အချစ်သည်ရင်ခွင်ထက် လာရောက် ခိုဝင်သာ အခါဝယ် အလွမ်းသည် ကပ်၍ ပါလာသလို နာကျင်မှုသည်လဲ အဖော်အဖြစ် ပါလာခဲ့သည်။
||နေ၍ လေ၍ သာ လွမ်းတော့လေ ||
ထိုနေ့က ဆေးရုံသို့ ဝင်ကာ ညနေစောင်းမှ အိမ်ပြန်လာဖြစ်သည်။အလုပ်လဲသိပ်မရှိတာ ကြောင့် စောစောပြန်မည် တွေးသော်လည်း မပြန်ဖြစ်ခဲ့ချေ။ ခပ်ဝေးဝေးက ပင် အိမ်ကို လှမ်းမြင်နေရပေသည်။ ဘေးအိမ်ကို တစ်ချက် ကြည့်တော့လဲ ဘယ်သူမှ ရှိမနေသေးသယောင်။..
အိမ်ထဲသို့ ၀င်ခါနီးခဏ
"ကိုနေ "
"ဟင် ခက် "
"မတွေ့တာကြာပြီ"
"ဘယ်တုန်းက ပြန်ရောက်လာလဲ ကိုကို့ တောင် အကြောင်းမကြာဘူး"
"မနက်ကတင် ပြန်ရောက်တာ ကိုနေ ထွက်သွားတာ မြင်လိုက်တယ် ဒါမယ့် ပါးပါးက အလုပ်သွားမယ့် သူကို မနှောင့်ယှက်နဲ့ ဆိုလို့"
"လာ ကလေး ကိုကို ညနေစာ ချက်ကျွေးမယ် "
"တကယ် ပြောတာလား?"
"ဘယ်တုန်းက ညာဖူးလဲ "
"ဟီး ဟုတ်တယ်နော့"
ငါ့ဘဝ အကြောင်း ပြောရာတွင် တစ်ခုကျန်နေခဲ့သည်။ ဒါကတော့ ထိုကလေးမ သူမသည် မိဘမဲ့ဂေဟာတွင် ကလေးပေါက်စနထဲက စွန့်ပစ်ခံထားခဲ့ရသည်။ ထိုအခိုက်အတန့်တွင် မေမေ၏ သူငယ်ချင်းဖြစ်သူ တရုတ်လင်မယားနှစ်ယောက်မှာ ကလေးမရသည့်အတွက် သူတို့မွေးစားခဲ့ကြသည်။ကံမကောင်းစွာပင် နောက်နေ့တွင် မိခင်ဖြစ်သူမှာ သေဆုံးသွားခဲ့လေသည်။ ဖခင်ဖြစ်သူ၏ တွယ်တာမှုအကုန်ရထားသော်လည်း ဘွားဘွားနဲ့ဘိုးဘိုးမှာ ယောက်ျားလေးတစ်ယောက်ပြီးတော့ အလုပ်တွေ ပုံနေသော သူမ၏ အဖေကို ကိုယ်ချင်းစာကာ မွေးကင်းစ ကလေးငယ်အား ငါ့အသက် ၃နှစ်ခန့်ထဲက ပင် အိမ်၌ ခေါ်ကာ ငါ့အား စောင့်ရှောက်စေခဲ့သည်။
၃နှစ်အရွယ် ငါသည် မိခင်၏ နွေးထွေးမှုကို မရသေးသော်လည်း သူမအပေါ်တွင်တော့ ဖခင်မေတ္တာ မိခင်မေတ္တာ အကိုတစ်ယောက် ရဲ့မေတ္တာအကုန် ပုံအပ်ကာ ပြုစုစောင့်ရှောက်ပေးခဲ့သည်။ ကလေးထဲက စောင့်ရှောက်လာတာမလို့ သူမမှာ ငါရဲ့ ထိန်းကျောင်းသွန်သင်ပြုစုမှုအောက် ကြီးပြင်းလာတာမလို့ သိမ်မွေ့ပြီး စိတ်ထားနူးညံ့ကာ ပြတ်သားပေသည်။
သူမရဲ့ ပါးပါးဖြစ်သူမှာ အလုပ်ပုံကြားထဲ ခေါင်းစိုက်ထားရသူမလို့ သူမသည် ငါ့အား တွယ်တာလှသည်။ စကားပြောတတ်စအရွယ်တုန်းက ဖေဖေလို့ပင် ခေါ်ခဲ့ဖူးသည်။ နောက်တွင်တော့ ဖေဖေလေး ကိုလေး ကိုကို ကိုကြီး အစုံပင် ခေါ်တတ်သော်လည်း ကိုကို ဟု ခေါ်လို့ ပြောထားသည့်အတွက် ကိုကိုဟု ပင် ခေါ်ခဲ့သည်။ ထိုကလေး၏ အမည်နာမကိုလဲ ငါကိုယ်တိုင်ပင် ပေးခဲ့သည်။ " ခက်စိမ်းနွယ် " ဟုပင်။ သူမသည် ငါ့ဘဝတွင် အထီးကျန်မှုတွေကို အစားထိုးဝင်ရောက်ကာ နွေးထွေးမှု ပေးခဲ့သော တစ်ယောက်ထဲသော သူအဖြစ် ငါ့အသက် ၁၆နှစ် တိုင်အောင် တည်ရှိနေခဲ့သည်။