[Zawgyi]
မျက်လုံးထောင့်စွန်းကို လက်ခုံနဲ့ပွတ်နေရင်း
သူ ရယ်နေတယ်...။
ကျွန်တော့်ဘက်ကို မျက်နှာလွှဲထားပေမယ့်...
အသံထွက်အောင်အထိ သူရယ်နေသေး
တယ်လေ...။"Arrr...ရှက်လိုက်တာကွာ..
သေတော့မှာပဲ..."နောက်ဆုံးမှာတော့...
လက်နှစ်ဖက်နဲ့ မျက်နှာကိုအုပ်ကာထားရင်း
ရယ်သောသောနဲ့ သူ့ရှက်ခြင်းကိုပြလာတယ်။"ငိုတာက ရှက်စရာမှမဟုတ်တာ...
ပြီးတော့ Hyungက အကြောင်းပြချက်မရှိ
ငိုမယ့်သူတော့မဟုတ်ဘူးလေ...
အဲ့တာတော့ ကျွန်တော်သိတယ်..."အရည်လဲ့မျက်ဝန်းလေးတစ်စုံ ကျွန်တော့်ဆီ
လွှင့်ပျံလာတယ်...။
သူ့မျက်ဝန်းထဲကို တည့်တည့်စူးစိုက်ကြည့်
လိုက်ပြီး..."Hyungဆီမှာ ရှိနေတဲ့ ရှက်စရာမဟုတ်တဲ့
အကြောင်းပြချက်ကို...
ကျွန်တော့်ကိုပေးကြည့်ပါလား...""ဟားဟား...
မင်း တော်တော်စကားပြောကောင်းတဲ့ကောင်
လေးပဲ...."ကျွန်တော်က စကားပြောကောင်းတဲ့သူဆို
သူက ရုပ်ရည် ကြည့်ကောင်းတဲ့သူပဲ...။
တစ်ချို့လူတွေက မျက်ရည်ကျတဲ့အချိန်ဆို
ပိုစွဲဆောင်မှုကောင်းတယ်လို့ ကျွန်တော်ပြော
လိုက်တိုင်း...ဟာသတစ်ခုလိုပျက်ရယ်ပြု
ရယ်တတ်တဲ့ ကျွန်တော့်ommaကို လက်ဆွဲခေါ်ပြလိုက်ချင်တယ်....ဒီhyungကို ကြည့်ပါဦးဆိုပြီးတော့လေ....။
မျက်ရည်တွေကျပြီးမှ..
နဂှိုလှပြီးသား သူ့မျက်ဝန်းတွေ ပိုတောက်ပ
လာသလိုပဲ...။"Baekပြောတဲ့ဇာတ်လမ်းလေးထဲကလို
ကိုယ်လည်းဖြစ်ခဲ့တယ်လေ..
သိပ်မကြာသေးခင်ကမှပါကွာ...
ကိုယ်ကတော့ နောင်တတွေနဲ့ကျန်ခဲ့တဲ့
နေရာကပေါ့..."ဒါကြောင့်...
သူ သည်းသည်းထန်ထန် ငိုခဲ့တာကိုး...။
ပြန်အစားထိုးမရတဲ့အရာတစ်ခုကို...
နောင်တတစ်ခုနဲ့ ထပ်တိုးပေါင်းယူခဲ့ရတာဆို
တော့...သူ့နေရာမှာ ကျွန်တော်ဆိုလည်း
တော်တော်ဝမ်းနည်းရမယ်ထင်...။
ESTÁS LEYENDO
To Soul Mate (Soulmate) (Completed)
RomanceSomeone with whom one has a special, almost spiritual connection