နားကပ်လိုက်တယ်။ Yoona ကလည်း Jessica က ဖက်ပြီးဖမ်းပေးလိုက်တယ်။ Jessica က Yoona ပုခုံးကိုဖက်လိုက်ပြီး
Jessica - ကလို့ရမလား?
Yoona က Jessica က သေချာကြည့်နေတယ်။ သူဘာမှတောင် မပြောရသေးဘူး Jessica က စပြီးကနေတယ်။ သူလည်း ဘာလုပ်ရမှန်းမသိတာနဲ့ လိုက်ကလိုက်တယ်။ Jessica က Yoona ကတာကိုမြင်ဖူးတယ် ဒါပေမယ့် သူနဲအတူတူ တညီတည်းလိုက်ကနိုင်တာကိုတွေ့ပြီးအံ့သြသွားတယ်။
Yuri - ဘာတွေဖြစ်နေတာလဲ?
Taeyeon - ငါလည်းမသိဘူး။
Seohyun - သူ့ရဲ့ အရည်အချင်းကိုစစ်နေတာ။
Yuri - တော်သေးတာပေါ့ ငါမဟုတ်လို့။ အဲ့ဒီအကအမျိုးအစားက ငါ့ စတိုင်လ်မဟုတ်ဘူး။
Yoona က သူ့မိဘတွေက ပွဲတက်တဲ့အခါ ကနိုင်အောင်ပွဲတက်အကကိုသင်ပေးထားတဲ့အတွက် Jessica နဲ့ လိုက်ညှိပြီးကနိုင်တယ်။ သူတို့ကနေတုန်းမှာ Jessica တစ်ယောက် Yoona ကို စိတ်ထဲကနေ ချီးမွမ်းနေမိတယ်။ သူတို့ကလို့လည်းပြီးသွားကော အဆုံးသတ်ဖက်ထားတုန်းမှာ Jessica က Jaebum ရဲ့မျက်ဝန်းကို ကြည့်နေရင်းတယ်။ Jessica က ခေါင်းခါလိုက်ပြီး ရယ်လိုက်တယ်။
Jessica - နင် ငါ့ကို တော်တော်အံ့သြစေတာပဲ
Yoona လည်း သူ့အသံကြားမှ အသိစိတ်ပြန်ဝင်ပြီး
Yoona - gomawo. နင့်အကကလည်း ကောင်းပါတယ်။
Jessica - *Yoona နားနားကပ်ပြီးတော့* နင့် performance ကို ကြည့်ဖို့ စောင့်တောင်မစောင့်နိုင်တော့ဘူး။
Jessica က Yoona ရဲ့ ပါးလေးကိုနမ်းလိုက်ပြီး ကျန်တဲ့သူတွေဘက်ကိုလှည့်လိုက်ပြီး
Jessica - နင်တို့တွေမနက်ဖြန်ကံကောင်းပါစေ။ အော် ဒါနဲ့ Ms. Bae က နင်တို့ လေ့ကျင့်ပြီးသွားရင် သူ့ရုံးခန်းမှာ သူ့ကိုလာတွေ့ပါတဲ့။
Jessica က သူတို့ကိုပြောပြီး Wooyoung ဘက်လှည့်လိုက်ပြီး
Jessica - သွားရအောင်။ တော်ကြာငါ့ကို Fany သတ်လိမ့်မယ်။
Wooyoung က Jaebum ဘက်လှည့်လိုက်ပြီး
Wooyoung - See you later, Jaebum.
သူတို့တွေလည်းထွက်သွားကော Taeyeon နဲ့ Yuri က Yoona နားလျှောက်သွားတယ်။ Yoona ကတော့ ဒီအတိုင်းရပ်နေတယ်။
Taeyeon - အဆင်ပြေရဲ့လား?
Yuri - *Yoona မျက်နှာရှေ့မှာ လက်ရမ်းပြပြီး* Jaebum-ah, annyeong. နင်ရှိကောရှိသေးရဲ့လား?
Yoona - သူ... ငါ... သူနဲ့... ငါနဲ့... ကတယ်.... နောက်.... သူက... နမ်းလိုက်တယ်....
Yoona တစ်ယောက်မျက်လုံးပြူးသွားပြီး
Yoona - သူက ငါ့ကိုနမ်းလိုက်တယ်!!!!!
Yuri - wow, chukhahae(congratulations). အနမ်းခံလိုက်ရလို့.
Yoona က Yuri ကို မျက်စောင်းထိုးလိုက်ပြီး Taeyeon က Yuri ကို လှမ်းရိုက်လိုက်တယ်။
Yuri - yah!
Yoona က Jessica နမ်းလိုက်တဲ့ပါးကိုကိုင်လိုက်ပြီး
Yoona - သူကငါ့ကိုနမ်းလိုက်တယ်။ ငါ့ကို နမ်းလိုက်တယ်! ငါဘယ်လိုလုပ်ရမလဲ?
Yuri - လက်ထက်လိုက်လေ?
Yoona - Moonbin!!
---------------------------------------------------------------------------------------------------------------------
သူတို့ ၃ ယောက် ဆရာမခန်းကို သွားနေကြတယ်။
Yuri - seongsaengnim နာမည်ကဘာတဲ့?
Yoona - Ms. Bae လို့ပြောတာပဲ။
Taeyeon - ဟိုအခန်းဖြစ်မယ်ထင်တယ်။
သူတို့ ၃ ယောက် အဲ့ဒီအခန်းဆီလျှောက်သွားပြီး တံခါးခေါက်လိုက်တယ်။ အထဲကနေ ဝင်ခဲ့လို့ ပြောတာလည်းကြားကော သူတို့ ၃ ယောက် တံခါးဖွင့်လိုက်တယ်။
Ms. Bae - မင်းတို့ ၃ ယောက်က Taehyun, Jaebum နဲ့ Moonbin ဖြစ်မယ်ထင်တယ်။ Jinwoon ဆီကနေ မင်းတို့သတင်းတွေကြားပါတယ်။ သူက မင်းတို့ ၃ ယောက်ကိုအရမ်းချီးကျူးတာ။ သူပြောတာလည်း မှန်သားပဲ မင်းတို့ ၃ ယောက်က ချောလည်းချောတယ်။ ငယ်လည်းငယ်တယ်။ သွားတောင်သတိရမိတယ်...
Yuri - *Taeyeon နဲ့ Yoona ကို တိုးတိုးလေးလှမ်းပြောလိုက်တယ်* ငါတို့ သူ့ကိုဘယ်လိုရပ်မလဲ?
Taeyeon က Yuri ကို တံတောင်နဲ့ တွတ်လိုက်ပြီး
Taeyeon - Ms. Bae, ဟိုလေ ကျွန်တော်တို့ကိုတွေ့ချင်တယ်ဆိုပြီး Jessica-sunbae ကပြောလို့ပါ။
Ms. Bae - Ah, ဟုတ်သားပဲ။ ငါမေ့နေတာ။ လာ လာ လာ ဝင်လာခဲ့ကြ။
သူတို့ ၃ ယောက် ဝင်လာပြီး Ms. Bae စားပွဲနားကိုလျှောက်လာကြတယ်။ Ms. Bae က ပါဆယ်ထုတ်တစ်ထုတ်ကို ယူပြီးသူတို့ကိုပေးလိုက်တယ်။
Ms. Bae - ဒါ ဒီနေ့ရောက်လာတဲ့ ပါဆယ်ပဲ။ Moonbin နာမည်နဲ့။
Moonbin - wow, ရောက်လာပြီပဲ။
Yuri က Ms. Bae လက်ထဲက package ကို ယူလိုက်ပြီး
Moonbin - hey, guys. ငါတို့ အဝတ်အစားတွေရပြီ။
Taehyun - အဲ့ဒါငါတို့ အဝတ်အစားတွေ? နင်မနေ့ကမှ မှာလိုက်တာမဟုတ်ဘူးလား?
Yuri က Taeyeon ကို ဒီအတိုင်းပြုံးပြလိုက်ပြီး Yoona ဘက်လှည့်ပြီး
Yuri - ငါတို့ အဝတ်အစားတွေရပြီ!!!
Yuri က Yoona နဲ့ hi-5 လုပ်လိုက်တယ်။
Ms. Bae - ကြည့်ရတာ မင်းတို့တွေ မနက်ဖြန်အတွက် အဆင်သင့်ဖြစ်နေပြီထင်တယ်။
Taeyeon - nae.
သူတို့ ၃ ယောက်လည်း Ms. Bae အခန်းထဲကထွက်လာခဲ့တယ်။ Yuri က အထုတ်ကို အဆောင်မှာ သွားထားတယ်။ Taeyeon နဲ့ Yoona ကတော့ အကခန်းကို သွားကြတယ်။
Taeyeon - နင် အရင်သွားနှင့်လိုက်။ ငါ toilet သွားလိုက်အုံးမယ်။
Yoona - arrasso.
Taeyeon တစ်ယောက် ယောက်ျားလေး အိမ်သာထဲမဝင်ခင် သက်ပြင်းတစ်ချက်ချလိုက်တယ်။ သူက ကြမ်းပြင်ကိုပဲကြည့်ပြီး အိမ်သာအခန်းထဲကိုမြန်မြန်ဝင်လိုက်တယ်။ တံခါးလည်းပိတ်ပြီးကော
Taeyeon - hoo. ယောက်ျားလေးတွေနဲ့ တူတူနေ အိမ်သာတူတူသုံးတာသာ အမေသိရင်သတ်တော့မှာပဲ။
Taeyeon သူ့ကိစ္စရှင်းပြီးတော့ အပြင်ကိုထွက်လိုက်တယ်။ ဘယ်မှမကြည်ပဲကြမ်းပြင်ကိုပဲကြည့်နေတယ်။ သူလက်ဆေးပြီးအထွက်မှာ အိမ်သာထဲကို ဝင်လာတဲ့ ယောက်ျားလေးတစ်ယောက်နဲ့ တိုက်မိလိုက်တယ်။
Taeyeon - mianhae.
Taeyeon ပြောပေမယ့် သူနဲ့တိုက်မိတဲ့ကောင်လေးက မဖယ်ပေးပဲ ရပ်နေတယ်။
Boy - နင်က ကျောင်းသားသစ်မလား?
Taeyeon လည်း ခေါင်းမော့ကြည့်လိုက်တော့မှ သူ့ရှေ့မှာ ကျောင်းသား ၆ ယောက်လောက် ရပ်နေတာကို တွေ့လိုက်တယ်။ အဲ့ကောင်လေးတွေလည်း လက်ပိုက်ပြီး သူ့ကို ကြည့်လိုက်ကော တစ်ခုခုပဲဆိုတာ ခံစားမိလိုက်တယ်။
Taeyeon - what's up bro?
Boy - နင်က ဘာကိစ္စကြောင့် ငါတို့ Queen Tiffany-shi ကို စော်ကားရတာလဲ?
Taeyeon *Aish လာပြန်ပြီ ဒီကိစ္စ*
ကောင်လေးတွေက သူ့ကိုလည်း ပတ်ပတ်လည်ဝိုင်းလိုက်ကော Taeyeon က လက်နှစ်ဖက်မြှောက်လိုက်ပြီး
Taeyeon - နင်တို့ အထင်မှားတာပါ။ ငါမလုပ်...
Boy - နင်လုပ်လိုက်တာ!!
Taeyeon လည်း အဲ့ကောင်လေးက အော်လိုက်တော့ လန့်သွားတယ်။ တခြားကောင်လေးတွေလည်း သူ့ကို မျက်မှောင်ကျုပ်ကြည့်ပြီး သူ့နားကို ကပ်လာကြတယ်။
Taeyeon *aish, အဲ့ကောင်မလေးနဲ့ သူ့ရဲ့ fan တွေကတော့*
Taeyeon - ဟုတ်တယ်။ ငါလုပ်လိုက်တယ်။ တစ်ယောက်ယောက်ကတော့ အဲ့ဒီ စိတ်ရှုပ်ဖို့ကောင်းပြီး ဆိုးသွမ်းနေတဲ့ ကောင်မလေးကို ဆုံးမသင့်တယ်လေ။
Boy - အဲ့ကောင်ကိုဖမ်း!!
Taeyeon က သိုင်းချတော့မယ့်ပုံစံပြင်ပြီး တရုပ်ကားတွေထဲကလို 'HYAAAHHH!' လို့အော်လိုက်တယ်။
Boy - အဲ့ကောင်ကိုဖမ်း!!
Taeyeon *uh-oh ငါ့အစီအစဉ်မအောင်မြင်ဖူးပဲ*
Taeyeon - *အိမ်သာခန်းရဲ့ဘောင်နားကိုလက်ညှိုးထိုးပြလိုက်ပြီး* hey, ဟိုဟာ bra မဟုတ်ဘူးလား?
Boys - ဘယ်မှာလဲ?
Taeyeon *ငတုံးတွေ*
ကောင်လေးတွေကလိုက်ရှာတာနဲ့ အလုပ်ရှုပ်နေတုန်း Taeyeon က သူတို့ကြားကနေ လစ်ထွက်ပြေးလိုက်တယ်။
Boy - hey!! အဲ့ကောင်ကိုဖမ်း!!
Taeyeon တစ်ယောက် ပြေးထွက်လိုက်တော့ မျက်နှာချင်းဆိုင်မှာ ကောင်မလေးအုပ်စုကိုတွေ့လိုက်တယ်။
Girls - Taehyun!!!
Taeyeon - Aish!!
Taeyeon တစ်ယောက် ကောင်လေးတွေကော ကောင်မလေးတွေကောနဲ့ လွတ်အောင်ရှောင်ပြေးနေရတယ်။
Taeyeon - ဘာဖြစ်လို့ ငါပဲ ဒီလိုဖြစ်နေရတာလဲ?!!
Taeyeon တစ်ယောက် သူ့ကိုကြောင်ကြည့်နေတဲ့ ကျောင်းသူ ကျောင်းသားတွေရှေ့ကနေပဲ ထွက်ပြေးသွားတယ်။ ပြီးတော့ ထောင့်ချိုးမှာကွေ့လိုက်ပြီး အနီးဆုံးအခန်းထဲကိုဝင်လိုက်ပြီး တံခါးပိတ်လိုက်တယ်။ သူ့ဝင်လိုက်တဲ့ အခန်းရှေ့ကနေ အုပ်စုလိုက် ဖြတ်သွားသံကြားလိုက်တယ်။
သူ အခန်းထဲကနေ ထွက်မလို့ပဲရှိသေးတယ် သီချင်းသံကြားလိုက်တော့ရပ်လိုက်တယ်။ သိချင်စိတ်ကများနေတော့ အဲ့ဒီအခန်းအတွင်းဘက်ထဲကိုဆက်ဝင်ကြည့်လိုက်တယ်။ အဲ့ဒီအခန်းဟာဆိုရင်လည်း အကလေ့ကျင့်တဲ့ အခန်းပဲ ဒါပေမယ့် သူတို့လေ့ကျင့်တဲ့အခန်းထက်အများကြီးပိုကျယ်တယ်။ သူ တံခါးပေါက်နားကနေ သီချင်းကြားရတဲ့ နေရာကို ချောင်းကြည့်လိုက်တော့ ကနေတဲ့သူကိုတွေ့ပြီးအံ့သြသွားတယ်။
အဲ့ဒီကနေတဲ့သူကတော့ သူအမြင်ကတ်တဲ့ ကျောင်းသားခေါင်းဆောင် Tiffany.
Taeyeon *သူကဒီမှာဘာလုပ်နေတာလဲ?*
Taeyeon တစ်ယောက် Seohyun ပြောတာကို သတိရသွားပြီး သူတို့လေ့ကျင့်နေတာက မနက်ဖြန်ပွဲအတွက် ကျင့်နေမှန်းသိလိုက်တယ်။ အဲ့ဒီအချိန်မှာအသံတစ်ခုကြားလိုက်တော့ သူလည်းသေချာကြည့်လိုက်ကော ကျောင်းသားခေါင်းဆောင်အဖွဲ့ထဲက Nichkhun ကိုတွေ့လိုက်တယ်။ Taeyeon တစ်ယောက် Nichkhun နဲ့ Tiffany ကနေတာကို ပဲကြည့်နေမိတယ်။
Taeyeon လှုပ်တောင်မလှုပ်ပဲနဲ့ သူတို့အကမှာနှစ်မြောနေတယ်။ သူကျောင်းသားခေါင်းဆောင်ကို မကြိုက်တာမှန်တယ်။ ဒါပေမယ့် ဒီအချိန်မှာတော့ တစ်ခြားသူတစ်ယောက်လို့ပဲ ထင်နေမိတယ်။ သူကနေတဲ့ ပုံစံ လှုပ်ရှားမှုတွေက ကျောင်းသားမဟုတ်ဘဲ လုံးဝကို professional dancer တစ်ယောက်က ကနေသလိုမျိုး။ သူကြည့် နေရင်းတဲ့ အရမ်းလှတယ်လို့တွေးမိလိုက်တယ်။
Taeyeon *အကကလှတာ လူမဟုတ်ဘူး။*
ဘယ်လိုပဲသူစိတ်ကိုပြောင်းပြောင်း သူ့မျက်လုံးတွေက သူအမြင်ကတ်တဲ့ကောင်မလေးဆီကနေ ဖယ်လို့မရဘူး ဖြစ်နေတယ်။ သူခေါင်းခါလိုက်တယ်။ အဲ့ဒီအချိန်မှာပဲသူ့ ph မြည်လာတယ်။
Tiffany - ဘယ်သူလဲ?
Taeyeon လည်း ph အသံကို အမြန်ပိတ်ပြီး ဘယ်သူမှမတွေ့ခင် အခန်းထဲကနေပြေးထွက်သွားတယ်။ ကံကောင်းချင်တော့ အပြင်မှာလည်း သူ့နောက်လိုက်နေတဲ့ ကျောင်းသူကျောင်းသားတွေတစ်ယောက်မှ မရှိတော့ဘူး။ သူတို့ လေ့ကျင့်တဲ့အခန်းဆီကို အမြန်ပြေးသွားလိုက်တယ်။
Tiffany တစ်ယောက် အပေါက်ဝနားလျှောက်လာပေမယ့် ဘယ်သူမှမတွေ့ဘူး။ ဒါပေမယ့် သူသေချာပေါက်ကို ph မြည်သံကြားလိုက်တယ်။
Nichkhun - *Fany နားလျှောက်လာပြီး* ဘာဖြစ်လို့လဲ?
Tiffany - ဘာမှမဖြစ်ဘူး။
---------------------------------------------------------------------------------------------------------------------

Song For YouWhere stories live. Discover now