[Zawgyi]
" Someone with whom one has
a special,
almost spiritual connection "*•°*•°*•°*•°* To SoulMate •°*•°*•°*•°*•°
နံနက်စောစော ကျတတ်တဲ့ နှင်းစက်တို့က
ယမန်နေ့တွေထက် ဒီနေ့မနက်မှ ပိုကျနေသည်
ထင်...။
သို့မဟုတ် သူပဲ လောကြီးနေတာကြောင့်..
ရာသီဥတုကိုတောင် အမြင်မကြည်မိသည်အထိ
စိတ်ဆတ်နေမိသည်လား...။
သာမန်အချိန်ဆို အမြဲပြုံးရယ်နေတတ်သည့်
သူ့မှာ...ပိုင်ဆိုင်ထားတဲ့ မကောင်းတဲ့အကျင့်
တစ်ခုက...ကိစ္စတစ်ခုအပေါ် အာရုံအားလုံးစုမိ
ပြီဆို အရာရာကို စိတ်တိုင်းမကျဖြစ်လာတတ်
တာမျိုး...။မာဖလာပတ်ရင်း လမ်းလျှောက်နေတဲ့
မိန်းကလေးကိုလဲ အမြင်မကြည်...၊
လမ်းမီးအိမ်ကို အထူးအဆန်းသဖွယ် လက်ညှိုး
ညွှန်ပြနေတဲ့ ကလေးလေးကိုလဲ အမြင်မကြည်.၊
ယုတ်စွအဆုံး....
သူ့စက်ဘီးလာနေတာမြင်လို့...လမ်းဘေးကပ်
ရှောင်ပေးလိုက်တဲ့ စာပို့သမားကြီးကိုလဲ
အမြင်မကြည်မိတော့...။သူ့အကျင့်က ရယ်ချင်စရာကောင်းသလို
အမြင်ကတ်စရာတော်တော်ကောင်းမှန်းလဲ
Park Chanyeol...သူ ကိုယ်တိုင်သိသည်...။
ကမ္ဘာပေါ်က ဖျောက်ဖျက်ရခက်သည့်အရာတွေ
ထဲမှာ...လူသားတွေရဲ့ အကျင့်လဲပါသည်ဆို
သော...တလွဲယုံကြည်ချက်တစ်ခုနဲ့.
သူ အခုထိ ထိုအကျင့်ကို မပြင်မိ...၊မဟုတ်ဘူး..
ပြင်ဖို့ ခက်နေမိခဲ့သည်...။ကျောင်းပြီးလို့ ဘ၀ကို အေးဆေးဖြတ်သန်းကြရ
သူများထဲမှာ...Chanyeol မပါ...။
ထိုသို့ဆိုတော့လဲ မိသားစုအခြေအနေက
ချို့တဲ့နေတာမျိုးမဟုတ်...။
ကိုယ့်ခြေထောက်အပေါ် ကိုယ်ရပ်တည်ကြည့်
ချင်သည်ဆိုသော...ကိုယ့်ကိုကိုယ်အထင်ကြီး
စိတ်ရယ်....၊
မိဘကို ဒုက္ခမပေးချင်ဘူးဆိုသော သိတတ်စိတ်
ရယ်က...တစ်ခါတစ်ရံတော့လဲ Chanyeolကို
ကောင်းကောင်းကြီး ဒုက္ခပေးလာခဲ့ပြီ....။အချိန်ပိုင်းအလုပ်တစ်ခုအနေနဲ့ ၀င်လုပ်တဲ့
အလုပ်က...အခမ်းအနားပွဲတွေကို...အစအဆုံး
စီစဉ်ပေးရတဲ့ အလုပ်...။
အဖွဲ့သားတွေအများကြီးရှိသလောက်...
ကရိကထလဲ အရမ်းများသော လုပ်ငန်းဖြစ်
သည်...။
YOU ARE READING
To Soul Mate (Soulmate) (Completed)
RomanceSomeone with whom one has a special, almost spiritual connection