[Zawgyi]
" နေ့လည်က Miemie ကျောင်းကို သွားသေးတယ်ဆို
ဟုတ်လား Baek "လက်တစ်ဖက်ကို နံရံမှာထောက်ရင်း... ခြေထောက်က
ဖိနပ်ကို ချွတ်နေခိုက်...ဧည့်ခန်းထဲမှာထိုင်နေသော အမေ
ဖြစ်သူက...မေးလာလေတယ်...။" ဘယ်ကတည်းက သိချင်နေတာလဲ...
အဲ့လောက်သိချင်နေရင် ဖုန်းဆက်မေးလိုက်ပါတော့လား"အရင်...Miemie ကျောင်းကို လိုက်လိုက်လာတဲ့နေ့
တွေကထက်...ဒီနေ့ ကျွန်တော့်စိတ်တွေ ပိုပြီး...အထိမခံ
ဖြစ်နေတယ်...။
အခု အမေမေးလိုက်တဲ့ ရိုးရိုးမေးခွန်းတစ်ခုကိုတောင်
ဖိအားမေးခွန်းတစ်ခုအဖြစ် ခံစားမိလိုက်တဲ့အထိ...။" Omma တို့ကို Miemie ကိုယ်တိုင် ဖုန်းဆက်
ပြောရလောက်တဲ့အထိ...Ommaတို့သားလေးက
Ommaတို့ကို ဂရုစိုက်တာကိုး "အနားကို လျှောက်လာဟန်ပြုနေသော Omma အမူ
အရာကြောင့်...ကျွန်တော် အပေါ်ထပ်ကို အမြန်တက်ရန်
သာ ပြင်လိုက်ရတော့တယ်...။ကျွန်တော် စိတ်ရှုပ်နားပူရ
တာကို သည်းမခံနိုင်ဘူး...အထူးသဖြင့်...ဒီနေ့လို အချိန်
မျိုးမှာ...တတ်နိုင်သလောက်တော့ နားအေးပါးအေးနေ
ချင်မိတယ်...။ငြိမ်ဆိတ်နေသော ကျွန်တော့်ပုံစံကြောင့်..Omma စိတ်
လျှော့လိုက်ဟန်တူပါတယ်...။သက်ပြင်းတစ်ခုကို
ကျွန်တော် မကြားကြားအောင် အကျယ်ကြီးချပြလာပြီး...
လေးနွဲ့ဖင့်နှေးနေတဲ့ စက်ရုပ်ကြီးတစ်ခုလို...သူ့ခြေထောက်
တွေကို...TV ရှေ့ကို ပြန်လှမ်းတယ်...။
အစကတည်းက ထမလာပဲ...ကိုယ့်ကို TV ဆက်ကြည့်
နေလိုက်တာကမှ...ပုံစံမပျက်ဖြစ်နေဦးမယ်ထင်တယ်...။" အာ...သန်ဘက်ခါ ကျောင်းပိတ်ရက်
ကျွန်တော် အပြင်သွားစရာရှိတယ်...
တွေးချင်တာလျှောက်တွေးမနေနဲ့...အရင်ရပ်ကွက်ဟောင်း
ကို ပြန်သွားမလို့... "ပါးစပ်ပြင်ကာ မေးချင်နေသော Ommaရဲ့ ရှေ့ပြေး
မေးခွန်းကို ကြိုမြင်စွာ...ကျွန်တော် ဟန့်လိုက်တော့...
ပြန်လက်ခံရရှိလိုက်တာက Ommaရဲ့ မျက်စောင်း
တစ်ချက်...။
YOU ARE READING
To Soul Mate (Soulmate) (Completed)
RomanceSomeone with whom one has a special, almost spiritual connection