||ပေးဆပ်မှု||

4.9K 493 17
                                    

အိမ်မက် ဆိုလျှင် နိုးထနိုင်မည့် အခွင့်အရေးရှိနေသေးသည်။ သို့ပေမယ့် ကိုနေ ရောက်နေသော အိမ်မက်မှာ ဘယ်သော အခါမှ ပြန်နိုးထလာနိုင်မည် မဟုတ်မှန် ကျွန်မရော ကိုနေရော သိသည်။ ကိုနေသည် နေမခကို သိပ်ချစ်သည်။ သူ၁၈နှစ်မပြည့်ခင် ညကပင် သူနေမခကို မသေခင်တော့ တွေ့ချင်သေးသည်ဟု ပြောခဲ့ဖူးသည်။ ထိုနေ့ကို မေ့မယ် ဆိုလျှင် ကျွန်မဟာ တော်တော်ပင် မကောင်းတဲ့မိန်းကလေးဖြစ်သွားမလား မသိနိုင်ပါလေ။
ထိုနေ့ညက ပထမဆုံးအကြိမ်အဖြစ် သူရဲ့မျက်ရည်တွေကို မြင်ခဲ့ရပြီး နောက်ရက်တွေထိ မပျက် မြင်တွေ့ခဲ့ရသည်။

မှန်တာပြောရမည် ဆိုလျှင် ကျွန်မ ဘ၀တွင် တစ်ကြိမ်တစ်ခါမျှ ထိုအနှီလူသားလေး နေမခသိက္ခာအား မြင်တွေ့ခဲ့ဖူးခြင်း အလျင်းမရှိပါလေ။ သို့ပေမယ့် ကိုနေကချစ်သည် ပြောသည့်နေ့ထဲက ကျွန်မလဲ ထိုကလေးငယ်အား ချစ်သည်။ ကိုနေ့ရဲ့ လက်တွဲဖော် ဖြစ်နိုင်ကောင်းသည်ဟု သတ်မှတ်ကာ ညစဉ်ညတိုင်း ကိုနေ့ကို ရှီခိုးပြီး အိမ်ပြန်ခါနီးတိုင်း ဆုတောင်းတတ်သည်။ ကိုနေရဲ့ညစဉ်ညတိုင်း ကျတတ်တဲ့မျက်ရည်တွေ မကျလာအောင် ထိုကလေးငယ် အမြန်ရောက်လာပါစေလို့
ဆုတောင်းသည် ပြည့်ဖို့သိပ်ခက်ခဲသည်။

ကိုနေရော ကျွန်မရော ၁၀နှစ်တိုင်အောင် အိမ်မက်ထဲမှ ရုန်းမထွက်နိုင်ခဲ့ကြပင်။ ကိုနေသည်လဲ ညတိုင်း နေမခအကြောင်းပြောကာ ၀မ်းနည်းတတ်သလို ကျွန်မသည်လည်း ကိုနေငိုတိုင်း မျက်ရည်သုတ်ပေးရတဲ့သူအဖြစ် တည်ရှိနေခဲ့ရသည်။ ကျွန်မဘ၀တွင် ပါးပါးပြီးရင် အရေးကြီးဆုံးသူမှာ ကိုနေပင်ဖြစ်သည်။ ကျွန်မ ကလေးထဲက သူရဲ့ထိန်းကျောင်းမှုဖြင့် ကြီးပြင်းလာခဲ့ရတဲ့အတွက် ကျွန်မအတွက် အဖေတစ်ယောက်ဆိုလဲ မမှားနိုင်ပါလေ။ သူပဲ နို့ဗူး တိုက်ကာ ကြီးပြင်းစေခဲ့တာပင်။

ကိုနေက အပြင်နဲ့အတွင်းမှာ သိပ်ကွာခြားသည် ။ အပြင်ဘက်တွင် မည်မျှပင် ခက်ထန်ပြတ်သားနေပါစေ။အတွင်းစိတ်သည် ဒွိဟဖြစ်တတ်စမြဲပင်။ကိုနေ ဆရာဝန်ဖြစ်သောနေ့တွင် အန်တီမေသည် သံတမန်အလုပ်မှ အငြိမ်းစားယူခဲ့လေသည်။ ကျွန်မ အန်တီမေ့ကို အားကျ၍ သံတမန် လုပ်ချင်သည် ဟု ပြောတဲ့နေ့ကဆို ကိုနေက ပထမဆုံးအကြိမ်အဖြစ် ကျွန်မကို စိတ်ဆိုးဖူးသည်။ပန်းချီကျောင်းကိုရွေးချယ်မည်ဟု ပြောသော်လည်း သူစိတ်မကောင်းဖြစ်နေသေးသည်။နောက်ဆုံး သူဖြစ်စေချင်တဲ့အတိုင်းသူ့ခြေရာနင်းတဲ့သဘောအတိုင်း သူဝါသနာပါရာ နှလုံးဘက်ဆိုင်ရာကို ယူကာ ဆရာဝန်ပင် ဖြစ်စေခဲ့သည်။

| | နေ၍ လေ၍သာ လွမ်းတော့လေ | |Where stories live. Discover now