[Zawgyi]
"The season I like best"
အခန်းရှေ့ ၀ှိုက်ဘုတ်ပေါ်က စာတန်းကိုလိုက်
ဖတ်နေရင်း...Baekhyun ဖောင်တိန်လေးကို
လှည့်နေမိသည်...။ပါမောက္ခပေးသွားသည့်
အိမ်စာက...ကိုယ်ကြိုက်တဲ့ ရာသီအကြောင်းကို
ကမ္ဘာနဲ့ယှဉ်ရေးရမည့်အကြောင်း...။
ကိုရီးယားက ရာသီ...၊ပြင်သစ်က ရာသီ...၊
တရုတ်က ရာသီ...။
စူးစူးစိုက်စိုက်တွေးနေဆဲ သက်ပြင်းချသံကြီးက
နံဘေးကနေ ကျယ်လောင်စွာထွက်ပေါ်လာတာ
မို့...လှည့်မကြည့်မိပေမယ့်...
Baekhyun ပြုံးလိုက်မိ၏...။"I hate that.."
ကြီးကြီးကျယ်ကျယ် I hate that တဲ့...။
"မင်းမမုန်းတဲ့ စာ...ငါ့ကိုပြစမ်းပါဦး Kai..."
ထိုသို့မေးတော့...Kim Kai တို့ ရယ်ကျဲကျဲနဲ့
ပြန်ဖြေလာတာက..."စာကလေး" တဲ့...။
ရိုက်သတ်ချင်စိတ်တောင် ပေါက်သည်...။
သူ့အဖေသာ ကြားလို့ကတော့ သွေးဆောင့်
တက်သေမလားမသိ..။" မင်းကြိုက်တဲ့ ရာသီဥတုက ဆောင်း...
ဟုတ်တယ်မလား Baek..."အသေအချာပိုင်နိုင်နေတယ့် မေးခွန်းကို
တက်ကြွစွာဖြေနေတဲ့ ကျောင်းသားတစ်ယောက်လို...Kai မျက်ဝန်းတွေက စူးတောက်
လို့...။
ငယ်သူငယ်ချင်းဖြစ်သည့် Kai...Baekhyun
နှစ်သက်တဲ့ ရာသီကို ကောင်းကောင်းကြီး သိပါ
လိမ့်မည်...။"မွေးတာက မိုးရာသီမှာ..
ကြိုက်တာက ဆောင်းရာသီ..."သူ့ကိုယ်သူ တိုင်တည်ညည်းနေသလိုပြောရင်း
Kai ထထွက်သွားသည်...။
Baekhyun လည်း မိမိဘာသာမိမိ အံသြမိပါ
၏...။အိမ်မှာ Appa နဲ့ Omma ဆို..
သူတို့မွေးတဲ့ရာသီကို သူတို့နှစ်သက်ကြသည်
ချည်း...။မိမိမှသာ.မိုးရာသီကို နည်းနည်းလေးမှ
မနှစ်သက်ဘဲ ဆောင်းရာသီမှဆောင်းရာသီ
ဖြစ်နေသည်...။နှင်းကိုချစ်လို့ ဆောင်းကိုချစ်သည်ဟုသာ အတင်းဖြေတွေးပစ်လိုက်သည်...။
သို့တိုင်အောင်...ဆောင်းကိုချစ်လို့...နှင်းကိုချစ်
သည်ဆိုသော အချက်ကိုလည်း ဖျောက်ဖျက်
မရဖြစ်ခဲ့၏...။
ŞİMDİ OKUDUĞUN
To Soul Mate (Soulmate) (Completed)
RomantizmSomeone with whom one has a special, almost spiritual connection