[Zawgyi]
မြင်နေရတယ်...ကြည့်တော့လည်း မြင်နေရတာ
ပေါ့...။
အရပ်ကလေးနဲ့ လူလေးမှကို အားမနာ...
သစ်ပင်ကို ကုတ်ကပ်တွယ်တက်နေတာ...၊
မြင်နေရတယ့် Chanyeol...ခေါင်းကိုသာ ခါရမ်း
ရင်း သက်ပြင်းမှုတ်ထုတ်လိုက်မိတယ်...။မကြောက်တာလား...
ဂရုမစိုက်တာလား ဘာရယ်မှန်းကိုမသိတဲ့
အခြေအနေကို လက်ခံရင်း...
အားကြိုးမာန်တက် သစ်ပင်ပေါ်ကိုတက်နေတဲ့
ကောင်လေးတစ်ယောက်ရဲ့ကျောပြင်ကို
လှမ်းကြည့်နေမိတယ်...။"ဒီလိုနဲ့ ပြုတ်ကျတော့မှာပဲကွာ..."
တကယ်တော့...
အဲ့ကောင်လေး သစ်ပင်ပေါ်တက်တာကို
သူ ထူးဆန်းနေရင်...
အဲ့ကောင်လေးပြုတ်ကျမှာကို စိုးထိတ်နေတဲ့
သူ့အဖြစ်က ပိုထူးဆန်းစရာကောင်းတာ
မဟုတ်ဘူးလား...။"မဖြစ်သေးပါဘူး..."
ခါးပေါ် လက်နှစ်ဖက်ကိုထောက်ထားရင်း
Chanyeol...သစ်ပင်အနားကို တိုးကပ်သွား
လိုက်မိတယ်...။
လေတစ်ချက်အဝေ့မှာ လှုပ်ယမ်းသွားတဲ့
သစ်ပင်ခြေနားက ပန်းအ၀ါလေးတစ်ပွင့်ကို
တစ်ချက်ငေးစိုက်ကြည့်နေမိခိုက်...
ရိပ်ခနဲဖြစ်သွားတဲ့ ခေါင်းပေါ်က အရိပ်ကလေး
တစ်ရိပ်...။အစိမ်းနုရောင်အရိပ်ကလေးက...
လှစ်ခနဲကျလာတဲ့ဟန်ပန်မို့...သူလည်း သတိ
အမြန်ထိန်းရင်း ပွေ့ဖက်လိုက်မိတယ်...။ရင်ခွင်ထဲကို ပြိုကျလာတယ့် ကောင်လေးကို
ငုံ့ကြည့်လိုက်တော့...မျက်လုံးအစုံကိုမှိတ်ထား
တဲ့ ကောင်လေးပုံရိပ်က...
သူ့ကို အံ့အားသင့်ခြင်းကိုပေးခဲ့တယ်...။"မင်း..."
ကောင်လေးနှုတ်က ထွက်ခဲ့တဲ့စကားလေးက
ပိုအံ့အားသင့်စရာကောင်းခဲ့ပါတယ်...။"ဟင်...စာကြည့်တိုက် ahjusshi.."
*•°*•°*•°*•°* To SoulMate •°*•°*•°*•°*•°
သူသာ
နွေးထွေးခြင်းကို ဆောင်ကျဉ်းပေးမယ်ဆိုရင်...
အေးစက်ခြင်းကို
ကျွန်တော် ကြိုဆိုမယ်...။
(Soulmate-13)
ESTÁS LEYENDO
To Soul Mate (Soulmate) (Completed)
RomanceSomeone with whom one has a special, almost spiritual connection