[Zawgyi]
" သက်သာရဲ့လား နေရတာ... "
ကုတင်ခြေရင်းတိုင်ကို ကိုင်ထားရင်း... ဂရုတစိုက်မေး
လာတဲ့ Chanyeol ကို... Baekhyun ပြုံး
ကြည့်ရင်းပဲ ခေါင်းညိတ်ပြလိုက်မိသည်....။" Chanyeol အလုပ်မသွားဘူးလား? "
" အလုပ်ပိတ်ရက်ကိုတောင် ကိုယ့်ကိုအလုပ်ဆင်းစေ
ချင်တာလား ကောင်လေး...
အဲ့တာဆိုရင်တော့...မင်းက သူငှေးထက်တောင်
ပိုကြောက်ဖို့ကောင်းတာပဲ... "မျက်မှောင်တွန့်ချိုးကာ ကြောက်လန့်တကြားပုံနဲ့ပြော
လာတဲ့ သူ့ပုံစံကြောင့်... Baekhyun ယမ်းယောင်
ရယ်လိုက်မိတော့...ခွဲစိတ်ထားတဲ့ နေရာက ချုပ်ရိုးက
တစ်ချက်ထိုးအောင့်လာ၏....။" အ! "
" ရရဲ့လား...
ဆောရီး ဆောရီး... ကိုယ် ဒီအချိန်မှာ မနောက်သင့်
တာကို... "ချက်ချင်းဆိုသလို နံဘေးကို ရောက်လာရင်းစိုးရိမ်
တကြီး သူပြောလာသည်။
ဒါကြောင့်မို့လည်း Ommaတို့က မနက် Chanyeolရောက်လာကတည်းက စိတ်ချလက်ချ
အိမ်ပြန်သွားတာကိုး...။
မနေ့ညကလည်း Park Chanyeol အကြောင်း
ကို ပါးစပ်ဖျားမှ မချ ...။ သမီးလေးသာရှိလို့ကတော့
တန်းသားမက်တော်ပစ်လိုက်ချင်တယ်က ပါသေး...။
ထိုစကားကြားတော့ Baekhyun မှာ... Omma
ကို ပြန်ရန်ထောင်မိပြီး...မရှိတယ့် အစ်မ ဒါမှမဟုတ် ညီမဖြစ်တဲ့သူကို မေတ္တာပို့လိုက်မိသေးတာ...။တစ်ပါးသူကို မပေးချင်လောက်တဲ့အထိ...
သူ့ကို Baekhyun ခင်တွယ်နေမိတာလား...။
မောင်နှမသားချင်းမရှိခဲ့တာကြောင့်...Chanyeolကို
အစ်ကိုတစ်ယောက်လို ရင်းနှီးနေမိပြီထင်ပါသည်...။တစ်ဦးတည်းသာ ပိုင်ဆိုင်လိုသော အစ်ကို...။
" ချုပ်ရိုးက မျက်တာတွေ ဘာတွေရှိလား...
ပိုးသတ်ဆေးရော အဆင်ပြေရဲ့လား... "မျက်နှာမှာ အပြုံးလေးတစ်ခုကို အမြဲတပ်ထားတဲ့
Nurseမလေးက အခန်းထဲကိုရောက်ရောက်ခြင်း
မေးလာခဲ့ပါသည်...။
ESTÁS LEYENDO
To Soul Mate (Soulmate) (Completed)
RomanceSomeone with whom one has a special, almost spiritual connection