နံဘေးက ကော်ဖီခွက်လေးကတော့ အေးခဲနေလေပြီ။
" Yeol.... ကော်ဖီတွေ အေးနေပြီလေ... "
သတိပေးစကားလေးတစ်ခွန်းရယ်...နံဘေးကိုရောက်
လာတဲ့ အရိပ်နုနုလေးရယ်ကြောင့် Chanyeol
မော့ကြည့်လိုက်မိတော့... ... ... အပြုံးနုနုလေးနှင့်
Baekhyun ကို တွေ့လိုက်ရသည်...။
လက်ကလေးကို ဆွဲလိုက်ရင်း အနားမှာထိုင်စေလိုက်
တော့ ဟွင့်ခနဲရယ်သံလေး လွှင့်ကျလာ၏...။" ဘာတွေတွေးနေပြန်တာလဲ... "
" ဘာရယ်မဟုတ်ပါဘူးကွာ...ဟိုတုန်းက Baek ကိုယ့်ကိုပြောပြခဲ့ဖူးတဲ့ ကိုယ့်ရဲ့နောက်တစ်ခြမ်းဆိုတဲ့
ပုံပြင်လေးကို ပြန်သတိရလိုက်မိလို့ပါ... "အတိတ်က ပုံပြင်လေးက Baekမျက်လုံးထဲပြန်တိုးဝင်
လာသည်ထင်...၊ ကြည်နူးရိပ်ကလေးနှင့် နှုတ်ခမ်း
ထောင့်လေးတွေက ပိုကော့တက်လာ၏...။
သူ့ပခုံးလေးထက် ခေါင်းလေးညွတ်ကျလာရင်း သူ့လက်
ကို ပိုတင်းကြပ်အောင်ဆုပ်ကိုင်လာကာ..." Yeol ကို ကျွန်တော်တစ်ခုပြောပြချင်တယ်...
ဘာကိုမှ နောင်တရပြီး Yeolအပြစ်တစ်ခုလို
ခံစားမနေပါနဲ့... ... ... "သူ့မျက်နှာအရိပ်အကဲကို ခံစားသိလွယ်သော ကောင်လေးက သူ့စိတ်အခြေအနေကို သိရှိနေသူပမာ
နှစ်သိမ့်စကားဆိုလာသည်...။ အင်း...သူ တကယ်လည်း အပြစ်တစ်ခုလုပ်ထားမိသလိုမျိုး ခံစား
နေရသည်လေ...။ မင်္ဂလာပွဲပြုလုပ်မည့်နေ့ကျမှ
အချိန်ကိုက် Baekhyunကို ခေါ်ကာ ကိုရီးယားက
ထွက်လာခဲ့ကြသည်ကိုး... ... ...၊ မင်္ဂလာအခမ်းအနား
ပွဲအတွက် ကူညီပေးတယ့်သူတစ်ယောက်ဖြစ်နေသည့်
အပြင်...သူ့ကို Baek မိဘတွေကပါ သိနေကြသည်မို့
အခုလို ခိုးပြေးလာကြခြင်းက အရမ်းကြီးခက်ခဲသွားရ
တာမျိုးမရှိ... ... ...။သို့တိုင်အောင်...ယနေ့ထက်ထိတိုင် Baek မိဘတွေ
အပေါ်...ပြီးတော့ ဒီကလေးအပေါ် အပြစ်တစ်ခုလုပ်
ထားသလိုမျိုး ခံစားနေရဆဲပင်...။
တစ်ပါးသူ၏ ဘဝကို ရိုက်ချပစ်လိုက်သလိုမျိုး...။
ESTÁS LEYENDO
To Soul Mate (Soulmate) (Completed)
RomanceSomeone with whom one has a special, almost spiritual connection