[Zawgyi]
ကြားလိုက်ရတဲ့ သတင်းက သူ့ရင်ကို
အစုတ်စုတ် ဆွဲဖြဲပစ်လိုက်သည့်နှယ်...။
ငယ်ငယ်ကတည်းက သူ့ကို ထိန်းကျောင်းပေးခဲ့တဲ့ အဘွားဖြစ်သူ...
မနေ့ညက ဆုံးသွားပြီတဲ့...။တရားဝင်အလုပ်ရတာကို ဖုန်းဆက်ပြောခဲ့
တုန်းကတောင် အကောင်းကြီး...။
တစ်ခါတစ်ခါ ဆိုးဆိုးဝါးဝါး နှလုံးဖောက်တတ်တဲ့ အဘွားရောဂါကိုပဲ အပြစ်တင်ရမလား...။ပန်းပွင့်အဖြူတွေကြားထဲမှာ ပြုံးရယ်နေတဲ့ အဘွားကိုကြည့်ရင်း Chanyeol တစ်ချက်ရှိုက်လိုက်မိတယ်...။
ငိုလို့မဖြစ်ပါ...ဘယ်လောက်ဝမ်းနည်းနည်း သူမျက်ရည်ကျတာကို မကြိုက်တဲ့ အဘွားရှေ့
မှာ ငိုလို့မဖြစ်ပါ...။အဘွားဓာတ်ပုံဆီက အကြည့်ကိုလွှဲလိုက်ရင်း... မျက်နှာချင်းဆိုင်နံရံဖြူကိုသာ စိုက်ကြည့်နေလိုက်မိတော့...နှလုံးသားက ပိုတင်းကြပ်လာတယ်...။
အဘွားနောက်ဆုံးအချိန်လေးကိုတောင် Chanyeol မမှီလိုက်ပါလား။သွေးသားအရင်း မဟုတ်သော်ငြား...သူ့ကို အရမ်းချစ်လွန်းလို့ ငယ်ငယ်ကတည်းက မွေးစားခဲ့သော အဘွားဖြစ်သူကို...
သူ...ကျေးဇူးဆပ်ခွင့်...
အပြည့်အ၀ချစ်ပေးခွင့်လေးတောင် မရလိုက်ပါ။အသက်အိုမင်းလာလို့ အဘိုးအဘွားစောင့်ရှောက်ရေးဂေဟာမှာ တစ်ယောက်တည်း နေထိုင်တဲ့ အဘွားဖြစ်သူဆီကို...
Chanyeol တစ်ပတ်နေမှ တစ်ခါမရောက်ဖြစ်။အခုတော့...သူ ကျေပွန်နိုင်သည့် တာဝန်တစ်ခု က...အဘွားနာရေးကို ဦးစီးသည့်နေရာမှာ တာဝန်ယူလိုက်ခြင်း တစ်ခုတည်း။
ဆွေမျိုးသားချင်း ကင်းမဲ့လွန်းတဲ့ အဘွားနာရေး က...ထင်တာထက် ပိုခြောက်သွေ့နေတယ်..။
အမွှေးတိုင်လေးတစ်တိုင်ကသာ မီးခိုးလေးတွေ ခပ်ငွေ့ငွေ့လွင့်ထုတ်နေရင်း...."ကျွန်တော်...."
အားတင်းထားသည့်ကြားမှ မျက်ရည်တို့က ကျချင်လာတာမို့ သူ...အောက်နှုတ်ခမ်းကို ပြတ်လုမတတ် ကိုက်ထားလိုက်မိတယ်...။
YOU ARE READING
To Soul Mate (Soulmate) (Completed)
RomanceSomeone with whom one has a special, almost spiritual connection