[Zawgyi]
ပိုင်ရှင်တွေ့လို့ထင်ပါရဲ့...
ကိုယ့်နှလုံးသား ဖွဖွလေးခုန်နေတယ်...စစ်မှန်ခြင်းအပြည့်မို့ထင်ပါရဲ့...
ကိုယ့်သွေးသား မင်းအလိုကို စီးနေတယ်...ခိုင်မြဲမယ့်အချစ်မို့ထင်ပါရဲ့...
ကိုယ့်အိပ်မက်ကအစ မင်းပါမှသက်ဝင်နေတယ်...*•°*•°*•°* To SoulMate •°*•°*•°*•°
စာအုပ်လေးကို ရောက်ရာနေရာမှာခေါက်ထားလိုက်ရင်း
သူ သက်ပြင်းချလိုက်မိသည်...။
ရယ်တော့ရယ်ရသည်... အရင်က ဝိညာဉ်ဘက်ဆိုတာ
တွေကို ညအိပ်ရာဝင်ပုံပြင်တွေသာသာလောက်သာ
သဘောထားခဲ့တယ့်သူက... အခုကျတော့လည်း
ဖြစ်ပျက်သွားလိုက်တာ... ... ... ။ လေပြေသွေးတဲ့
နေ့က ကောင်လေးပြောပြတယ့်ပုံပြင်လေးကြားပြီး
စာအုပ်ဆိုင်ကို သွား... soul mateတွေအကြောင်း
ရေးထားတဲ့ စာအုပ်ကို ရှာဝယ်...အခုလို စိတ်ဝင်တစား
ဖတ်ခဲ့ရတယ့်အထိ...ထိုပုံပြင်လေးက အရမ်းစွဲဆောင်
လွန်းအားကြီးခဲ့တာလား... ... ...။ဟင့်အင်း...တကယ်တော့ ကောင်လေးကို နှောင်တွယ်
လာတာမို့ ကောင်လေးပြောသမျှကို သူ့ဆန္ဒတွေ
အတိုင်း တစ်ထပ်တည်းဖြစ်စေချင်ခဲ့မိတာ...။ရင်ခုန်သံကို သတိထားမိလာလို့
ချစ်ခြင်းမှာ သက်ဝင်လာတာမဟုတ်ဘဲ...
ချစ်ခြင်းမှာ သက်ဝင်လာလို့ ရင်ခုန်သံကို
သတိထားမိလာတာမဟုတ်ပါလား... ... ...။သာမန်ထက် ဆန်းကြယ်တဲ့ အဖြစ်အပျက်တွေက
သူ မသိတဲ့ကမ္ဘာလောကကြီးမှာ ဖြစ်ပျက်နေခဲ့တော့...
ကြည်နူးစိတ်ဖြစ်လာသလို ရင်တွေလည်းမောလာမိ
သည်... ... ...။
စာအုပ်ကို ဆက်မဖတ်တော့ဘဲ ပိတ်ပစ်လိုက်ကာ
Chanyeol ကုတင်ပေါ်သာ တက်လှဲလိုက်မိ၏...။" မင်းရော...ငါ့ဝိညာဉ်ဘက်ဖြစ်ပေးနိုင်မလား? "
YOU ARE READING
To Soul Mate (Soulmate) (Completed)
RomanceSomeone with whom one has a special, almost spiritual connection