To Soulmate---7

5.3K 775 10
                                    

"အဲ့ဆို....ဆိုလိုတာက...
မင်းနဲ့ Park Chanyeol ssiက
ခင်​ပြီးသား​ပေါ့..."

Kaiက ကျွန်​​တော့်​ကိုတစ်​လှည့်​...
သူ့ကိုတစ်​လှည့်​ကြည့်​ရင်း အ​ဖြေသိနှင့်​ပြီးသား
မေးခွန်းတစ်​ခုကို အတည်​ပြု​ပြန်​​မေးလာ
တယ်​...။
Chanyeol က...စားပွဲ​ပေါ်​ထောက်​တင်​ထားတဲ့
လက်​ကို သွယ်​ယှက်​ဆုပ်​ကိုင်​လိုက်​ပြီးမှ...
ခေါင်းတစ်​ချက်​ညိတ်​ပြတယ်​...။
မေးတာက ကျွန်​​တော့်​ကိုဆို​ပေမယ့်​...
အ​ဖြေပြန်​​ပေးလိုက်​တာက သူ ဖြစ်​​နေတာကို
တော့...ရယ်​စရာတစ်​ခုလိုသတ်​မှတ်​ချင်​လည်း
သတ်​မှတ်​နိုင်​​ကောင်းပါတယ်​​လေ...။

"Kim Kai ကိုလည်း
ကျွန်​​တော်​မြင်​ဖူးပါတယ်​..."

မျက်​ခုံးပင့်​ကာဆိုလာတဲ့ သူ့အမူအရာ​အောက်
မှာ...Kai တခဏ​ အံ့သြသလိုဖြစ်​သွား​ပေမယ့်
ချက်​ချင်းပဲ ပုံစံ​ပြောင်းသွားပြီး...

"ကျွန်​​တော်​လည်း
Chanyeol ssi ကို​တွေ့ဖူးတယ်​...."

"စာကြည့်​တိုက်​ ahjusshi ဆိုတာမလား..."

Kai တဟားဟား​အော်​ရယ်​တယ်​...။
သိမ့်​ခနဲလှုပ်​သွားတဲ့ စားပွဲခုံ​ကို တစ်​ချက်​လှမ်း
ထိန်းလိုက်​ရင်း...

"Chanyeol ssiက ဒီမှာအလုပ်​လုပ်​တာ
လား..."

"အွန်း...အရင်​က​တော့ အချိန်​ပြည့်
အခု​တော့ အချိန်​ပိုင်းအလုပ်​အ​နေနဲ့​ပေါ့..."

ပြောင်းပြန်​အချိုးကျသွားတဲ့ လုပ်​ငန်း​နေရာတစ်
ခုအတွက်​ ရယ်​စရာမပါဘဲ...သူ ရယ်​တယ်​...။

"Chanyeol ssi က ကျွန်​​တော်​တို့ထက်
အသက်​ပိုကြီးမယ်​ထင်​တယ်​...
အလုပ်​​တောင်​၀င်​​နေပြီဆို​တော့​လေ..."

အရင်​အချိန်​ကဆိုရင်​​တော့ Kai​မေးခွန်းအတွက်
Kaiကို စပ်​စုနိုင်​ရန်​​ကောလို့...ကျွန်​​တော်
သတ်​မှတ်​မိမှာဖြစ်​​ပေမယ့်​...
အခုအချိန်​မှာ​တော့ ကျွန်​​တော်​ပါစိတ်​၀င်​စား
နေတဲ့ ကိစ္စတစ်​ခုဖြစ်​တာ​ကြောင့်​...
သူ ပြန်​​ဖြေလာမယ့်​အ​ဖြေကို ​ငံ့လင့်​​နေမိတယ်​။

"​သေချာတာ​ပေါ့...
လွန်​ခဲ့တဲ့2နှစ်​ကတည်းက
တက္ကသိုလ်​ပြီးသွားတာဆို​တော့...
အင်း........
မင်းတို့ထက်​ 3နှစ်​​လောက်​​တော့ပိုကြီးမယ်​..."

To Soul Mate (Soulmate) (Completed)Tempat cerita menjadi hidup. Temukan sekarang