Chapter - 11 (Part 2)

1.8K 139 5
                                    

Yuri လည်း လှည့်ကြည့်လိုက်ကော Tiffany နဲ့ Jessica နဲ့ကို တွေ့လိုက်တယ်။
Yuri – wow, this is gonna be fun.
Seohyun က Yuri ရဲ့ လက်မောင်းကို ရိုက်လိုက်ပြီး အဲ့ဒီနေရာကနေ ဆွဲခေါ်သွားတယ်။
Yuri – yah! ဘယ်သွားမလို့လဲ? ငါ ကြည့်ချင်သေးတယ်လေ ဟို… အား!!
Seohyun က Yuri ရဲ့ လက်မောင်းကို ဆိတ်ဆွဲလိုက်ပြီး တခြားနေရာကို ဆွဲခေါ်သွားလိုက်တယ်။
Yuri - ငါ့ကို ဓာတ်ပုံဖြင့်ဖြင့် ပေးရိုက်ပါလား? *ထပ်အဆိတ်ခံလိုက်ရတော့* Seohyun!!

အဲ့ဒီအချိန်မှာ Tiffany တစ်ယောက် Taeyeon ကို တွေ့လိုက်တော့ သူ့ခြေလှမ်းတွေရပ်တန့်သွားတယ်။ Taeyeon ရဲ့ဘေးနားမှာ ဟိုနေ့က library ထဲမှာ တွေ့တဲ့ကောင်မလေးဖြစ်နေတယ်။ သူတို့ ၂ ယောက် စကားတွေပြောပြီး ရီနေကြတယ်။ အဲ့ကောင်မလေးက Taeyeon ကို ကြိုက်နေမှန်း သူရိပ်မိလိုက်တယ်။
Tiffany - အဲ့ကောင်မလေးက ဘယ်သူလဲ?
Jessica – Park Jiyeon. ဒုတိယနှစ်က။ နင့်ကောင်လေးကို တစ်ယောက်ယောက်က လုယူတော့မယ်ထင်တယ်။
Jessica က စလိုက်တယ်။ ဒါပေမယ့် Tiffany က သူတို့ ၂ ယောက်ကိုပဲ မျက်တောင်မခတ်ပဲ ကြည့်နေတယ်။
Tiffany - ဒါ သူငယ်ချင်း အချင်းချင်း lunch စားရုံသက်သက်ပါပဲ။

Taeyeon တစ်ယောက်ကတော့ Tiffany ရှိနေတာကိုသတိတောင်မထားမိဘူး။
Taeyeon – lunch အတွက် gomawo.
Jiyeon – you’re welcome. ငါတစ်ယောက်ယောက်ကို သဝန်တိုအောင်တော့မလုပ်မိဘူးမလား?
Taeyeon - ဘယ်သူ? Ani.
Taeyeon *aniya, ငါတို့ တွဲနေတာမှမဟုတ်တာ။*
Jiyeon - အဲ့ဒါဆို ငါ့အတွက်အခွင့်အရေးရသေးတဲ့သဘောလား?
Taeyeon တစ်ယောက် Jiyeon ရဲ့ စကားမှာကြောင်သွားတယ်။ ပြီးတော့ Jiyeon က သူ့ပါးကိုနမ်းလိုက်တော့ လန့်သွားတယ်။
Jiyeon – See you around, Taehyun.
အဲ့ဒီအချိန်ကျမှ Taeyeon တစ်ယောက် သူ့ပါးကို Jiyeon နမ်းသွားတာကို သတိထားမိလိုက်တယ်။
Taeyeon – ဘာတွေဖြစ်….
Taeyeon တစ်ယောက် Tiffany နဲ့လည်း အကြည့်ချင်းဆုံသွားကော ဘာဆက်ပြောရမလဲမသိဖြစ်သွားတယ်။ Tiffany က သူ့ကို ခဏကြည့်ပြီး လှည့်ထွက်သွားတယ်။ Jessica ကတော့ ခေါင်းခါလိုက်ပြီး Taeyeon ကို ပြုံးပြလိုက်ပြီး စိတ်တိုနေတဲ့ Tiffany နောက်ကို လိုက်သွားတယ်။
Taeyeon တစ်ယောက် နားမလည်ဖြစ်နေပြီး *သူကဘာလို့စိတ်တိုသွားတာလဲ?* သူလည်း သတိရသွားပြီး *aish, babo. ဘာဖြစ်လို့လဲဆိုတာကို နင်လည်းသိရဲ့သားနဲ့။*
သူလည်း သက်ပြင်းချလိုက်ပြီး Tiffany ထွက်သွားတဲ့ဘက်ကိုပဲ ကြည့်နေမိလိုက်တယ်။
---------------------------------------------------------------------------------------------------------------------

Taeyeon တစ်ယောက် စာအုပ်ကလေးကိုင်ပြီး ကျောင်းဝင်းထဲမှာ လျှောက်သွားနေတယ်။ သူအဲ့လို လျှောက်သွားနေရင် သီချင်းရေးဖို့အတွက် idea လေးများရမလားဆိုပြီးတော့။ သူအခုထိ ဘယ်လိုသီချင်းမျိုး ရေးရမလဲတောင် မစဉ်းစားရသေးဘူးလေ။
Taeyeon - အချစ်? Nah, သူငယ်ချင်းသံယောဇဉ်အကြောင်းက ပိုကောင်းပါတယ်။
သူရောက်နေတဲ့နေရာလည်းသေချာကြည့်မိလိုက်တော့ Tiffany တို့ ကျောင်းသားခေါင်းဆောင်တွေ နေလေ့ရှိတဲ့ ပန်းခြံဖြစ်နေတယ်။ သူဘာဖြစ်လို့ဒီနေရာကို လျှောက်လာမိလည်းမသိဘူး။ သူလည်း ပန်းခြံထဲ လျှောက်ပတ်ကြည့်နေလိုက်တယ်။ သူ ဟိုတစ်ခါတုန်းက Tiffany နဲ့ ဝင်တိုက်မိတဲ့ သစ်ပင်တစ်ပင်အောက်မှာ ထိုင်လိုက်ပြီး စာအုပ်ကိုဖွင့်လိုက်တယ်။
သူ့ခေါင်းကို ကုပ်လိုက်တယ်။ သူထိုင်ရေးနေတာဟာဆိုရင် ၁ နာရီလောက်ရှိနေပြီ ဒါပေမယ့် ၂ ကြောင်းပဲရသေးတယ်။
Taeyeon – aish!! ငါ ဘာခံစားချက်မှ မရဘူးဖြစ်နေတယ်။
သူ မြက်ခင်းပြင်ပေါ်မှာ လှဲချလိုက်တယ်။ ညဘက်ရောက်လာတော့ မီးတွေလင်းလာတယ်။
Tiffany - ဒီမှာ ဘာလုပ်နေတာလဲ? ဒါ ငါ့နေရာလေ။
Taeyeon လည်း လန့်သွားပြီး ချက်ချင်းထရပ်လိုက်တယ်။
Taeyeon – annyeong.
ဒါပေမယ့် Tiffany က သူ့ကို ပြန်နှုတ်မဆက်ဘူး။ သူ့ကို အခုအချိန်ထိ စိတ်ဆိုးနေတုန်းပဲလားလို့စဉ်းစားနေမိ လိုက်တယ်။
Tiffany ထိုင်လိုက်တယ်။ ဒါပေမယ့် သူတို့ ၂ ယောက် ကြားမှာ နေရာချန်ထားတယ်။ Taeyeon တစ်ယောက် Tiffany ကို သေချာကြည့်နေမိတယ်။ သူပုံမှန်တွေ့နေကျ ကျောင်းဝတ်စုံနဲ့မဟုတ်ပဲ ရိုးရိုး ပေါ့ပေါ့ပါးပါး အပြင်ဝတ်စုံလေးပဲဝတ်ထားတယ်။ Tiffany လည်း စာအုပ်ထုတ်ပြီး ဖတ်နေတယ်။ တကယ်တော့ သူ စိတ်ဆိုးနေတုန်းပဲ။ Taeyeon လည်း သူ့စာအုပ်ကိုပိတ်လိုက်ပြီး မတ်တပ်ရပ်လိုက်တယ်။ ဒါပေမယ့် Tiffany က သူ့လက်ကိုပြန်ဆွဲချလိုက်တော့ သူ့နဂိုနေရာမှာ ပြန်ထိုင်မိလိုက်တယ်။
Tiffany - ဘယ်သူက နင်နေလို့မရဘူးပြောလို့လဲ။
Tiffany က Taeyeon ကို လှည့်တောင်မကြည့်ပဲ ပြောလိုက်တယ်။ သူကိုင်ထားတဲ့လက်ကို လွှတ်လိုက်ပြီး
Tiffany - ကောင်မလေးကဘယ်သူလဲ?
Taeyeon - ဘယ်ကောင်မလေးလဲ?
Tiffany က သူ့လက်မောင်းကို သာသာလေးထိုးလိုက်တယ်။
Taeyeon – Tiffany! Hey, stop!! *Tiffany လက်ကို ဖမ်းလိုက်တယ်*
Tiffany - ငါ နင်ကောင်မလေးတစ်ယောက်နဲ့ lunch စားနေတာကို တွေ့လိုက်တယ်။
Tiffany သူ့လက်ကို ဆွဲဖယ်လိုက်ပြီး Taeyeon ရဲ့ ဗိုက်ကိုလိမ်ဆွဲလိုက်တယ်။
Taeyeon – Ouch! Tiffany, stop it! *Tiffany လက်ကို တွန်းဖယ်လိုက်ပြီး သူ့ဗိုက်ကိုပွတ်လိုက်တယ်* ငါ့ ဗိုက်က ဘာအပြစ်မှမလုပ်တာ။
Tiffany က Taeyeon ရဲ့ လက်မောင်းကို ထိုးလိုက်ပြီး
Taeyeon - ဘာလဲ? ငါတို့က တွဲနေတာမှမဟုတ်တာ။
Tiffany လည်း မျက်နှာပျက်သွားကော
Taeyeon – Tiffany, wait.
သူ ထထွက်သွားတော့မယ့် Tiffany ရဲ့လက်ကို အမှီလှမ်းဆွဲလိုက်တယ်။
Taeyeon - အဲ့လိုမဟုတ်ဘူး။ ငါပြောချင်တာက…
Taeyeon လည်း ဘာဆက်ပြောရမလဲဖြစ်နေတယ်
Tiffany - နင်ပြောချင်တာကဘာလဲ?
Taeyeon - သူက ငါ့ကို ကျေးဇူးတင်ချင်ရုံသက်သက်ပါ။ ပထမဆုံးနေ့ကို မှတ်မိတယ်မလား?
Tiffany လည်း သေချာစဉ်းစားလိုက်တော့ မှတ်မိသွားတယ်။
Tiffany - ဒါပေမယ့် သူကဘာလို့နင့်ကို နမ်းတာလဲ? ပြီးတော့နင်ကလည်း သူ့ကိုပေးနမ်းတယ်။
Taeyeon - ငါလည်းမသိဘူး။ Tiffany!
Tiffany သူ့ဗိုက်ကို လိမ်မဆွဲခင်မှာ လက်ကို လှမ်းဖမ်းလိုက်တယ်။
Taeyeon - သူက ငါ့ကို ရုတ်တရက်ကြီးနမ်းလိုက်တာ။ ငါတောင်သတိမထားမိလိုက်ဘူး။ ဒီလိုပါ။ ငါသူနဲ့ lunch အတူတူစားဖို့ကို ငြင်းလိုက်ရင် ရိုင်းသွားမှာစိုးလို့ သဘောတူလိုက်တာပါ။ ဒီအတိုင်း lunch ပဲ စားတာပါ။ သူ ငါ့အပေါ် ခံစားချက်ရှိလားမရှိလားဆိုတာကတော့ ငါလည်းမသိဘူး။
Tiffany က သူ့ကို ခန့်မှန်းလို့မရတဲ့ မျက်ဝန်းတစ်စုံနဲ့ ကြည့်နေတော့ Taeyeon တစ်ယောက် နားမလည်ဖြစ်သွားတယ်။
Taeyeon – I’m sorry, I…
Tiffany က Taeyeon နှုတ်ခမ်းကို နမ်းလိုက်တယ်။ ပြီးတော့ သူ့လက်က Tae ရဲ့ မေးကို ကိုင်လိုက်တယ်။ သူစောစောက Taeyeon တို့ကိုတွေ့တုန်းက ခံစားမိလိုက်တယ်။ သဝန်တိုမှု။ သူအဲ့ကောင်မလေး Tae ကို နမ်းတာကို မကြိုက်ဘူး။ သူ တစ်ကိုယ်ကောင်းဆန်တာဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် Tae ကို သူများတွေ ထိတာကို သူမကြိုက်ဘူး။
Taeyeon က Tiffany ဆီကရုတ်တရက်ရလိုက်တဲ့အနမ်းမှာ ကြောင်သွားတယ်။ ဒါပေမယ့် ဒီတစ်ခေါက် သူရတဲ့အနမ်းက အရင်တုန်းကနဲ့မတူဘူး။ သဝန်တိုမှုပါနေတယ်ဆိုတာကို သူခံစားမိလိုက်တယ်။ သူ့က Tiffany ပိုင်တယ်ဆိုပြီး အမှတ်အသားလုပ်နေတယ်ဆိုတဲ့ ခံစားချက်မျိုး။ ထူးဆန်းတာက အဲ့ဒါက ချစ်စရာကောင်းတယ်လို့ သူခံစားမိတာရယ်ပြီးတော့ သူ့အတွက် Tiffany က သဝန်တိုတယ်ဆိုတော့ ပျော်သွားမိတယ်။ သူလည်း Tiffany ရဲ့ပါးလေးကို ကိုင်လိုက်ပြီး ပြန်နမ်းလိုက်တယ်။
ခဏကြာတော့ သူတို့အသက်ရှူဖို့အတွက် နမ်းနေတာကို ရပ်လိုက်တယ်။ Tiffany က Taeyeon ရဲ့ မျက်လုံးကို သေချာကြည့်ပြီး
Tiffany - အခုအချိန်ကနေစပြီး ငါတို့ ၂ ယောက် တွဲနေပြီ။ နင်က ငါ့ရည်းစား ပြီးတော့ ငါကလည်း နင့်ရည်းစား။
Tiffany က ပြောလိုက်ပေမယ့် Taeyeon က အားရပါးရရီလိုက်တော့ ကြောင်သွားပြီး
Tiffany - ဘာကရီရလို့လဲ?
Taeyeon - နင်ကောင်လေးတစ်ယောက်ကို တွဲဖို့ပြောနေတဲ့ပုံက ပြောပြရမယ်ဆိုရင်တော့ ရင်ခုန်စရာမကောင်းတဲ့ နည်းလမ်းကြီးနဲ့ပေါ့။
Tiffany – Taehyun!!
Tiffany က Taeyeon ရဲ့ ပုခုံးကို တွန်းလိုက်ပြီး သူ့ဗိုက်ကို ဆိတ်ဆွဲပေမယ့် Taeyeon တစ်ယောက် အရီမပျက်ဘူး။
Tiffany - အနည်းဆုံးတော့ ငါ အမှန်အတိုင်းပြောတယ်လေ။ ငါ ငါကြိုက်တဲ့သူကို တခြားတစ်ယောက်နဲ့ အတူတူ ရှိနေတာကို မကြိုက်ဘူး။
Taeyeon က ပြုံးပြလိုက်ပြီး ကောင်မလေးကို ဒီအတိုင်းကြည့်နေရင်း စိတ်ထဲကနေ *ငါသာ တကယ်တော့ ဘယ်သူလဲဆိုတာသာ သိသွားရင် နင်အဲ့လိုပဲပြောအုံးမလားလို့ သိချင်မိတယ်။*
သူ Tiffany ကို လိမ်နေမိတယ်ဆိုတာကို စဉ်းစားမိလိုက်ပြီး စိတ်မကောင်းဖြစ်သွားတယ်။
Tiffany - ဒါနဲ့ နင် ဒီမှာဘာလုပ်နေတာလဲ? စာလုပ်နေတာလား?
Taeyeon – ani, သီချင်းရေးမလို့စဉ်းစားနေတာ။ ဒါပေမယ့် ဘာမှထွက်မလားဘူး။ ထင်ထားတာထက် ပိုခက်တယ်။ ဘာ idea မှလည်း စဉ်းစားလို့မရဘူး။ ငါနဲ့မကိုက်ဘူးထင်ပါတယ်။
Taeyeon သက်ပျင်းချလိုက်တယ်။
Tiffany - ဒါမှမဟုတ် နင်စဉ်းစားမယ့်အစား ခံစားကြည့်လေ။ နင်သိလား သီချင်းစာသားဆိုတာ စာလုံးလေးတွေလိုပဲ နင်ဘယ်လိုခံစားရလဲဆိုတာကို လူတွေကိုပြောပြတာ။ ငါ့အထင်ဆိုရင်တော့ နင့်မှာ အရည်အချင်းရှိတယ်။ တကယ်ပြောတာ။
Taeyeon က Tiffany ကို မယုံကြည်တဲ့ပုံနဲ့ကြည့်လိုက်တယ်။
Tiffany - အမှန်အတိုင်းပြောရရင် ငါ အရင်တုန်းက နင့်ကိုမုန်းတယ်။ နင်က စိတ်တိုစရာလည်းကောင်းတယ် ငါ့ကိုလည်း စိတ်အနှောက်အယှက်ပေးတယ်လေ။
Taeyeon – Hey.
Tiffany - မှန်တယ်လေ။ ဒါပေမမယ့် ငါနင့်ကို ပွဲနေ့တုန်းက သီချင်းဆိုပြီးကတာကိုကြည့်ပြီး ငါ အိပ်မွေ့ချခံလိုက်ရသလိုပဲ။ နင်တကယ်တော်တာ။
*တကယ်တော့ ငါက နင့်ကြောင့်အိပ်မွေ့ချခံလိုက်တာပါ။* Taeyeon စဉ်းစားမိပေမယ့် ထုတ်တော့ မပြောဘူး။
Tiffany - ငါ ခံစားလိုက်ရတာက နင်က ငါ့ရဲ့ အမုန်းတွေကို ဒီလိုခံစားချက်မျိုးဖြစ်သွားအောင်ပြောင်းလဲလိုက် သလိုပဲ အချိန်ခဏလေးအတွင်းမှာ။
Taeyeon - *ရီလိုက်ပြီး* seriously?
Tiffany က ခေါင်းငြိမ့်လိုက်ပြီး မြက်ခင်းပြင်ပေါ်မှာလှဲချလိုက်တယ်။ ပြီးတော့ ကြယ်တွေပြည့်နေတဲ့ ကောင်းကင်ကို ကြည့်နေရင်းနဲ့
Tiffany - ငါ ဘယ်သူ့ကိုမှ မကြိုက်ခဲ့ဖူးဘူး။ ဒီခံစားချက်က ငါ့အတွက်တော့ အသစ်အဆန်းပဲ။ အခုအချိန်ထိကို ငါဘယ်လိုကိုင်တွယ်ရမယ်ဆိုတာကို မသိသေးဘူး။
Tiffany က ပြုံးရုံလေးပဲ ပြုံးလိုက်ပေမယ့် Taeyeon အတွက်ကတော့ ခံစားချက်တွေဖြစ်ပေါ်သွားစေတယ်။ Taeyeon က ဘောပင်ကိုင်လိုက်ပြီး စာအုပ်ကိုယူပြီး စာရွက်ပေါ်မှာချရေးလိုက်တယ်။ အံ့သြစရာကောင်းလောက်အောင်ပဲ ဒီအတိုင်းစာလုံးတွေက သူ့ခေါင်းထဲမှာ ပေါ်လာတယ်။ ပြီးတော့ သူ့ကမ္ဘာလေးထဲမှာ နစ်မျောသွားတယ်။
Taeyeon ဘောပင်ကိုချလိုက်ပြီး ကျေနပ်တဲ့အပြုံးပြုံးလိုက်တယ်။
Taeyeon - ငါပြီးသွားပြီ။ *သူရေးထားတာတွေပြန်ဖတ်လိုက်ပြီး* Tiffany, ဒါက…
သူလှည့်ကြည့်လိုက်တော့ ဘေးနားမှာ Tiffany တစ်ယောက် အိပ်ပျော်နေတယ်။
Taeyeon လည်း သူ့စာအုပ်ကို ပိတ်လိုက်ပြီး Tiffany ဘေးနားမှာလှဲလိုက်တယ်။ ညစာအချိန်ကျော်နေပြီ ဖြစ်ပေမယ့် သူက ကျောင်းသားခေါင်းဆောင်နဲ့ အတူတူရှိနေတာဆိုတော့ သူ့ကို ဘယ်သူမှ ဘာမှ ပြောမှာ မဟုတ်ဘူးလေ။ အဆောင်ပိတ်ချိန်ရောက်ဖို့ကလည်း လိုသေးတယ်ဆိုတော့ သူ့ဘေးက ကောင်မလေးကို ခဏလောက်တော့ပေးအိပ်လိုက်တယ်။
Taeyeon တစ်ယောက် ညကောင်းကင်ကိုကြည့်နေတယ်။ Tiffany ပြောတာမှန်တယ်။ သူရေးဖို့အတွက်က ခံစားချက်ပဲလိုတာ။ ပြီးတော့ အဲ့ဒီခံစားချက်က သူ Tiffany နဲ့ အတူတူရှိတဲ့အချိန်တိုင်း ခံစားမိတယ်။ သူ့ဘေးနားက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့ကောင်မလေးကိုကြည့်လိုက်ပြီး
Taeyeon – gomawo.
သူလေကို အားရပါးရရှူလိုက်ပြီး မျက်စိမှိတ်လိုက်တယ်။
---------------------------------------------------------------------------------------------------------------------

Taeyeon - ငါ့ စကတ်ဘယ်မှာလဲ?
အိမ်သာခန်းလေးထဲကနေ ခေါင်းထွက်လာပြီးမေးလိုက်တော့ Yoona က သူ့ကျောင်းဝတ်စုံ စကတ်ကို ပစ်ပေးလိုက်တယ်။ Taeyeon လည်း ဖမ်းလိုက်ပြီး
Taeyeon – gomawo.
Taeyeon တံခါးပြန်ပိတ်ပြီး အဝတ်အစားလဲလိုက်တယ်။ ဒီနေ့ဟာဆိုရင် Taeyeon ရဲ့မိဘတွေနဲ့ တွေ့ရမယ့်နေ့။ Jinwoon က သူတို့ကို တခြားကျောင်းကိုခေါ်သွားပေးမှာ။ ကံကောင်းချင်တော့ ဒီနေ့က တနင်္ဂနွေနေ့ဆိုတော့ ကျောင်းဆောင်ထဲမှာ ဘယ်ကျောင်းသားမှမရှိဘူး။ Jinwoon က သူတို့ကို ဒီကျောင်းဆောင်ထဲကို ဝင်လို့ရအောင် ဘယ်လိုလုပ်ပေးမလဲဆိုတာကို အရမ်းသိချင်နေမိတယ် ဒါပေမယ့် သူ့ဆရာကိုလည်း ယုံကြည်တယ်လေ။ သူအဝတ်အစားလဲပြီးထွက်လာပြီး သူ့အဝတ်အစားတွေကို Yuri ကို ပေးလိုက်တယ်။ Yuri က အိတ်တစ်အိတ်ထဲမှာ စုထည့်ပြီး ဘေစင်အောက်မှာဖွက်ထားလိုက်တယ်။
Yoona – you ready?
Taeyeon - *ခေါင်းငြိမ့်လိုက်ပြီး* ဒီ uniform ကို ဝတ်ရတဲ့ ခံစားချက်က တမျိုးကြီးပဲ။
Yuri - *Tae ရဲ့ ပုခုံးကို ဖက်လိုက်ပြီး* mian, Jinwoon-sam က ယောက်ျားလေး uniform မဝယ်လိုက်လို့။
Taeyeon က ပြောင်စပ်စပ်လုပ်နေတဲ့ Yuri ကို တွန်းလိုက်ပြီးအပြင်ထွက်သွားတယ်။ Toilet ရှေ့မှာ Jinwoon က စောင့်နေတယ်။ ပြီးတော့ သူတို့ ကျောင်းဝင်းရှေ့ကိုသွားပြီး Taeyeon ရဲ့ မိဘတွေအလာကို စောင့်နေကြတယ်။ ခဏကြာတော့ ကားအကောင်းစားတစ်စီးရောက်လာတယ်။ ကားတံခါးလည်းဖွင့်လိုက်ကော Taeyeon ရဲ့ အဖေနဲ့ အမေဆင်းလာကြတယ်။
Mrs. Kim – Taeyeona!
Taeyeon က ပြုံးလိုက်တယ်။ သူ့အဖေနဲ့ အမေက သူတို့နားလျှောက်လာပြီး
Mrs. Kim – Taeyeona, သမီးပိန်သွားသလိုပဲ။ ကောင်းကောင်းကောစားရဲ့လား?
Taeyeon - သမီး ဒီမှာ အဆင်ပြေပါတယ်။ စာလုပ်ရတာနဲ့ပဲ မအားဖြစ်နေလို့ပါ။
Mr. Kim - ဒါ သမီးကျောင်းပေါ့။
Taeyeon – nae, ပြီးတော့ ဒါက Mr. Jeong သမီးတို့ရဲ့ အတန်းပိုင်ဆရာ။ ဒါက သမီးသူငယ်ချင်းတွေ။
Yuri နဲ့ Yoona က ဦးညွတ်လိုက်ကြတယ်။
Jinwoon – Mr. Kim, တွေ့ရတာ ဝမ်းသာပါတယ်။
Mr. Kim - ကျွန်တော်က ဝမ်းသားတာပါ။ ကျွန်တော့်သမီးဘာပြဿနာမှမရှာဘူးလို့ မျှော်လင့်ပါတယ်။
Jinwoon - မရှာပါဘူး Mr. သူက တကယ်တော်တဲ့ ကျောင်းသူပါ။ ဥာဏ်လည်းကောင်းတယ်။
Mr. Kim - ကျွန်တော်တို့ အထဲကိုရော ကြည့်လို့ရမလား?
Jinwoon – Sure sir, ma’am. ကျောင်းဝင်းကိုပြဖို့ ကျွန်တော်ဝမ်းသာမိမှာပါ။
Taeyeon တို့ ၃ ယောက်ကတော့ နားမလည်နိုင်တဲ့အကြည့်နဲ့ အပြန်အလှန်ကြည့်နေကြတယ်။ သူတို့ Jinwoon ရယ် Taeyeon ရဲ့ မိဘတွေရယ်ရဲ့ အနောက်ကနေလိုက်သွားတယ်။
Mrs. Kim – Wow, ကျောင်းကြီးက တော်တော်ကြီးတာပဲ။
Taeyeon – nae.
သူ့အတွက်ပထမဆုံးအကြိမ် ဒီကျောင်းဝင်းထဲကို ဝင်ဖူးတာဖြစ်ပေမယ့် ဒီလိုပဲ သံယောင်လိုက်ရတာပေါ့။ ဘေးကနေ စပ်ဖြီးဖြီးလုပ်နေတဲ့ သူ့သူငယ်ချင်း ၂ ယောက်ကို မျက်စောင်းထိုးလိုက်တယ်။
Mr. Kim - သမီးရဲ့ အဆောင်က ဘယ်မှာလဲ?
Tae, Yul & Yoon - ဟိုဘက်မှာ
သူတို့တွေယောက် ဘယ်လောက်တောင်ညီလဲဆိုရင် Taeyeon က ကျောင်းဆောင်ရဲ့ ညာဘက်ကို ထိုးပြတယ်၊ Yuri နဲ့ Yoona နဲ့က ဘယ်ဘက်ကို ထိုးပြတယ်။ Jinwoon က ကျောင်းဆောင်အနောက်ဘက်ကို ထိုးပြတယ်။
Mr. Kim - ဘယ်နေရာလဲ?
Jinwoon က ချောင်းဟန့်လိုက်ပြီး Taeyeon ရဲ့ပုခုံးကို ပုတ်လိုက်ပြီး
Jinwoon - သူတို့တွေက တခါတလေကျရင်အဲ့လိုပဲ သိပ်မမှတ်မိကြဘူး။ ကျောင်းသားအသစ်တွေရဲ့အဆောင်က ဟိုအနောက်ဘက်မှာပါ။ ကြည့်ချင်ရင်ကျွန်တော်လိုက်ပြပေးပါတယ်။
Mr. Kim - ရပါတယ်။ ဒီလောက်ဆိုရင်ရပါပြီ။ ကျွန်တော်က ကျွန်တော့်သမီး ကျောင်းကောင်းကောင်းမှာမှ တက်ရရဲ့လား စာကြိုးစားလားဆိုတာသိချင်တာပါ။ ကျွန်တော့်သမီးကို သေချာ ဂရုစိုက်ပေးပါ။ ကျွန်တော်က စီးပွားရေးကြောင့် ဒီမှာမရှိတာများတယ်။ အဲ့ဒါကြောင့်မို့လို့ပါ။
Jinwoon - စိတ်မပူပါနဲ့။ သူတို့ကအဆင်ပြေပါတယ်။
Taeyeon က သူ့အဖေနဲ့အမေကိုဖက်လိုက်တယ်။ ပြီးတော့ သူ့မိဘတွေကိုလိမ်ရတဲ့အတွက် စိတ်မကောင်း ဖြစ်သွားတယ်။ သူ့အဖေနဲ့ အမေကို ကားနားထိလိုက်ပို့ပေးပြီး ကားမတွေ့ရတော့တဲ့အထိကြည့်နေတယ်။
Yuri - သူတို့ကြည့်ရတာ ငါ့တို့ကိုယုံတဲ့ပုံပါပဲ။
Taeyeon - *သက်ပြင်းချလိုက်ပြီး* problem solved.
Yoona - *Taeyeon ရဲ့ ပုခုံးကို ပုတ်လိုက်ပြီး* Jinwoon-sam ရဲ့ ကျေးဇူးကြောင့်
Taeyeon - ဟုတ်သားပဲ *Jinwoon ကို ဦးညွတ်အရိုအသေပေးပြီး* ကူညီပေးလို့ကျေးဇူးတင်ပါတယ်။
Jinwoon - ရပါတယ်။ ကဲ ငါ့အထင်တော့ မင်းသမီးလေးတွေက မင်းသားလေးတွေအဖြစ် ပြန်ပြောင်းရမယ့်အချိန် ရောက်ပြီထင်တယ်။
သူတို့ ၃ ယောက်လည်း ရီလိုက်ပြီး သူတို့ အဝတ်အစားတွေထားခဲ့တဲ့ toilet ထဲကို ဝင်သွားကြတယ်။
Taeyeon - တကယ်တော့ ငါ့ဆံပင်အရှည်လေးကို သတတိရနေတာ။
Yoona - ငါကောပဲ။ ဒါပေမယ့် ကောင်းတာက ခေါင်းအကြာကြီးဖီးစရာမလိုဘူး။
Yuri - နင်တို့တွေ ဆံပင်ညှပ်လိုက်ကြရင်ဘယ်လိုလဲ?
Tae & Yoon – No!!
Yuri - ဒီအတိုင်းပြောကြည့်တာပါ။ ဆံပင်အတိုနဲ့ကလည်း မဆိုးပါဘူး။
ရေစင်အောက်ကို ကြည့်လိုက်ပြီး
Yuri - မရှိတော့ဘူး!!
Taeyeon - ဘာမရှိတော့တာလဲ?
Yuri - ငါတို့ uniform တွေနဲ့ ဆံပင်အတုတွေ။ ငါ အိတ်လိုက်ဒီမှာထားခဲ့တာ အခုမရှိတော့ဘူး။
Yoona - မနောက်နဲ့နော်။ *သူလည်း ငုံကြည့်လိုက်ပြီး* နင်ဒီမှာထားခဲ့တာသေချာရဲ့လား?
Yuri – 100% sure.
Taeyeon - တစ်ယောက်ယောက်များယူသွားလား?
သူတို့ ၃ ယောက် အခန်းထဲမှာ နေရာစုံပတ်ရှာပြီး
Taeyeon - ငါတို့ ဘယ်လိုလုပ်မလဲ? ဒီပုံစံနဲ့ ကျောင်းပြန်လို့မရဘူး။
Yoona - တစ်ယောက်ယောက် မှားယူသွားတာနေလိမ့်မယ်။ ငါတို့ Jinwoon-sam ကို သွားပြောရအောင်။
သူတို့ ၃ ယောက် အပြင်ကိုပြေးထွက်သွားပြီး
Jinwoon – Hey girls, ဘာလို့ uniform မလဲကြသေးတာလဲ?
Yoona - တစ်ယောက်ယောက်က အဝတ်အစားတွေကော ဆံပင်အတုတွေကောယူသွားပြီ။
Jinwoon – ဘာ?! သေချာလား? *သူတို့ ၃ ယောက် ခေါင်းငြိမ့်လိုကတော့* အဲ့ဒါဆိုလည်း ဘာမှလုပ်လို့ မရဘူးလေ။ ငါတို့ ကျောင်းကသရုပ်ဆောင်တဲ့အခါသုံးတဲ့အဝတ်အစားထားတဲ့နေရာကနေယူကြတာပေါ့။ ငါတို့ မြန်မြန်သွားမှရမယ်။ ကျောင်းဝင်းတံခါးက ၇ နာရီဆိုရင်ပိတ်တယ်။ အစောင့်တွေကိုလည်း မင်းတို့ကို မိန်းကလေး uniform နဲ့ တွေ့ပေးလို့မဖြစ်ဘူး။
သူတို့ ၃ ယောက် ခေါင်းငြိမ့်လိုက်ပြီး ကားပေါ်အမြန်တက်လိုက်ကြတယ်။ Jinwoon က လမ်းမှာ အမြန်ဆင်းပြေး ဝယ်ပြီးကျောင်းကို ရောက်လာကြတယ်။ ကံကောင်းချင်တော့ အခုအချိန်က ညစာစားချိန်ဆိုတော့ ကျောင်းသားတွေအကုန်လုံးက ထမင်းစားဆောင်မှာရှိနေကြတယ်။ သူတို့ ၄ ယောက် အမြန် သရုပ်ဆောင်လေ့ကျင့်တဲ့ အခန်းရှိတဲ့ ကျောင်းဆောင်ဆီပြေးသွားကြတယ်။ သူတို့ ၃ ယောက်က ယောက်ျားလေး အိမ်သာထဲဝင်ပုန်းနေကြတယ်။ Jinwoon က သူတို့ အတွက် အားကစားအစားတွေယူလာပြီးပေးလိုက်တယ်။
အဝတ်အစားလည်းလဲပြီးကော အိတ်ထဲကို အကုန်စုထည့်လိုက်တယ်။ Taeyeon နဲ့ Yoona က ဆံပင်ကို Jinwoon ပေးတဲ့ ဦးထုတ်ထဲ ထည့်လိုက်တယ်။
Jinwoon - နင်တို့မှာ ဆံပင်တုက အပိုရှိတယ်မလား?
Taeyeon – nae. အခန်းထဲမှာရှိတယ်။
သူတို့ ၃ ယောက် ခေါင်းညွတ်လိုက်ပြီး
Taeyeon - ဒီနေ့အတွက်ကျေးဇူးတင်ပါတယ်။
Jinwoon - ရပါတယ်။ နင်တို့ ၃ ယောက် မြန်မြန်ပြန်သွားကြတော့။ See you tomorrow boys.
သူတို့ ၃ ယောက် အဆောင်ဆီကို ပြန်လာခဲ့ကြတယ်။
Taeyeon - ဗိုက်ဆာလိုက်တာ။ ငါတို့ စားဖို့ ကျန်အုံးမယ်ထင်လား?
Yuri - ငါ Seohyun ဆီကို ph ဆက်ပြီး ငါတို့အတွက် စားစရာတစ်ခုခုယူထားပေးဖို့လှမ်းပြောလိုက်မယ်။

သူတို့ ၃ ယောက် မသိလိုက်တာကတော့ ကျောင်းရဲ့ နာမည်ကြီးကောင်လေးတွေက ကျောင်းသူလေး ၃ ယောက် ဝင်သွားတဲ့အိမ်သာထဲကနေထွက်လာတာကို ထောင့်နားမှာ ရပ်ပြီး ကြည့်နေတယ်ဆိုတာကိုပဲ။

>အဲ့ကောင်မလေးကဘယ်သူလဲ??
>သူတို့ရဲ့ ဟန်ဆောင်မှုကကော ဘယ်လိုတွေဆက်ဖြစ်မလဲ?
>Tae သာ မိန်းကလေးဆိုတာကို Fany သိသွားရင် ဘာလုပ်မလဲ?

Song For YouOù les histoires vivent. Découvrez maintenant