[Zawgyi]
ကားပေါ်က ဆင်းဆင်းခြင်း တန်းဆင်းပြေးခဲ့သည်မှာ
Baekhyun တို့အိမ်ကို ရောက်သည့်အထိ...။
မောလို့မောရမယ်မှန်းလည်း မသိ...။
နံဘေးပတ်ဝန်းကျင်က ပုံရိပ်တွေ တသောသောနှင့်
သူ့နံဘေးကျန်နေခဲ့တာကိုတော့ ခံစားမိသည်...။
အပေါ်က ထပ်ဝတ်ထားသော ကုတ်အင်္ကျီအရှည်
တလွှင့်လွှင့်ဖြစ်နေတာကိုလည်း သိနေခဲ့သည်...။သို့ပေမယ့်...သူ မသိသည်က သူ့ခြေထောက်တွေရဲ့
အရှိန်... ... ...
သူ့ရင်ဘတ်ထဲက နှလုံးခုန်နှုန်းရဲ့ အလျင်... ... ...။ဖိနပ်စင်မှာ ဖိနပ်ကို ကသောကမြောချွတ်လိုက်ရင်း
Baekhyun နာမည်ကို အလောတကြီးအော်ခေါ်
လိုက်တော့ ဦးဆုံးထွက်လာသည်က Kai...။" Chanyeol Hyung... "
" အွန်း Kai...Baek ရော... "
သူ့အမေးနှင့် မရှေးမနှောင်းနောက်မှာ အိမ်ပေါ်ထပ်
လှေကားကနေ တဖတ်ဖတ်ပြေးဆင်းလာသော ခြေသံ
လေး...။ တစွန်းတဖျမြင်လိုက်ရတဲ့ ပုံရိပ်နုနုလေးက
သူ့အရှေ့လဲရောက်ရော တခဏရပ်တန့်သွားသည်။" Baekhyunee... "
လှိုက်လှိုက်လှဲလှဲခေါ်လိုက်မိတော့ Baekhyunက
မို့အစ်နေတဲ့ မျက်လုံးအစုံနဲ့ သေချာကြည့်လာခဲ့၏...။
နောက်...ပြေးဝင်လာသည်က သူ့ရင်ခွင်ထဲ...။
အင့်ခနဲနေအောင် ပြေးဝင်လာသည်က ဝမ်းနည်းရာ
တစ်ခုရဲ့ ပြယုဂ်လား...၊
အားကိုးရာတစ်ခုရဲ့ ဖော်ပြချက်လား...။သူ သေချာမသိပေမယ့်... ရင်ခွင်ထဲက တရှုံ့ရှုံ့ငိုနေ
သော ကလေးလေးကိုတော့ ခပ်ဖွဖွလေးပြန်ဖက်ထား
လိုက်မိသည်...။သူ့မျက်ဝန်းထောင့်က စို့နင့်လာသော မျက်ရည်စက်ကို
တော့... မကျစေမိအောင် သူပဲ ကြိုးစားထိန်းလိုက်ပါ
သည်...။*•°*•°*•°* To SoulMate •°*•°*•°*•°
" ညနေရုံးဆင်းချိန်အတိုင်းပြန်လာတော့...ထုံးစံအတိုင်း Baek' s appa က အရက်တွေ
သောက်လာတယ်...၊ အဲ့တာနဲ့ တစ်ယောက်တစ်ခွန်း
စကားများကြရင်း နောက်တော့ ညကြီးမိုးချုပ် သူ
အိမ်ကနေ ကားနဲ့ပြန်ထွက်သွားတယ်... "
ŞİMDİ OKUDUĞUN
To Soul Mate (Soulmate) (Completed)
RomantizmSomeone with whom one has a special, almost spiritual connection