" လုပ်အားပေး "
3လုံးတည်းဆိုပေမယ့်...တကယ့်တကယ်လုပ်
ကြည့်လိုက်တယ့်အခါမှာ အရမ်းနက်ရှိုင်းပြီး
တန်ဖိုးရှိလွန်းတယ်...။
မနက်ကတည်းက လုပ်အားပေးအတွက်
Chanyeol တက်ကြွနေမိတယ်...။
တနင်္ဂနွေနေ့တိုင်းတက်လေ့ရှိတယ့် ဘုရား
ကျောင်းက...လွန်ခဲ့တဲ့တစ်ပတ်က သူ့ကို
ကမ်းလှမ်းလာတယ်...။
လုပ်အားပေးမှာ ကူညီနိုင်မလားဆိုပြီး...။အလုပ်ပိတ်ရက်တွေမှာ
အလှည့်ကျ လုပ်ရတာဆိုတော့...
Chanyeol လည်း ၀မ်းသာအားရလက်ခံလိုက်
မိပါတယ်...။
ကလေးတွေကို ခင်တွယ်တတ်တာမို့...
ကလေးတွေနဲ့ပတ်သက်တယ့် လုပ်အားပေးက
သူနဲ့ ကိုက်ညီတယ်လို့..
Chanyeol ထင်တယ်လေ...။အခု...သူ...
လုပ်အားပေးရှိရာ မိဘမဲ့ကျောင်းကို
လှမ်းလာနေလိုက်ပြီ....။တစ်စထက်တစ်စ ပိုနီးစပ်လာတဲ့
ကံကြမ္မာနှောင်ကြိုးကို
ကြိုမမြင်နိုင်စွာနဲ့ပေါ့.................။==========
"Hello...အစ်ကို့ နာမည်က Park Chanyeol
ပါ...၊
Yeol လို့တစ်လုံးတည်းခေါ်ရင်
ပိုမှတ်မိလွယ်တယ်ဟုတ်..."လှပတဲ့ အပြုံးလေးတွေနဲ့
တက်ကြွတဲ့ ခေါင်းညိတ်မှုလေးတွေကို
မြင်လိုက်ရတယ်...။
သူတို့လေးတွေ သိပ်ချစ်ဖို့ကောင်းတယ်...။"အစ်ကိုက ဒီတစ်ပတ်မှ မင်းတို့ဆီလာတာဆို
တော့...အစ်ကို့ကို ခင်မင်ပေးကြမယ်မလား...
ရှေ့လျှောက် ပျော်ပျော်ရွှင်ရွှင်ကစားကြရ
အောင်နော်..."ကလေးတစ်ချို့ ထခုန်နေကြတယ်...။
အနီးဆုံးနားက ကလေးလေးတစ်ယောက်ကို
မျက်ခုံးပင့်ပြလိုက်ပြီး..."ကလေးလေး...
ကလေးနာမည်ဘယ်လိုခေါ်လဲ...""Atom လို့ခေါ်တယ်..."
ပထမဆုံးတွေ့ဆုံခြင်းဖြစ်သော်ငြား...
မစိမ်းသက်တယ့် ဟန်ပန်နဲ့ Atomပြန်ဖြေတယ်။
သူတို့ဆီကို သူစိမ်းဧည့်သည်တွေရောက်လာ
တတ်တာ ဒါ...ပထမဆုံးအကြိမ်မှမဟုတ်တာ၊
ထိုအသိဝင်လာတော့...
ဘာရယ်ကိုမှန်းမသိ...အားနာဝမ်းနည်းမိသွား
တယ်...။
ကလေးတွေရဲ့အဖြစ်အတွက်လား...
သူတို့မိဘတွေရဲ့အဖြစ်အတွက်လား...။
VOUS LISEZ
To Soul Mate (Soulmate) (Completed)
Roman d'amourSomeone with whom one has a special, almost spiritual connection