Chapter - 12 (Part 1)

1.8K 144 6
                                    

'ပွဲတော်ပြီးတဲ့အထိသာစောင့်မျှော်ပေးမယ်ဆိုရင်တော့ ကျွန်မကျေးဇူးတင်မိမှာပါ.... ဟုတ်ကဲ့ ကျွန်မ ကောင်းကောင်း နားလည်ပါတယ်။ ဒါပေမယ့် ဘယ်လိုလုပ်အဆုံးသတ်မလဲ.... ခဏနော်။' Principal Yoonji ph ပြောနေတယ်။ တံခါးခေါက်သံလည်းကြားကော


Principal - yes, come in.


Principal က ph ကို သူ့ပုခုံးမှာတင်ထားတယ်။ Gyuri ဝင်လာတာလည်းတွေ့ကော


Principal - Ms. Park, ဘာကူညီပေးရမလဲ?


Gyuri - ကျွန်မပြောစရာရှိလို့ပါ။


Principal - သမီးစောင့်နိုင်မယ်ဆိုရင် ငါ့မှာအရေးကြီးတဲ့ကိစ္စ....


Gyuri - သမီး ဟိုကောင်မလေးတွေအကြောင်းသိတယ်။ အဲ့ကောင်မလေးတွေအကြောင်း


Principal လည်း Gyuri ကို အကြည့်မပျက်ပဲ ph ကို နားနားပြန်ကပ်လိုက်ပြီး


Principal - နောက်မှ ph ပြန်ဆက်လိုက်ပါမယ်။


သူ ph ချလိုက်ပြီး ထိုင်ခုံမှာ ထိုင်လိုက်တယ်။


Principal - သမီးက ဟိုကောင်မလေးတွေလို့ပြောတာကြားလိုက်တယ်။ ဘယ်ကောင်မလေးတွေအကြောင်း ပြောချင်လို့ ဆရာမကို ဒီအချိန်ကြီးလာရှာတာလည်းဆိုတာ ရှင်းပြနိုင်မလား?


Gyuri - ဟို ကျောင်းသားအသစ် ၃ ယောက် သူတို့က မိန်းကလေးတွေ ဟုတ်တယ်မလား?


Gyuri က မေးလိုက်တယ်။ ကျောင်းအုပ်ကတော့ မျက်နှာအမူအရာမပျက်ပဲ သူ့ကိုပဲ ကြည့်နေတယ်။


Principal - ဘာလို့အဲ့လိုထင်ရတာလဲ?


Gyuri - သမီးသူတို့ကို တွေ့လိုက်တယ်။


ကျောင်းအုပ်က သူ့ကိုကြည့်လိုက်ပြီး ထိုင်ခုံကနေထလိုက်ပြီး သူ့နားကို လျှောက်လာရင်းနဲ့


Principal - မင်း ငါ့ကို ဘယ်တော့မဆို အံ့သြစေတယ် Ms. Park. မင်းက တော်တယ်၊ အရည်အချင်းရှိတယ်၊ ဆုံးဖြတ်ချက်ခိုင်မာတယ်၊ လေ့လာချင်စိတ်ရှိတယ်၊ ဘယ်အရာမှာမဆို အတော်ဆုံးပဲ ဖြစ်ချင်တယ်။ ငါ ဒီကျောင်းမှာ မင်းလို ကျောင်းသားမျိုးရှိတာကို ဝမ်းသာမိတယ်။


Gyuri ဒီစကားက ဘယ်ကို ဦးတည်နေလည်းဆိုတာကို စဉ်းစားမရတော့ မျက်မှောင်ကျုပ်နေမိတယ်။ ကျောင်းအုပ်က သူ့ဘေးမှာ ရပ်လိုက်ပြီး သူ့ပုခုံးပေါ်လက်တင်လိုက်တယ်။

Song For YouWhere stories live. Discover now