To SoulMate---14

4.5K 699 75
                                    

[Zawgyi]

အရပ်​မျက်​နှာတစ်​​နေရာတည်းကို ချိန်​ရွယ်​​ပြေးထွက်​ချင်
နေတယ့်​သဏ္ဍာန်​နဲ့ လှုပ်​ရှားယိမ်းထိုး​နေကြ​သော
ဦးတည်​ချက်​တူ မြက်​ပင်​​စိမ်း​တွေကို ကြည့်​​နေရင်း
သူ ကြည်​နူးလာသလိုလို... ... ...။
မမြင်​ရတဲ့​လေထုက ထိုမြက်​ပင်​​တွေအ​ပေါ်မှာ​နေရာယူ
နေတယ့်​ဟန်​နဲ့ တစ်​ချက်​တစ်​ချက်​ပိပြားဝပ်​ကျသွားတာ
က ​လေထု၏ အစွမ်းကို အံ့သြရသည်​အထိ...။

" ကျွန်​​တော်​...Yeolကို အချိန်​မအား​လောက်​ဘူး
ထင်​​နေတာ... "

မြက်​ပင်​ရှည်​​တွေဆီက သူ့အကြည့်​ နံ​ဘေး​က​ကောင်​​လေးထံ​ရောက်​သွားသည်​...။
Baekhyunက အင်္ကျီ​ခေါင်းစွပ်​က ကြိုးရှည်​​လေးနှစ်
ချောင်းကို မျက်​နှာတစ်​ခုလုံးအုပ်​သွား​တော့မတတ်
ဆွဲချည်​​နေရင်း ​ဆော့​နေတာမို့ သူ တစ်​ချက်​ရယ်​လိုက်
မိ​သေး၏...။

" အွန်း...ဒီ​နေ့ အလုပ်​နည်းနည်းအား​နေတာ​ကြောင့်​ "

မနက်​ဖြန်​ ခဏ​လောက်​​တွေ့လို့ရမလားဆို​သော message​လေးတစ်​​စောင်​​ကြောင့်​ ခွင့်​တစ်​ရက်​ယူခဲ့
သည်​ဆို​သော အမှန်​တရားတစ်​ခုကို​တော့ ​ပြောမ​နေ
တော့ပါ... ... ...။ တ​သော​​သော ရှပ်​​ပြေးတိုက်​ခတ်​​နေ
သော ​လေ​ကြောင့်​ ဖုန်​အနည်းငယ်​ဝင်​သွား​သော
ကြောင့်​ထင်​...မျက်​စိကို လက်​နှင့်​အတင်းပွတ်​သုတ်​​နေ
ရင်းက Baekhyunဆီက ​ပျော်​ရွှင်​သလိုရယ်​သံ
လေးထွက်​လာသည်​...။

" ကျွန်​​တော်​ ကံ​ကောင်းသွားတာ​ပေါ့... "

တကယ်​​တော့... သူ ကံ​ကောင်းသွားတာပါ...။
ပျော်​ရွှင်​ခြင်းတစ်​ခုကို ​ကောင်​​လေးက ​ပေးအပ်​ခဲ့သည်
ပဲ​လေ...။
အင်း...ဒါမှမဟုတ်​...​ကောင်​​လေးက ကံ​ကောင်းတယ်
ပြောလို့ပဲ သူ့ကိုယ်​သူ ကံ​ကောင်းတယ့်​သူတစ်​​ယောက်
အဖြစ်​ ခံစားလိုက်​ရသလား...။
ထား​တော့...​တွေး​လေ ရှုပ်​​လေဖြစ်​​နေတာ​ကြောင့်
ခေါင်းတစ်​ချက်​ခါယမ်းလိုက်​ရင်းသာ ထိုအ​တွေး​တွေကို
ခေါင်းထဲက ​မောင်းထုတ်​လိုက်​ရသည်​... ... ...။

To Soul Mate (Soulmate) (Completed)Donde viven las historias. Descúbrelo ahora