Chapter - 6

2.1K 157 6
                                    

Students – Annyeonghasaeyo seongsaengnim.
Mrs. Lee – Annyeong ကလေးတို့။ ဒီနေ့ vocal lesson အကြောင်းသင်မယ်။ ဆရာမသိတယ် တချို့ကျောင်းသားတွေက Jeguk Elementary နဲ့ Jeguk Middle School ကနေ လာတာမဟုတ်ဘဲ အခု High School မှ ပြောင်းလာတဲ့သူတွေရှိတယ်။ အဲ့ဒီတော့ ဆရာမက အခြေခံကို ပြန်စစ်ဆေးကြည့်မယ်။ အသစ်တွေက သေချာလိုက်နားထောင်မယ်နော်။
Students – nae!
Mrs. Lee - အရင်ဦးဆုံး မသင်ခင်မှာ ဆရာမပြောချင်တာက vocal အတွက် အရေးကြီးဆုံးက အသက်ရှူတာပဲ။
Taeyeon က ဆရာမပြောတာတွေကို သေချာလိုက်နားထောင်နေတယ်။ Yuri တစ်ယောက်ကတော့ သူ့ပါးကိုဖောင်းပြီး အသက်အောင့်ထားတာ မျက်လုံးက ပေါက်ထွက်တော့မယ့်အတိုင်းပဲ။
Mrs. Lee – Kwon Moonbin, မင်းလုပ်နေပုံက ချစ်ဖို့တော့ကောင်းပါရဲ့ ဒါပေမယ့် ငါ့အတန်းချိန်မှာဆော့တာ ငါ မကြိုက်ဘူးနော်။
Yuri – I’m sorry.
Taeyeon က ရီလိုက်တော့ Yuri က လျှာထုတ်ပြလိုက်တာ Yoona ဆီကနေ ခေါင်းကို အရိုက်ခံလိုက်ရတယ်။
Yuri – Yah!! ဘာလုပ်တာလဲ?!
Mrs. Lee – Kwon Moonbin, ငါပြောထားတယ်နော်။
Yuri - ဒါပေမယ့် ကျွန်တော်ဘာမှမလုပ်ဘူးလေ။
Mrs. Lee က သူ့ကိုလေးစိုက်ကြည့်လိုက်ကော
Yuri - တောင်းပန်ပါတယ်။
---------------------------------------------------------------------------------------------------------------------

နေ့လည်ထမင်းစားချိန်လည်းရောက်ကော
Yuri – Taehyun မြန်မြန်လာ ငါဗိုက်ဆာလှပြီ။
Taeyeon – arrasso, arrasso.
Taeyeon သူ့ဖိနပ်ကြိုးကိုချည်ပြီး သူ့သူငယ်ချင်းတွေဆီပြေးသွားတယ်။
Taeyeon - လာ သွားရအောင်။
သူတို့ ၃ ယောက် အခန်းထဲကနေလည်းထွက်လာပြီး corridor မှာပဲရှိသေးတယ် သူတို့ရှေ့ကနေ ကောင်လေး တစ်အုပ်စုပိတ်ရပ်လိုက်တယ်။ အဲ့ဒီကောင်လေးတွေကတော့ ဟိုတလောက Taeyeon ရဲ့ အင်္ကျီပေါ် အအေးလောင်းချတဲ့ကောင်လေးတွေ
Taeyeon - နင်တို့ ဘာဖြစ်ပြန်ပြီလဲ?
Boy - ပြီးခဲ့တဲ့အပတ်က နင် Tiffany-shi ရဲ့အခန်းကိုသွားတယ်ကြားတယ်။ နင်အဲ့ဒီကို ဘာသွားလုပ်တာလဲ?
Taeyeon *ငါက ပြန်ပေးဆွဲခံလိုက်ရတာလေ*
Yuri နဲ့ Yoona နဲ့က Taeyeon ကို ကြည့်လိုက်ပြီး
Yuri - နင် အဲ့ကောင်မလေးနဲ့သွားတွေ့တယ်? ဘယ်တုန်းကလဲ?
Taeyeon က သူ့သူငယ်ချင်း ၂ ယောက်ကို ပြန်မဖြေပဲ သူ့ရှေ့က ကောင်လေးတွေကို စိုက်ကြည့်လိုက်ပြီး
Taeyeon - ငါသွားတွေ့တယ်လေ။ ဘာလို့လဲဆိုတော့ သူကတွေ့ချင်တယ်ဆိုလို့။ ပြီးတော့ ငါတို့ ကော်ဖီတောင် တူတူသောက်ခဲ့သေးတယ်။ အရမ်းကို ပျော်ရွှင်စရာကောင်းတဲ့အချိန်လေးပေါ့။
Taeyeon လည်း သူတို့လိုချင်နေတဲ့အဖြေပေးလိုက်ပြီး ဘယ်လိုလဲ ငါ့ကိုမနိုင်နိုင်ဘူးမလားဆိုတဲ့ အကြည့်ပေးလိုက်တယ်။ ကောင်လေးတစ်ယောက်က Taeyeon နားကပ်လာပြီး သူ့အရပ်နဲ့ Tae ကို ကြောက်သွားအောင်လုပ်လိုက်တယ်။
Yuri – Hey, ဟေ့ကောင် နောက်ဆုတ်လိုက်။
ကောင်လေးက Yuri ကို မကြည်ကြည့်ကြည့်လိုက်ပြီး Taeyeon ဘက် ပြန်လှည့်လိုက်ပြီး
Boy - ညနေ ကျောင်းဆင်းချိန် အားကစားခန်းမ။ ငါတို့စောင့်နေမယ်။ မင်းသူငယ်ချင်းတွေ ခေါ်လာလို့ရတယ်။
ကောင်လေးတွေလည်းထွက်သွားကော
Yoona - သူတို့ဘာလုပ်ချင်တာလဲ?
Seohyun က သူတို့နားလျှောက်လာပြီး
Seohyun - နင်မသွားသင့်ဘူး။ သူတို့က ရန်ဖြစ်ချင်နေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ? ငါတို့ ဆရာမကို ပြောပြသင့်တယ်။
Yoona - ရန်ဖြစ်ဖို့? မသွားနဲ့ Taehyun.
Taeyeon - ငါသွားမယ်။ ငါသိပါတယ်။ ဒါပေမယ့် ငါမသွားရင်သူတို့ရပ်မှာမဟုတ်ဘူး။
Yuri - ငါသဘောတူတယ်။ ငါတို့ ဒီကိစ္စကို ရှင်းမှရမှာ။ ပြီးတော့ သူက သူငယ်ချင်းတွေခေါ်လာလို့ရတယ် ပြောတယ်မလား။
Seohyun - ဒါပေမယ့်…
Yuri - စိတ်မပူပါနဲ့။ ငါတို့က ယောက်ျားလေးတွေပါ။ ငါတို့ ယောက်ျားတွေရှင်းတဲ့နည်းအတိုင်းရှင်းကြတာပေါ့။
Yoona - အဲ့ဒါဆို ငါလည်းလိုက်ခဲ့မယ်။
Yuri - ငါတို့ အခုသွားလို့ရပြီလား? ငါဗိုက်ဆာတာသေတော့မယ်။
Taeyeon - ငါ ပြီးမှလိုက်လာခဲ့မယ်။ Toilet သွားလိုက်အုံးမယ်။
Taeyeon တစ်ယောက် အိမ်သာမှာ ကိစ္စရှင်းပြီး လက်ဆေးနေတုန်းရှိသေးတယ် သူ့မျက်နှာကို အမဲရောင်အဝတ် အအုပ်ခံလိုက်ရပြန်တယ်။
Taeyeon – Again?!! Hey!
အဲ့ဒီလိုနဲ့ သူ့ကိုဆွဲခေါ်သွားကြပြန်တယ်။ ခဏကြာတော့ အဝတ်ကိုဖယ်လိုက်ပြီး သူ့ကို ဆွဲခေါ်လာတဲ့သူတွေက ပြန်ထွက်သွားကြတယ်။
Tiffany – annyeong Taehyun.
Taeyeon – ani, နင်ငါ့ကို annyeong လာလုပ်စရာမလိုဘူး။
Taeyeon တစ်ယောက် Tiffany နားကို ကပ်သွားပြီး
Taeyeon - ငါ့ကို ဒီလိုမျိုးပြန်ပေးဆွဲမှ ရမှာလား?
Tiffany – How are you?
Taeyeon - ငါ့ စကားတောင် နားမထောင်ဘူး။
Tiffany - ထိုင်လေ။
Taeyeon - ဧည့်ခံမှုကို ကျေးဇူးတင်ပါတယ်။ *ထိုင်လိုက်ပြီး* ကဲ ငါထိုင်လိုက်ပြီ။ အခု ဘာလုပ်မှာလဲ?
Tiffany - ထမင်းစားမှာပေါ့။
Taeyeon - ထမင်း?
Tiffany က စားပွဲပေါ်မှာ ဗန်း ၂ ခုကို တင်လိုက်ပြီး Taeyeon ဘေးမှာထိုင်လိုက်တယ်။ Taeyeon က တော့ ထမင်းတွေ ဟင်းတွေကို သေသေချာချာကြည့်နေတယ်။
Tiffany - စိတ်မပူပါနဲ့။ နင်တွေးနေသလိုမျိုး ငါ အန္တရာယ်ဖြစ်နိုင်တာတွေ တစ်ခုမှထည့်မထားပါဘူး။
Taeyeon – ani, ဒီအတိုင်း ငါက…. နင်ငါ့ကို ထမင်းစားဖို့ပြန်ပေးဆွဲလာတာလား?
Tiffany က ပြုံးဖြီးဖြီးနဲ့ ခေါင်းငြိမ့်လိုက်တယ်။ Taeyeon လည်း ခေါင်းခါလိုက်ပြီး ရီလိုက်တယ်။ Tiffany က Taeyeon ရဲ့ အပြုံးကိုကြည့်နေတယ်။ ဒါက သူ ဖျော်ဖြေပွဲပြီး ဒုတိယအကြိမ် Taeyeon ဆီကနေ ရလိုက်တဲ့ အပြုံး
Tiffany - စားရအောင်။
Taeyeon က တူကို ကိုင်လိုက်ပြီး အသားကို စစားလိုက်တယ်။
Taeyeon - နေပါအုံး။ ငါနင့်ကို ထမင်းစားချိန် canteen မှာ မတွေ့တာတော်တော်ကြာပြီ။
Tiffany - ငါ ဒီမှာပဲ စားဖြစ်တာများတယ်။
Taeyeon - ဒီမှာ? တစ်ယောက်တည်း?
Tiffany - အင်း။
Tiffany က ဒီမှာစားတာကိုအတွက်ပဲ အဖြေပေးလိုက်တယ်။ တကယ်တော့ သူတစ်ယောက်ထဲစားရတာ မဟုတ်ပါဘူး Jessica နဲ့ Nichkhun က အမြဲသူနဲ့ တူတူလာစားတယ်။ ဒီနေ့ကတော့ သူက တမင်သူတို့ ၂ ယောက်ကို ပထုတ်လိုက်တာ။
Taeyeon - ဘာလို့ canteen မှာမစားတာလဲ? Oh, mian ငါ မေ့သွားတယ်။ နင်က Tiffany Hwang ပဲကို။
Tiffany - *ရီလိုက်ပြီး* နင်က ရီရတယ်။
သူတို့ ၂ ယောက် ထမင်းလည်း စားပြီးကော Tiffany က အအေးခွက် ၂ ခွက်ယူလာပြီး တစ်ခွက်ကို Taeyeon ကို ပေးလိုက်ပြီး Tae ဘေးမှာ ထိုင်လိုက်တယ်။
Tiffany - နင် ဘာလို့ ဒီကျောင်းကို ရွေးတာလဲ?
Taeyeon - ဟို… ငါက… music နဲ့ dance အကြောင်းကို သေသေချာချာ လေ့လာချင်လို့။
Taeyeon *ဘာလို့ ရုတ်တရက်ကြီးဒါတွေမေးရတာလည်း*
Tiffany က သူ့ဘေးက စိတ်လှုပ်ရှားနေတဲ့တစ်ယောက်ကို ကြည့်လိုက်ပြီး
Tiffany - music နဲ့ dance အကြောင်းကို သေသေချာချာ လေ့လာချင်လို့?
Taeyeon က ဘာအဖြေမှပြန်မပေးဘဲ ခွက်ကို စားပွဲပေါ်တင်ပြီး ထလိုက်တယ်။
Taeyeon – lunch အတွက် ကျေးဇူးပဲ။ ငါသွားတော့မယ်။
Tiffany ဆီက ပြန်ပြောတာကို မစောင့်ဘဲထလိုက်တယ်။ ဒါပေမယ့် Tiffany က သူ့ လက်ကို လှမ်းဆွဲလိုက်ပြီး ထိုင်ခုံပေါ်ပြန်ဆွဲချလိုက်တယ်။ ပြီးတော့ သူ့မျက်နှာနားကို ကပ်လိုက်ပြီး
Tiffany – Have a good day Taehyun.
Taeyeon က သူ့ပါးပေါ်မှာ Tiffany ရဲ့ အသက်ရှူတာကို ခံစားမိလိုက်တယ်။ သူ ခေါင်းငြိမ့်လိုက်ပြီး မြန်မြန်ထပြီး တံခါးဆီ အမြန်လျှောက်သွားတယ်။ သွားရင်းနဲ့ စားပွဲနဲ့ သူ့ဒူးနဲ့ ဝင်တိုက်မိလိုက်တယ်။ Tiffany က တော့ စိတ်လှုပ်ရှားနေတဲ့ ကောင်လေးကို ကြည့်ရင်းပြုံးနေမိတယ်။
တံခါးအပြင်ဘက်ရောက်တော့မှ Taeyeon တစ်ယောက် အသက်ရှူနိုင်တော့တယ်။ ဒါပေမယ့် သူ့နှလုံးက အရမ်းကိုခုန်နေတယ်။ ဘာလို့လဲဆိုတာကို သူစဉ်းစားလို့မရဖြစ်နေတယ်။ ရုတ်တရက် အချိန်ကို သတိရလိုက်ပြီး
Taeyeon – oh shit, အတန်း
Taeyeon တစ်ယောက် ပြေးသွားရင်းနဲ့ အကွေ့မှာ လူတစ်ယောက်နဲ့ တိုက်မိပြီး ဖင်ထိုင်ရက် လဲကျသွားတယ်။
Taeyeon – Ouch!
Taeyeon - ငါ တကယ် တောင်းပန်ပါတယ်။ *သူနဲ့ တိုက်မိတဲ့သူကို တွေ့ပြီး* ဟင်… Jiyeon?
Jiyeon – annyeong Taehyun. နင်နဲ့တွေ့ရတာဝမ်းသာပါတယ်။ ဒါပေမယ့် နင်စိတ်မရှိရင်
အဲ့တော့မှ Taeyeon သတိထားမိလိုက်တာက သူ ကောင်မလေးလက်ကို ကိုင်ထားတယ်ဆိုတာ
Taeyeon – oh mian. နင် အဆင်ပြေရဲ့လား? ငါ တကယ့်ကို တောင်းပန်ပါတယ်။ ငါ ရှေ့ကိုသေချာမကြည့်မိဘဲ..
Jiyeon - ရပါတယ်။ နင့်ကြည့်ရတာ အလျင်လိုနေသလိုပဲ။
Taeyeon - ဟုတ်တယ်။ ငါ အတန်းရှိ…. Shit ငါ အတန်းသွားတော့မယ်။
Jiyeon - အေး နင်မြန်မြန်သွားသင့်ပြီ။
Taeyeon - ငါ တကယ်တောင်းပန်ပါတယ်။ ငါ…
Jiyeon က ရီပြီး ခေါင်းငြိမ့်ပြလိုက်တယ်။ Taeyeon လည်း အမြန်အတန်းဆီ ပြေးထွက်သွားတယ်။
---------------------------------------------------------------------------------------------------------------------

ခေါင်းလောင်းတီးလိုက်ပြီး ညနေကျောင်းဆင်းချိန်လည်းရောက်ကော။ Taeyeon တစ်ယောက် ပစ္စည်းတွေသိမ်းရင်း သူ့သူငယ်ချင်း ၂ ယောက်ကို ကြည့်လိုက်တယ်။ Yuri နဲ့ Yoona ကလည်း လှည့်ပြီး ခေါင်းငြိမ့်ပြလိုက်တယ်။ အတန်းရှေ့မှာ Seohyun က စောင့်နေပြီး သူလည်းလိုက်ခဲ့မယ်ဆို အတင်းပြောပြီး လိုက်လာတယ်။ သူတို့ ၄ ယောက် အားကစားခန်းမဆီလျှောက်သွားကြတယ်။
Yuri က တံခါးကို တွန်းဖွင့်လိုက်ပြီး
Yuri - ဘယ်သူမှလည်းမရှိဘူး။
Taeyeon - သူတို့ ဘယ်မှာလဲ?
အခန်းက မီးလင်းပေမယ့် ဘယ်သူမှမရှိဘူး။
Boy - ငါက မင်းတို့မလာတော့ဘူးတောင်ထင်နေတာ။
Taeyeon က အသံလာရာဘက်လည်းလှည့်လိုက်ကော ကောင်လေး ၆ ယောက် သူတို့ဆီလျှောက်လာကြတယ်။ သူတို့တွေက အားကစားဝတ်စုံဝတ်ထားကြတယ်။
Taeyeon - ကဲ ငါတို့ရောက်လာပြီ။ နင်တို့ ဘာလုပ်ချင်တာလဲ?
ကောင်လေးတစ်ယောက်က သူ့လက်ထဲကဘောလုံးကို လှမ်းပစ်လိုက်တော့ Taeyeon က ဖမ်းလိုက်ပြီး
Taeyeon – Basketball?
Boy - မင်းတို့ ဒီအားကစားကို မကစားတတ်ဘူးလို့တော့မပြောနဲ့နော်။ ဒါမှမဟုတ် တကယ်ပဲမသိဘူးလား။
Taeyeon က ဘောလုံးကို တင်းတင်းဆုတ်ကိုင်လိုက်ပြီး
Taeyeon – Challenge accepted.
Boy - ဒါပေမယ့် ရှုံးသွားရင်တော့ မငိုကြေးနော်။
ကောင်လေးတွေက သူ့ကို ငိုတဲ့ပုံတွေနဲ့စနေကြတော့ Taeyeon တစ်ယောက် အံကြိတ်လိုက်ပြီး ဘောလုံးကို အဲ့ကောင်လေးတွေဆီ ပြန်ပစ်ပေးလိုက်ပြီး သူ့သူငယ်ချင်းတွေဆီလျှောက်သွားလိုက်တယ်။
Taeyeon တို့ ၃ ယောက်က အပေါ်ကုတ်အင်္ကျီ၊ ဆွယ်တာနဲ့ neckties တွေကိုချွတ်နေတုန်း
Seohyun - နင်တို့ တကယ် ကစားကြမှာလား? သူတို့တွေက ငါတို့ကျောင်းရဲ့ basketball အသင်းနော်။ သူတို့က ကျောင်းပေါင်းစုံပြိုင်ပွဲမှာတောင် ပထမဆုရထားတာ။
Yuri - တကယ်? Taehyun, ငါတို့…
Taeyeon – ani, ငါတို့ ကစားမှာ။ နင်ပဲပြောတယ်လေ ငါတို့သူတို့ကို နိုင်ရမယ်ဆို။
Yuri - ဟုတ်တယ်လေ။ ငါပြောတာက သီချင်းဆိုတာနဲ့ကိုပြောတာ။ basketball နဲ့ မဟုတ်ဘူး။
Taeyeon - နေအုံး နင်တို့ basketball ကစားတတ်တယ်မလား?
Yuri ခေါင်းကုတ်လိုက်ပြီး
Yuri - တကယ်တော့ မကစားတတ်ဖူး TV ထဲမှာပဲ ကြည့်ဖူးတာ။
Taeyeon - *Yoona ဘက်လှည့်လိုက်ပြီး* နင်ကော?
Yoona - ငါ ငါ့ရဲ့ Playstation မှာပဲ ကစားဖူးတာ။
Yuri - ကောင်းရော။ ငါတို့တော့ အရှက်တော့ကွဲပြီ။
Yoona - ငါတို့ အခုမှတော့ နောက်ဆုတ်လို့မရတော့ဘူး။
Jessica - ဒီမှာ ပွဲရှိနေတာကို ငါ့ကို ဘယ်သူမှ မဖိတ်ကြပါလား?
Tae, Yul, Yoon – Jessica?
Jessica, Wooyoung နဲ့ Nichkhun တို့ ဝင်လာကြတယ်။
Seohyun – mian, ငါ Wooyoung ကို လှမ်းပြောလိုက်တာ။
Taeyeon – ရပါတယ် Seohyuna.
Jessica - ငါ နင်တို့အတွက် ဒိုင်ခေါ်လာပေးတာ။
Nichkhun – ငါအလုပ်အရမ်းရှုပ်နေတာ။ ဒါပေမယ့် ဒီတစ်ယောက်က အတင်းခေါ်နေလို့။
Jessica – ani. နင်က Tiffany ကို လိုက်ရှုပ်နေတာ။ *ကောင်လေး ၃ ယောက်ဘက်လှည့်လိုက်ပြီး* သူ့ကို အာရုံစိုက်မနေနဲ့။ သူက ဒီအတိုင်နောက်နေတာ။ okay. ပွဲစလိုက်ရအောင်။
Taeyeon က သူ့သူငယ်ချင်း ၂ ယောက်ကို ဘယ်လိုကစားရမယ်ဆိုတာကို ပြောပြပေးနေတယ်။ သူတို့ ၃ ယောက်မှာ ကစားတတ်တာဆိုလို့ သူတစ်ယောက်ပဲရှိတယ်။
Nichkhun က ဘောလုံးကို မြှောက်ပေးလိုက်ပြီး whistle လည်းမှုတ်လိုက်ကော ပြိုင်ပွဲကစပြီ။ Taeyeon က ခုန်လိုက်ပြီး ဘောလုံးကို လုလိုက်တယ်။ သူဘောလုံးကို တောက်လျှောက်ယူသွားတယ်။ ဒါပေမယ့် ဟိုဘက်က သူ့ထက်အရပ်ပိုရှည်တော့ ပိတ်ထားတာနဲ့သွင်းလို့မရဘူးဖြစ်နေတယ်။ Yuri က တစ်ဖက်အသင်းကသူကို ပိတ်ပေမယ့် သူတို့ကရှောင်ထွက်ပြီးသွင်းလိုက်တာ ဟိုဘက်အသင်းက ၃ မှတ်ရသွားတယ်။ ပထမပိုင်းပြီးသွားချိန်မှာ သူတို့ အမှတ်က ၂၂ မှတ် ၁၀ မှတ်နဲ့ ရှုံးနေတယ်။ ၈ မှတ်က Taeyeon သွင်းပြီး ၂ မှတ်က Yoona သွင်းထားတာ။
ဒုတိယပိုင်းစတော့ Tae က ဘောလုံးကိုသယ်သွားတယ် ဒါပေမယ့် တစ်ယောက်က ပိတ်လိုက်တယ်။
Boy - သယ်သွားတာ ကောင်းသားပဲ။
ပြီးလည်းပြီးကော Taeyeon လက်ထဲကဘောလုံးက အဲ့ကောင်လေးလက်ထဲကိုရောက်သွားတယ်။
Boy - ဒါပေမယ့် ငါ့ကို နိုင်ဖို့ဆိုရင် ဆယ်နှစ်လောက်ကြိုးစားလိုက်အုံး။
Taeyeon တစ်ယောက် ဒေါသထွက်ပြီး အံကြိတ်လိုက်တယ်။ အဲ့ကောင်လေးက အရမ်းကိုတော်တဲ့ ကစားသမား ဖြစ်ရင်ဖြစ်မယ် ဒါပေမယ့် ခေါင်းမာတဲ့နေရာမှတော့ သူ့ကို ဘယ်သူမှမမှီနိုင်ဘူး။ Taeyeon လည်း စိတ်တိုတိုနဲ့ အဲ့ကောင်လေးနောက်လိုက်ပြီးလိုက် ဘောလုံးလိုက်လုတယ်။ နောက်ဆုံးသူတို့ ၂ ယောက် ခုန်လိုက်တဲ့အချိန်မှာ အဲ့ကောင်လေးက Tae ကို တွန်းချလိုက်တာ ကြမ်းပြင်ပေါ်ပက်လက်လန်လဲကျသွားတယ်။
Yoona – Taehyun, gwenchana?
Yuri – That’s foul!!!
Yuri စိတ်တိုပြီး တစ်ဖက်အသင်းက သူတွေဆီကိုသွားပြီး Taeyeon ကို တွန်းချလိုက်တဲ့သူကို ပြန်တွန်းလိုက်ပြီး
Yuri - သူတမင်လုပ်တာ! Cheater!!
သူတို့တွေရန်ဖြစ်နေတာလည်းတွေ့ကော Jessica တို့ ၃ ယောက်က လူစုခွဲလိုက်တယ်။
Jessica – Hey, hey, hey! တော်တော့! ဒါက foul ပဲ။ အခု…
Jessica ပြောမလို့ပဲ ရှိသေးတယ် တံခါးပွင့်သွားပြီး အကုန်လုံး လန့်သွားကြတယ်။
Tiffany – well well well, ငါအခု ဘာကို တွေ့လိုက်ရတာလဲ?
Everyone – Tiffany.
Tiffany က ကောင်လေးတွေကို ကြည့်လိုက်တယ် ပြီးတော့ သူတို့ ကျောင်းသားခေါင်းဆောင်အဖွဲ့ဝင်တွေကို ကြည်လိုက်တယ်။ ပြီးတော့ Taeyeon တစ်ယောက် သူ့သူငယ်ချင်းတွေရဲ့ အကူအညီနဲ့မတ်တပ်ရပ်နေရတာကို တွေ့လိုက်ပြီး
Tiffany - ကဲ ငါ့ကိုပြောပါအုံး။ ဒီမှာ ဘာဖြစ်နေကြတယ်ဆိုတာကို။
Jessica – Come on Fany-ah, ငါတို့ ဒီအတိုင်း အပျော်ဆော့နေကြတာပါ။ ဟုတ်တယ်မလား boys?
ကျန်တဲ့သူတွေက ဘာမှမပြောပဲ ကြောက်လို့ ဒီအတိုင်းရပ်နေကြတယ်။ ပြီးတော့မှအမြန်ခေါင်းငြိမ့်ကြတယ်။
Jessica - တွေ့တယ်မလား ဒီအတိုင်း ကစားနေတာပါ။
Tiffany - ညစာစားချိန်ကြီးမှာ?
Tiffany က ကျောင်းသားတွေကို ကြည့်လိုက်ပြီး
Tiffany - နင်တို့တွေ စည်းမျဉ်း xxx ကို မလိုက်နာတဲ့အတွက်…
Yuri - အဲ့ဒီစည်းမျဉ်းက ဘာလဲ?
Tiffany က လည်း သူ့ကို မျက်စောင်းထိုးကြည့်လိုက်ကော
Yuri - ဒီအတိုင်းမေးတာပါ။
Tiffany - နင်တို့ စည်းမျဉ်းဖော်တဲ့အတွက် ဒီအားကစားခန်းမတစ်ခုလုံးကို သန့်ရှင်းရေးလုပ်ရမယ်။ ဖုန်တစ်စက်မှမကျန်စေနဲ့။
Boys - ဘာ?!!
Taeyeon – You are not serious.
Tiffany – Of course, I am. စည်းမျဉ်းဖောက်ဖျက်တယ်၊ ညစာလာမစားဘူး၊ ပြီးတော့ နင်တို့ကိုယ်နင်တို့တောင် ထိခိုက်နိုင်တယ်။ နင်တို့ ဒီနေ့အတွက် ညစာစားချင်တယ်ဆိုရင်တော့ အခုချက်ချင်းသန့်ရှင်းရေးစလုပ်တာ ကောင်းလိမ့်မယ်။ ဒီအခန်းသန့်ရှင်းရေးလုပ်တာမပြီးမချင်း ဘယ်သူမှဒီအခန်းကနေ မထွက်ရဘူး။
Boys – nae!
Tiffany လှည့်ထွက်သွားမယ်လည်းလုပ်ကော
Jessica – Good luck boys.
Jessica, Nichkhun နဲ့ Wooyoung လည်း လိုက်ထွက်မယ်လုပ်ကော Tiffany က ရပ်လိုက်ပြီး
Tiffany - ငါပြောတာက အကုန်လုံးကိုပြောတာ။
Jessica – Come on Fany-ah, ငါက ဒီအတိုင်း ဒိုင်လုပ်ဖို့ ကူညီပေးတာပါ။
Tiffany ကလည်း Jessica ကို စိုက်ကြည့်လိုက်ကော Jessica စိတ်ညစ်တဲ့အသံလုပ်လိုက်ပြီး
Jessica - ငါ ဒီကို မလာသင့်ဘူး။
Tiffany - ဟုတ်တယ။ နင်မလာသင့်ဘူး။ နင်တို့ ၃ ယောက်နဲ့ ငါနောက်မှပြောမယ်။
Tiffany က Taeyeon နားကိုလျှောက်သွားတယ်။ Tiffany မျက်နှာကိုကြည့်ပေမယ့် သူ ဘာတွေးနေတယ် ဆိုတာကို စဉ်းစားလို့မရဘူးဖြစ်နေတယ်။ သူစိတ်ဆိုးနေလားဆိုတာလည်းသိချင်နေတယ်။
Tiffany - နင် ငါနဲ့လိုက်ခဲ့။
Taeyeon – wae?
Taeyeon တစ်ယောက် Tiffany နောက်ကို လိုက်သွားတယ်။
Yoona - သူတို့ ဘယ်ကိုသွားတာလဲ?
Jessica - ငါ့အထင်တော့ နောက်ပြစ်ဒဏ်တစ်ခုနေလိမ့်မယ်။
Jessica က Yoona ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်တယ်။ Yoona ရီနေတာကိုကြည့်ရင်း Jessica တစ်ယောက် သူ့နှုတ်ခမ်းကနေ အကြည့်ကို မဖယ်နိုင်ဘူးဖြစ်နေတယ်။ Jessica တစ်ယောက် သူ့အတွေးကို စဉ်းစားမိပြီး ခေါင်းခါပြီးတုန်သွားတယ်။
Yoona - နင် အဆင်ပြေရဲ့လား?
Jessica - ဒီအတိုင်းကိုက်ခဲလို့ပါ။
Yoona – oh, နင် တော်တော်နာနေမှာပဲ။ ဆေးကောရှိရဲ့လား?
Jessica က Yoona ကို ကြည့်လိုက်ပြီး
Jessica - နင်သိလား ယောက်ျားလေးတော်တော်များများက အဲ့ကိစ္စနဲ့ ပတ်သတ်ရင်ဘာမှမပြောကြဘူး။
Yoona - ဟို… ငါက… ငါ့ညီမရှိနေလို့ပါ။ ငါကူညီပေးမယ်လေ။
Jessica – oh ကျေးဇူးအထူးတင်ပါတယ်။
သူတို့ ၂ ယောက်လည်း အပြင်ကိုထွက်သွားတယ်။
Yuri - ဘာလဲ?! ငါတို့ကတော့ ဒီမှာ သန့်ရှင်းရေးလုပ်ပြီး သူတို့ကတော့ အပြင်မှာ ပျော်ရွှင်နေတယ်ပေါ? ဒါမတရားတာပဲ! အဲ့ဒါမင်းတို့ကြောင့်။
Yuri နဲ့ တခြားကောင်လေးတွေနဲ့ပြေးလွှားနေကြတယ်။
Seohyun - ဟူးးးးး ငါတော့ ဒီနေ့ ညစာစားရမယ်မထင်ဘူး။
---------------------------------------------------------------------------------------------------------------------

Taeyeon တစ်ယောက် နှုတ်ခမ်းဆူနေပြီး ပါးတစ်ဖက်ကို လေပို့လိုက် ပြီးရင်နောက်တစ်ဖက်ပြောင်းလိုက် ပြီးတော့ လေမှုတ်ထုတ်လိုက်လုပ်နေတယ်။ သူက အခု Tiffany ရဲ့ အခန်းထဲမှာ။ Tiffany က သူ့ကိုခေါ်လာပြီးထိုင်ခိုင်း ထားတယ်။ ပြီးတော့ Tiffany က laptop နဲ့ ဘာမှန်မသိလုပ်နေတယ်။ သူကတော့ ဒီအတိုင်း ထိုင်နေရတယ်။
Taeyeon လည်း ပျင်းတာနဲ့ စားပွဲပေါကို လက်နဲ့တောက်နေတယ်။ ခဏနေတော့ စားပွဲပေါ် ခေါင်းတင်ပြီး လှဲနေတယ်။ ကြာလာတော့ သူလည်း စိတ်တိုလာပြီး
Taeyeon - ငါ ဒီမှာ ဘာလုပ်နေရတာလဲ? ငါ ဒီမှာ ထိုင်နေရတာ တစ်နာရီခွဲလောက်ရှိနေပြီ။ အဲ့ဒီ tic tok ဆိုတဲ့ နာရီလက်တံအသံကိုပဲ နားထောင်နေရတယ်။ နင်ပြောတော့ ငါ့ကို ပြစ်ဒဏ်ပေးမလို့ဆို။
Tiffany - အဲ့ဒါနင့်ရဲ့ပြစ်ဒဏ်ပဲလေ။
Tiffany က Taeyeon ကို လှည့်တောင်မကြည်ပဲ ဖြေလိုက်တယ်။
Taeyeon - ဒါက ဘယ်လိုပြစ်ဒဏ်ကြီးလဲ? ထိုင်ပဲထိုင်နေရတယ်။ ဘာမှလည်းမလုပ်ရဘူး။ ငါတော့ ရူးတော့မှာပဲ။ အို အဲ့ဒါကပြစ်ဒဏ်ပဲကို။
Tiffany – Finally.
Taeyeon - ငါလည်း သိပါတယ်။ ငါ စည်းမျဉ်းကို ဖောက်ဖျက်တယ်ဆိုတာကို…
Tiffany - နင်မသိပါဘူး။
Taeyeon က Tiffany ကို နားမလည်တဲ့ပုံနဲ့ ကြည့်လိုက်တယ်။
Tiffany - ငါသာ အချိန်မှီမရောက်လာဘူးဆိုရင် နင် သူတို့တွေနဲ့ ရန်ဖြစ်နေတာနဲ့တင် အရိုးတွေကျိုးနေလောက်ပြီ။ အဲ့ဒါနဲ့တင် မကနိုင်ဘဲဖြစ်သွားနိုင်တယ်။ ပြီးတော့ စောစောကအဲ့ဒီမှာ ငါမဟုတ်ဘဲ Principal Yoonji ဖြစ်နေရင် ဘယ်လိုလုပ်မလဲ? နင်တို့တွေ ကျောင်းထုတ်ခံလိုက်ရနိုင်တယ်။
Taeyeon – ငါ သိပါတယ်။ ငါ တောင်းပန်ပါတယ်။
Tiffany - ကဲ အခုတော့ နင်ဘယ်လောက်ထိ မိုက်မဲတဲ့အလုပ်လုပ်ခဲ့လဲဆိုတာသိပြီမလား။
Taeyeon - ငါ ဗိုက်ဆာတယ်။
Tiffany က Taeyeon တိုးတိုးလေး ညည်းလိုက်တာကို ကြားလိုက်ပြီး သက်ပြင်းချလိုက်တယ်။ ပြီးတော့ ph ဆက်လိုက်တယ်။
Taeyeon တစ်ယောက်ကတော့ သူ့လက်သူပြန်ကြည့်နေတယ်။ Tiffany ပြောတာကမှန်နေတယ်။ သူ့လုပ်ရက်က သူ့ကိုယ်သူတင်မဟုတ်ဘူး သူ့သူငယ်ချင်းတွေကိုပါ ဒုက္ခရောက်သွားနိုင်တယ်။ ကျောင်းအုပ်သာတွေ့သွားရင် သူတို့တွေ ကျောင်းတောင် အထုတ်ခံလိုက်ရနိုင်တယ်။ သူပြီးသွားရင် Yuri နဲ့ Yoona ကို တောင်းပန်မယ်လို့ စဉ်းစားထားတယ်။ အဲ့ဒီအချိန်မှာ တံခါးခေါက်သံကြားလို့ Tiffany လည်းအလုပ်ရှုပ်နေပုံပေါ်တာနဲ့ သူသွားတံခါးလည်းဖွင့်လိုက်ကော
Boy - ညစာ။
Taeyeon က ကျောင်းသားတစ်ယောက်ဆီက ဗန်းကို ယူလိုက်ပြီး
Taeyeon – oh, gomawo.
Taeyeon က တံခါးပြန်ပိတ်လိုက်ပြီး ဗန်းကို စားပွဲပေါ်တင်လိုက်ပြီး
Taeyeon - ဒီမှာ နင့်အတွက် ညစာတဲ့။

Tiffany - *Taeyeon ကို မကြည့်ပဲ* နင့် ညစာစားပြီးရင်ပြန်လို့ရပြီ။
Taeyeon – Oh, okay. Gomawo, ညစာအတွက်ကို။
Tiffany ဆီက အသံပြန်ပေးလိုက်တာရလိုက်တယ်။ Taeyeon လည်း ထိုင်ခုံမှာထိုင်လိုက်ပြီး Tiffany ကို ကြည့်လိုက်ပြီး
Taeyeon *သူက ဘာလို့ဒေါသထွက်နေတာလဲ?*
Taeyeon အဲ့ဒီအချိန်မှာ ကျောင်းသားတွေကော ဆရာ၊ဆရာမတွေတောင် သူ့ကို ဘာလို့ ကြောက်ကြတယ်ဆိုတာကို နားလည်လိုက်တယ်။
Taeyeon *ငါဘာလို့ ဂရုစိုက်နေရမှာလဲ? သူက ငါ့သူငယ်ချင်းမှမဟုတ်တာ။ မြန်မြန်စားပြီး ဒီနေရာကနေ မြန်မြန် ထွက်သွားမှပဲ။*
Taeyeon တစ်ယောက် စားနေပေမယ့် အခန်းထဲမှ နေရထိုင်ရတာမကောင်းဘူးဖြစ်နေတယ်။ သူဒီလိုအခြေအနေ မျိုးကိုမကြုံဖူးသေးတော့။ Tiffany ကတော့ laptop နဲ့ စာရိုက်နေတုန်းပဲ။
Taeyeon - ငါ စားလို့ပြီးသွားပြီ။ သွားတော့မယ်နော်။
Tiffany ဆီက အသံပြန်ပေးတာပဲကြားလိုက်တော့
Taeyeon *ဘာလဲ? ငါ့ကို သွားခွင့်ပြုတာလား မပြုတာလား? ဒါပေမယ့် စားပြီးရင်သွားလို့ရတယ် ပြောထားတာပဲလေ။ Aish, ဒီကောင်မလေး ငါ့ကိုတော်တော်စိတ်ရှုပ်စေတယ်။*
Taeyeon လည်း တံခါးပေါက်ဝရောက်ကော
Tiffany - နောက်တစ်ခါဆိုရင် နင် detention ရမယ်။
Taeyeon *ဒါကော detention ပဲ မဟုတ်ဘူးလား။*
Taeyeon လည်း အပြင်ရောက်ကော
Taeyeon - ဟူးးးး အခုမှပဲ အသက်ရှူနိုင်တော့တယ်။ သူက ဆရာမလားလို့? ငါ့ကိုဒီလိုပြောရအောင်။ သူနဲ့ ဝေးဝေးနေမှဖြစ်မယ်။
Taeyeon လည်း Tiffany ရဲ့ အခန်းကို လှည့်ကြည့်ပြီး
Taeyeon *ည ၈ နာရီတောင်ကျော်ပြီ သူညစာမစားရသေးဘူးထင်တယ်။*
Taeyeon လည်း ခေါငb်းခါလိုက်ပြီး
Taeyeon - ဘာလို့ ဂရုစိုက်နေတာလဲ?
Taeyeon တစ်ယောက် သူ့အဆောင်ကိုပြန်သွားလိုက်တယ်။ အခန်းထဲမှာ Yuri နဲ့ Yoona ကို တွေ့တယ်။ သူတို့ ၂ ယောက်က တွေ့တာနဲ့ ဘာပြစ်ဒဏ်ခံရလဲဆိုတာကိုမေးတော့တာပဲ။
---------------------------------------------------------------------------------------------------------------------

ချွေးတွေစိုရွှဲနေပြီဖြစ်တဲ့အင်္ကျီနဲ့ ဆောင်းဦးလေပြေလေးမှာ ချမ်းစိမ့်စိမ့်ဖြစ်လာတော့ Taeyeon တစ်ယောက် ပြေးနေတာကိုရပ်လိုက်တယ်။ သူ့ရဲ့ punishment ပြီးသွားတော့ စိတ်ရှုပ်တာနဲ့ ကျောင်းဘောလုံးကွင်းမှာ ပတ်ပြေးနေတာဟာဆိုရင် အခုဆို ၄ ပတ်လောက်ပတ်ပြေးပြီးနေပြီ။ သူ ခေါင်းကိုမော့ပြီး အသက်ရှူနေတုန်း
Tiffany – fan တွေဆီကနေထွက်ပြေးလာတာလား?
Taeyeon တစ်ယောက် သူ့နားနားကပ်ပြီးစကားပြောသံလည်းကြားကော
Taeyeon – oh! လန့်လိုက်တာ!
Taeyeon သူ့ရင်ဘက်ကို လက်နဲ့ပွတ်နေတယ်။
Tiffany - ဒီမှာ ဘာလုပ်နေတာလဲ?
Taeyeon - ဒီအတိုင်းပဲပြေးနေတာ။ ဘာစည်းမျဉ်းမှ မဖောက်ဖျက်ဘူးနော်။
Tiffany က Taeyeon စကားမှာ ရီလိုက်တယ်။
Taeyeon - ဘာရီတာလဲ?
Tiffany - ဘယ်သူက နင့်ကို detention လို့ ပြောလို့လဲ?
Taeyeon – oh, နင်လည်းသိတယ်မလား…. ကောင်းပြီလေ။
Taeyeon ခေါင်းကုတ်နေတုန်း သူ့လက်ကို Tiffany ကိုင်လိုက်တော့ လန့်သွားတယ်။
Tiffany - လမ်းလျှောက်ရအောင်။
Taeyeon – huh? နေအုံး။ *လက်ကိုဖယ်လိုက်ပြီး* ani. ငါ နင်နဲပ လမ်းမလျှောက်ဘူး။
Taeyeon လှည့်ထွက်သွားမယ်လည်းလုပ်ကော
Tiffany - ငါသိနေတယ်။ နင်မိန်းကလေးတွေကို ကြောက်တယ်ဆိုတာ။ *ပြုံးလိုက်ပြီး* ဘယ်သူကထင်မလဲ ဒီလောက်တော်တဲ့ Kim Taehyun က…
Taeyeon - ငါပြောပြီးပြီလေ။ ငါက gay မဟုတ်ဘူးလို့။ ပြီးတော့ ငါ မိန်းကလေးတွေကိုလည်း မကြောက်ဘူး။
Tiffany - အဲ့ဒါဆို သက်သေပြလေ။
Taeyeon - သက်သေ? *ငါကဘယ်လိုပြရမှာလဲ?*
Tiffany က Taeyeon နား ကပ်လာပြီး သူ့လက်ကို Taeyeon ရဲ့ ပုခုံးမှာသိုင်းဖက်လိုက်တယ်။ ပြီးတော့ မျက်နှာချင်းကပ်လာပြီး
Taeyeon - ဘာလုပ်တာလဲ?
Tiffany - သက်သေကိုစောင့်နေတာလေ။
Taeyeon က Tiffany ကို ဖယ်လိုက်ပြီး နောက်ဆုတ်လိုက်တယ်
Taeyeon - နင်က ရူးကြောင်ကြာင်နဲ့ နှာဘူးကျတဲ့မိန်းကလေးပဲ။
Tiffany က Taeyeon ကို ဆူတာ အော်တာတွေမလုပ်ပဲ အားရပါးရရယ်လိုက်တယ်။
Tiffany - နင့် နေရာမှာ တခြားသူသာဆိုရင် ပျော်လွန်းလို့ ငိုနေပြီ။
Taeyeon ရဲ့ လက်ကိုတွဲလိုက်ပြီး
Tiffany - သွားရအောင် ငါတို့ အချိန် နာရီဝက်လောက်ရသေးတယ်။
Taeyeon လည်း သက်ပြင်းချလိုက်တယ်။ သူကအခုယောက်ျားလေးဆိုတော့ မိန်းကလေးနဲ့ ရှိတာက ပုံမှန်ပဲလေ။
Taeyeon *သူကတော့ ပုံမှန်မဟုတ်ဘူး။*
Taeyeon သက်ပြင်းချတာကို သတိထားမိလိုက်တော့
Tiffany - နင် အဆင်ပြေရဲ့လား?
Taeyeon - ငါ လုံးဝကို အဆင်ပြေတယ်။
Tiffany က Taeyeon စကားပြောပုံကိုကြည့်ပြီး ရီလိုက်တယ်။ Taeyeon လည်း တစ်ခုသတိရသွားပြီး
Taeyeon - နင် ဒီမှာလာလုပ်နေတာလဲ? ဘာလဲ ကျောင်းသားခေါင်းဆောင်က လုံခြုံရေးပါ စစ်ရတာလား?
Tiffany က Taeyeon ရဲ့ လက်မောင်းကို ဆိတ်လိုက်တယ်။
Taeyeon – Hey!!
Tiffany - ငါက လမ်းလျှောက်ထွက်မလို့။ အဲ့ဒါ နင့်ကို ဒီမှာတွေ့တာ။ ဘာလဲ ငါ့ကို စိတ်ပူပေးနေတာလား?
Taeyeon - အိမ်မက်မက်မနေနဲ့။
Taeyeon တစ်ယောက် မိန်းကလေးတစ်ယောက်နဲ့လမ်းလျှောက်ရတာ သူ့ခံစားချက်က ထူးဆန်းနေတယ်။ ဟိုလို comfortable မဖြစ်တာ စိတ်မကြည်စရာမဟုတ်ဘူး။ ဒီအတိုင်း ထူးဆန်းတာ။
Tiffany - ကဲ နင့် အဆောင်။
Taeyeon – oh.
သူတို့ ၂ ယောက် လမ်းလျှောက်လာတာ ယောက်ျားလေးအဆောင်ရှေ့ရောက်တာတောင် သတိမထားမိလိုက်ကြဘူး။ Taeyeon ကတော့ သူ့ကိုယ်သူ စိတ်ထဲမှာ ဒီလမ်းလျှောက်တာက ပျော်ဖို့မကောင်းဘူး လို့ပဲ ပြောနေတယ်။
Taeyeon – Okay, ငါ သွား…
Tiffany က အနားကပ်လာပြီး Taeyeon ရဲ့ နှုတ်ခမ်းကို နမ်းလိုက်တယ်။ Taeyeon က ဘာလုပ်ရမှန်းမသိ ကြောင်သွားတယ်။ သူ့အာရုံတွေက မျက်ဝန်းအညိုရောင်လေးထဲမှာပဲ နစ်မျောသွားပြန်တယ်။ နောက်မှ အသိပြန်ဝင်လာပြီး Tiffany ကို တွန်းလိုက်တယ်။
Taeyeon – Yah! နင်…ဒါ…
Tiffany က ပြုံးပြလိုက်ပြီး Taeyeon ရဲ့ နှုတ်ခမ်းကို နောက်ထပ်တစ်ခါ ထပ်နမ်းလိုက်တယ်။ သူ့လက်နှစ်ဖက်က Tae ရဲက ပါးကို ကိုင်ထားပြီး။ အဲ့ဒီ အချိန်လေးမှာ Tae တစ်ယောက် သူ့ကိုယ်သူ အားမရှိတော့ဘူးလို့တောင် ထင်သွားတယ်။
Tiffany – See you tomorrow, Taehyun. Swee dreams.
Taeyeon ကတော့ ကောင်မလေးထွက်သွားတာကိုပဲ ကြည့်နေမိလိုက်တယ်။
Tiffany ကတော့ မိန်းကလေးအဆောင်ပြန်တဲ့လမ်းမှာ ပြုံးပြီးသွားနေတယ်။ ပြီးတော့ Taeyeon ရဲ့ အော်သံကို ကြားပြီး ရီမိလိုက်တယ်။
Taeyeon - သူ ငါ့ကို နမ်းသွားပြန်ပြီ!!!!!!

Song For YouWo Geschichten leben. Entdecke jetzt