Chapter - 9

1.9K 150 11
                                    

‘ငါကြောက်နေတာ။ ဒါပေမယ့် နင့်လက်ကို ကိုင်လိုက်တဲ့အခါမှာ safe ဖြစ်တယ်လို့ ခံစားမိတယ်။’
Taeyeon တစ်ယောက် အိပ်ယာပေါ်မှာ လှဲပြီး ceiling ကို ကြည့်နေမိတယ်။ Tiffany ပြောတဲ့စကားကိုပဲ တွေးနေမိတယ်။ သူမျက်လုံးမှိတ်လိုက်တိုင်း မိုးရေစိုနေတဲ့ကောင်မလေးကိုပဲ မြင်နေမိတယ်။ သူ Tiffany ကို ပြန်နမ်းမိတာကိုလည်း စဉ်းစားနေမိတယ်။ သူ ယောက်ျားလေးယောင်ဆောင်နေတဲ့အတွက် ပြန်နမ်းတယ်လို့ ထင်လိုက်ပေမယ့် သူ့ရင်ထဲက ခံစားချက်ကိုစဉ်းစားနေမိတယ်။ သူဒီအတိုင်း သရုပ်ဆောင်တယ်ဆိုပေမယ့် Tiffany နဲ့ နမ်းတဲ့အခါ Tiffany ကို ကြည့်လိုက်တဲ့အခါမှာ သူ ဘာလို့ ရင်တွေခုန်နေရတာလည်းလို့ ခံစားနေမိတယ်။
Taeyeon *ဒါက ငါ သူ့ကို ကြိုက်မိနေပြီဆိုတဲ့ အဓိပ္ပာယ်လား?*
Taeyeon လည်း သူ့အတွေးကြောင့် မျက်လုံးပြူးသွားပြီး
Taeyeon – ani, ani. ငါ မိန်းကလေးတွေကို အဲ့လိုမမြင်ဘူး။ ငါလည်း မိန်းကလေးပဲ။ အဲ့တော့ ငါက ယောက်ျားလေးတွေကိုပဲကြိုက်ရမှာ။ ဟုတ်တယ်။ ငါကြိုက်တဲ့သူက ယောက်ျားလေးပဲဖြစ်ရမှာ မိန်းကလေး မဟုတ်ဘူး။
Taeyeon တစ်ယောက် တိုးတိုးလေးရေရွတ်နေတယ်။
သူ့အတွေးက ဟို mysterious dancer ဆီ ရောက်သွားပြန်တယ်။ သူတို့ ၃ ယောက် Mrs. Bae ရယ် Tiffany ရယ်နဲ့ မိပြီးနောက် Yoona က ဒီတလောတော့ အဲ့ဒီ street dance ဆီကို မသွားသင့်သေးဘူးဆိုတာနဲ့ သူ အဲ့တစ်ယောက်နဲ့ ထပ်မတွေ့ဖြစ်ဘူး။ သူလည်း အဲ့တစ်ယောက်အကြောင်းကို သိချင်နေမိတယ်။ သူတစ်ခါမှ မခံစားမိဖူးတဲ့ ခံစားချက်မျိုးခံစားနေမိတာဆိုတော့။ သူ အဲ့တစ်ယောက်ရဲ့ ဆွဲဆောင်မှုရှိတဲ့အပြုံးကို မမေ့နိုင်ဘူးဖြစ်နေတယ်။
Taeyeon *နေပါအုံး အဲ့ဒါဆို ငါက အဲ့တစ်ယောက်ကို စိတ်ဝင်စားနေတာလား?*
Taeyeon - *မျက်နှာကိုပွတ်လိုက်ပြီး* ငါ ဘာတွေဖြစ်နေတာလဲ?
Taeyeon တစ်ယောက် သူ့အခန်းဖော်ကို လှမ်းကြည့်လိုက်တယ်။ Yuri ကတော့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်နေတယ်။ သူဒါ ဒီကိစ္စကို ပြောပြရင် Yuri က တချိန်လုံးစနေမှာ။ သူအဲ့လိုမျိုး girl talk လုပ်မယ်ဆိုရင် Yoona နဲ့ လုပ်မှပဲရမှာ။
Taeyeon - နေပါအုံး ငါဘယ်တုန်းကများ girl talk လုပ်ဖူးလို့လဲ?
Taeyeon သူ့မျက်နှာကို ခေါင်းအုံးနဲ့ဖိလိုက်ပြီး
Taeyeon – Aish!!! ငါ ဒီလိုကိစ္စတွေကို မုန်းတယ်။
---------------------------------------------------------------------------------------------------------------------

Yoona တစ်ယောက် Taeyeon ရဲ့ မျက်နှာမှုန်တုန်တုန်ဖြစ်နေတာကို သတိထားမိလိုက်တယ်။ Taeyeon က စကားတစ်ခွန်းမှမပြောပဲနဲ့ မနက်စာစားနေတယ်။ Yoona က Taeyeon နား ကပ်လိုက်ပြီး
Yoona - နင် အဆင်ပြေရဲ့လား? နင့်ကြည့်ရတာ စားချင်စိတ်မရှိသလိုပဲ? ဘာဖြစ်လို့လဲ?
Taeyeon - ဒီအတိုင်း အိပ်ချင်လို့ပါ။
Yoona - အိပ်ချင်လို့?
Yoona က Taeyeon တစ်ခုခုကြောင့်စိတ်ရှုပ်နေတယ်ဆိုတာ သတိထားမိလိုက်တယ်။
Yoona - နင့်ရည်းစားကို သတိရနေတာလား?
Taeyeon လည်း မျက်စောင်းထိုးလိုက်ကော
Yoona – mian. နင်ဘာဖြစ်နေတာလဲ? နင် ငါ့ကိုဖြစ်ဖြစ် Moonbin ကိုဖြစ်ဖြစ်ပြောလို့ရတယ်လေ။
သူ့နာမည်ကြားလိုက်တော့ Yuri က သူတို့ ၂ ယောက်ဘက် လှည့်လိုက်ပြီး
Yuri - ငါ့နာမည်ကြားလိုက်တယ်။ ဘာဖြစ်လို့လဲ?
Taeyeon - ဘာမှမဟုတ်ဘူး။
Yuri လည်း Seohyun ဘက်လှည့်ပြီး စကားဆက်ပြောနေလိုက်တယ်။
Taeyeon - ငါအဆင်ပြေပါတယ်။ ဒီအတိုင်း ပွဲတော်ကိစ္စကိုသိချင်လှပြီ။
Yoona - ငါကောပဲ။ ငါစဉ်းစားနေတာ ငါတို့ပွဲတော်မှာ ဘယ်လို performance မျိုးလုပ်ရင်ကောင်းမလဲလို့။ ဟိုတစ်ခေါက်ကလိုပဲလုပ်မလား?
Taeyeon - ငါလည်းမသိသေးဘူး။ အဲ့ဒါကြောင့် ငါလည်းသိချင်နေတာ။ ငါကြားမိတာက…..
တခြားကျောင်းသားတွေ လမ်းဖယ်ပေးနေတာတွေ့လို့ လှမ်းလည်းကြည့်လိုက်ကော သူ့နားမှာ Tiffany ရောက်လာတာကို တွေ့ပြီးအံ့သြသွားတယ်။ သူ့ဘေးနားက ထိုင်တဲ့ကောင်လေးတွေလည်း ဖယ်ပေးလိုက်တယ်။
Tiffany က Taeyeon ဘေးနား ဝင်ထိုင်လိုက်ပြီး
Tiffany – annyeong Taehyun.
Taeyeon – Um, annyeong.
ရုတ်တရက်ဆိုသလို သူတို့ထမင်းစားခန်းက တိတ်ဆိတ်သွားပြီး အကုန်လုံးက သူတို့ကိုကြည့်နေကြတယ်။
Taeyeon *ကောင်းရော အခုအကုန်လုံးက ငါတို့ကိုတွဲနေတယ်လို့ထင်ကြတော့မယ်။*
Tiffany – Hey, ဘာဖြစ်လို့လဲ? နင် မနက်စာလည်းမစားဘူး။ နေမကောင်းဘူးလား? ဖျားနေတာလား?
Tiffany က Taeyeon နဖူးကို စမ်းမလို့ပဲရှိသေးတယ် Tae က သူ့ခေါင်းကို ဖယ်လိုက်တယ်။ အခုတော့ အခန်းထဲမှာ တိုးတိုးပြောနေတဲ့အသံတွေနဲ့ ဆူညံလာတယ်။ Taeyeon တစ်ယောက် ရှက်ပြီးခေါင်းငုံ့ထားတယ်။
Tiffany - သူတို့ကို လျစ်လျူရှု့ထားလိုက်ပါ။
Tiffany က တခြားကျောင်းသားတွေကို မျက်စောင်းထိုးလည်း ကြည့်လိုက်ကော အကုန်ပြန်လှည့်သွားကြပြီး မနက်စာကို ဆက်စားနေကြတယ်။ သူ Taeyeon ကိုလည်းပြန်ကြည့်လိုက်ကော Tae က သူ့လက်သူပဲ ကြည့်နေတယ်။
Taeyeon တစ်ယောက် အကုန်လုံးရဲ့အာရုံစိုက်မှုကို မခံနိုင်တော့လို့ ထထွက်သွားမယ်လည်းလုပ်ကော Tiffany က သူ့လက်ကို လှမ်းဆွဲပြီးအခန်းထဲကနေ ဆွဲခေါ်ထုတ်သွားတယ်။
Taeyeon - နင်ဘာလုပ်တာလဲ?
Tiffany က ဘာမှပြန်မဖြေဘူး။ နောက် သူ သတိထားမိလိုက်တာက သူ့ကို Tiffany က သူ့ရဲ့အခန်းကို ခေါ်သွားနေမှန်းလည်းသိကော
Taeyeon - ငါ့ကိုလွှတ်!
Tiffany လည်း ရပ်လိုက်ပြီး Taeyeon ကို ကြည့်လိုက်တယ်။
Tiffany – Taehyun…
Taeyeon - နင် ရူးနေလား? ငါ့ကို လူတွေအများကြီးရှေ့ကနေ ဆွဲခေါ်ချင်တိုင်းခေါ်သွားတယ်။ နင့်ကိုယ်နင် ဘာထင်နေတာလဲ? လူကို ဖက်လိုက် နမ်းလိုက်နဲ့ နင့်စိတ်ကြိုက် လုပ်ချင်တိုင်းလုပ်နေတယ်။
Tiffany – Taehyun, နင်အဆင်ပြေရဲ့လား?
Taeyeon ရဲ့ အသက်ရှူတာမမှန်မှန်းလည်း Tiffany သတိထားမိကော သူ့လက်မောင်းကို ကိုင်မလို့ပဲရှိသေးတယ် Tae က Tiffany ရဲ့လက်ကို ပုတ်ထုတ်လိုက်ပြီး
Taeyeon - နင်ဘာလို့ဂရုစိုက်နေတာလဲ? *ရုတ်တရက်ခေါင်းမူးလာပြီး* ငါ နင့်ရဲ့….
သူ့အသံဖြေးသွားပြီး အမှောင်ထုကြီးပဲဖြစ်သွားတယ်။ လဲကျသွားတဲ့ Taeyeon ကို Tiffany က အမြန်ဖမ်းလိုက်တယ်။
Tiffany – Taehyun?
Tiffany က Taeyeon ရဲ့ပခုံးကို လှုပ်ပြီးခေါ်ပေမယ့်မရဘူး။ သူ့ နဖူးကိုလည်းစမ်းကြည့်ကော အရမ်းကို ပူနေတယ်။
Tiffany – Taehyun!!
Tiffany လည်း သူ့အတန်းဖော်ကောင်လေးတွေကို ဖုန်းဆက်ခေါ်လိုက်တယ်။ သူတို့ကို သူ့ကျောင်းသားခေါင်းဆောင်အခန်းကိုပဲသယ်သွားခိုင်းလိုက်တယ်။ ကျောင်းဆေးခန်းဆိုရင် အဝေးကြီး သွားနေရမှာမလို့လေ။ ပြီးတော့ အဲ့ကောင်လေးတွေကို ဆရာဝန်သွားခေါ်ခိုင်းလိုက်တယ်။ Tiffany လည်း သူ့လက်ကိုင်ပဝါကို ရေစွတ်ပြီး ဆိုဖာပေါ်မှာ လှဲနေတဲ့ သတိလစ်နေတဲ့ Taehyun ဆီကို သွားလိုက်တယ်။ Taehyun လေးမှာ ဒူးလေးထောက်လိုက်ပြီး လက်ကိုင်ပဝါကို သူ့နဖူးပေါ်တင်ပေးလိုက်တယ်။
Tiffany – Taehyuna, ငါပြောတာကြားလား?
Tiffany က Tae ပါးလေးကို လက်ကလေးနဲ့ကိုင်လိုက်တယ်။ Tae ဆီကနေ ညည်းသံထွက်လာတယ်။
Tiffany – Taehyun…
Taeyeon လည်း မျက်စိပွင့်လာပြီး
Taeyeon - ငါဘယ်မှာလဲ?
Taeyeon သူ့ပါးပေါ်မှာ လက်ကိုခံစားမိလိုက်ပြီး
Taeyeon – Tiffany?
Tiffany - ငါ့ အခန်း။ နင်သတိလစ်သွားလို့ ငါဒီကိုခေါ်လာတာ။ နင် နေမကောင်းဘူးဆိုရင်လည်း အခန်းထဲမှာပဲ နားနေတာမဟုတ်ဘူး။
Taeyeon - ငါ သက်သာမယ်ထင်လို့။
သူ စောစောက Tiffany ကို အော်မိတာကို သတိရသွားပြီး
Taeyeon - ငါ စောစောက ကိစ္စကို တောင်းပန်ပါတယ်။
Tiffany - *ပြုံးပြလိုက်ပြီး* နင်ငါ့ကို စိတ်ပူစေတယ်ဆိုတာ သိရဲ့လား။
Taeyeon လည်း ဘာပြန်ပြောရမလဲမသိဖြစ်နေတယ်။ ကောင်မလေးရဲ့မျက်ဝန်းထဲမှာ စိတ်ပူတာတွေကို သူတွေ့လိုက်တယ်။ Tiffany က Taeyeon ရဲ့ပုခုံးကို ပွတ်ပေးနေတယ်။ Tiffany ရဲ့ မျက်ဝန်းကိုကြည့်နေရင်းနဲ့ သူနားမလည်တဲ့ ခံစားချက်ဖြစ်လာပြန်တယ်။ အဲ့ခံစားချက်က သူ့ကိုနားမလည်စေနိုင်ဖြစ်တယ် ဘာလို့လဲဆိုတော့ အဲ့လိုမျိုးသူတစ်ခါမှ မခံစားဖူးလို့ပဲ။ သူနည်းနည်းကြောက်မိသွားတယ်။
Tiffany – Hey, ဘာဖြစ်လို့လဲ?
Taeyeon က သူ့ကို ဆက်ကြည့်သေးနေတော့
Tiffany - ခေါင်းမူးနေသေးလို့လား? ဒါမှမဟုတ် ငါ့အလှမှာ မေ့မျောသွားတာလား? နင် ကြည့်ချင်တယ်ဆိုရင် ကြိုက်သလောက်ကြည့်လို့ရတာ နင့်အတွက်ဆိုရင် free ပဲ။
Taeyeon - အခုထိ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတုန်းပဲ။
Tiffany က Taeyeon လက်မောင်းကိုဆိတ်လိုက်တယ်။ Tiffany လည်း သူ့နားကပ်လားကော ရှက်ပြီး မျက်နှာရဲလာတယ်။ သူ့ကိုနမ်းမယ်ထင်ပေမယ့် Tiffany က သူ့နဲ့ နဖူးချင်းထိလိုက်ပြီး
Tiffany - နင့်မှာအဖျားသွေးရှိနေတုန်းပဲ။
Tiffany သူ့နာရီသူကြည့်လိုက်ပြီး
Tiffany - သူက ဘာလို့ကြာနေတာလဲ?
Taeyeon - သူ?
Tiffany - ဆရာဝန်လေ။ ငါ့သူငယ်ချင်းတွေကို ဆရာဝန်သွားခေါ်ခိုင်းလိုက်တာ။ သူမကြာခင်ရောက်လာမှာပါ။
Taeyeon – *မျက်လုံးပြူးသွားပြီး* ရတယ်။ ငါအဆင်ပြေတယ်။
သူမြန်မြန်ထဖို့လုပ်ပေမယ့် ခေါင်းမူးသွားပြီး
Taeyeon - အား ငါ့ခေါင်း
Tiffany လည်း Taeyeon ဘေးဝင်ထိုင်လိုက်ပြီး သူ့ကိုယ်ကို လဲမကျခင် ဖမ်းထားပေးလိုက်တယ်။
Tiffany - နင်ဘာလုပ်နေတာလဲ? နင် လှုပ်လှုပ်ရှားရှားမလုပ်သင့်သေးဘူးလေ။
Taeyeon က ထမလို့ပဲရှိသေးတယ်။
Tiffany - ငါပြောနေတယ်နော် မလှုပ်နဲ့လို့။ နင်ဘာလို့ တော်တော်ခေါင်းမာရတာလဲ?
Taeyeon – Okay, huuu နင်က ငါ့အမေကျနေတာပဲ။
Tiffany က Taeyeon ကို သူ့ကိုယ်မှာမှီခိုင်းလိုက်တော့ Taeyeon လည်းရှက်ပြီး မျက်နှာရဲသွားပြန်တယ်။ သူကတော့ သူ့ကိုယ်သူ ဖျားလို့ရဲနေတာလို့ပဲပြောင်းတွေးလိုက်တယ်။ သူလည်း ဘာမှလုပ်လို့မရတာနဲ့ Tiffany ကိုပဲ မှီနေလိုက်တယ်။ သူရှက်ပေမယ့် Tiffany ပေါ်မှီနေရတာ သက်တောင့်သက်သာဖြစ်တယ်လို့ ခံစားမိတယ်။
Tiffany - ဘာသောက်ချင်သေးလဲ?
Taeyeon လည်းခေါင်းခါလိုက်ကော
Tiffany - အိပ်ပျော်အောင်အိပ်လိုက်အုံး။ ဆရာဝန်လာရင် ငါနင့်ကို နှိုးလိုက်မယ်။
Tiffany လည်း Taeyeon ရဲ့ ကိုယ်အရမ်းပူနေတာကို ခံစားမိလိုက်တော့
Tiffany – mianhae.
Taeyeon - *မျက်လုံးဖွင့်ကြည့်လိုက်ပြီး* ဘာအတွက်လဲ?
Tiffany - မိုးရေစိုသွားလို့ နင့်ဖျားရတာလေ။ အဲ့ဒါ ငါ့ကြောင့်ပေါ့။
Taeyeon လည်း Tiffany ကို စချင်တာနဲ့
Taeyeon - ဟုတ်တယ်။ အဲ့ဒါနင့်အပြစ်။ ငါနင့်ကိုခွင့်လွှတ်ပေးမယ် အကယ်၍ နင်…
Tiffany - အကယ်၍?
Taeyeon - နင်ငါ့ကို သူများတွေရှေ့မှာ ဖက်တာတွေ နမ်းတာတွေမလုပ်ဘူးလို့ကတိပေးရင်။
Taeyeon လည်း ရီချင်တာကို မနည်းထိန်းထားတယ်။ ခဏလောက်တိတ်ဆိတ်နေပြီး Tiffany က ပြုံးလိုက်ပြီး
Tiffany - ငါ ကတိပေးတယ်။
Taeyeon လည်း ကြောင်သွားတယ်။ သူထင်တာက Tiffany က နှုတ်ခမ်းဆူပြီး သူကို ဂျီကျမယ်လို့ပဲထင်ထားတာ
Taeyeon - တကယ်? နင်တကယ် ငါ့ကို မဖက်ဘူး မ…
Tiffany က ခေါင်းငြိမ့်လိုက်တော့
Taeyeon – Oh, okay,
တံခါးဖွင့်သံကြားတော့ သူတို့ ၂ ယောက် လှမ်းကြည့်လိုက်တယ်။
Dr. – oops, mian, ငါ တစ်ခုခုကို ဝင်နှောက်ယှက်မိတာမဟုတ်ဘူးမလား?
Tiffany rolled her eyes. သူလည်း Taeyeon ကို ဆိုဖာပေါ်သေချာပြန်ချပေးလိုက်တယ်။ သူလည်း ဆရာဝန်ကြည့်ပေးနေတုန်း Mrs. Bae ကို Taeyeon နေမကောင်းကြောင်းပြောဖို့ ph ထုတ်လိုက်တယ်။
ဆရာဝန်က စစ်ဆေးဖိုး နားကျပ်လည်းထုတ်လိုက်ကော
Taeyeon - ကျွန်တော် ဖျားရုံပဲဖျားတာပါ။ ဘာမှမဖြစ်ပါဘူး။
ဆရာဝန်လည်း အဝတ်စည်းထားတဲ့ရင်ဘက်ပေါ်မှာ နားကျပ်ကိုတင်ပြီး နားထောင်လိုက်တယ်။
Dr. - မင်းပြောသလိုပဲ ဖျားတာပါ။ ကျောင်းဆေးခန်းကို လာခဲ့လိုက် ငါမင်းကို ဆေးပေးမယ်။ မကြာခင်သက်သာသွားမှာပါ။
Taeyeon က ခေါင်းငြိမ့်လိုက်တယ်။ ဆရာဝန်ကလည်းသူ့ပုခုံးကိုပုတ်ပေးလိုက်ပြီး Tiffany နားကိုသွားပြီး သူတို့ ၂ ယောက် စကားခဏပြောပြီးမှထွက်သွားတယ်။
Taeyeon လည်း သူ့ necktie ကို ဖြည်လိုက်တယ်။ Tiffany က Taeyeon ဘေးနားဝင်ထိုင်လိုက်ပြီး
Tiffany - ငါ ငါ့သူငယ်ချင်းတွေကို သွားယူခိုင်းလိုက်တယ်။ နင်သွားယူစရာမလိုတော့ဘူး။
Taeyeon - ငါ့ဘာသာငါ သွားနိုင်ပါတယ်။
Tiffany - ရပါတယ်။ ငါ Mrs. Bae ကိုလည်း ပြောပြီးသွားပြီ နင်ဒီနေ့နားလို့ရတယ်။ ငါ့သူငယ်ချင်းတွေက နင့်အိတ်ကို သယ်သွားပေးလိမ့်မယ်။
Tiffany ပေးတဲ့ ကော်ဖီကို Taeyeon လှမ်းယူလိုက်ပြီး
Taeyeon – Gomawo. ပြီးတော့ mianhae အနှောက်အယှက်ပေးမိလို့။
Tiffany - *ပြုံးလိုက်ပြီး* စိတ်မပူပါနဲ့။ ငါနင့်ကို ဂရုစိုက်ပေးရတာသဘောကျတယ်။
Tiffany လည်း Taeyeon ရဲ့ ရှက်သွားတဲ့မျက်နှာကိုကြည့်ပြီး ရီလိုက်တယ်။ အဲ့ဒီအချိန်မှာ တံခါးပွင့်လာပြီး ကောင်လေးတစ်ယောက်က ဆေးလာပေးတယ်။ Tiffany လည်း ဆေးကိုယူလိုက်ပြီး
Tiffany - ဒါက နင့်အတွက်ဆေး။ ဒါပေမယ့် ဆေးမသောက်ခင် နင်တစ်ခုခုစားမှရမယ်။ နင်မနက်ကလည်း ဘာမှ မစားထားဘူးဆိုတော့။
Tiffany လည်း စဉ်းစားလိုက်ပြီး
Tiffany - ခဏစောင့်။ ငါစားစရာသွားယူလိုက်အုံးမယ်။
Tiffany ထွက်သွားပြီး ချက်ချင်းဆိုသလို တံခါးကြားထဲကနေ သူ့ခေါင်းပေါ်လာပြီး
Tiffany - ဘယ်မှမသွားနဲ့နော်? ငါပြန်လာလို့ နင့်ကို ဒီမှာမတွေ့ဘူးဆိုရင် သေချာပေါက် detention ခေါ်မှာ။
Taeyeon - *ရီလိုက်ပြီး* nae, ma’am.
Tiffany – Good.
Tiffany လည်း ထွက်သွားကော Taeyeon တစ်ယောက် သူ့ ph ထုတ်ပြီး Yuri နဲ့ Yoona ကို စိတ်မပူဖို့ message လှမ်းပို့လိုက်တယ်။ သူ့ ကော်ဖီကိုကုန်အောင်သောက်လိုက်ပြီး ဆိုဖာပေါ်မှာပြန်လှဲလိုက်ပြီး Tiffany ပြန်အလာကိုစောင့်နေလိုက်တယ်။
ခဏနေတော့ Tiffany အစားသောက်တွေယူလာပြီး
Tiffany - နင်စားဖို့
Taeyeon – gomawo.
Tiffany – Welcome.
Tiffany လည်း Taeyeon ရှေ့မှာ ဗန်းကို ချလိုက်ပြီး ကုန်နေတဲ့ခွက်ကို ယူသွားပြီး ရေသွားယူလာတယ်။ ပြီးတော့ Taeyeon ဘေးမှာဝင်ထိုင်လိုက်တယ်။
Tiffany - နင်ဘာလို့မစားတာလဲ? ခေါင်းမူးနေသေးလို့လား?
Taeyeon က ခေါင်းငြိမ့်လိုက်တော့ Tiffany လည်း ဆန်ပြုတ်ခွက်ကို ယူလိုက်တယ်။
Taeyeon - ငါ့ဘာသာငါ စားတတ်ပါတယ်။
Taeyeon က Tiffany လက်ထဲက ခွက်ကို ယူမလို့ပဲရှိသေးတယ်။ Tiffany က ဖယ်လိုက်ပြီး
Tiffany - ငါ ကူညီချင်လို့ပါ။
Tiffany က Taeyeon ပါးစပ်စားကို ယူလာပြီး
Tiffany - ရော့ ဖြေးဖြေးစားနော်။ အဆင်ပြေရဲ့လား?
Taeyeon က ခေါင်းငြိမ့်လိုက်တယ်။
Tiffany - ဒါက ငါကိုယ်တိုင်ပြုတ်တာဆို သိပ်ကောင်းမှာပဲ။
Taeyeon က ရီလိုက်တယ်။ ပြီးတော့ ချောင်းဆိုးသွားတော့ Tiffany က ရေခွက်လှမ်းပေးလိုက်တယ်။
Taeyeon - နင် သွားရတော့မယ် မဟုတ်ဘူးလား?
Tiffany - ရပါတယ်။ ငါ့မှာအချိန်နည်းနည်းရှိသေးတယ်။
အဲ့ဒီအချိန်မှာပဲ bell တီးသံကြားလိုက်တယ်။
Taeyeon - နင် သွားတော့လေ။ ငါ့ဘာသာငါ စားလို့ရပါတယ်။ စိတ်မပူပါနဲ့။
Tiffany - ငါ ဒီမှာနင်နဲ့အတူတူနေချင်တာ။
Taeyeon လည်း သူ့ဘေးကကောင်မလေးကို ဘာပြန်ပြောရမလဲမသိဖြစ်သွားတယ်။ သူ ဆန်ပြုတ်ပန်းကန်ကို လှမ်းယူလိုက်တယ်။ ဒါပေမယ့် Tiffany ရဲ့လက်ကို ကိုင်မိသွားတော့ ချက်ချင်းဖယ်လိုက်ပြီး ချောင်းဟန့်လိုက်တယ်။ သူကြည့်လိုက်တော့ Tiffany က သူ့ကို ပြုံးပြီးကြည့်နေတယ်။
Tiffany - ဟို နင့်အတန်း။
Tiffany နဲ့ Taeyeon နဲ့ အကြည့်ချင်းဆုံနေတယ်။ Tae က ရှက်ပြီးမျက်နှာလွှဲလိုက်တယ်။
Tiffany – Oh no. ငါ နောက်ကျနေပြီ။
Tiffany က ဆန်ပြုတ်ခွက်ကို Taeyeon ကို ပေးလိုက်ပြီး သူ့အိတ်ကိုယူလိုက်တယ်။
Tiffany - နင် တစ်ယောက်တည်းနေလို့ဖြစ်ရဲ့လား?
Taeyeon - ငါ အဆင်ပြေပါတယ်။ ငါစားပြီးတာနဲ့ အဆောင်ပြန်နားမှာ။
Taeyeon က Tiffany မျက်နှာညှိုးသွားတာကို သတိထားမိလိုက်တယ်။ Tiffany က သူ့လက်ကိုလှမ်းကိုင်လိုက်ပြီး လက်ထဲကို စာရွက်ကလေးတစ်ခုထည့်ပေးလိုက်တယ်။
Tiffany - ငါ့ ph no. နင်လိုအပ်တာရှိရင် ငါ့ဆီ ph ဆက်လိုက်။ ငါနင့်နဲ့အတူတူမနေပေးနိုင်လို့ တောင်းပန်ပါတယ်။
Taeyeon က ပြုံးလိုက်တယ်။ Tiffany က သူ့နဖူးကိုလည်းနမ်းလိုက်ကော သူလည်း ကြောင်သွားတယ်။
Tiffany – Get well soon.
Tiffany တံခါးနားကိုလျှောက်သွားတာကြည့်နေရင်းနဲ့
Taeyeon – Tiffany.
Tiffany - *ရပ်လိုက်ပြီး* ဟင်?
Taeyeon – gomawo.
Tiffany က ခေါင်းငြိမ့်လိုက်ပြီး ပြုံးပြလိုက်တယ်။
Tiffany ထွက်သွားပြီးတဲ့အထိ Taeyeon တစ်ယောက် သူ့မျက်နှာက အပြုံး မပျောက်ကွယ်သွားဘူး။ သူ ဆန်ပြုတ်ကို ကုန်အောင်သောက်လိုက်ပြီး ဆေးသောက်လိုက်တယ်။ ပြီးတော့ သူ အဆောင်ကို ပြန်သွားလိုက်တယ်။ ပေါ့ပေါ့ပါးပါးဝတ်စုံလဲလိုက်ပြီး အိပ်ယာမှာ လှဲအိပ်လိုက်တယ်။ သူနိုးလာတော့ တော်တော်သက်သာသွားပြီ။ ခဏနေတော့ ကျောင်းဆင်းချိန်ရောက်ပြီး Yuri နဲ့ Yoona နဲ့ ပြန်လာကြတယ်။
---------------------------------------------------------------------------------------------------------------------

Yuri - ငါလည်း ကြိုးစားနေပါတယ်။ ဘယ်လောက်တောင်ကြိုးစားလည်းဆိုရင် အိမ်မက်ထဲမှာတောင် အဲ့ တူရိယာသင်္ကေတတွေက ငါ့နောက်ကနေလိုက်နေတယ်။
Seohyun - *ရီလိုက်ပြီး* အဲ့ဒါတော့မဖြစ်နိုင်ဘူး။ တူရိယာသင်္ကေတတွေက ဘယ်လိုလုပ်နင့်နောက်လိုက်မှာလဲ? သူတို့မှာ ခြေထောက်မှမရှိတာ။
Yuri - ငါ့ အိမ်မက်ထဲမှာတော့ ရှိတယ်။ တကယ်ပြောတာ။
Seohyun ကတော့ Yuri ကို ကြည့်ပြီး ရီနေလိုက်တယ်။ Taeyeon က သူတို့ ၂ ယောက်ကို ကြည့်ပြီး ခေါင်းခါလိုက်တယ်။ သူတို့ ၄ ယောက်က သစ်ပင်ကြီးတစ်ပင်အောက်မှာ မုန့်စားရင်းထိုင်နေကြတယ်။
Taeyeon - ငါ တစ်ခါတစ်လေကျရင်တွေးမိတယ် Yuri က Seohyun ကိုများကြိုက်နေလားလို့။
Yoona ကို ပြောလိုက်တယ်။ Yoona လည်း သူပြောတော့ လှမ်းကြည့်လိုက်ပြီး
Yoona - ငါတော့မထင်ဘူး။ သူပြောဖူးတာမှတ်မိတယ်မလား ယောက်ျားလေးတွေနေထိုင် လှုပ်ရှားပုံ။ ငါ့အထင်တော့ သူယောက်ျားလေးပုံပေါက်အောင်လုပ်နေတယ်ထင်တာပဲ။
Taeyeon - နင်ပြောတာဟုတ်မှာပါ။
Kai – Hey guys, ငါတို့ကော လာထိုင်လို့ရမလား?
ဟိုတစ်ခေါက် သူတို့နဲ့ရန်ဖြစ်တဲ့ basketball အသင်းက Kai, Sehun နဲ့ Baekhyun.
Taeyeon – sure.
Baekhyun – ရာသီဥတုတောင် တော်တော်လေးစအေးလာပြီ။
Taeyeon - ဟုတ်တယ်။ ဒါနဲ့နင့်လက်ပတ်ကမိုက်လှချည်လား။ ဘယ်ကနေဝယ်တာလဲ?
Baekhyun - ဒီဟာလား? ဒါက limited လေ။ ငါတို့ အသင်းအတွက်ပဲလုပ်ထားတာ။ မင်းလိုချင်တယ်ဆိုရင် ပေးမယ်လေ။
Taeyeon – nah, ရပါတယ်။ ဒီအတိုင်းမေးတာ။
Baekhyun - ငါတို့အသင်းကို join ပါလား? မင်း basketball ကစားတာလည်းတော်သားနဲ့။
Taeyeon – ကျေးဇူးတင်ပေမယ့် မ join တော့ပါဘူး။
Sehun – hey look, ဟိုမှာ Jessica-sshi.
သူတို့တွေလည်း Sehun ပြောတဲ့နေရာကို ကြည့်လိုက်တယ်။ Jessica တစ်ယောက် ကောင်လေးတွေနဲ့ စကားပြောနေတယ်။ Taeyeon လည်း Jessica ကို ကြည့်နေတဲ့ Yoona ကို လှမ်းကြည့်ရင်းပြုံးလိုက်တယ်။
Sehun - ငါ သူ့ကို ငါ့ရည်းစားဖြစ်စေချင်လိုက်တာ။
Kai - အိမ်မက်မက်မနေနဲ့။
Sehun လည်း ခေါင်းငြိမ့်ပြီး သက်ပြင်းချလိုက်တယ်။
Taeyeon – wae?? သူ့မှာရည်းစားရှိလို့လား?
Taeyeon ရဲ့ မေးခွန်းကို Yoona တစ်ယောက် စိတ်ဝင်စားသွားတယ်။
Kai – well, နင်တို့သိတဲ့အတိုင်း ငါတို့ကျောင်းမှာ goddess ၂ ယောက် ရှိတယ်လေ။ တစ်ယောက်က Tiffany-sshi နဲ့ နောက်တစ်ယောက်က Jessica-sshi. Tiffany-sshi က လက်လှမ်းလို့မမှီနိုင်တဲ့သူ။ well, မင်းပေါ်မလာခင်အထိကပေါ့။ ငါတို့ကို မင်းအဲ့ဒီလျှို့ဝှက်ချက်သင်ပေးရမယ်နော်။
Taeyeon က ဒီအတိုင်းပြုံးပြလိုက်တယ်။
Baekhyun – Tiffany-sshi က ဘယ်လိုပဲ လက်လှမ်းမမှီဘူးပြောပြော Jessica-sshi ကတော့ မတူဘူး။ လက်လှမ်းမှီိတယ်။ ဒါပေမယ့် သူ့ကို ဘယ်သူကမှမပိုင်ဆိုင်နိုင်ဘူး။
Yoona - အဲ့ဒါဘာကိုပြောတာလဲ?
Baekhyun - မင်းတို့သိတဲ့အတိုင်း သူက အရမ်းကို ခင်မင်ရင်းနီးတတ်တယ် ငါပြောတာက ဆွဲဆောင်မှုရှိရှိနဲ့ပေါ့။ သူက အကုန်လုံးနဲ့ ကလူတယ် ယောက်ျာလေး မိန်းကလေး အကုန်လုံးနဲ့ပဲ။ ဒါပေမယ့် သူဘယ်သူ့ကိုမှတကယ် မကြိုက်ဖူးဘူး သူတွဲဖူးတယ်ဆိုတဲ့ သတင်းတွေရှိပေမယ့် ဘာသက်သေမှမရှိဘူး။ ဘယ်သူမှလည်း မတွေ့ဖူးဘူး။
Taeyeon က Yoona ကို လှမ်းကြည့်လိုက်တယ်။ Yoona ကတော့ Jessica ကို ငေးကြည့်နေတုန်းပဲ။ Yoona မက်တပ်ရပ်လိုက်ပြီး
Yoona - ငါ toilet သွားလိုက်အုံးမယ်။
Taeyeon - ငါကောပဲ။
Taeyeon က Yoona နောက်လိုက်သွားတယ်။
Yuri – Hey, မင်းတို့တွေ ဘယ်သွားမလို့လဲ? ငါလည်းလိုက်မယ်လေ! See you later guys.
Yuri က Yoona နဲ့ Taeyeon နောက်ကိုလိုက်သွားတယ်။
Yoona က လက်ဆေးနေရင်းနဲ့ အိမ်သာထဲမှာရှိနေတဲ့ ၂ ယောက်ကို လှမ်းပြောလိုက်တယ်။
Yoona – Guys, hurry up. ငါ အပြင်ထွက်စောင့်နေမယ်။
Yoona က အပြင်ထွက်ပြီး နံရံကို မှီရင်းနဲ့ ph သုံးနေတယ်။ အဲ့ဒီအချိန်မှာ ကောင်မလေးတစ်ယောက်က ဖြတ်ပြေးသွားပြီး သူ့လိုက်ကို ဝင်တိုက်သွားတယ်။
Yoona – hey! ရှေ့ကြည့်သွားလေ။
သူကလှမ်းပြောပေမယ့် ကောင်မလေးက ပြန်တောင်လှည့်မကြည့်ပဲ ဆက်ပြေးသွားတယ်။ သူလည်း သက်ပြင်းချပြီး ကြမ်းပြင်ပေါ်ကျနေတဲ့ ph ကို ကောက်လိုက်တယ်။ ပြီးတော့ နံရံထောင့်ဘက်ကနေ ရီသံကြားတော့ သူ့သိချင်စိတ်ကိုထိန်းမရလို့ အဲ့ဘက်ကိုသွားကြည့်လိုက်တယ်။ နမ်းနေကြတဲ့အတွဲကိုလည်း တွေ့လိုက်ကော Yoona တစ်ယောက် မျက်လုံးပြူးသွားတယ်။ သူ့လှည့်ထွက်သွားမလို့ပဲရှိသေးတယ် အဲ့ထဲက ကောင်မလေးက လှည့်လည်းလှည့်လိုက်ကော သူ အသက်ရှူဖို့တောင်မေ့ပြီးရပ်တန့်သွားတယ်။
Yoona *Jessica?*

Song For YouWhere stories live. Discover now