[Zawgyi]
Baekhyun စိတ်တထင့်ထင့်ဖြစ်နေခဲ့သော
အရာကား...ယနေ့ညတွင် ဖြစ်ပွားလာခဲ့ပြီ...။
တစ်နေ့နေ့တစ်ချိန်ချိန်ဖြစ်လာမှာမှန်းသိသော်
လဲ.တကယ်ကြုံတွေ့လာရသည့်အခါ...
လူက ထင်မှတ်ထားသည်ထက် ပိုခံစားရ၏...။တအုံ့နွေးနွေးလှိုက်စားနေသော အမေ့သည်းခံ
စိတ်တွေက အကုန်ပွင့်အံထွက်ကုန်သည်ထင်၊
ပတ်ဝန်းကျင်သော.ဘာသော ထည့်မတွက်
တော့ဘဲ...အကြီးအကျယ်ပေါက်ကွဲလာသည်။
ယခင်ကတည်းက မိမိမှားသည်မှန်းသိသည်
တောင်...အတင်းမျက်နှာလွှဲငြင်းတတ်ခဲ့သည့်
အဖေက...မူးလာသည့်အခါ ရှိသင့်သောဒေါသ
စိတ်ထက်...နှစ်ဆပိုရှိလာခဲ့သည်...။တစ်ယောက်နှင့်တစ်ယောက် အသားနာကျင်
အောင်မလုပ်ကြသော်လဲ အိမ်နီးနားချင်းတွေ
ကြားမကောင်းအောင်..အော်ဟစ်စကားများ
ကာ...ပစ္စည်းတွေကို ရိုက်ခွဲနေကြသည်...။Baekhyun ဘာမဆိုင်ညာမဆိုင်...ရပ်ကွက်
ထဲရှိ သင်္ဘောသားဟောင်းအဘိုးကြီးကို သတိရ
လိုက်သည်...။ထိုလူကြီးသည်..ကျန်းမာရေး
အခြေအနေကြောင့်...သင်္ဘောသားဘ၀မှ
နားလိုက်ရသောအခါ...ရေရေရာရာအလုပ်မရှိ
ဘဲ....နောက်ဆုံး အရက်စွဲခြင်းကိုသာ
ပိုင်ဆိုင်သွားရသည်...။အိမ်ထောင်သားမယားမရှိသော်ငြား...
ထိုအဘိုးကြီးသည်လည်း အချိန်တန်အရက်လေးမူးလာလျှင်...သူ တစ်ယောက်တည်းရန်
ဖြစ်နေတတ်သည်...။
အခန်းလေးထဲမှာ တခြားတစ်ယောက်ရှိနေ
သလိုမျိုး...စူးစူးဝါးဝါးရန်ထောင်နေတတ်၏...။ပထမအစတော့...Baekhyun ထိတ်လန့်မိပေ
မယ့်...ကြာလာတော့လဲ ရိုးသွားပြီ...။တစ်ခါတစ်ရံတွင်လည်း အဘိုးကြီးက...
သင်္ဘောပေါ်မှာ ဆိုလေ့ဆိုထရှိသည့်..ပင်လယ်
ပျော် ရှေးသီချင်းကြီးတွေကို...
အကျယ်ကြီးအော်ဆိုနေတတ်ပြန်သည်..။
ထိုသို့သောအခါမျိုးတွင်တော့...
မိမိကိုယ်တိုင် ပင်လယ်ထဲရောက်သွားသလို
ခံစားရပြီး...အပျင်းပြေမိ၏...။
ESTÁS LEYENDO
To Soul Mate (Soulmate) (Completed)
RomanceSomeone with whom one has a special, almost spiritual connection